ကွန်ဖက်ဒရိတ်များကို စုဖွဲ့ကာ တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင်နိုင်ပါသလား

289

HtayOung (NP News) - ဖေဖော်ဝါရီလ ၁၇
" ကွန်ဖက်ဒရိတ်များကိုစုဖွဲ့ကာ တိုင်းပြည် တစ်ခုတည်းအဖြစ် ထူထောင်နိုင်ပါသလား" ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ကမ္ဘာ့နိုင်ငံရေး/ ဖွဲ့စည်းတည်ဆောက်မှုသမိုင်းများအရ အဖြေပေးခြင်း မတိုင်မီ ကွန်ဖက်ဒရေးရှင်း (Confederation) နဲ့ ဖက်ဒရေးရှင်း(Federation) ရဲ့အဓိပ္ပာယ်ကို အတိုချုံးရှင်း ပြလိုပါတယ်။ အဲဒီနှစ်မျိုးစလုံးဟာ ပြည်နယ်တွေပါ ဝင်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးအရ ဖွဲ့စည်းပုံ ဆိုင်ရာစနစ်တွေဖြစ်ကြပြီး အာဏာခွဲဝေမှုနဲ့ အုပ်ချုပ် ရေးပုံစံကွဲပြားမှုကို ရည်òန်းတာဖြစ်ပါတယ်။
ကွန်ဖက်ဒရိတ်မှာ တစ်နိုင်ငံတည်း အောက် ရှိ ပြည်နယ်တွေဟာ မိမိတို့ ကိုယ်ပိုင်အခွင့် အာဏာကို လွတ်လပ်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။ ပြည်ထောင်စုအဖြစ် အပေါ်ယံသဘော ပူးပေါင်းမှုသာ ဖြစ်ပြီး ပြည်နယ်တစ်ခုချင်းစီဟာ ယနေ့ခေတ် နိုင်ငံ တစ်ခုသဖွယ် သီးခြားဖြစ်နေတဲ့အတွက် မိမိတို့ စိတ် ဆန္ဒအရ ခွဲထွက်ဖို့ အင်မတန်လွယ်ကူပါတယ်။
ကွန်ဖက်ဒရိတ်မှာတော့ အဲဒီပြည်နယ် တွေမှာ အချို့အာဏာတွေကို ဗဟိုအစိုးရထံ အပ်နှင်း ထားကြပါတယ်။
(၁) နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး
(၂) ငွေကြေးထုတ်ဝေခြင်း၊ အခွန်ကောက်ခံခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒချမှတ်ခြင်း
(၃) နိုင်ငံခြားဆက်ဆံရေး
(၄) အမျိုးသားဥပဒေပြဋ္ဌာန်းခြင်း
(၅) အမျိုးသားအဆင့် ပို့ဆောင်/ဆက်သွယ်ရေး (၆) အမျိုးသားကုန်သွယ်ရေး စီးပွားရေးဆိုင်ရာ မူဝါဒ ချမှတ်ခြင်း
(၇) ပြည်နယ်အချင်းချင်းကြား ပဋိပက္ခဖြေရှင်းခြင်း စသည်တို့ကို ဗဟိုအစိုးရက ကိုင်တွယ်ဆောင်ရွက်ခွင့် ရှိပါတယ်။
ဒါပေမဲ့ ပြည်နယ်တစ်ခုချင်းစီအလိုက်
(၁) ဒေသတွင်းဆိုင်ရာ ဥပဒေပြုခြင်း
(၂) ဘဏ္ဍာရေးလိုအပ်ချက်အရ ပြည်နယ်ခွန် ကောက်ခံခြင်း
(၃) ပြည်နယ်အစိုးရဖွဲ့စည်းခြင်း၊ ဝန်ကြီးများခန့် အပ်ခြင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့ စည်းခွင့် ရရှိကြပါတယ်။
ဒီနေရာမှာ မျက်စိထဲမြင်အောင် အထင်ရှား ဆုံးဥပမာပြရင် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့ အမေ ရိကန်ကို ပြရပါလိမ့်မယ်။ အမေရိကန် ပြည်နယ်တချို့ မှာ သေဒဏ်စီရင်ပိုင်ခွင့်၊ ပဋိသန္ဓေ တားဆီးခွင့်ရှိကြပြီး တချို့ပြည်နယ်တွေမှာ သီးခြားပြည်နယ်ဥပဒေအရ တားမြစ်ထားတဲ့အတွက် အဲဒါတွေ လုပ်လို့မရပါဘူး။ အဲဒီကိစ္စတွေမှာ အမေရိကန် ဗဟိုအစိုးရ (ဖက်ဒရယ် အစိုးရ) က ဘာမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။
ဒါပေမဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ဘဏ္ဍာ ရေးဆိုင်ရာ မူဝါဒချမှတ်ရာမှာတော့ ဖက်ဒရယ်အစိုး ရမှာသာ တာဝန်ရှိပါတယ်။
ဒီလိုဆို ကွန်ဖက်ဒရိတ်ပြည်နယ်သာ ထူ ထောင်ခဲ့ရင် ကိုယ့်ပြည်နယ်ချမ်းသာဖွံ့ဖြိုးအောင် ကိုယ့်လက်ကိုယ့်ခြေ စိတ်တိုင်းကျ ကိုင်တွယ်နိုင်လိမ့် မယ်၊ ကိုယ့်ကံကြမ္မာ ကိုယ့်ဘာသာဖန်တီးနိုင်လိမ့်မယ် လို့ ယူဆစရာရှိပါတယ်။ ဒါကြောင့်လည်း ဗြိတိသျှ ကို လိုနီနယ်မြေတွေဖြစ်တဲ့ အမေရိကန်ပြည်နယ် (၁၃)ခုတို့ဟာ လွတ်လပ်ရေးကြေညာပြီး အုပ်ချုပ်သူတို့ကို ပုန်ကန်တဲ့ "(၁၇၇၅-၁၇၈၃) ခုနှစ် အမေရိကန်တော် လှန်ရေးကြီး " ဖြစ်ပွားခဲ့ပါတယ်။
အခွန်ကောက်ခံမှုနဲ့ စီးပွားရေးဖိအားပေး ခံရမှုကို မကျေနပ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိခြင်း၊ ကိုလိုနီနယ်မြေတွေမှာတပ်စွဲထားတဲ့ ဗြိတိသျှစစ်တပ် က ပြည်သူတို့ရဲ့လွတ်လပ်ခွင့်ကို ချုပ်ချယ်တာတို့ ကြောင့် လက်နက်ကိုင် ဆန့်ကျင်ကြခြင်းဖြစ်ပါတယ်။ (၁၇၈၃)ခုနှစ် ပါရီစာချုပ်အရ ဗြိတိသျှတို့က အမေရိ ကန်လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ရပါတယ်။ ထွန်းပေါ်လာတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကွန် ဖက်ဒရေးရှင်း (၁၃)ပြည်နယ်တို့နဲ့ဖွဲ့စည်းထားခဲ့ကြ တယ်။ (၁၇၈၁)ခုနှစ် ကွန်ဖက်ဒရေးရှင်းဆိုင်ရာ အုပ် ချုပ်ရေးစာချုပ် (Articles of Confederation) နဲ့ ပြည်နယ်အသီးသီးတို့ဟာ ဗဟိုအစိုးရထက် အာဏာ ပိုမိုရရှိပါတယ်။ ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာဖို့မလိုအပ်ပါဘူး။
တော်လှန်ရေးကြီးပြီးဆုံးသွားပေမယ့် စစ်ကာလြွေကးမြီတွေကို ပြန်ဆပ်ဖို့ကျန်ရှိနေပါတယ်။ အဲဒီအတွက် ပြည်နယ်တစ်ခုအနေနဲ့ ငွေကြေးမလုံ လောက်ပါဘူး။ ပြည်နယ်အလိုက် သီးသန့်ငွေကြေး စနစ်ကိုထုတ်ဝေနိုင်တဲ့အတွက် ငွေကြေးတန်ဖိုးမတည် ငြိမ်မှု၊ ငွေကြေး ဖောင်းပွမှုကို မထိန်းနိုင်တာတို့ ဖြစ် ပေါ်ခဲ့ပါတယ်။ တကယ်တော့ ပြည်နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အားသာချက် အားနည်းချက်တွေ ဗဟိုအစိုးရအနေနဲ့ လိုတိုး/ပိုလျှော့လုပ်နိုင်ခဲ့ရင် ပြေ လည်စရာရှိပေမယ့် အဲဒီအချိန် အမေရိကန်အစိုးရ ဟာ အဲဒီလို အခွင့်အာဏာမရှိပါဘူး၊ အခွန်ကောက်ယူ ခွင့်လည်းမရှိတဲ့အတွက် ဘဏ္ဍာရေးအရ အလွန်အား နည်းခဲ့ပါတယ်။ ဗဟိုအစိုးရဟာ နိုင်ငံတစ်ဝန်း စီးပွား ရေးကို ထိန်းချုပ်နိုင်ခြင်းမရှိ၊ နိုင်ငံရပ်ခြားနဲ့ ကုန်သွယ်ရာမှာ မျှတမှုမရှိတဲ့အတွက် ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။
စစ်ပွဲပြီးဆုံးစ ပြည်နယ်တိုင်းလိုလို ငွေ ကြေးကျပ်တည်းနေပါတယ်။ အခွန်ကောက်ခံမှုနဲ့ ဘဏ္ဍာရေးပြဿနာကြောင့် မက်ဆာချူးဆက်ပြည် နယ် ကျေးလက်ဒေသမှာ လက်နက်ကိုင်ဆန့်ကျင်ရာမှ " ရှေးသူပုန်ထမှု" Shays' Rebellion ဖြစ်ပေါ်လာ ပြန်တယ်။
