ဂယက်တစ်သောင်း နှင့် ထရမ့်၏ အမိန့်များ (ဘာသာပြန်ဆောင်းပါး)

141

ALynn (NP News) - ဖေဖော်ဝါရီလ ၁၈
မျှော်လင့်ထားသလိုပင်။ သမ္မတဒေါ်နယ် ထရမ့်၏ ဒုတိယသက်တမ်းအစတွင် ပရမ်းပတာများ၊ အရှုပ်အထွေးများဖြင့် ပြည့်နှက်နေသည်။ ထရမ့်သည် ၎င်း၏ သမ္မတတာဝန်ကို ဒုတိယအကြိမ် စတင်တာ ဝန်ယူကတည်းက အထိတ်တလန့်ဖြစ်စေမည့် အမိန့် များစွာကို ဆက်တိုက်လက်မှတ်ရေးထိုးခဲ့သည်။ ထ ရမ့်သည် ၎င်းတာဝန်ယူပြီး နာရီပေါင်း (၁၀ဝ)အတွင်း နယ်စပ်လုံခြုံရေးအတွက် တင်းကြပ်သောအမိန့်များ ထုတ်ပြန်၍ အရေးယူဆောင်ရွက်ခြင်း၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်း၊ အစိုးရယန္တရား၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ခြင်းနှင့် အမေရိကန်နိုင်ငံသားတို့၏အကျိုးစီးပွားကို ဦးစားပေး ခြင်းနှင့်စပ်လျဉ်းသောအမိန့်များကို ဆက်တိုက်ဆို သလို ထုတ်ပြန်ခဲ့သည်။
တစ်ကျော့ပြန်အရေးယူဆောင်ရွက်ခြင်း
သမ္မတသက်တမ်းစတင်သည့် ကနဦးနေ့ ရက်များတွင် ထရမ့်၏ ပထမဆုံးလုပ်ဆောင်ချက်မှာ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၆) ရက်က အမေရိကန် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းရာ တွင်ပါဝင်ခဲ့သော အပြစ်သား (၁၅၀ဝ)ခန့်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်သည်။ မဲဆွယ် စည်းရုံးစဉ်ကာလအတွင်းကလည်း ထရမ့်က ထိုပုဂ္ဂိုလ် များကို ]မျိုးချစ်များ}ဟုခေါ်ဆိုခဲ့ပြီး ယခုကဲ့သို့ လွတ် ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အစွန်းရောက်အဖွဲ့များ ကို အားပေးသလိုဖြစ်နေသည်။ ၎င်း၏ ရီပတ်ဘလစ် ကန်ထောက်ခံသူအချို့ပင်လျှင် အဆိုပါလွတ်ငြိမ်းချမ်း သာခွင့်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြသည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရမ့်သည် ၎င်းအပေါ်စွဲချက်တင်ထားသော အမှုများနှင့်ပတ်သက်၍ လက်တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဖော် ပြခဲ့ဖူးသည်။
တရားရေးဌာနနှင့် ဖက်ဒရယ်စုံစမ်းစစ် ဆေးရေးဗျူရို (FBI) တို့ကိုဆန့်ကျင်သည့်လုပ်ရပ်များ ကြောင့် ထရမ့်၏ဆန္ဒက ပိုမိုထင်ရှားလာသည်။ အမေ ရိကန်သမ္မတများသည် တရားစီရင်ပိုင်ခွင့်နယ်ပယ် တွင် ရှေ့နေများကို အစားထိုးပိုင်ခွင့်ရှိသည်။ ထရမ့် သည် လွှတ်တော် ဆူပူအုံြွကမှုတွင် အရေးယူဆောင် ရွက်လျက်ရှိသော ရှေ့နေများနှင့် FBI အေးဂျင့်အ များအပြားကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ထို့ပြင် ဘိုင်ဒန်သမ္မတဖြစ်အောင်ကူညီပေးခဲ့သော မီဒီယာအ သိုင်းအဝိုင်းကိုလည်း စစ်ဆေးရေးဝင်သွားမည်ဖြစ် ကြောင်းနှင့် Deep State တွင် ပါဝင်ပတ်သက်နေ သော အစိုးရအရာရှိများ၏စာရင်းကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
