ဂယက်တစ်သောင်းနှင့် ထရမ့်၏ အမိန့်များ

484

ALynn (NP News) - ဖေဖော်ဝါရီလ ၁၇
မျှော်လင့်ထားသလိုပင်။ သမ္မတဒေါ်နယ် ထရမ့်၏ ဒုတိယသက်တမ်းအစတွင် ပရမ်းပတာများ၊ အရှုပ်အထွေးများဖြင့် ပြည့်နှက်နေသည်။ ထရမ့်သည် ၎င်း၏ သမ္မတတာဝန်ကို ဒုတိယအကြိမ် စတင်တာ ဝန်ယူကတည်းက အထိတ်တလန့်ဖြစ်စေမည့် အမိန့် များစွာကို ဆက်တိုက်လက်မှတ်ရေးထိုးခဲ့သည်။ ထ ရမ့်သည် ၎င်းတာဝန်ယူပြီး နာရီပေါင်း (၁၀ဝ)အတွင်း နယ်စပ်လုံခြုံရေးအတွက် တင်းကြပ်သောအမိန့်များ ထုတ်ပြန်၍ အရေးယူဆောင်ရွက်ခြင်း၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်း၊ အစိုးရယန္တရား၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ခြင်းနှင့် အမေရိကန်နိုင်ငံသားတို့၏အကျိုးစီးပွားကို ဦးစားပေး ခြင်းနှင့်စပ်လျဉ်းသောအမိန့်များကို ဆက်တိုက်ဆို သလို ထုတ်ပြန်ခဲ့သည်။
တစ်ကျော့ပြန်အရေးယူဆောင်ရွက်ခြင်း
သမ္မတသက်တမ်းစတင်သည့် ကနဦးနေ့ ရက်များတွင် ထရမ့်၏ ပထမဆုံးလုပ်ဆောင်ချက်မှာ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၆) ရက်က အမေရိကန် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းရာ တွင်ပါဝင်ခဲ့သော အပြစ်သား (၁၅၀ဝ)ခန့်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်သည်။ မဲဆွယ် စည်းရုံးစဉ်ကာလအတွင်းကလည်း ထရမ့်က ထိုပုဂ္ဂိုလ် များကို ]မျိုးချစ်များ}ဟုခေါ်ဆိုခဲ့ပြီး ယခုကဲ့သို့ လွတ် ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အစွန်းရောက်အဖွဲ့များ ကို အားပေးသလိုဖြစ်နေသည်။ ၎င်း၏ ရီပတ်ဘလစ် ကန်ထောက်ခံသူအချို့ပင်လျှင် အဆိုပါလွတ်ငြိမ်းချမ်း သာခွင့်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရမ့်သည် ၎င်းအပေါ်စွဲချက်တင်ထားသော အမှုများနှင့်ပတ်သက်၍ လက်တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဖော် ပြခဲ့ဖူးသည်။
တရားရေးဌာနနှင့် ဖက်ဒရယ်စုံစမ်းစစ် ဆေးရေးဗျူရို (FBI) တို့ကိုဆန့်ကျင်သည့်လုပ်ရပ်များ ကြောင့် ထရမ့်၏ဆန္ဒက ပိုမိုထင်ရှားလာသည်။ အမေ ရိကန်သမ္မတများသည် တရားစီရင်ပိုင်ခွင့်နယ်ပယ် တွင် ရှေ့နေများကို အစားထိုးပိုင်ခွင့်ရှိသည်။ ထရမ့် သည် လွှတ်တော် ဆူပူအုံြွကမှုတွင် အရေးယူဆောင် ရွက်လျက်ရှိသော ရှေ့နေများနှင့် FBI အေးဂျင့်အ များအပြားကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ထို့ပြင် ဘိုင်ဒန်သမ္မတဖြစ်အောင်ကူညီပေးခဲ့သော မီဒီယာအ သိုင်းအဝိုင်းကိုလည်း စစ်ဆေးရေးဝင်သွားမည်ဖြစ် ကြောင်းနှင့် Deep State တွင် ပါဝင်ပတ်သက်နေ သော အစိုးရအရာရှိများ၏စာရင်းကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ထရမ့်အစိုးရ၏ ထိုကဲ့သို့သော လှုပ်ရှားမှု များနှင့် ထုတ်ပြန်ချက်များကြောင့် အစိုးရဝန်ထမ်း များအကြား စိုးရိမ်ကြောင့်ကြမှုများ တိုးပွားလာခဲ့သည်။ ထို့ပြင် ထရမ့်က အစိုးရစွမ်းဆောင်ရည်ဌာနကို အီ လွန်မက်စ်ကိုဦးဆောင်ခိုင်းပြီး ဝန်ထမ်းများကို ထုတ် ပယ်ရန်၊ လျှော့ချရန်လုပ်ဆောင်နေခြင်းများကြောင့် ၎င်းတို့အနေဖြင့် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေကြရ သည်။