လွတ်လပ်ရေးရရှိပြီး အမေရိကန်ပြည် ထောင်စုကို ဗြိတိန်နဲ့စပိန်တို့လို ပြည်ပအင်အားကြီး နိုင်ငံတွေက မြောက်ပိုင်းနဲ့အနောက်ပိုင်းနယ်စပ်တွေ မှာ စစ်ရေးနဲ့ ခြိမ်းခြောက်နေကြပါတယ်။ အဲဒီဘက်မှာ ရှိတဲ့ပြည်နယ်တွေမှာ သီးသန့်စစ်တပ်တွေဖွဲ့စည်းပြီး ရှိနေပေမယ့် ခုခံကာကွယ်ဖို့အထိ ငွေကြေးနဲ့ လူအင် အား မလုံလောက်ပါဘူး။ ဗဟိုအစိုးရအနေနဲ့လည်း ပြည်နယ်တစ်ခုချင်းစီမှာရှိတဲ့စစ်တပ်တွေကို စုစည်းဖို့ ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့အတွက် ပြည်ပခြိမ်းခြောက်မှု ထိရောက်စွာ မတုံ့ပြန်နိုင်ပါဘူး။
အဆိုးဆုံးကတော့ ပြည်နယ်တွေအကြား ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် အာဏာမရှိခြင်းပဲ ဖြစ်ပါတယ်။ ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ပြည်နယ် တစ်ခုချင်းစီက သဘောတူဖို့လိုအပ်တဲ့အတွက် နှောင့်နှေးတာတွေ၊ မရောရာတဲ့ ဆုံးဖြတ်ချက်တွေသာ ဖြစ်ပေါ်နေခဲ့တယ်။
အဲဒါဟာ " (၁၈၆၁-၁၈၆၅) ခုနှစ် အမေရိ ကန်ပြည်တွင်းစစ်" ဖြစ်ပွားရခြင်းရဲ့ နိဒါန်းတွေပဲဖြစ် ပါတယ်။ အမေရိကန်တောင်ပိုင်း ပြည်နယ် (၇)ခုတို့ ဟာ Confederate States of America (CSA) " အမေရိကန် ကွန်ဖက်ဒရိတ် ပြည်ထောင်စု" အဖြစ် သီးခြားခွဲထွက်ပြီး မြောက်ပိုင်းပြည်နယ်တွေရဲ့ " ယူနီယံ" တပ်တွေနဲ့ အတိအလင်းစစ်ခင်းတဲ့အထိ ဖြစ်လာ ခဲ့တယ်။ ဒါပေမဲ့ ကွန်ဖက်ဒရိတ်တွေအရေးနိမ့်တာ နဲ့အတူ (၁၇၈၉)ခုနှစ် မတ်လ (၄)ရက်မှာ လက်ရှိ အမေရိကန်ဖွဲ့စည်းပုံဥပဒေကိုပြဋ္ဌာန်းပြီး ကွန်ဖက်ဒရိတ်စနစ်ကို စွန့်လွှတ်လိုက်ကြပါတယ်။
ဒီလိုဆိုရင် အမေရိကန်ပြည်တွင်းစစ်မှာ စစ်ရှုံးလို့သာ ကွန်ဖက်ဒရိတ်ရှင်းစနစ်မှေးမှိန်ရခြင်း ဖြစ်တယ်လို့ ထင်မှတ်စရာရှိပါတယ်။ လက်တွေ့မှာ တော့ သီးခြားနိုင်ငံသဖွယ်ပြည်နယ်တွေနဲ့ ပြည် ထောင်စုဖွဲ့စည်းတာဟာ သက်ဆိုင်ရာပြည်နယ်မှာ လည်း အကျပ်အတည်းဖြစ်ရတဲ့အပြင် ဖြစ်ပေါ်လာတဲ့ နိုင်ငံမှာလည်း အားနည်းချက်တွေသာ ဖြစ်လာရတဲ့ အတွက် စွန့်လွှတ်လိုက်ရတာဖြစ်ပါတယ်။
အလားတူ ဥပမာတွေကို (၁၂၉၁-၁၈၄၈) ခုနှစ် ဆွစ်ဇာလန်နိုင်ငံ "ဆွစ် ကွန်ဖက်ဒရေးရှင်း (၁၈၁၅-၁၈၆၆) ခုနှစ် ဂျာမနီနိုင်ငံ " ဂျာမန်ကွန်ဖက် ဖက်ဒရေးရှင်း" ၊ (၁၈၆၇) ခုနှစ် ကနေဒါနိုင်ငံ ]ကနေ ဒီယန် ကွန်ဖက်ဒရိတ်}တို့ဖြစ်ပြီး အဲဒီလိုစုဖွဲ့ခဲ့ရင် ဘာဖြစ်တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ် (၁၀ဝ)ကျော်က တည်းက ကွန်ဖက်ဒရိတ် အရသာမြည်းစမ်းခဲ့ကြဖူး တယ်လို့ ဆိုရပါလိမ့်မယ်။
မျက်မှောက်ခေတ် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲပြီး (၂၀ဝ၃-၂၀ဝ၆) ခုနှစ် ]ဆားဗီယားနှင့် မွန်တီနီဂရိုး ကွန်ဖက်ဒရိတ်}တို့မှာလည်း မအောင် မြင်ခဲ့ပါဘူး။ ဒီနေ့ အဲဒီတိုင်းပြည်တွေဟာ သီးခြား နိုင်ငံဖြစ်စေ ဖက်ဒရယ်စနစ်ဖြစ်စေ လုံးဝပြောင်းလဲ သွားခဲ့ပါတယ်။ ဖက်ဒရယ်စနစ်မှာ ပုံစံ (၃)မျိုးခန့်ရှိပြီး ဒီနေ့ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီး၊ အီသီယိုးပီးယား၊ မလေးရှား၊ ယူအေအီးတို့ဟာ အောင်မြင်ထင်ရှားတဲ့ ဖက်ဒရယ်တိုင်းပြည်တွေဖြစ်ပါတယ်။