ထရမ့်အစိုးရ၏ ထိုကဲ့သို့သော လှုပ်ရှားမှု များနှင့် ထုတ်ပြန်ချက်များကြောင့် အစိုးရဝန်ထမ်း များအကြား စိုးရိမ်ကြောင့်ကြမှုများ တိုးပွားလာခဲ့သည်။ ထို့ပြင် ထရမ့်က အစိုးရစွမ်းဆောင်ရည်ဌာနကို အီ လွန်မက်စ်ကိုဦးဆောင်ခိုင်းပြီး ဝန်ထမ်းများကို ထုတ် ပယ်ရန်၊ လျှော့ချရန်လုပ်ဆောင်နေခြင်းများကြောင့် ၎င်းတို့အနေဖြင့် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေကြရ သည်။
ပြည်နှင်ဒဏ်ခတ်ခြင်း
အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိသည့် ပထမဆုံးရက်များအတွင်း ထရမ့်သည် ရွှေ့ပြောင်း နေထိုင်သူများကို ပြင်းထန်စွာနှိမ်နင်းရန်အတွက် လည်း အမိန့်များထုတ်ပြန်ခဲ့သည်။ ခိုလှုံခွင့်တောင်းသူ များကို " ကျူးကျော်မှု" အဖြစ်ခေါင်းစဉ်တပ်ပြီး တောင် ပိုင်းနယ်စပ်ကိုပိတ်ပစ်ကာ ထိုနေရာတွင် အမေရိကန် တပ်များတပ်ဖြန့်ထားရန် အမိန့်ပေးခဲ့သည်။ အမေရိ ကန်ပြည်ထောင်စုတွင် ယာယီနေထိုင်လျက်ရှိသော ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနှင့် ဗင်နီဇွဲလားတို့မှ နိုင်ငံသား တစ်သန်းခွဲအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အခြေ အနေကိုလည်းရပ်ဆိုင်းခဲ့ပြီး ဒုက္ခသည်များ ပြန်လည် နေရာချထားရေးအစီအစဉ်ကိုလည်း ဆိုင်းငံ့လိုက် သည်။
ထရမ့်၏ ပထမနှစ်ပတ်အတွင်း လူဝင်မှု ကြီးကြပ်ရေးဌာနမှဝန်ထမ်းများသည် ပြစ်ဒဏ်ချမှတ် ခံထားရသော ရာနှင့်ချီသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို စာရင်းကောက်၍ အချို့ ကို ၎င်းတို့၏မိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်ပို့ခဲ့သည်။ ကိုလံဘီယာသမ္မတက ထိုကဲ့သို့ လေယာဉ်ဖြင့်ပြန်ပို့ သည့် ရွှေ့ပြောင်းသူများကို လက်ခံရန်ငြင်းဆိုသော အခါ ထရမ့်က ၎င်း၏နိုင်ငံအပေါ် ပြင်းထန်သော စီး ပွားရေးပိတ်ဆို့မှုများချမှတ်ရန် ခြိမ်းခြောက်ခဲ့ခြင်း ကြောင့် သမ္မတက လက်ခံလိုက်ရသည်။ ထရမ့်၏ ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ပို့ရေးအမိန့် သည် အမေရိကန်ပြည်သူများအကြား ရေပန်းစားခဲ့ သော်လည်း ယင်းဖြိုခွင်းမှုအတွင်း ပြည်သူများနှင့် အမေရိကန်အမြဲတမ်းနေထိုင်သူများပါ ပါဝင်လာ မည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။
