ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားအရာရှိတွေ ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံမယ်

 559

Pika (NP News) - ဖေဖော်ဝါရီ ၁၇

ရုရှားနဲ့ယူကရိန်းကြား သုံးနှစ်နီးပါးကြာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ဆွေးနွေးပွဲတွေ စတင်ဖို့အတွက် အမေရိကန်နဲ့ရုရှားအရာရှိတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံ လိမ့်မယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဆော်ဒီအာရေးဗျနိုင်ငံမှာ ပြုလုပ်မယ့်ဆွေးနွေးပွဲကို ယူကရိန်း ဖိတ်ကြားတာမျိုးမရှိကြောင်းနဲ့ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေမလုပ်ဆောင်မီ ရုရှားနဲ့ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို၊ အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါလ်ဇ်နဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အမေရိကန်သံတမန် စတိဗ်ဝတ်အော့ဖ်တို့ဟာ ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်လိမ့်မယ်လို့ အမေရိကန်ကိုယ်စားလှယ် Michael McCaulက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အရာရှိတွေဟာ ရုရှားနိုင်ငံက ဘယ်သူတွေနဲ့တွေ့ဆုံမယ်ဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို ယူဆောင်လာဖို့နဲ့ ပဋိပက္ခကိုအဆုံးသတ်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတပူတင် နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဆွေးနွေးပွဲတစ်ခုကို စီစဉ်နိုင်ဖို့ဖြစ်တယ်လို့ Michael McCaul က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဆော်ဒီအာရေးဗျနိုင်ငံမှာ အမေရိကန် နဲ့ ရုရှားအစိုးရတို့ကြား ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူး လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔႐ုရွားအရာရွိေတြ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံမယ္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇

႐ုရွားနဲ႔ယူကရိန္းၾကား သုံးႏွစ္နီးပါးၾကာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ ရည္႐ြယ္ထားတဲ့ေဆြးေႏြးပြဲေတြ စတင္ဖို႔အတြက္ အေမရိကန္နဲ႔႐ုရွားအရာရွိေတြဟာ လာမယ့္ရက္ပိုင္းအတြင္း ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံ လိမ့္မယ္လို႔ အေမရိကန္လႊတ္ေတာ္အမတ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ျပဳလုပ္မယ့္ေဆြးေႏြးပြဲကို ယူကရိန္း ဖိတ္ၾကားတာမ်ိဳးမရွိေၾကာင္းနဲ႔ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ႏိုင္ငံေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြမလုပ္ေဆာင္မီ ႐ုရွားနဲ႔ထိေတြ႕ဆက္ဆံမႈေတြ လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအို၊ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးမိုက္ေဝါလ္ဇ္နဲ႔ အေရွ႕အလယ္ပိုင္း ဆိုင္ရာ အေမရိကန္သံတမန္ စတိဗ္ဝတ္ေအာ့ဖ္တို႔ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို သြားေရာက္လိမ့္မယ္လို႔ အေမရိကန္ကိုယ္စားလွယ္ Michael McCaulက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေမရိကန္အရာရွိေတြဟာ ႐ုရွားႏိုင္ငံက ဘယ္သူေတြနဲ႔ေတြ႕ဆုံမယ္ဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။အဲ့ဒီေဆြးေႏြးပြဲရဲ႕ ရည္႐ြယ္ခ်က္မွာ ၿငိမ္းခ်မ္းေရးကို ယူေဆာင္လာဖို႔နဲ႔ ပဋိပကၡကိုအဆုံးသတ္ဖို႔အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၊ ႐ုရွားသမၼတပူတင္ နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ေဆြးေႏြးပြဲတစ္ခုကို စီစဥ္ႏိုင္ဖို႔ျဖစ္တယ္လို႔ Michael McCaul က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ အေမရိကန္ နဲ႔ ႐ုရွားအစိုးရတို႔ၾကား ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီကိစၥေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူး လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.