ယူဂိုဆလားဗီးယားနိုင်ငံပြိုကွဲပြီး (၁၉၉၂-၁၉၉၅) ခုနှစ် ဘော့စနီးယားစစ်ပွဲကိုအဆုံးသတ်ဖို့ ထွန်းပေါ်လာတဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနားကတော့ နိုင်ငံနှစ်ခုကို တိုင်းပြည်တစ်ခုတည်းအဖြစ် ပေါင်းထား ပါတယ်။ ဒါပေမဲ့ " (၁၉၉၅)ခုနှစ် ဒေတန် သဘောတူ စာချုပ်" ပါ လူမျိုးနွယ်အရ အာဏာခွဲဝေတဲ့စနစ်တည် ရှိနေတာကလွဲရင် ကွန်ဖက်ဒရိတ်လို့ မသတ်မှတ်နိုင်ပါ ဘူး ။ တိုက်ပွဲတွေချုပ်ငြိမ်းစေဖို့အတွက်သာ နိုင်ငံငယ် နှစ်ခုပေါင်းစည်းလိုက်ရပေမယ့် (ခရစ်ယာန်) " ခရုတ် လူမျိုးများ" နဲ့ မွတ်စလင် " ဘော့စ်နက်လူမျိုးများ" အဖြစ် ကွဲပြားနေကြပါတယ်။ ပြည်တွင်းစစ်အထိမဖြစ် သေးပေမယ့် ခွဲထွက်ဖို့ ပြင်ဆင်နေကြပါတယ်။
ကွန်ဖက်ဒရေးရှင်းပုံစံဟာ နိဂုံးချုပ်သွား ခြင်းမရှိဘဲ အငွေ့အသက်တော့ကျန်ရှိနေပါတယ်။ အနီးဆုံးဥပမာပြရရင် ဒီနေ့ မြန်မာနိုင်ငံပါဝင်တဲ့ "အာ ဆီယံနိုင်ငံများအသင်း"၊ ဥရောပ(၂၇)နိုင်ငံပါ အီးယူ ခေါ် " ဥရောပသမဂ္ဂ}နဲ့ အာရပ်မျိုးနွယ်နိုင်ငံတွေရဲ့ အာရပ်လိဂ်အဖွဲ့"တွေဖြစ်ပါတယ်။
အာဆီယံဟာ စီးပွားရေး-ကုန်သွယ်ရေး-အပြန်အလှန်ကူညီရေးကိစ္စတွေအတွက် အရှေ့ တောင်အာရှတိုင်းပြည်(၁၀)ခုကိုစုစည်းထားတဲ့ နိုင်ငံရေးအုပ်စုတစ်ခုသာဖြစ်ပြီး တိုင်းပြည်တစ်ခု မဟုတ်ပါဘူး။ အလားတူ ဥရောပသမဂ္ဂဟာ " အီးယူ ကောင်စီ" နဲ့ " အီးယူပါလီမန်" တို့ အစိုးရသဖွယ် တည်ရှိပေမယ့် တိုင်းပြည်တစ်ခုအဖြစ် ဖွဲ့စည်းထား ခြင်းမဟုတ်ပါဘူး၊ အဖွဲ့ဝင်နိုင်ငံတွေဟာ သီးခြား လွတ်လပ်ပြီး အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြပါ တယ်။
နိဂုံးချုပ်ပြောရရင် ဒီနေ့ ကမ္ဘာပေါ်မှာ ကွန်ဖက်ဒရိတ်ခေါ် သီးခြားလွတ်လပ်တဲ့ ပြည်နယ်/နိုင်ငံငယ်တွေနဲ့စုစည်းထားတဲ့ ဖက်ဒရယ်တိုင်းပြည် ဆိုတာ တစ်နိုင်ငံမှမရှိပါဘူး။
လူသားတစ်ဦး တစ်ဖွဲ့ မျိုးနွယ်စုတစ်စုဟာ ရှင်သန်ရပ်တည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ယဉ် ကျေးမှု-စာပေဘာသာစကား-ကိုးကွယ်ရာဘာသာ ကိုထိန်းသိမ်းခွင့်တို့ဟာ မရှိမဖြစ် အခြေခံလူ့အခွင့် အရေးတွေဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုတာ၊ တိုက်ပွဲဝင်တာတို့ဟာ တရားမျှတတယ်လို့ နိုင်ငံတကာက နားလည်ပေးကြ ပါလိမ့်မယ်။
ဒါပေမဲ့ လူမျိုးတစ်မျိုး ကိုးကွယ်ရာဘာသာ တရားတူညီမှုကိုအခြေခံပြီး တိုင်းပြည်ထူထောင်ရင် တော့ နိုင်ငံရေး-အုပ်ချုပ်ရေးမှာ လူမျိုးရေး ဘာသာ ရေး ရောယှက်တဲ့တိုင်းပြည် Non-Secular Country, Ethnic State အဖြစ် နှာခေါင်းရှုံ့ကြပါလိမ့်မယ်။ ရေနံအိုးကိုဖင်ခုထိုင်ထားတဲ့ သူဌေးနိုင်ငံမဟုတ်ရင် အဲဒီနိုင်ငံနဲ့ ခပ်ကင်းကင်းနေကြပါလိမ့်မယ်။
