သနပ်ခါးလိမ်းခြင်းဓလေ့ ယူနက်စကို ဝင်ပါက အလုပ်အကိုင်အခွင့်အလမ်းများလာမည်ဟုဆို

591

စော (NP News) - ဖေဖော်ဝါရီ ၁၆
သနပ်ခါးလိမ်းခြင်းဓလေ့ ယူနက်စကိုဝင်ပါက အလုပ်အကိုင်အခွင့်အလမ်း များလာမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(MCHT)မှ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က NP News ကို ပြောသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် (၂၀၂၀) ပြည့်နှစ်က တင်သွင်းခဲ့သော်လည်း လိုအပ်ချက်များရှိခဲ့၍ ယူနက်စကိုမှ ပြန်လည်ရေးသားတင်သွင်းစေ လိုခဲ့ခြင်းကြောင့် ယခုနှစ်တွင် ထပ်မံတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့သို့တင်သွင်းရာတွင် အ ထောက်အကူဖြစ်စေမည့် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူများ၏ သဘောထားစစ်တမ်းကောက် ခံခြင်းနှင့် အထိမ်းအမှတ်လှုပ်ရှားမှုများ၊ သွေးချင်းစုံလင်သနပ်ခါးသ ဘင်ပွဲတော်စသည်တို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။
“သနပ်ခါးထုတ်လုပ်တဲ့ သနပ်ခါးကျောက်ပျဉ်တွေ၊ သနပ်ခါးတုံးတွေ ရောင်းကြ၊ ဝယ်ကြတဲ့လူတွေ အတွက်လည်းပဲ ရောင်းအားဝယ်အားတွေ ပိုကောင်း လာမယ်။ သနပ်ခါးကို Value Added လုပ်ပြီး တော့မှ အဆင်သင့် လိမ်းလို့ရအောင်ဖန်တီးထားတဲ့ ထုတ်ကုန်တွေ၊ ကျွန်မတို့ရဲ့ဒေသခံ ထုတ်ကုန်လုပ် တဲ့လူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုပြီးတော့တိုးတက်ရရှိလာမှာဖြစ်ပါတယ်” ဟု ဒေါ်စန္ဒာခင်က ပြောသည်။
ပုဂံခေတ်ကပင် သနပ်ခါးလိမ်းခြယ်နေပြီဖြစ်ကြောင်းကို မန္တလေးတိုင်း ဒေသကြီး ပုဂံရှိ နဂါးရုံ(ဂူ)ဘုရားနှင့် မြင်းကပါ(ဂူပြောက်ကြီး)ရှိ နံရံဆေးရေး ပန်းချီများတွင် ဖော်ပြထားကြောင်းနှင့် ပုဂံခေတ် နှောင်းပိုင်း၏ ကျောက်ပျဉ်လက်ရာအပိုင်းအစကို တွေ့ရှိထားသဖြင့် သနပ်ခါး လိမ်းခြင်းဓလေ့ကို ပုဂံ ခေတ်ထက် နောက်မကျခဲ့ကြောင်း သိရသည်။
ယခင်က သနပ်ခါးလိမ်းခြင်းကို သနပ်ခါးတုံးနှင့် ကျောက်ပျဉ်တို့ကိုသာအသုံးပြုလျက်ရှိရာ ယခု နောက်ပိုင်းတွင် အသင့်သုံးပစ္စည်းဖြစ်သော သနပ်ခါးမှုန့်များကိုသုံးစွဲလာသည့်အပြင် ခေတ်မီအလှကုန် ပစ္စည်းများအဖြစ်လည်း ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း သိရသည်။ “ယူနက်စကိုဝင်မယ်ဆိုရင်တော့ ကမ္ဘာက သိသွားတာပေါ့။ ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့ပတ်သက်ပြီးတော့ ထိန်း သိမ်းနိုင်ဖို့၊ ရေရှည်တည်တံ့အောင် စောင့်ရှောက်နိုင်ဖို့အတွက် ဖွဲ့စည်းထားတာက ဒီ world Intangible Cultural Heritage Convention ပါ။ ဒီကွန်ဗန်ရှင်းကြီးက ဘာအတွက်လဲဆိုရင် Safeguarding ဖြစ်ဖို့ ပါ။ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည်တည်တံ့ခိုင် မြဲအောင် ထိန်းသိမ်းနိုင်ဖို့၊ စောင့်ရှောက်နိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ရဲ့အမွေ အနှစ်တစ်ခုဟာ ကမ္ဘာ့အဆင့်ဖြစ်သွားပြီ ဆိုရင် နံပါတ်တစ်က ကိုယ်ရဲ့ယဉ်ကျေးမှုဂုဏ်သတင်း ကျော်ဇောတယ်။ ကိုယ်ရဲ့ယဉ်ကျေးမှု ဂုဏ်ဒြပ် ကြောင့်မို့လို့ ကိုယ်ရဲ့ယဉ်ကျေးမှုဂုဏ်တက်တာပေါ့နော်။ ပြီးတဲ့ အခါကျတော့ ဒါက မြန်မာတိုင်းရင်း သားတွေနဲ့သာ သက်ဆိုင်တော့တာမဟုတ်ဘဲနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ပါ သက်ဆိုင်သွားပါတယ်။ ဒါ ကြောင့်မို့လို့ ဒီယဉ်ကျေးမှုအမွေအနှစ်ကို ဆုံးရှုံးပျောက်ပျက်မသွား အောင်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ယိုယွင်းမသွားအောင် ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ဖို့ အတွက်ဆိုတာ မြန်မာနိုင်ငံသားတွေ၊ မြန်မာတစ်နိုင်ငံသာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးကပါ ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက် ပေးရ တော့မှာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ဝင်နိုင်ခဲ့ပြီး ယခုအခါတွင် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်း ဓလေ့ကို လာမည့်မတ်လတွင် ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သနပ္ခါးလိမ္းျခင္းဓေလ့ ယူနက္စကို ဝင္ပါက အလုပ္အကိုင္အခြင့္အလမ္းမ်ားလာမည္ဟုဆို
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၆
သနပ္ခါးလိမ္းျခင္းဓေလ့ ယူနက္စကိုဝင္ပါက အလုပ္အကိုင္အခြင့္အလမ္း မ်ားလာမည္ျဖစ္ေၾကာင္း ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕(MCHT)မွ ဥကၠ႒ ေဒၚစႏၵာခင္က NP News ကို ေျပာသည္။
ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့ကို ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ႏိုင္ေရးအတြက္ (၂၀၂၀) ျပည့္ႏွစ္က တင္သြင္းခဲ့ေသာ္လည္း လိုအပ္ခ်က္မ်ားရွိခဲ့၍ ယူနက္စကိုမွ ျပန္လည္ေရးသားတင္သြင္းေစ လိုခဲ့ျခင္းေၾကာင့္ ယခုႏွစ္တြင္ ထပ္မံတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔သို႔တင္သြင္းရာတြင္ အ ေထာက္အကူျဖစ္ေစမည့္ သနပ္ခါးႏွင့္ပတ္သက္၍ အမ်ားျပည္သူမ်ား၏ သေဘာထားစစ္တမ္းေကာက္ ခံျခင္းႏွင့္ အထိမ္းအမွတ္လႈပ္ရွားမႈမ်ား၊ ေသြးခ်င္းစုံလင္သနပ္ခါးသ ဘင္ပြဲေတာ္စသည္တို႔ကို ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိၿပီး တပို႔တြဲလျပည့္ေန႔ကို ျမန္မာ့သနပ္ခါးေန႔အျဖစ္ သတ္မွတ္ထားေၾကာင္း သိရ သည္။
“သနပ္ခါးထုတ္လုပ္တဲ့ သနပ္ခါးေက်ာက္ပ်ဥ္ေတြ၊ သနပ္ခါးတုံးေတြ ေရာင္းၾက၊ ဝယ္ၾကတဲ့လူေတြ အတြက္လည္းပဲ ေရာင္းအားဝယ္အားေတြ ပိုေကာင္း လာမယ္။ သနပ္ခါးကို Value Added လုပ္ၿပီး ေတာ့မွ အဆင္သင့္ လိမ္းလို႔ရေအာင္ဖန္တီးထားတဲ့ ထုတ္ကုန္ေတြ၊ ကြၽန္မတို႔ရဲ႕ေဒသခံ ထုတ္ကုန္လုပ္ တဲ့လူေတြအတြက္လည္း အလုပ္အကိုင္အခြင့္အလမ္းေတြပိုမိုၿပီးေတာ့တိုးတက္ရရွိလာမွာျဖစ္ပါတယ္” ဟု ေဒၚစႏၵာခင္က ေျပာသည္။