MAGA ပေါ်လစီ ထောက်ခံသူများအ ကြား အဆိုပါလှုပ်ရှားမှုများက ရေပန်းစားနေသော် လည်း တို့သည် လူသားချင်းစာနာထောက်ထား မှုနှင့် စီးပွားရေးတို့အပေါ် သိသိသာသာ သက်ရောက် မှုများ ရှိလာမည်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိ ကန်တွင်အခြေချနေထိုင်ရန် တရားဝင်ခွင့်ပြုချက်ရရှိ ထားသည့် အာဖဂန်ဒုက္ခသည် (၁,၆၀ဝ) ကျော်သည် ထရမ့်၏အမိန့်ကြောင့် ၎င်းတို့၏ လေကြောင်းခရီးစဉ် များကို ဖျက်သိမ်းခဲ့ရသည်။ ထို့အတူ အခြားနိုင်ငံမှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည်လည်း ၎င်းတို့၏ ဒုက္ခသည်လျှောက်လွှာများ ပယ်ဖျက်ခံခဲ့ရ သည်။ စီးပွားရေးမျက်နှာစာမှကြည့်လျှင်လည်း စိုက် ပျိုးရေးကဏ္ဍရှိ အမေရိကန်စီးပွားရေးအသိုက်အဝန်း က ရွှေ့ပြောင်းနေထိုင်သူများကို ထိုကဲ့သို့ပြည်နှင်ဒဏ် ပေးခြင်းကို မလိုလားကြပေ။ အကြောင်းမှာ အခြေခံ လုပ်သားများ လျော့ပါးသွားမည့်အန္တရာယ်ကို မလို လားခြင်းကြောင့်ဖြစ်သည်။
နိုင်ငံခြားအကူအညီများကိုလည်း ရပ်ဆိုင်း
ထရမ့်က အမေရိကန်၏ နိုင်ငံတကာသို့ ထောက်ပံ့ပေးနေသော ဖွံ့ဖြိုးရေးအကူအညီများကို လည်း ရပ်ဆိုင်းခဲ့သည်။ ရက်ပေါင်း (၉၀)ကြာ " ပြန်လည်သုံးသပ်ခြင်း" ကာလအတွင်း နိုင်ငံခြားအကူ အညီ အသုံးစရိတ်အားလုံးကိုဆိုင်းငံ့ထားရန် အမိန့် ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ငါးရက်အကြာ တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံခြား အကူအညီပေးသည့် ပရောဂျက်အားလုံးအတွက် အလုပ်များကိုရပ်ဆိုင်းရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ သည်။ ှ့ဗှီု ရန်ပုံငွေဖြင့်လုပ်ဆောင်နေသော လုပ်ငန်းများအားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်ရခြင်း ကြောင့် ၎င်းအပေါ်မှီခိုနေရသောကဏ္ဍများတွင် ရိုက် ခတ်မှုများဖြစ်ပေါ်စေခဲ့သည်။ ကွန်ဂရက်စ်လွှတ်တော် အမတ်အချို့က နိုင်ငံခြားအကူအညီအများစုကို ခေတ္တရပ်ဆိုင်းလိုက်ခြင်းက တရားမဝင်ဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအရဆိုလျှင် ကွန်ဂရက်စ်၌ ၎င်းနှင့်ပတ်သက်၍ လုပ်ပိုင်ခွင်အချို့ရှိသေးကြောင်း ဖော် ပြကြသည်။ ထို့ပြင် ထိုကဲ့သို့ အထောက်အပံ့များ ရုတ် တရုက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်၏လုံ ခြုံရေးနှင့် ကမ္ဘာ့အလယ် ၎င်း၏ရပ်တည်ချက်ကို ထိ ခိုက်စေနိုင်သည်ဟုဆိုကြသည်။
USAID အဖွဲ့သည် အမေရိကန်ပြည်သူ များ၏အခွန်ငွေများကို တန်ဖိုးရှိရှိအသုံးပြုနေခြင်း မဟုတ်ဟုဆိုကာ ဖျက်သိမ်းပစ်ရန် ထရမ့်က လိုလား နေခြင်းဖြစ်သည်။ USAID အဖွဲ့၏ဝန်ထမ်းများထဲမှ (၆၁၁)ဦးကလွဲ၍ ကျန်သည့် ဝန်ထမ်း တစ်သောင်းနီး ပါးအားလုံးကို လစာနှင့် ခွင့်မယူမနေရ ယူခိုင်းရန် ထရမ့်ကစီစဉ်ခဲ့သည်။ USAID ၏အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့အဆင်းရဲဆုံးဒေသ များအပါအဝင် နိုင်ငံပေါင်း (၁၂၀) ခန့်တွင် ကျန်းမာ ရေးနှင့် အရေးပေါ်စီမံကိန်းများအပေါ် အကြီးအကျယ် သက်ရောက်စေခဲ့သည်။
ဂါဇာအရေး မှတ်ချက်များ
ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာ ဟုကို အိမ်ဖြူတော်တွင် ဖေဖော်ဝါရီ (၄)ရက်က ကြို ဆိုကာ ၎င်းတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အစ္စရေးခေါင်းဆောင်ကိုချီးကျူးခဲ့ပြီး နှစ်နိုင်ငံဆက် ဆံရေးတွင် တင်းမာမှုများဖြစ်စေခဲ့သော ဘိုင်ဒန် အုပ်ချုပ်ရေးအဖွဲ့ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသခံများကို အီဂျစ်၊ ဂျော်ဒန်နှင့် အခြားသောနိုင်ငံများသို့ ပြောင်းရွှေ့သင့်သည်ဟုပြော ကြားခဲ့သည်။ ဂါဇာကို အမေရိကန်က လွှဲပြောင်းယူပြီး သန်းနှင့်ချီသော ပါလက်စတိုင်းများကို နေရာရွှေ့ ပြောင်းမည်ဆိုသော သမ္မတ ဒေါ်နယ်ထရမ့်၏အစီ အစဉ်ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် ဆန့်ကျင်နေသည်။ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လူမျိုး တုံးရှင်းလင်းရေးကိစ္စမှန်သမျှကို မလုပ်မိအောင် ရှောင်ရှားရန်အရေးကြီးကြောင်း ပြောဆိုထားသည်။ ဂါဇာကမ်းမြောင်ဒေသမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၏ အနာဂတ်သည် ယခုအခါ မသေချာမရေရာ ဖြစ်လာသည်။
ထရမ့်၏ ယင်းအစီအစဉ်မှာ နိုင်ငံတကာ ဥပဒေများကို ဖောက်ဖျက်ခြင်းမျိုးဖြစ်လာနိုင်သည်။ ထို့ပြင် အစ္စရေး- ပါလက်စတိုင်း နှစ်နိုင်ငံ အတူဖြစ် တည်ရေး မျှော်လင့်ချက်များ အဆုံးသတ်သွားခြင်း မျိုးလည်းဖြစ်သွားနိုင်သည်။ အစ္စရေးကာကွယ်ရေး ဝန်ကြီးက " ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေး လုပ်တာကိုကန့်ကွက်ခဲ့တဲ့နိုင်ငံတွေဟာ အဲဒီ ဂါဇာဒေ သမှာနေထိုင်တဲ့သူတွေကို ခေါ်ယူထားရမယ်။ စပိန်၊ အိုင်ယာလန်၊ နော်ဝေးနဲ့ ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေးလုပ်တာကို ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေအား လုံးဟာ ဂါဇာဒေသခံတွေကို တရားဝင် နေထိုင်ခွင့်ပေး ရမယ်။ အဲဒီလိုလုပ်ဖို့ငြင်းရင် သူတို့ရဲ့အရေခြုံမှုကို ဖော်ထုတ်ရလိမ့်မယ်။ ကနေဒါလိုနိုင်ငံမျိုးမှာ လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်တွေ ချမှတ်ထားပြီး၊ ဂါဇာကမ်း မြောင်ဒေသခံတွေကို လက်ခံဖို့ဆန္ဒရှိတယ်ဆိုတာ ယခင်က ထုတ်ဖော်ပြောဆိုခဲ့တယ်" ဟု ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်၏အစီအစဉ်များသည် အငြင်းပွားဖွယ်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအကြား ဝေဖန်မှုများမြင့်တက်နေသည်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့် လုပ် ဆောင်ခါနီးချိန်တွင် ဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲယူမည့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဆော်ဒီအာရေဗျက ထရမ့်၏အစီအစဉ် များသည် ပါလက်စတိုင်းများကိုမောင်းထုတ်လိုသည့် အစ္စရေးအစိုးရ၏အကြံအစည် တစ်စိတ်တစ်ပိုင်းမျှ သာဖြစ်သည်ဟုလည်း ဝေဖန်ထားသည်။