ပြန်ကြည့်လိုက်ရင် နိုင်ငံတကာမှာ ပြဿ နာပေါင်းစုံနဲ့လုံးထွေးပြီး စစ်ပွဲတွေနဲ့မပြတ်စဲနိုင်ဘဲ ဖွံ့ ဖြိုးမှုနောက်ကျနေရတဲ့တိုင်းပြည်တွေကို ကြည့်ရင် အဲဒီ Non-Secular Country, Ethnic State တွေချည်း အများဆုံးပါဝင်နေတတ်ကြောင်း တွေ့ရှိရ ပါလိမ့်မယ်။
Zawgyi Version
ကြန္ဖက္ဒရိတ္မ်ားကို စုဖြဲ႕ကာ တိုင္းျပည္တစ္ခုတည္းအျဖစ္ ထူေထာင္ႏိုင္ပါသလား
HtayOung (NP News) - ေဖေဖာ္ဝါရီလ ၁၇
" ကြန္ဖက္ဒရိတ္မ်ားကိုစုဖြဲ႕ကာ တိုင္းျပည္ တစ္ခုတည္းအျဖစ္ ထူေထာင္ႏိုင္ပါသလား" ဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကို ကမာၻ႔ႏိုင္ငံေရး/ ဖြဲ႕စည္းတည္ေဆာက္မႈသမိုင္းမ်ားအရ အေျဖေပးျခင္း မတိုင္မီ ကြန္ဖက္ဒေရးရွင္း (Confederation) နဲ႔ ဖက္ဒေရးရွင္း(Federation) ရဲ႕အဓိပၸာယ္ကို အတိုခ်ဳံးရွင္း ျပလိုပါတယ္။ အဲဒီႏွစ္မ်ိဳးစလုံးဟာ ျပည္နယ္ေတြပါ ဝင္တဲ့ တိုင္းျပည္တစ္ျပည္ရဲ႕ႏိုင္ငံေရးအရ ဖြဲ႕စည္းပုံ ဆိုင္ရာစနစ္ေတြျဖစ္ၾကၿပီး အာဏာခြဲေဝမႈနဲ႔ အုပ္ခ်ဳပ္ ေရးပုံစံကြဲျပားမႈကို ရည္òန္းတာျဖစ္ပါတယ္။
ကြန္ဖက္ဒရိတ္မွာ တစ္ႏိုင္ငံတည္း ေအာက္ ရွိ ျပည္နယ္ေတြဟာ မိမိတို႔ ကိုယ္ပိုင္အခြင့္ အာဏာကို လြတ္လပ္စြာ ထိန္းသိမ္းထားႏိုင္ပါတယ္။ ျပည္ေထာင္စုအျဖစ္ အေပၚယံသေဘာ ပူးေပါင္းမႈသာ ျဖစ္ၿပီး ျပည္နယ္တစ္ခုခ်င္းစီဟာ ယေန႔ေခတ္ ႏိုင္ငံ တစ္ခုသဖြယ္ သီးျခားျဖစ္ေနတဲ့အတြက္ မိမိတို႔ စိတ္ ဆႏၵအရ ခြဲထြက္ဖို႔ အင္မတန္လြယ္ကူပါတယ္။
ကြန္ဖက္ဒရိတ္မွာေတာ့ အဲဒီျပည္နယ္ ေတြမွာ အခ်ိဳ႕အာဏာေတြကို ဗဟိုအစိုးရထံ အပ္ႏွင္း ထားၾကပါတယ္။
(၁) ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ ကာကြယ္ေရး
(၂) ေငြေၾကးထုတ္ေဝျခင္း၊ အခြန္ေကာက္ခံျခင္း၊ ဘ႑ာေရးဆိုင္ရာ မူဝါဒခ်မွတ္ျခင္း
(၃) ႏိုင္ငံျခားဆက္ဆံေရး
(၄) အမ်ိဳးသားဥပေဒျပ႒ာန္းျခင္း
(၅) အမ်ိဳးသားအဆင့္ ပို႔ေဆာင္/ဆက္သြယ္ေရး (၆) အမ်ိဳးသားကုန္သြယ္ေရး စီးပြားေရးဆိုင္ရာ မူဝါဒ ခ်မွတ္ျခင္း
(၇) ျပည္နယ္အခ်င္းခ်င္းၾကား ပဋိပကၡေျဖရွင္းျခင္း စသည္တို႔ကို ဗဟိုအစိုးရက ကိုင္တြယ္ေဆာင္႐ြက္ခြင့္ ရွိပါတယ္။
ဒါေပမဲ့ ျပည္နယ္တစ္ခုခ်င္းစီအလိုက္
(၁) ေဒသတြင္းဆိုင္ရာ ဥပေဒျပဳျခင္း
(၂) ဘ႑ာေရးလိုအပ္ခ်က္အရ ျပည္နယ္ခြန္ ေကာက္ခံျခင္း
(၃) ျပည္နယ္အစိုးရဖြဲ႕စည္းျခင္း၊ ဝန္ႀကီးမ်ားခန႔္ အပ္ျခင္း၊ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားကို ဖြဲ႕ စည္းခြင့္ ရရွိၾကပါတယ္။
ဒီေနရာမွာ မ်က္စိထဲျမင္ေအာင္ အထင္ရွား ဆုံးဥပမာျပရင္ ဖက္ဒရယ္ျပည္ေထာင္စုျဖစ္တဲ့ အေမ ရိကန္ကို ျပရပါလိမ့္မယ္။ အေမရိကန္ ျပည္နယ္တခ်ိဳ႕ မွာ ေသဒဏ္စီရင္ပိုင္ခြင့္၊ ပဋိသေႏၶ တားဆီးခြင့္ရွိၾကၿပီး တခ်ိဳ႕ျပည္နယ္ေတြမွာ သီးျခားျပည္နယ္ဥပေဒအရ တားျမစ္ထားတဲ့အတြက္ အဲဒါေတြ လုပ္လို႔မရပါဘူး။ အဲဒီကိစၥေတြမွာ အေမရိကန္ ဗဟိုအစိုးရ (ဖက္ဒရယ္ အစိုးရ) က ဘာမွ ဝင္ေရာက္စြက္ဖက္ခြင့္ မရွိပါဘူး။
