ဥရုချောင်းဖျားဒေသမှ ရှမ်းနီတိုင်းရင်းသားများကို KIA၊ PDF ပူးပေါင်းအဖွဲ့က အမျိုးသမီးအချို့ကို လိင်ကျွန် အဖြစ်ပင် အသုံးချနေ

 1150

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၈

ဥရုချောင်းဖျား ဒေသမှ ရှမ်းနီတိုင်းရင်းသားများကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ဖိနှိပ်နေပြီး အမျိုးသမီးအချို့ကို လိင်ကျွန်အဖြစ်ပင် အသုံးချနေကြောင်း ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ဟုမ္မလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက် ဒေသတွင် KIA ၊ PDF ပူးပေါင်းအဖွဲ့က အထက်ပါအတိုင်း ပြုကျင့်နေ ခြင်းဖြစ်ပြီး ယခင်ကမတည့်ခြင်းကို ယခုအခါ အငြိုးဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ရှမ်းနီရွာတွေကို မီးရှို့တယ်။ နောက်ပြီးတော့ သူတို့အုပ်ချုပ်ထားတဲ့ ရွာကလူတွေက ထမင်းချက်ပို့ ပေးရတယ်။ နောက်ပြီးတော့ မိန်းကလေးတွေဆိုလည်း အလှည့်ကျ ရဲဘော်တွေ၊ ဗိုလ်တွေနဲ့ အိပ်ရတယ်” ဟု ၎င်း က ဆိုသည်။ မီးရှို့ခံရသော ရွာပေါင်း (၆) ရွာခန့်ရှိနေပြီဖြစ်ကာ ရွာသားများကို ဖမ်းဆီးနှိပ် စက်ခြင်းများလည်း ရှိနေ ကြောင်း ၎င်းက ဆိုသည်။
“သူတို့က အငြိုးအတေးသက်သက်နဲ့ကို လုပ်တာ။ ရွာလူကြီးကို ခေါ်၊ ဆံပင်တွေ ဆောင့်ဆွဲ၊ မင်းတို့ ရှမ်းနီတွေ ဘာလုပ်လဲ။ တော်လှန်ရေးလုပ်လား၊ ဘာ လုပ်လား ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလုပ်တာ” ဟု ၎င်းကဆိုသည်။
အဆိုပါဒေသတွင်သွားလာသည့်အခါ အမျိုးသမီးငယ်များကို စိတ်မချရသောကြောင့် အချင်းချင်း လင်မယား ဟု ပြောကာ ဖြတ်သန်းရခြင်းများပင် ရှိနေကြောင်း ၎င်းက ဆိုသည်။
“အပျို၊ လူပျိုဆို ဂိတ်ဖြတ်ရင် နင်နဲ့ငါနဲ့က လင်မယားနော်လို့ပြောပြီး ဖြတ်လည်းဖြေရတာပေါ့။ မဟုတ်ရင် ဖမ်းပြီးဆွဲထားလိုက်တာတွေ ဘာတွေ ရှိ တယ်” ဟု ၎င်းကဆိုသည်။ လက်ရှိ KIA အောက်မှ KPDF များ နှင့် KIA ဆက်ဆံရေးမှာလည်း ကောင်း မွန်ခြင်းမရှိဘဲ အဖုအထစ်များရှိနေကြောင်း ကချင်ပြည်နယ် ဒေသခံ တစ်ဦးက ဆိုသည်။ “KIA ကချင် ပြည်နယ်အတွင်းမှာတော့ PDF တွေကို နည်းနည်းတော့ အနိုင်ကျင့်တဲ့ပုံစံမျိုး ပေါ့နော်။ အထက် အောက်ဆိုတာထက်လေ အဲဒီပုံစံမျိုးလေးတွေကို တွေ့ရတယ်။ မသိမသာ အထက်စီးဆန်မှုတွေ ပေါ့လေ။ ဒါပေမဲ့ သိတာပေါ့။ ကလေးတွေက ခေတ်ပညာတတ်လေးတွေဆိုတော့။ မင်းတို့ငါတို့ကို မကျော်နဲ့။ ငါတို့ တပည့်ဆိုတဲ့အထာပေါ့ဗျာ” ဟု ၎င်း က ဆိုသည်။

Zawgyi Version;
ဥ႐ုေခ်ာင္းဖ်ားေဒသမွ ရွမ္းနီတိုင္းရင္းသားမ်ားကို KIA၊ PDF ပူးေပါင္းအဖြဲ႕က အမ်ိဳးသမီး အခ်ိဳ႕ကို လိင္ကြၽန္အျဖစ္ပင္ အသုံးခ်ေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၈