အချုပ်ဆိုရလျှင် ထရမ့်၏ ဒုတိယသက် တမ်းအစသည် ဂယက်ပေါင်းစုံနှင့် ပြည်တွင်း၌သာမ က ပြည်ပနိုင်ငံများကိုပါ အထိတ်တလန့်ဖြစ်စေခဲ့ရ သည်။ ၎င်းလက်မှတ်ရေးထိုးခဲ့သောအမိန့်များကြောင့် ကမ္ဘာ့အရေးအရာများကိုထိခိုက်စေသကဲ့သို့ ရေရှည် သက်ရောက်မှုများလည်း ရှိလာနိုင်သည်။ ထရမ့်သည် ၎င်းမတက်ခင်ကတည်းက ထိုသို့သောအမိန့်များကို ချမှတ်လာနိုင်ကြောင်း ပြောဆိုလေ့ရှိသော်လည်း လက်တွေ့လုပ်ဆောင်လိမ့်မည်ဟု အများစုကယုံ ကြည်ထားခြင်းမရှိပေ။ သို့သော် ယခုအခါ ၎င်းအာဏာရလာပြီးကတည်းက ထိုသို့သော အငြင်းပွားအမိန့် များကို တစ်ခုပြီးတစ်ခုထုတ်ပြန်၍ အရေးယူဆောင် ရွက်နေခြင်းကြောင့် နောင်လာမည့်အနာဂတ်တွင် လည်း မည်သို့သောအမိန့်များ ချမှတ်လာနိုင်မည်ဆို သည်ကို ဆက်လက်လေ့လာ စောင့်ကြည့်ရဦးမည်ဖြစ် ပါကြောင်း ရေးသားလိုက်ရသည်။
Zawgyi Version:
ဂယက္တစ္ေသာင္း ႏွင့္ ထရမ့္၏ အမိန႔္မ်ား (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ေဖေဖာ္ဝါရီလ ၁၈
ေမွ်ာ္လင့္ထားသလိုပင္။ သမၼတေဒၚနယ္ ထရမ့္၏ ဒုတိယသက္တမ္းအစတြင္ ပရမ္းပတာမ်ား၊ အရႈပ္အေထြးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ထရမ့္သည္ ၎၏ သမၼတတာဝန္ကို ဒုတိယအႀကိမ္ စတင္တာ ဝန္ယူကတည္းက အထိတ္တလန႔္ျဖစ္ေစမည့္ အမိန႔္ မ်ားစြာကို ဆက္တိုက္လက္မွတ္ေရးထိုးခဲ့သည္။ ထ ရမ့္သည္ ၎တာဝန္ယူၿပီး နာရီေပါင္း (၁၀ဝ)အတြင္း နယ္စပ္လုံၿခဳံေရးအတြက္ တင္းၾကပ္ေသာအမိန႔္မ်ား ထုတ္ျပန္၍ အေရးယူေဆာင္႐ြက္ျခင္း၊ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ျပည္ႏွင္ဒဏ္ေပးျခင္း၊ အစိုးရယႏၲရား၏ ပြင့္လင္းျမင္သာမႈကို တိုးျမႇင့္ျခင္းႏွင့္ အေမရိကန္ႏိုင္ငံသားတို႔၏အက်ိဳးစီးပြားကို ဦးစားေပး ျခင္းႏွင့္စပ္လ်ဥ္းေသာအမိန႔္မ်ားကို ဆက္တိုက္ဆို သလို ထုတ္ျပန္ခဲ့သည္။
တစ္ေက်ာ့ျပန္အေရးယူေဆာင္႐ြက္ျခင္း
သမၼတသက္တမ္းစတင္သည့္ ကနဦးေန႔ ရက္မ်ားတြင္ ထရမ့္၏ ပထမဆုံးလုပ္ေဆာင္ခ်က္မွာ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ (၆) ရက္က အေမရိကန္ လႊတ္ေတာ္အေဆာက္အအုံကို ဝင္ေရာက္စီးနင္းရာ တြင္ပါဝင္ခဲ့ေသာ အျပစ္သား (၁၅၀ဝ)ခန႔္ကို လြတ္ ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္ျခင္းျဖစ္သည္။ မဲဆြယ္ စည္း႐ုံးစဥ္ကာလအတြင္းကလည္း ထရမ့္က ထိုပုဂၢိဳလ္ မ်ားကို ]မ်ိဳးခ်စ္မ်ား}ဟုေခၚဆိုခဲ့ၿပီး ယခုကဲ့သို႔ လြတ္ ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းသည္ အစြန္းေရာက္အဖြဲ႕မ်ား ကို အားေပးသလိုျဖစ္ေနသည္။ ၎၏ ရီပတ္ဘလစ္ ကန္ေထာက္ခံသူအခ်ိဳ႕ပင္လွ်င္ အဆိုပါလြတ္ၿငိမ္းခ်မ္း သာခြင့္ႏွင့္ပတ္သက္၍ မေက်မနပ္ျဖစ္ေနၾကသည္။ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ထရမ့္သည္ ၎အေပၚစြဲခ်က္တင္ထားေသာ အမႈမ်ားႏွင့္ပတ္သက္၍ လက္တုံ႔ျပန္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း ေဖာ္ ျပခဲ့ဖူးသည္။