ဒါေပမဲ့ ကာကြယ္ေရး၊ လုံၿခဳံေရးနဲ႔ ဘ႑ာ ေရးဆိုင္ရာ မူဝါဒခ်မွတ္ရာမွာေတာ့ ဖက္ဒရယ္အစိုး ရမွာသာ တာဝန္ရွိပါတယ္။
ဒီလိုဆို ကြန္ဖက္ဒရိတ္ျပည္နယ္သာ ထူ ေထာင္ခဲ့ရင္ ကိုယ့္ျပည္နယ္ခ်မ္းသာဖြံ႕ၿဖိဳးေအာင္ ကိုယ့္လက္ကိုယ့္ေျခ စိတ္တိုင္းက် ကိုင္တြယ္ႏိုင္လိမ့္ မယ္၊ ကိုယ့္ကံၾကမၼာ ကိုယ့္ဘာသာဖန္တီးႏိုင္လိမ့္မယ္ လို႔ ယူဆစရာရွိပါတယ္။ ဒါေၾကာင့္လည္း ၿဗိတိသွ် ကို လိုနီနယ္ေျမေတြျဖစ္တဲ့ အေမရိကန္ျပည္နယ္ (၁၃)ခုတို႔ဟာ လြတ္လပ္ေရးေၾကညာၿပီး အုပ္ခ်ဳပ္သူတို႔ကို ပုန္ကန္တဲ့ "(၁၇၇၅-၁၇၈၃) ခုႏွစ္ အေမရိကန္ေတာ္ လွန္ေရးႀကီး " ျဖစ္ပြားခဲ့ပါတယ္။
အခြန္ေကာက္ခံမႈနဲ႔ စီးပြားေရးဖိအားေပး ခံရမႈကို မေက်နပ္ျခင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မရွိျခင္း၊ ကိုလိုနီနယ္ေျမေတြမွာတပ္စြဲထားတဲ့ ၿဗိတိသွ်စစ္တပ္ က ျပည္သူတို႔ရဲ႕လြတ္လပ္ခြင့္ကို ခ်ဳပ္ခ်ယ္တာတို႔ ေၾကာင့္ လက္နက္ကိုင္ ဆန႔္က်င္ၾကျခင္းျဖစ္ပါတယ္။ (၁၇၈၃)ခုႏွစ္ ပါရီစာခ်ဳပ္အရ ၿဗိတိသွ်တို႔က အေမရိ ကန္လြတ္လပ္ေရးကို အသိအမွတ္ျပဳလိုက္ရပါတယ္။ ထြန္းေပၚလာတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ကြန္ ဖက္ဒေရးရွင္း (၁၃)ျပည္နယ္တို႔နဲ႔ဖြဲ႕စည္းထားခဲ့ၾက တယ္။ (၁၇၈၁)ခုႏွစ္ ကြန္ဖက္ဒေရးရွင္းဆိုင္ရာ အုပ္ ခ်ဳပ္ေရးစာခ်ဳပ္ (Articles of Confederation) နဲ႔ ျပည္နယ္အသီးသီးတို႔ဟာ ဗဟိုအစိုးရထက္ အာဏာ ပိုမိုရရွိပါတယ္။ ဗဟိုအစိုးရရဲ႕ဆုံးျဖတ္ခ်က္ေတြအတိုင္း လိုက္နာဖို႔မလိုအပ္ပါဘူး။
ေတာ္လွန္ေရးႀကီးၿပီးဆုံးသြားေပမယ့္ စစ္ကာေႂလြကးၿမီေတြကို ျပန္ဆပ္ဖို႔က်န္ရွိေနပါတယ္။ အဲဒီအတြက္ ျပည္နယ္တစ္ခုအေနနဲ႔ ေငြေၾကးမလုံ ေလာက္ပါဘူး။ ျပည္နယ္အလိုက္ သီးသန႔္ေငြေၾကး စနစ္ကိုထုတ္ေဝႏိုင္တဲ့အတြက္ ေငြေၾကးတန္ဖိုးမတည္ ၿငိမ္မႈ၊ ေငြေၾကး ေဖာင္းပြမႈကို မထိန္းႏိုင္တာတို႔ ျဖစ္ ေပၚခဲ့ပါတယ္။ တကယ္ေတာ့ ျပည္နယ္အသီးသီးမွာ ျဖစ္ေပၚေနတဲ့ အားသာခ်က္ အားနည္းခ်က္ေတြ ဗဟိုအစိုးရအေနနဲ႔ လိုတိုး/ပိုေလွ်ာ့လုပ္ႏိုင္ခဲ့ရင္ ေျပ လည္စရာရွိေပမယ့္ အဲဒီအခ်ိန္ အေမရိကန္အစိုးရ ဟာ အဲဒီလို အခြင့္အာဏာမရွိပါဘူး၊ အခြန္ေကာက္ယူ ခြင့္လည္းမရွိတဲ့အတြက္ ဘ႑ာေရးအရ အလြန္အား နည္းခဲ့ပါတယ္။ ဗဟိုအစိုးရဟာ ႏိုင္ငံတစ္ဝန္း စီးပြား ေရးကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိ၊ ႏိုင္ငံရပ္ျခားနဲ႔ ကုန္သြယ္ရာမွာ မွ်တမႈမရွိတဲ့အတြက္ ကုန္သြယ္ေရးနဲ႔ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ခဲ့ပါတယ္။
စစ္ပြဲၿပီးဆုံးစ ျပည္နယ္တိုင္းလိုလို ေငြ ေၾကးက်ပ္တည္းေနပါတယ္။ အခြန္ေကာက္ခံမႈနဲ႔ ဘ႑ာေရးျပႆနာေၾကာင့္ မက္ဆာခ်ဴးဆက္ျပည္ နယ္ ေက်းလက္ေဒသမွာ လက္နက္ကိုင္ဆန႔္က်င္ရာမွ " ေရွးသူပုန္ထမႈ" Shays' Rebellion ျဖစ္ေပၚလာ ျပန္တယ္။