ပြည်နှင်ဒဏ်ခတ်ခြင်း
အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိသည့် ပထမဆုံးရက်များအတွင်း ထရမ့်သည် ရွှေ့ပြောင်း နေထိုင်သူများကို ပြင်းထန်စွာနှိမ်နင်းရန်အတွက် လည်း အမိန့်များထုတ်ပြန်ခဲ့သည်။ ခိုလှုံခွင့်တောင်းသူ များကို " ကျူးကျော်မှု" အဖြစ်ခေါင်းစဉ်တပ်ပြီး တောင် ပိုင်းနယ်စပ်ကိုပိတ်ပစ်ကာ ထိုနေရာတွင် အမေရိကန် တပ်များတပ်ဖြန့်ထားရန် အမိန့်ပေးခဲ့သည်။ အမေရိ ကန်ပြည်ထောင်စုတွင် ယာယီနေထိုင်လျက်ရှိသော ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားတို့မှ နိုင်ငံသား တစ်သန်းခွဲအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အခြေ အနေကိုလည်းရပ်ဆိုင်းခဲ့ပြီး ဒုက္ခသည်များ ပြန်လည် နေရာချထားရေးအစီအစဉ်ကိုလည်း ဆိုင်းငံ့လိုက် သည်။
ထရမ့်၏ ပထမနှစ်ပတ်အတွင်း လူဝင်မှု ကြီးကြပ်ရေးဌာနမှဝန်ထမ်းများသည် ပြစ်ဒဏ်ချမှတ် ခံထားရသော ရာနှင့်ချီသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို စာရင်းကောက်၍ အချို့ ကို ၎င်းတို့၏မိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်ပို့ခဲ့သည်။ ကိုလံဘီယာသမ္မတက ထိုကဲ့သို့ လေယာဉ်ဖြင့်ပြန်ပို့ သည့် ရွှေ့ပြောင်းသူများကို လက်ခံရန်ငြင်းဆိုသော အခါ ထရမ့်က ၎င်း၏နိုင်ငံအပေါ် ပြင်းထန်သော စီး ပွားရေးပိတ်ဆို့မှုများချမှတ်ရန် ခြိမ်းခြောက်ခဲ့ခြင်း ကြောင့် သမ္မတက လက်ခံလိုက်ရသည်။ ထရမ့်၏ ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ပို့ရေးအမိန့် သည် အမေရိကန်ပြည်သူများအကြား ရေပန်းစားခဲ့ သော်လည်း ယင်းဖြိုခွင်းမှုအတွင်း ပြည်သူများနှင့် အမေရိကန်အမြဲတမ်းနေထိုင်သူများပါ ပါဝင်လာ မည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။
MAGA ပေါ်လစီ ထောက်ခံသူများအ ကြား အဆိုပါလှုပ်ရှားမှုများက ရေပန်းစားနေသော် လည်း တို့သည် လူသားချင်းစာနာထောက်ထား မှုနှင့် စီးပွားရေးတို့အပေါ် သိသိသာသာ သက်ရောက် မှုများ ရှိလာမည်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိ ကန်တွင်အခြေချနေထိုင်ရန် တရားဝင်ခွင့်ပြုချက်ရရှိ ထားသည့် အာဖဂန်ဒုက္ခသည် (၁,၆၀ဝ) ကျော်သည် ထရမ့်၏အမိန့်ကြောင့် ၎င်းတို့၏ လေကြောင်းခရီးစဉ် များကို ဖျက်သိမ်းခဲ့ရသည်။ ထို့အတူ အခြားနိုင်ငံမှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည်လည်း ၎င်းတို့၏ ဒုက္ခသည်လျှောက်လွှာများ ပယ်ဖျက်ခံခဲ့ရ သည်။ စီးပွားရေးမျက်နှာစာမှကြည့်လျှင်လည်း စိုက် ပျိုးရေးကဏ္ဍရှိ အမေရိကန်စီးပွားရေးအသိုက်အဝန်း က ရွှေ့ပြောင်းနေထိုင်သူများကို ထိုကဲ့သို့ပြည်နှင်ဒဏ် ပေးခြင်းကို မလိုလားကြပေ။ အကြောင်းမှာ အခြေခံ လုပ်သားများ လျော့ပါးသွားမည့်အန္တရာယ်ကို မလို လားခြင်းကြောင့်ဖြစ်သည်။