တရားေရးဌာနႏွင့္ ဖက္ဒရယ္စုံစမ္းစစ္ ေဆးေရးဗ်ဴ႐ို (FBI) တို႔ကိုဆန႔္က်င္သည့္လုပ္ရပ္မ်ား ေၾကာင့္ ထရမ့္၏ဆႏၵက ပိုမိုထင္ရွားလာသည္။ အေမ ရိကန္သမၼတမ်ားသည္ တရားစီရင္ပိုင္ခြင့္နယ္ပယ္ တြင္ ေရွ႕ေနမ်ားကို အစားထိုးပိုင္ခြင့္ရွိသည္။ ထရမ့္ သည္ လႊတ္ေတာ္ ဆူပူအုံျြကမႈတြင္ အေရးယူေဆာင္ ႐ြက္လ်က္ရွိေသာ ေရွ႕ေနမ်ားႏွင့္ FBI ေအးဂ်င့္အ မ်ားအျပားကို ရာထူးမွထုတ္ပယ္ခဲ့သည္။ ထို႔ျပင္ ဘိုင္ဒန္သမၼတျဖစ္ေအာင္ကူညီေပးခဲ့ေသာ မီဒီယာအ သိုင္းအဝိုင္းကိုလည္း စစ္ေဆးေရးဝင္သြားမည္ျဖစ္ ေၾကာင္းႏွင့္ Deep State တြင္ ပါဝင္ပတ္သက္ေန ေသာ အစိုးရအရာရွိမ်ား၏စာရင္းကိုလည္း ထုတ္ျပန္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထရမ့္အစိုးရ၏ ထိုကဲ့သို႔ေသာ လႈပ္ရွားမႈ မ်ားႏွင့္ ထုတ္ျပန္ခ်က္မ်ားေၾကာင့္ အစိုးရဝန္ထမ္း မ်ားအၾကား စိုးရိမ္ေၾကာင့္ၾကမႈမ်ား တိုးပြားလာခဲ့သည္။ ထို႔ျပင္ ထရမ့္က အစိုးရစြမ္းေဆာင္ရည္ဌာနကို အီ လြန္မက္စ္ကိုဦးေဆာင္ခိုင္းၿပီး ဝန္ထမ္းမ်ားကို ထုတ္ ပယ္ရန္၊ ေလွ်ာ့ခ်ရန္လုပ္ေဆာင္ေနျခင္းမ်ားေၾကာင့္ ၎တို႔အေနျဖင့္ ေန႔စဥ္ႏွင့္အမွ် စိုးရိမ္ပူပန္ေနၾကရ သည္။
ျပည္ႏွင္ဒဏ္ခတ္ျခင္း
အိမ္ျဖဴေတာ္သို႔ ျပန္လည္ေရာက္ရွိသည့္ ပထမဆုံးရက္မ်ားအတြင္း ထရမ့္သည္ ေ႐ႊ႕ေျပာင္း ေနထိုင္သူမ်ားကို ျပင္းထန္စြာႏွိမ္နင္းရန္အတြက္ လည္း အမိန႔္မ်ားထုတ္ျပန္ခဲ့သည္။ ခိုလႈံခြင့္ေတာင္းသူ မ်ားကို " က်ဴးေက်ာ္မႈ" အျဖစ္ေခါင္းစဥ္တပ္ၿပီး ေတာင္ ပိုင္းနယ္စပ္ကိုပိတ္ပစ္ကာ ထိုေနရာတြင္ အေမရိကန္ တပ္မ်ားတပ္ျဖန႔္ထားရန္ အမိန႔္ေပးခဲ့သည္။ အေမရိ ကန္ျပည္ေထာင္စုတြင္ ယာယီေနထိုင္လ်က္ရွိေသာ က်ဴးဘား၊ ေဟတီ၊ နီကာရာဂြာႏွင့္ ဗင္နီဇြဲလားတို႔မွ ႏိုင္ငံသား တစ္သန္းခြဲအတြက္ လူသားခ်င္း စာနာ ေထာက္ထားမႈဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အေျခ အေနကိုလည္းရပ္ဆိုင္းခဲ့ၿပီး ဒုကၡသည္မ်ား ျပန္လည္ ေနရာခ်ထားေရးအစီအစဥ္ကိုလည္း ဆိုင္းငံ့လိုက္ သည္။
ထရမ့္၏ ပထမႏွစ္ပတ္အတြင္း လူဝင္မႈ ႀကီးၾကပ္ေရးဌာနမွဝန္ထမ္းမ်ားသည္ ျပစ္ဒဏ္ခ်မွတ္ ခံထားရေသာ ရာႏွင့္ခ်ီသည့္ အေထာက္အထားမဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို စာရင္းေကာက္၍ အခ်ိဳ႕ ကို ၎တို႔၏မိခင္ႏိုင္ငံသို႔ ေလယာဥ္ျဖင့္ ျပန္ပို႔ခဲ့သည္။ ကိုလံဘီယာသမၼတက ထိုကဲ့သို႔ ေလယာဥ္ျဖင့္ျပန္ပို႔ သည့္ ေ႐ႊ႕ေျပာင္းသူမ်ားကို လက္ခံရန္ျငင္းဆိုေသာ အခါ ထရမ့္က ၎၏ႏိုင္ငံအေပၚ ျပင္းထန္ေသာ စီး