လြတ္လပ္ေရးရရွိၿပီး အေမရိကန္ျပည္ ေထာင္စုကို ၿဗိတိန္နဲ႔စပိန္တို႔လို ျပည္ပအင္အားႀကီး ႏိုင္ငံေတြက ေျမာက္ပိုင္းနဲ႔အေနာက္ပိုင္းနယ္စပ္ေတြ မွာ စစ္ေရးနဲ႔ ၿခိမ္းေျခာက္ေနၾကပါတယ္။ အဲဒီဘက္မွာ ရွိတဲ့ျပည္နယ္ေတြမွာ သီးသန႔္စစ္တပ္ေတြဖြဲ႕စည္းၿပီး ရွိေနေပမယ့္ ခုခံကာကြယ္ဖို႔အထိ ေငြေၾကးနဲ႔ လူအင္ အား မလုံေလာက္ပါဘူး။ ဗဟိုအစိုးရအေနနဲ႔လည္း ျပည္နယ္တစ္ခုခ်င္းစီမွာရွိတဲ့စစ္တပ္ေတြကို စုစည္းဖို႔ ဘာလုပ္ပိုင္ခြင့္မွမရွိတဲ့အတြက္ ျပည္ပၿခိမ္းေျခာက္မႈ ထိေရာက္စြာ မတုံ႔ျပန္ႏိုင္ပါဘူး။
အဆိုးဆုံးကေတာ့ ျပည္နယ္ေတြအၾကား ပဋိပကၡေတြကိုေျဖရွင္းဖို႔အတြက္ အာဏာမရွိျခင္းပဲ ျဖစ္ပါတယ္။ ဗဟိုအစိုးရရဲ႕ဆုံးျဖတ္ခ်က္ဟာ ျပည္နယ္ တစ္ခုခ်င္းစီက သေဘာတူဖို႔လိုအပ္တဲ့အတြက္ ေႏွာင့္ေႏွးတာေတြ၊ မေရာရာတဲ့ ဆုံးျဖတ္ခ်က္ေတြသာ ျဖစ္ေပၚေနခဲ့တယ္။
အဲဒါဟာ " (၁၈၆၁-၁၈၆၅) ခုႏွစ္ အေမရိ ကန္ျပည္တြင္းစစ္" ျဖစ္ပြားရျခင္းရဲ႕ နိဒါန္းေတြပဲျဖစ္ ပါတယ္။ အေမရိကန္ေတာင္ပိုင္း ျပည္နယ္ (၇)ခုတို႔ ဟာ Confederate States of America (CSA) " အေမရိကန္ ကြန္ဖက္ဒရိတ္ ျပည္ေထာင္စု" အျဖစ္ သီးျခားခြဲထြက္ၿပီး ေျမာက္ပိုင္းျပည္နယ္ေတြရဲ႕ " ယူနီယံ" တပ္ေတြနဲ႔ အတိအလင္းစစ္ခင္းတဲ့အထိ ျဖစ္လာ ခဲ့တယ္။ ဒါေပမဲ့ ကြန္ဖက္ဒရိတ္ေတြအေရးနိမ့္တာ နဲ႔အတူ (၁၇၈၉)ခုႏွစ္ မတ္လ (၄)ရက္မွာ လက္ရွိ အေမရိကန္ဖြဲ႕စည္းပုံဥပေဒကိုျပ႒ာန္းၿပီး ကြန္ဖက္ဒရိတ္စနစ္ကို စြန႔္လႊတ္လိုက္ၾကပါတယ္။
ဒီလိုဆိုရင္ အေမရိကန္ျပည္တြင္းစစ္မွာ စစ္ရႈံးလို႔သာ ကြန္ဖက္ဒရိတ္ရွင္းစနစ္ေမွးမွိန္ရျခင္း ျဖစ္တယ္လို႔ ထင္မွတ္စရာရွိပါတယ္။ လက္ေတြ႕မွာ ေတာ့ သီးျခားႏိုင္ငံသဖြယ္ျပည္နယ္ေတြနဲ႔ ျပည္ ေထာင္စုဖြဲ႕စည္းတာဟာ သက္ဆိုင္ရာျပည္နယ္မွာ လည္း အက်ပ္အတည္းျဖစ္ရတဲ့အျပင္ ျဖစ္ေပၚလာတဲ့ ႏိုင္ငံမွာလည္း အားနည္းခ်က္ေတြသာ ျဖစ္လာရတဲ့ အတြက္ စြန႔္လႊတ္လိုက္ရတာျဖစ္ပါတယ္။
အလားတူ ဥပမာေတြကို (၁၂၉၁-၁၈၄၈) ခုႏွစ္ ဆြစ္ဇာလန္ႏိုင္ငံ "ဆြစ္ ကြန္ဖက္ဒေရးရွင္း (၁၈၁၅-၁၈၆၆) ခုႏွစ္ ဂ်ာမနီႏိုင္ငံ " ဂ်ာမန္ကြန္ဖက္ ဖက္ဒေရးရွင္း" ၊ (၁၈၆၇) ခုႏွစ္ ကေနဒါႏိုင္ငံ ]ကေန ဒီယန္ ကြန္ဖက္ဒရိတ္}တို႔ျဖစ္ၿပီး အဲဒီလိုစုဖြဲ႕ခဲ့ရင္ ဘာျဖစ္တယ္ဆိုတာ လြန္ခဲ့တဲ့ ႏွစ္ (၁၀ဝ)ေက်ာ္က တည္းက ကြန္ဖက္ဒရိတ္ အရသာျမည္းစမ္းခဲ့ၾကဖူး တယ္လို႔ ဆိုရပါလိမ့္မယ္။
မ်က္ေမွာက္ေခတ္ ယူဂိုဆလားဗီးယားႏိုင္ငံ ၿပိဳကြဲၿပီး (၂၀ဝ၃-၂၀ဝ၆) ခုႏွစ္ ]ဆားဗီယားႏွင့္ မြန္တီနီဂ႐ိုး ကြန္ဖက္ဒရိတ္}တို႔မွာလည္း မေအာင္ ျမင္ခဲ့ပါဘူး။ ဒီေန႔ အဲဒီတိုင္းျပည္ေတြဟာ သီးျခား ႏိုင္ငံျဖစ္ေစ ဖက္ဒရယ္စနစ္ျဖစ္ေစ လုံးဝေျပာင္းလဲ သြားခဲ့ပါတယ္။ ဖက္ဒရယ္စနစ္မွာ ပုံစံ (၃)မ်ိဳးခန႔္ရွိၿပီး ဒီေန႔ အေမရိကန္၊ ကေနဒါ၊ ဂ်ာမနီ၊ ဩစေၾတးလ်၊ ဆြစ္ဇာလန္၊ အိႏၵိယ၊ ႐ုရွား၊ ဘရာဇီး၊ အီသီယိုးပီးယား၊ မေလးရွား၊ ယူေအအီးတို႔ဟာ ေအာင္ျမင္ထင္ရွားတဲ့ ဖက္ဒရယ္တိုင္းျပည္ေတြျဖစ္ပါတယ္။