ပုဂံေခတ္ကပင္ သနပ္ခါးလိမ္းျခယ္ေနၿပီျဖစ္ေၾကာင္းကို မႏၲေလးတိုင္း ေဒသႀကီး ပုဂံရွိ နဂါး႐ုံ(ဂူ)ဘုရားႏွင့္ ျမင္းကပါ(ဂူေျပာက္ႀကီး)ရွိ နံရံေဆးေရး ပန္းခ်ီမ်ားတြင္ ေဖာ္ျပထားေၾကာင္းႏွင့္ ပုဂံေခတ္ ေႏွာင္းပိုင္း၏ ေက်ာက္ပ်ဥ္လက္ရာအပိုင္းအစကို ေတြ႕ရွိထားသျဖင့္ သနပ္ခါး လိမ္းျခင္းဓေလ့ကို ပုဂံ ေခတ္ထက္ ေနာက္မက်ခဲ့ေၾကာင္း သိရသည္။
ယခင္က သနပ္ခါးလိမ္းျခင္းကို သနပ္ခါးတုံးႏွင့္ ေက်ာက္ပ်ဥ္တို႔ကိုသာအသုံးျပဳလ်က္ရွိရာ ယခု ေနာက္ပိုင္းတြင္ အသင့္သုံးပစၥည္းျဖစ္ေသာ သနပ္ခါးမႈန႔္မ်ားကိုသုံးစြဲလာသည့္အျပင္ ေခတ္မီအလွကုန္ ပစၥည္းမ်ားအျဖစ္လည္း ေျပာင္းလဲအသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။ “ယူနက္စကိုဝင္မယ္ဆိုရင္ေတာ့ ကမာၻက သိသြားတာေပါ့။ ယူနက္စကိုက ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္နဲ႔ပတ္သက္ၿပီးေတာ့ ထိန္း သိမ္းႏိုင္ဖို႔၊ ေရရွည္တည္တံ့ေအာင္ ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ဖြဲ႕စည္းထားတာက ဒီ world Intangible Cultural Heritage Convention ပါ။ ဒီကြန္ဗန္ရွင္းႀကီးက ဘာအတြက္လဲဆိုရင္ Safeguarding ျဖစ္ဖို႔ ပါ။ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ေရရွည္တည္တံ့ခိုင္ ၿမဲေအာင္ ထိန္းသိမ္းႏိုင္ဖို႔၊ ေစာင့္ေရွာက္ႏိုင္ဖို႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ္ရဲ႕အေမြ အႏွစ္တစ္ခုဟာ ကမာၻ႔အဆင့္ျဖစ္သြားၿပီ ဆိုရင္ နံပါတ္တစ္က ကိုယ္ရဲ႕ယဥ္ေက်းမႈဂုဏ္သတင္း ေက်ာ္ေဇာတယ္။ ကိုယ္ရဲ႕ယဥ္ေက်းမႈ ဂုဏ္ျဒပ္ ေၾကာင့္မို႔လို႔ ကိုယ္ရဲ႕ယဥ္ေက်းမႈဂုဏ္တက္တာေပါ့ေနာ္။ ၿပီးတဲ့ အခါက်ေတာ့ ဒါက ျမန္မာတိုင္းရင္း သားေတြနဲ႔သာ သက္ဆိုင္ေတာ့တာမဟုတ္ဘဲနဲ႔ ကမာၻ႔ႏိုင္ငံအသီးသီးနဲ႔ပါ သက္ဆိုင္သြားပါတယ္။ ဒါ ေၾကာင့္မို႔လို႔ ဒီယဥ္ေက်းမႈအေမြအႏွစ္ကို ဆုံးရႈံးေပ်ာက္ပ်က္မသြား ေအာင္၊ ယဥ္ေက်းမႈအေမြအႏွစ္ေတြ ယိုယြင္းမသြားေအာင္ ေရရွည္တည္တံ့ေအာင္ထိန္းသိမ္းႏိုင္ဖို႔ အတြက္ဆိုတာ ျမန္မာႏိုင္ငံသားေတြ၊ ျမန္မာတစ္ႏိုင္ငံသာမကဘဲ ကမာၻ႔ႏိုင္ငံအသီးသီးကပါ ဝိုင္းဝန္းၿပီးေတာ့ ထိန္းသိမ္းေစာင့္ေရွာက္ ေပးရ ေတာ့မွာပဲျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ျမန္မာ့႐ိုးရာ အတာသၾကၤန္ပြဲေတာ္သည္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္က ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ဝင္ႏိုင္ခဲ့ၿပီး ယခုအခါတြင္ ျမန္မာ့႐ိုးရာသနပ္ခါးလိမ္းျခင္း ဓေလ့ကို လာမည့္မတ္လတြင္ ယူနက္စကိုသို႔ တင္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။