ပြားေရးပိတ္ဆို႔မႈမ်ားခ်မွတ္ရန္ ၿခိမ္းေျခာက္ခဲ့ျခင္း ေၾကာင့္ သမၼတက လက္ခံလိုက္ရသည္။ ထရမ့္၏ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ေနရပ္ျပန္ပို႔ေရးအမိန႔္ သည္ အေမရိကန္ျပည္သူမ်ားအၾကား ေရပန္းစားခဲ့ ေသာ္လည္း ယင္းၿဖိဳခြင္းမႈအတြင္း ျပည္သူမ်ားႏွင့္ အေမရိကန္အၿမဲတမ္းေနထိုင္သူမ်ားပါ ပါဝင္လာ မည္ကို စိုးရိမ္ေၾကာင့္ၾကေနၾကသည္။
MAGA ေပၚလစီ ေထာက္ခံသူမ်ားအ ၾကား အဆိုပါလႈပ္ရွားမႈမ်ားက ေရပန္းစားေနေသာ္ လည္း တို႔သည္ လူသားခ်င္းစာနာေထာက္ထား မႈႏွင့္ စီးပြားေရးတို႔အေပၚ သိသိသာသာ သက္ေရာက္ မႈမ်ား ရွိလာမည္ျဖစ္သည္။ ဥပမာအားျဖင့္ အေမရိ ကန္တြင္အေျခခ်ေနထိုင္ရန္ တရားဝင္ခြင့္ျပဳခ်က္ရရွိ ထားသည့္ အာဖဂန္ဒုကၡသည္ (၁,၆၀ဝ) ေက်ာ္သည္ ထရမ့္၏အမိန႔္ေၾကာင့္ ၎တို႔၏ ေလေၾကာင္းခရီးစဥ္ မ်ားကို ဖ်က္သိမ္းခဲ့ရသည္။ ထို႔အတူ အျခားႏိုင္ငံမွ ေထာင္ေပါင္းမ်ားစြာေသာ ဒုကၡသည္မ်ားသည္လည္း ၎တို႔၏ ဒုကၡသည္ေလွ်ာက္လႊာမ်ား ပယ္ဖ်က္ခံခဲ့ရ သည္။ စီးပြားေရးမ်က္ႏွာစာမွၾကည့္လွ်င္လည္း စိုက္ ပ်ိဳးေရးက႑ရွိ အေမရိကန္စီးပြားေရးအသိုက္အဝန္း က ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ထိုကဲ့သို႔ျပည္ႏွင္ဒဏ္ ေပးျခင္းကို မလိုလားၾကေပ။ အေၾကာင္းမွာ အေျခခံ လုပ္သားမ်ား ေလ်ာ့ပါးသြားမည့္အႏၲရာယ္ကို မလို လားျခင္းေၾကာင့္ျဖစ္သည္။
ႏိုင္ငံျခားအကူအညီမ်ားကိုလည္း ရပ္ဆိုင္း
ထရမ့္က အေမရိကန္၏ ႏိုင္ငံတကာသို႔ ေထာက္ပံ့ေပးေနေသာ ဖြံ႕ၿဖိဳးေရးအကူအညီမ်ားကို လည္း ရပ္ဆိုင္းခဲ့သည္။ ရက္ေပါင္း (၉၀)ၾကာ " ျပန္လည္သုံးသပ္ျခင္း" ကာလအတြင္း ႏိုင္ငံျခားအကူ အညီ အသုံးစရိတ္အားလုံးကိုဆိုင္းငံ့ထားရန္ အမိန႔္ ကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။ ငါးရက္အၾကာ တြင္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ႏိုင္ငံျခား အကူအညီေပးသည့္ ပေရာဂ်က္အားလုံးအတြက္ အလုပ္မ်ားကိုရပ္ဆိုင္းရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ သည္။ ွ႔ဗႈီ ရန္ပုံေငြျဖင့္လုပ္ေဆာင္ေနေသာ လုပ္ငန္းမ်ားအားလုံးကို ခ်က္ခ်င္းရပ္ဆိုင္းလိုက္ရျခင္း ေၾကာင့္ ၎အေပၚမွီခိုေနရေသာက႑မ်ားတြင္ ႐ိုက္ ခတ္မႈမ်ားျဖစ္ေပၚေစခဲ့သည္။ ကြန္ဂရက္စ္လႊတ္ေတာ္ အမတ္အခ်ိဳ႕က ႏိုင္ငံျခားအကူအညီအမ်ားစုကို ေခတၱရပ္ဆိုင္းလိုက္ျခင္းက တရားမဝင္ျဖစ္ၿပီး ဖြဲ႕ စည္းပုံအေျခခံဥပေဒအရဆိုလွ်င္ ကြန္ဂရက္စ္၌ ၎ႏွင့္ပတ္သက္၍ လုပ္ပိုင္ခြင္အခ်ိဳ႕ရွိေသးေၾကာင္း ေဖာ္ ျပၾကသည္။ ထို႔ျပင္ ထိုကဲ့သို႔ အေထာက္အပံ့မ်ား ႐ုတ္ တ႐ုက္ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ အေမရိကန္၏လုံ ၿခဳံေရးႏွင့္ ကမာၻ႔အလယ္ ၎၏ရပ္တည္ခ်က္ကို ထိ ခိုက္ေစႏိုင္သည္ဟုဆိုၾကသည္။