ယူဂိုဆလားဗီးယားႏိုင္ငံၿပိဳကြဲၿပီး (၁၉၉၂-၁၉၉၅) ခုႏွစ္ ေဘာ့စနီးယားစစ္ပြဲကိုအဆုံးသတ္ဖို႔ ထြန္းေပၚလာတဲ့ ေဘာ့စနီးယား ဟာဇီဂိုဗီးနားကေတာ့ ႏိုင္ငံႏွစ္ခုကို တိုင္းျပည္တစ္ခုတည္းအျဖစ္ ေပါင္းထား ပါတယ္။ ဒါေပမဲ့ " (၁၉၉၅)ခုႏွစ္ ေဒတန္ သေဘာတူ စာခ်ဳပ္" ပါ လူမ်ိဳးႏြယ္အရ အာဏာခြဲေဝတဲ့စနစ္တည္ ရွိေနတာကလြဲရင္ ကြန္ဖက္ဒရိတ္လို႔ မသတ္မွတ္ႏိုင္ပါ ဘူး ။ တိုက္ပြဲေတြခ်ဳပ္ၿငိမ္းေစဖို႔အတြက္သာ ႏိုင္ငံငယ္ ႏွစ္ခုေပါင္းစည္းလိုက္ရေပမယ့္ (ခရစ္ယာန္) " ခ႐ုတ္ လူမ်ိဳးမ်ား" နဲ႔ မြတ္စလင္ " ေဘာ့စ္နက္လူမ်ိဳးမ်ား" အျဖစ္ ကြဲျပားေနၾကပါတယ္။ ျပည္တြင္းစစ္အထိမျဖစ္ ေသးေပမယ့္ ခြဲထြက္ဖို႔ ျပင္ဆင္ေနၾကပါတယ္။
ကြန္ဖက္ဒေရးရွင္းပုံစံဟာ နိဂုံးခ်ဳပ္သြား ျခင္းမရွိဘဲ အေငြ႕အသက္ေတာ့က်န္ရွိေနပါတယ္။ အနီးဆုံးဥပမာျပရရင္ ဒီေန႔ ျမန္မာႏိုင္ငံပါဝင္တဲ့ "အာ ဆီယံႏိုင္ငံမ်ားအသင္း"၊ ဥေရာပ(၂၇)ႏိုင္ငံပါ အီးယူ ေခၚ " ဥေရာပသမဂၢ}နဲ႔ အာရပ္မ်ိဳးႏြယ္ႏိုင္ငံေတြရဲ႕ အာရပ္လိဂ္အဖြဲ႕"ေတြျဖစ္ပါတယ္။
အာဆီယံဟာ စီးပြားေရး-ကုန္သြယ္ေရး-အျပန္အလွန္ကူညီေရးကိစၥေတြအတြက္ အေရွ႕ ေတာင္အာရွတိုင္းျပည္(၁၀)ခုကိုစုစည္းထားတဲ့ ႏိုင္ငံေရးအုပ္စုတစ္ခုသာျဖစ္ၿပီး တိုင္းျပည္တစ္ခု မဟုတ္ပါဘူး။ အလားတူ ဥေရာပသမဂၢဟာ " အီးယူ ေကာင္စီ" နဲ႔ " အီးယူပါလီမန္" တို႔ အစိုးရသဖြယ္ တည္ရွိေပမယ့္ တိုင္းျပည္တစ္ခုအျဖစ္ ဖြဲ႕စည္းထား ျခင္းမဟုတ္ပါဘူး၊ အဖြဲ႕ဝင္ႏိုင္ငံေတြဟာ သီးျခား လြတ္လပ္ၿပီး အခ်ဳပ္အျခာအာဏာကို ပိုင္ဆိုင္ၾကပါ တယ္။
နိဂုံးခ်ဳပ္ေျပာရရင္ ဒီေန႔ ကမာၻေပၚမွာ ကြန္ဖက္ဒရိတ္ေခၚ သီးျခားလြတ္လပ္တဲ့ ျပည္နယ္/ႏိုင္ငံငယ္ေတြနဲ႔စုစည္းထားတဲ့ ဖက္ဒရယ္တိုင္းျပည္ ဆိုတာ တစ္ႏိုင္ငံမွမရွိပါဘူး။
လူသားတစ္ဦး တစ္ဖြဲ႕ မ်ိဳးႏြယ္စုတစ္စုဟာ ရွင္သန္ရပ္တည္ခြင့္၊ လြတ္လပ္စြာ ေျပာဆိုခြင့္၊ ယဥ္ ေက်းမႈ-စာေပဘာသာစကား-ကိုးကြယ္ရာဘာသာ ကိုထိန္းသိမ္းခြင့္တို႔ဟာ မရွိမျဖစ္ အေျခခံလူ႔အခြင့္ အေရးေတြျဖစ္ပါတယ္။ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ေတာင္းဆိုတာ၊ တိုက္ပြဲဝင္တာတို႔ဟာ တရားမွ်တတယ္လို႔ ႏိုင္ငံတကာက နားလည္ေပးၾက ပါလိမ့္မယ္။
ဒါေပမဲ့ လူမ်ိဳးတစ္မ်ိဳး ကိုးကြယ္ရာဘာသာ တရားတူညီမႈကိုအေျခခံၿပီး တိုင္းျပည္ထူေထာင္ရင္ ေတာ့ ႏိုင္ငံေရး-အုပ္ခ်ဳပ္ေရးမွာ လူမ်ိဳးေရး ဘာသာ ေရး ေရာယွက္တဲ့တိုင္းျပည္ Non-Secular Country, Ethnic State အျဖစ္ ႏွာေခါင္းရႈံ႕ၾကပါလိမ့္မယ္။ ေရနံအိုးကိုဖင္ခုထိုင္ထားတဲ့ သူေဌးႏိုင္ငံမဟုတ္ရင္ အဲဒီႏိုင္ငံနဲ႔ ခပ္ကင္းကင္းေနၾကပါလိမ့္မယ္။
ျပန္ၾကည့္လိုက္ရင္ ႏိုင္ငံတကာမွာ ျပႆ နာေပါင္းစုံနဲ႔လုံးေထြးၿပီး စစ္ပြဲေတြနဲ႔မျပတ္စဲႏိုင္ဘဲ ဖြံ႕ ၿဖိဳးမႈေနာက္က်ေနရတဲ့တိုင္းျပည္ေတြကို ၾကည့္ရင္ အဲဒီ Non-Secular Country, Ethnic State ေတြခ်ည္း အမ်ားဆုံးပါဝင္ေနတတ္ေၾကာင္း ေတြ႕ရွိရ ပါလိမ့္မယ္။