ရုရှားအတွက် သတိပေးချက်တစ်ခုကို နေတိုးအဖွဲ့ အကြီးအကဲ ထုတ်ပြန်

 429

Pika (NP News) - ဖေဖော်ဝါရီ ၁၆

ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံများ အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မည်ဆိုပါက အမေရိကန်ဦးဆောင်သောနေတိုးအဖွဲ့သည် ရုရှားနိုင်ငံကို ချေမှုန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတီက သတိပေးပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ကို တိုက်ခိုက်မည့်အစီအစဉ်များကို ရေးဆွဲနေကြောင်း မာ့ခ်ရူတီ အပါအဝင် ဥရောပမှနေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အကြီးတန်းအရာရှိများက ပြီးခဲ့သည့်နှစ်များအတွင်း စွပ်စွဲပြောခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါစွပ်စွဲပြောဆိုချက်များမှာ အခြေအမြစ်မရှိသော ပြောဆိုချက်များသာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့သည်။ မာ့ခ်ရူတီက “ဒီအချိန်မှာ ပူတင်က နေတိုးအဖွဲ့ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ပြန်လည်တုံ့ပြန်မှုတွေက အရမ်းကိုဆိုးရွားမှာပါ။ ဒါကြောင့် နေတိုးအဖွဲ့ကိုတိုက်ခိုက်ဖို့ မကြိုးစားရန် ပူတင်ကို သတိပေးပါရစေ။ ရုရှားက နေတိုးအဖွဲ့ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အရှုံးနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ နေတိုးအဖွဲ့ရဲ့ဟန့်တားမှုနဲ့ ကာကွယ်ရေးပိုင်းက အရမ်းကို အားကောင်းပါတယ်” ဟု ပြောခဲ့သည်။

သို့သော်လည်း နေတိုးအဖွဲ့သည် လက်ရှိ အချိန်မှစတင်ပြီး အချိန်(၄)နှစ် သို့မဟုတ် (၅)နှစ် အတွင်း ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးပိုင်းတွင် သုံးစွဲမှုများကို ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း မာ့ခ်ရူတီက ပြောခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ်သက်ပြီး ခက်ခဲသော ဆုံးဖြတ်ချက်အချို့ကို ယခုနှစ်အတွင်း လုပ်ဆောင်ရန်နှင့် ကတိပြုထားသော (၂)ရာခိုင်နှုန်းထက် ပိုမိုသုံးစွဲရန် မာ့ခ်ရူတီက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများတွင် ကောင်းမွန်သော စစ်လက်နက်ပစ္စည်းထုတ်လုပ်သူများ ရှိနေသော်လည်း အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမျိုးမရှိသေးဘဲ အရေးတကြီးဖြေရှင်းရန်လိုအပ် ကြောင်း မာ့ခ်ရူတီက ပြောခဲ့သည်။

Zawgyi Version:
႐ုရွားအတြက္ သတိေပးခ်က္တစ္ခုကို ေနတိုးအဖြဲ႕ အႀကီးအကဲ ထုတ္ျပန္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆

႐ုရွားႏိုင္ငံက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား အေပၚ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့မည္ဆိုပါက အေမရိကန္ဦးေဆာင္ေသာေနတိုးအဖြဲ႕သည္ ႐ုရွားႏိုင္ငံကို ေခ်မႈန္းမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ မာ့ခ္႐ူတီက သတိေပးေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသည္ ေနတိုးအဖြဲ႕ကို တိုက္ခိုက္မည့္အစီအစဥ္မ်ားကို ေရးဆြဲေနေၾကာင္း မာ့ခ္႐ူတီ အပါအဝင္ ဥေရာပမွေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ အႀကီးတန္းအရာရွိမ်ားက ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း စြပ္စြဲေျပာခဲ့ဖူးသည္။ သို႔ေသာ္လည္း အဆိုပါစြပ္စြဲေျပာဆိုခ်က္မ်ားမွာ အေျခအျမစ္မရွိေသာ ေျပာဆိုခ်က္မ်ားသာျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့သည္။ မာ့ခ္႐ူတီက “ဒီအခ်ိန္မွာ ပူတင္က ေနတိုးအဖြဲ႕ကို တိုက္ခိုက္ခဲ့မယ္ဆိုရင္ ျပန္လည္တုံ႔ျပန္မႈေတြက အရမ္းကိုဆိုး႐ြားမွာပါ။ ဒါေၾကာင့္ ေနတိုးအဖြဲ႕ကိုတိုက္ခိုက္ဖို႔ မႀကိဳးစားရန္ ပူတင္ကို သတိေပးပါရေစ။ ႐ုရွားက ေနတိုးအဖြဲ႕ကို တိုက္ခိုက္ခဲ့မယ္ဆိုရင္ အရႈံးနဲ႔ရင္ဆိုင္ရပါလိမ့္မယ္။ ေနတိုးအဖြဲ႕ရဲ႕ဟန႔္တားမႈနဲ႔ ကာကြယ္ေရးပိုင္းက အရမ္းကို အားေကာင္းပါတယ္” ဟု ေျပာခဲ့သည္။

သို႔ေသာ္လည္း ေနတိုးအဖြဲ႕သည္ လက္ရွိ အခ်ိန္မွစတင္ၿပီး အခ်ိန္(၄)ႏွစ္ သို႔မဟုတ္ (၅)ႏွစ္ အတြင္း ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္ႏိုင္ေရးအတြက္ ကာကြယ္ေရးပိုင္းတြင္ သုံးစြဲမႈမ်ားကို ပိုမိုလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း မာ့ခ္႐ူတီက ေျပာခဲ့သည္။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ကာကြယ္ေရးအသုံးစရိတ္ႏွင့္ပတ္သက္ၿပီး ခက္ခဲေသာ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ယခုႏွစ္အတြင္း လုပ္ေဆာင္ရန္ႏွင့္ ကတိျပဳထားေသာ (၂)ရာခိုင္ႏႈန္းထက္ ပိုမိုသုံးစြဲရန္ မာ့ခ္႐ူတီက တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားတြင္ ေကာင္းမြန္ေသာ စစ္လက္နက္ပစၥည္းထုတ္လုပ္သူမ်ား ရွိေနေသာ္လည္း အလုံအေလာက္ထုတ္လုပ္ႏိုင္ျခင္းမ်ိဳးမရွိေသးဘဲ အေရးတႀကီးေျဖရွင္းရန္လိုအပ္ ေၾကာင္း မာ့ခ္႐ူတီက ေျပာခဲ့သည္။

Related news

© 2021. All rights reserved.