နိုင်ငံခြားအကူအညီများကိုလည်း ရပ်ဆိုင်း
ထရမ့်က အမေရိကန်၏ နိုင်ငံတကာသို့ ထောက်ပံ့ပေးနေသော ဖွံ့ဖြိုးရေးအကူအညီများကို လည်း ရပ်ဆိုင်းခဲ့သည်။ ရက်ပေါင်း (၉၀)ကြာ " ပြန်လည်သုံးသပ်ခြင်း" ကာလအတွင်း နိုင်ငံခြားအကူ အညီ အသုံးစရိတ်အားလုံးကိုဆိုင်းငံ့ထားရန် အမိန့် ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ငါးရက်အကြာ တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံခြား အကူအညီပေးသည့် ပရောဂျက်အားလုံးအတွက် အလုပ်များကိုရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ သည်။ ှ့ဗှီု ရန်ပုံငွေဖြင့်လုပ်ဆောင်နေသော လုပ်ငန်းများအားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်ရခြင်း ကြောင့် ၎င်းအပေါ်မှီခိုနေရသောကဏ္ဍများတွင် ရိုက် ခတ်မှုများဖြစ်ပေါ်စေခဲ့သည်။ ကွန်ဂရက်စ်လွှတ်တော် အမတ်အချို့က နိုင်ငံခြားအကူအညီအများစုကို ခေတ္တရပ်ဆိုင်းလိုက်ခြင်းက တရားမဝင်ဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအရဆိုလျှင် ကွန်ဂရက်စ်၌ ၎င်းနှင့်ပတ်သက်၍ လုပ်ပိုင်ခွင်အချို့ရှိသေးကြောင်း ဖော် ပြကြသည်။ ထို့ပြင် ထိုကဲ့သို့ အထောက်အပံ့များ ရုတ် တရုက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်၏လုံ ခြုံရေးနှင့် ကမ္ဘာ့အလယ် ၎င်း၏ရပ်တည်ချက်ကို ထိ ခိုက်စေနိုင်သည်ဟုဆိုကြသည်။
USAID အဖွဲ့သည် အမေရိကန်ပြည်သူ များ၏အခွန်ငွေများကို တန်ဖိုးရှိရှိအသုံးပြုနေခြင်း မဟုတ်ဟုဆိုကာ ဖျက်သိမ်းပစ်ရန် ထရမ့်က လိုလား နေခြင်းဖြစ်သည်။ USAID အဖွဲ့၏ဝန်ထမ်းများထဲမှ (၆၁၁)ဦးကလွဲ၍ ကျန်သည့် ဝန်ထမ်း တစ်သောင်းနီး ပါးအားလုံးကို လစာနှင့် ခွင့်မယူမနေရ ယူခိုင်းရန် ထရမ့်ကစီစဉ်ခဲ့သည်။ USAID ၏အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးဒေသ များအပါအဝင် နိုင်ငံပေါင်း (၁၂၀) ခန့်တွင် ကျန်းမာ ရေးနှင့် အရေးပေါ်စီမံကိန်းများအပေါ် အကြီးအကျယ် သက်ရောက်စေခဲ့သည်။
ဂါဇာအရေး မှတ်ချက်များ
ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာ ဟုကို အိမ်ဖြူတော်တွင် ဖေဖော်ဝါရီ (၄)ရက်က ကြို ဆိုကာ ၎င်းတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အစ္စရေးခေါင်းဆောင်ကိုချီးကျူးခဲ့ပြီး နှစ်နိုင်ငံဆက် ဆံရေးတွင် တင်းမာမှုများဖြစ်စေခဲ့သော ဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသခံများကို အီဂျစ်၊ ဂျော်ဒန်နှင့် အခြားသောနိုင်ငံများသို့ ပြောင်းရွှေ့သင့်သည်ဟုပြော ကြားခဲ့သည်။ ဂါဇာကို အမေရိကန်က လွှဲပြောင်းယူပြီး သန်းနှင့်ချီသော ပါလက်စတိုင်းများကို နေရာရွှေ့ ပြောင်းမည်ဆိုသော သမ္မတ ဒေါ်နယ်ထရမ့်၏အစီ အစဉ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် ဆန့်ကျင်နေသည်။ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လူမျိုး တုံးရှင်းလင်းရေးကိစ္စမှန်သမျှကို မလုပ်မိအောင် ရှောင်ရှားရန်အရေးကြီးကြောင်း ပြောဆိုထားသည်။ ဂါဇာကမ်းမြောင်ဒေသမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၏ အနာဂတ်သည် ယခုအခါ မသေချာမရေရာ ဖြစ်လာသည်။