ဥ႐ုေခ်ာင္းဖ်ား ေဒသမွ ရွမ္းနီတိုင္းရင္းသားမ်ားကို KIA ၊ PDF ပူးေပါင္းအဖြဲ႕က ဖိႏွိပ္ေနၿပီး အမ်ိဳးသမီးအခ်ိဳ႕ကို လိင္ကြၽန္အျဖစ္ပင္ အသုံးခ်ေနေၾကာင္း ျဖစ္စဥ္ကိုသိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ဟုမၼလင္း၊ ပင္လယ္ဘူး၊ ဗန္းေမာက္ ေဒသတြင္ KIA ၊ PDF ပူးေပါင္းအဖြဲ႕က အထက္ပါအတိုင္း ျပဳက်င့္ေန ျခင္းျဖစ္ၿပီး ယခင္ကမတည့္ျခင္းကို ယခုအခါ အၿငိဳးျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ရွမ္းနီ႐ြာေတြကို မီးရႈိ႕တယ္။ ေနာက္ၿပီးေတာ့ သူတို႔အုပ္ခ်ဳပ္ထားတဲ့ ႐ြာကလူေတြက ထမင္းခ်က္ပို႔ ေပးရတယ္။ ေနာက္ၿပီးေတာ့ မိန္းကေလးေတြဆိုလည္း အလွည့္က် ရဲေဘာ္ေတြ၊ ဗိုလ္ေတြနဲ႔ အိပ္ရတယ္” ဟု ၎ က ဆိုသည္။ မီးရႈိ႕ခံရေသာ ႐ြာေပါင္း (၆) ႐ြာခန႔္ရွိေနၿပီျဖစ္ကာ ႐ြာသားမ်ားကို ဖမ္းဆီးႏွိပ္ စက္ျခင္းမ်ားလည္း ရွိေန ေၾကာင္း ၎က ဆိုသည္။
“သူတို႔က အၿငိဳးအေတးသက္သက္နဲ႔ကို လုပ္တာ။ ႐ြာလူႀကီးကို ေခၚ၊ ဆံပင္ေတြ ေဆာင့္ဆြဲ၊ မင္းတို႔ ရွမ္းနီေတြ ဘာလုပ္လဲ။ ေတာ္လွန္ေရးလုပ္လား၊ ဘာ လုပ္လား ဘာျဖစ္တယ္ညာျဖစ္တယ္ဆိုၿပီးလုပ္တာ” ဟု ၎ကဆိုသည္။
အဆိုပါေဒသတြင္သြားလာသည့္အခါ အမ်ိဳးသမီးငယ္မ်ားကို စိတ္မခ်ရေသာေၾကာင့္ အခ်င္းခ်င္း လင္မယား ဟု ေျပာကာ ျဖတ္သန္းရျခင္းမ်ားပင္ ရွိေနေၾကာင္း ၎က ဆိုသည္။
“အပ်ိဳ၊ လူပ်ိဳဆို ဂိတ္ျဖတ္ရင္ နင္နဲ႔ငါနဲ႔က လင္မယားေနာ္လို႔ေျပာၿပီး ျဖတ္လည္းေျဖရတာေပါ့။ မဟုတ္ရင္ ဖမ္းၿပီးဆြဲထားလိုက္တာေတြ ဘာေတြ ရွိ တယ္” ဟု ၎ကဆိုသည္။ လက္ရွိ KIA ေအာက္မွ KPDF မ်ား ႏွင့္ KIA ဆက္ဆံေရးမွာလည္း ေကာင္း မြန္ျခင္းမရွိဘဲ အဖုအထစ္မ်ားရွိေနေၾကာင္း ကခ်င္ျပည္နယ္ ေဒသခံ တစ္ဦးက ဆိုသည္။ “KIA ကခ်င္ ျပည္နယ္အတြင္းမွာေတာ့ PDF ေတြကို နည္းနည္းေတာ့ အႏိုင္က်င့္တဲ့ပုံစံမ်ိဳး ေပါ့ေနာ္။ အထက္ ေအာက္ဆိုတာထက္ေလ အဲဒီပုံစံမ်ိဳးေလးေတြကို ေတြ႕ရတယ္။ မသိမသာ အထက္စီးဆန္မႈေတြ ေပါ့ေလ။ ဒါေပမဲ့ သိတာေပါ့။ ကေလးေတြက ေခတ္ပညာတတ္ေလးေတြဆိုေတာ့။ မင္းတို႔ငါတို႔ကို မေက်ာ္နဲ႔။ ငါတို႔ တပည့္ဆိုတဲ့အထာေပါ့ဗ်ာ” ဟု ၎ က ဆိုသည္။

Related news

© 2021. All rights reserved.