ထရမ့်၏ ယင်းအစီအစဉ်မှာ နိုင်ငံတကာ ဥပဒေများကို ဖောက်ဖျက်ခြင်းမျိုးဖြစ်လာနိုင်သည်။ ထို့ပြင် အစ္စရေး- ပါလက်စတိုင်း နှစ်နိုင်ငံ အတူဖြစ် တည်ရေး မျှော်လင့်ချက်များ အဆုံးသတ်သွားခြင်း မျိုးလည်းဖြစ်သွားနိုင်သည်။ အစ္စရေးကာကွယ်ရေး ဝန်ကြီးက " ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေး လုပ်တာကိုကန့်ကွက်ခဲ့တဲ့နိုင်ငံတွေဟာ အဲဒီ ဂါဇာဒေ သမှာနေထိုင်တဲ့သူတွေကို ခေါ်ယူထားရမယ်။ စပိန်၊ အိုင်ယာလန်၊ နော်ဝေးနဲ့ ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေးလုပ်တာကို ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေအား လုံးဟာ ဂါဇာဒေသခံတွေကို တရားဝင် နေထိုင်ခွင့်ပေး ရမယ်။ အဲဒီလိုလုပ်ဖို့ငြင်းရင် သူတို့ရဲ့အရေခြုံမှုကို ဖော်ထုတ်ရလိမ့်မယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်တွေ ချမှတ်ထားပြီး၊ ဂါဇာကမ်း မြောင်ဒေသခံတွေကို လက်ခံဖို့ဆန္ဒရှိတယ်ဆိုတာ ယခင်က ထုတ်ဖော်ပြောဆိုခဲ့တယ်" ဟု ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်၏အစီအစဉ်များသည် အငြင်းပွားဖွယ်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအကြား ဝေဖန်မှုများမြင့်တက်နေသည်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့် လုပ် ဆောင်ခါနီးချိန်တွင် ဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲယူမည့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဆော်ဒီအာရေဗျက ထရမ့်၏အစီအစဉ် များသည် ပါလက်စတိုင်းများကိုမောင်းထုတ်လိုသည့် အစ္စရေးအစိုးရ၏အကြံအစည် တစ်စိတ်တစ်ပိုင်းမျှ သာဖြစ်သည်ဟုလည်း ဝေဖန်ထားသည်။
အချုပ်ဆိုရလျှင် ထရမ့်၏ ဒုတိယသက် တမ်းအစသည် ဂယက်ပေါင်းစုံနှင့် ပြည်တွင်း၌သာမ က ပြည်ပနိုင်ငံများကိုပါ အထိတ်တလန့်ဖြစ်စေခဲ့ရ သည်။ ၎င်းလက်မှတ်ရေးထိုးခဲ့သောအမိန့်များကြောင့် ကမ္ဘာ့အရေးအရာများကိုထိခိုက်စေသကဲ့သို့ ရေရှည် သက်ရောက်မှုများလည်း ရှိလာနိုင်သည်။ ထရမ့်သည် ၎င်းမတက်ခင်ကတည်းက ထိုသို့သောအမိန့်များကို ချမှတ်လာနိုင်ကြောင်း ပြောဆိုလေ့ရှိသော်လည်း လက်တွေ့လုပ်ဆောင်လိမ့်မည်ဟု အများစုကယုံ ကြည်ထားခြင်းမရှိပေ။ သို့သော် ယခုအခါ ၎င်းအာဏာရလာပြီးကတည်းက ထိုသို့သော အငြင်းပွားအမိန့် များကို တစ်ခုပြီးတစ်ခုထုတ်ပြန်၍ အရေးယူဆောင် ရွက်နေခြင်းကြောင့် နောင်လာမည့်အနာဂတ်တွင် လည်း မည်သို့သောအမိန့်များ ချမှတ်လာနိုင်မည်ဆို သည်ကို ဆက်လက်လေ့လာ စောင့်ကြည့်ရဦးမည်ဖြစ် ပါကြောင်း ရေးသားလိုက်ရသည်။
Zawgyi Version:
လုပ်ငန်းလိုင်စင်မလျှောက်သည့် ရွှေဆိုင်များကို အရေးယူမှုစတင်တော့မည်
ဖေဖော်ဝါရီ(၁၇)ရက် နောက်ပိုင်းမှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းမရှိသည့် ရွှေဆိုင်များ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းထံမှ သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ အရပြီးခဲ့သည့် အောက်တိုဘာ(၂၅) ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ရွှေရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန် ဆောင်မှုအဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့သတ်မှတ်ပြီးနောက် ရွှေလုပ်ငန်း လုပ်ကိုင်သူများအားလုံး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်မှစ၍ လုပ်ငန်းလို င်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းက အသိပေး ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထား ခြင်းကို သုံးလအတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖေဖော်ဝါရီ(၁၇)ရက်တွင် လျှောက် ထားခြင်းမရှိသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
“ဖေဖော်ဝါရီ(၁၇)ရက်အထိ နောက်ဆုံး လျှောက်ရမှာပေါ့။ လက်ရှိအချိန်အထိကတော့ (၃)လပြည့်တာနဲ့ မလျှောက်ဘူးဆိုရင် သက်ဆိုင်ရာက အရေးယူမှာပေါ့။ (၃)လအတွင်းဆိုတာက ဆိုင် ဖွင့်ထားရဲ့သားနဲ့ မလျှောက်တဲ့ လူတွေကိုပြောတာပေါ့။ (၃)လကျော်ပြီးမှ ဆိုင်ဖွင့်တဲ့သူတွေကတော့ လျှောက်လို့ရတယ်။ ရွှေဆိုင်တွေရှိနေရဲ့သားနဲ့ နိုင်ငံတော်ရဲ့ အစီအမံအရလုပ်တာကို မလျှောက်ဘူးဆိုရင် သက်ဆိုင်ရာက အရေးယူမှုတွေရှိမှာပေါ့။ နယ်မြေမအေး ချမ်းတဲ့နေရာတွေမှာတော့ နည်းနည်းပါးပါးတော့ ချို့ယွင်းချက်တွေရှိမှာပေါ့။ သွားလို့လာလို့မရတာတွေ။ တချို့ ဒေသတွေ ကချင်ဆိုရင် ခက်ခဲတာပေါ့”ဟု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က NP News ဂျာနယ်ကို ပြောသည်။
လက်ရှိတွင် လုပ်ငန်းလိုင်စင်လျှောက် ထားသူအရေအတွက်မှာ ယခင်ထက်များပြားကြောင်း သိရပြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်း အမိန့်စာအရမိမိတွင် ရွှေဆိုင်(၅)ဆိုင်ရှိ ပါက အဆိုပါ(၅)ဆိုင်လုံး အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန် ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အမှတ်စဉ်(၁၁)ခုပါဝင်ပြီး အဆိုပါအမှတ်စဉ်များ အနက် အမှတ်စဉ်(၄)နှင့် အမှတ်စဉ်(၉)ကို ရွှေဆိုင် လုပ်ငန်းရှင်အချို့မှ ကြိုက်နှစ်သက်မှုမရှိ ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ အမှတ်စဉ်(၄)တွင် တစ်လအတွင်းအများဆုံး ရွှေရောင်းဝယ်မှုပြုလုပ်နိုင် သည့်ပမာဏ (ပိဿာ၊ ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ)ဖြင့် ဖော်ပြပေးရန်နှင့် အမှတ်စဉ်(၉)မှာ ပြည်တွင်းအခွန်များဦးစီးဌာန က ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များလိုအပ် မည်ဖြစ်ရာ ပြေစာ၊ ဘောင်ချာများဖြင့် ဆောင်ရွက်ခြင်း များရှိလာနိုင်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန၏ အငြိမ်းစားအရာရှိတစ်ဦးက မှတ်ချက်ပြုပြောဆို ထားသည်။ “(၁၇)ရက်မှာ လိုင်စင်တင်ထားတဲ့သူကတော့ အကျုံးဝင်တယ်။ (၁၇)ရက်နောက်ပိုင်းမှ အကြောင်း အမျိုးမျိုးကြောင့် လာတင်တဲ့သူတွေကျတော့ ဒီကြေ ညာချက်အရ ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး။ သက်တမ်းတိုး ပေးခဲ့ရင်တော့ နောက်ဆုံးအနေနဲ့ တစ်လ ဖြစ်ဖြစ်၊ နှစ်လဖြစ်ဖြစ်တိုးပေးလိုက်ပြီဆိုတာတော့ ဖြစ်လာဖွယ်ရာရှိတယ်လို့ မြင်ပါတယ်။ လိုင်စင်ရှိထားခြင်းက ပြည်တွင်းအခွန်နဲ့ အခွန်တွေများလာတာတွေ ပေါ့။ ရွှေဆိုင်တွေ၊ ရွှေပန်းထိမ်လုပ်ငန်း တွေ အခွန်သိပ်ရှောင်ဖို့မလွယ်တော့ဘူး။ စာရင်းဇယားတွေနဲ့ တင်ပြလာရမယ့် အပိုင်းတွေပါလာတာပေါ့။ ရွှေဆိုင် အသေးလေးတွေကတော့ ဒီလိုင်စင်ကို မကြိုက်ကြဘူး။ သူတို့လည်း မတတ်သာလို့သာ လိုင်စင်လျှောက် ရင်လျှောက် ထားနိုင်တယ်။ နာမည်ကြီး ရွှေဆိုင်တွေကတော့ လိုင်စင်ကိုအကျုံးဝင်အောင်လုပ်မှာ သေချာတယ်”ဟု အထက်ပါ အငြိမ်းစားအရာရှိက ပြောသည်။
လက်ရှိတွင် ရွှေဆိုင်များအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ဆိုင်များလည်းရှိ သကဲ့သို့ လျှောက်ထား ခြင်းမရှိသေးသည့်ဆိုင်များ လည်းရှိနေပြီး သက်ဆိုင်ရာအနေဖြင့် တင်းကြပ် သည့်အရေးယူမှုမျိုးကို ဆောင်ရွက်သင့် ကြောင်း ရွှေဆိုင်အချို့က သုံးသပ်ထားသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ သတ်မှတ်ချက်အတိုင်း၊ တောင်းဆိုတဲ့အတိုင်းကို လုပ်ပြီးတော့ တင်ပြီး ပါပြီ။ ဒီလိုလုပ်တာကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ဘက်က အကုန်လုံးကိုပါအောင်ဆွဲခေါ်ပြီးတော့ တင်းကြပ်တဲ့အရေး ယူမှုတွေလုပ်မှ ဒီ Platform ပေါ်ရောက်မှာ။ ကျွန်တော်တို့လို တရားဝင်ဆောင်ထားပြီးတော့ ဆိုင်ခန်း နေရာနဲ့ လိုင်စင်ဆောင်၊ အခွန်ဆောင်လျှောက်ထား ရပြီးတော့ တိုက်ခန်းလေးကနေ လိုက်ကာလေးနဲ့ အွန်လိုင်း ရောင်းနေတဲ့လူတွေကို အရေးမယူဘူးဆို ကျွန်တော်တို့က အလကားပဲဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ဒီစနစ်ဖြစ်ဖို့ အားလည်းပေးသလို တစ်ပြေးညီလည်းဖြစ်သွားစေချင်တယ်။ ဒီလုပ်ငန်းကြီးက ဒီအပေါ်မှာ မှန်မှန်ကန်ကန်နဲ့ နည်းမှန် လမ်းမှန်နဲ့ အကုန်လုံးကို လျှောက်လှမ်းစေချင်တာ။ တရားမဝင် ပပျောက်စေချင်တာပေါ့။ စားသုံးသူ Customer ကလည်း ဒီလိုဆောင်ထားတဲ့ဆိုင်တွေမှ အားပေး တယ်ဆိုရင် ကျွန်တော်တို့လည်း အလုပ်လုပ် ရတာ အဆင်ပြေသွားတယ်”ဟု လှိုင်သာယာအခြေစိုက် ရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားသူများအနေဖြင့် လုပ်ငန်းပမာဏ ၏ (၂၅)ရာခိုင်နှုန်းကို လုပ်ငန်း အတွက်ရင်းနှီးမြှုပ်နှံမှုရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယွန်း