USAID အဖြဲ႕သည္ အေမရိကန္ျပည္သူ မ်ား၏အခြန္ေငြမ်ားကို တန္ဖိုးရွိရွိအသုံးျပဳေနျခင္း မဟုတ္ဟုဆိုကာ ဖ်က္သိမ္းပစ္ရန္ ထရမ့္က လိုလား ေနျခင္းျဖစ္သည္။ USAID အဖြဲ႕၏ဝန္ထမ္းမ်ားထဲမွ (၆၁၁)ဦးကလြဲ၍ က်န္သည့္ ဝန္ထမ္း တစ္ေသာင္းနီး ပါးအားလုံးကို လစာႏွင့္ ခြင့္မယူမေနရ ယူခိုင္းရန္ ထရမ့္ကစီစဥ္ခဲ့သည္။ USAID ၏အကူအညီမ်ားကို ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ကမာၻ႔အဆင္းရဲဆုံးေဒသ မ်ားအပါအဝင္ ႏိုင္ငံေပါင္း (၁၂၀) ခန႔္တြင္ က်န္းမာ ေရးႏွင့္ အေရးေပၚစီမံကိန္းမ်ားအေပၚ အႀကီးအက်ယ္ သက္ေရာက္ေစခဲ့သည္။
ဂါဇာအေရး မွတ္ခ်က္မ်ား
ထရမ့္က အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာ ဟုကို အိမ္ျဖဴေတာ္တြင္ ေဖေဖာ္ဝါရီ (၄)ရက္က ႀကိဳ ဆိုကာ ၎တို႔၏ ပူးတြဲသတင္းစာရွင္းလင္းပြဲတြင္ အစၥေရးေခါင္းေဆာင္ကိုခ်ီးက်ဴးခဲ့ၿပီး ႏွစ္ႏိုင္ငံဆက္ ဆံေရးတြင္ တင္းမာမႈမ်ားျဖစ္ေစခဲ့ေသာ ဘိုင္ဒန္ အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ေဝဖန္တိုက္ခိုက္ခဲ့သည္။ ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသခံမ်ားကို အီဂ်စ္၊ ေဂ်ာ္ဒန္ႏွင့္ အျခားေသာႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕သင့္သည္ဟုေျပာ ၾကားခဲ့သည္။ ဂါဇာကို အေမရိကန္က လႊဲေျပာင္းယူၿပီး သန္းႏွင့္ခ်ီေသာ ပါလက္စတိုင္းမ်ားကို ေနရာေ႐ႊ႕ ေျပာင္းမည္ဆိုေသာ သမၼတ ေဒၚနယ္ထရမ့္၏အစီ အစဥ္ကို ႏိုင္ငံတကာက ျပင္းျပင္းထန္ထန္ ေဝဖန္ ဆန႔္က်င္ေနသည္။ ကုလသမဂၢအေထြေထြအတြင္း ေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ကလည္း လူမ်ိဳး တုံးရွင္းလင္းေရးကိစၥမွန္သမွ်ကို မလုပ္မိေအာင္ ေရွာင္ရွားရန္အေရးႀကီးေၾကာင္း ေျပာဆိုထားသည္။ ဂါဇာကမ္းေျမာင္ေဒသမွ အိုးအိမ္စြန႔္ခြာထြက္ေျပးရသူမ်ား၏ အနာဂတ္သည္ ယခုအခါ မေသခ်ာမေရရာ ျဖစ္လာသည္။
ထရမ့္၏ ယင္းအစီအစဥ္မွာ ႏိုင္ငံတကာ ဥပေဒမ်ားကို ေဖာက္ဖ်က္ျခင္းမ်ိဳးျဖစ္လာႏိုင္သည္။ ထို႔ျပင္ အစၥေရး- ပါလက္စတိုင္း ႏွစ္ႏိုင္ငံ အတူျဖစ္ တည္ေရး ေမွ်ာ္လင့္ခ်က္မ်ား အဆုံးသတ္သြားျခင္း မ်ိဳးလည္းျဖစ္သြားႏိုင္သည္။ အစၥေရးကာကြယ္ေရး ဝန္ႀကီးက " ဂါဇာေဒသမွာ အစၥေရးက စစ္ဆင္ေရး လုပ္တာကိုကန႔္ကြက္ခဲ့တဲ့ႏိုင္ငံေတြဟာ အဲဒီ ဂါဇာေဒ သမွာေနထိုင္တဲ့သူေတြကို ေခၚယူထားရမယ္။ စပိန္၊ အိုင္ယာလန္၊ ေနာ္ေဝးနဲ႔ ဂါဇာေဒသမွာ အစၥေရးက စစ္ဆင္ေရးလုပ္တာကို ကန႔္ကြက္ခဲ့တဲ့ႏိုင္ငံေတြအား လုံးဟာ ဂါဇာေဒသခံေတြကို တရားဝင္ ေနထိုင္ခြင့္ေပး ရမယ္။ အဲဒီလိုလုပ္ဖို႔ျငင္းရင္ သူတို႔ရဲ႕အေရၿခဳံမႈကို ေဖာ္ထုတ္ရလိမ့္မယ္။ ကေနဒါလိုႏိုင္ငံမ်ိဳးမွာ လူဝင္မႈ ႀကီးၾကပ္ေရးအစီအစဥ္ေတြ ခ်မွတ္ထားၿပီး၊ ဂါဇာကမ္း ေျမာင္ေဒသခံေတြကို လက္ခံဖို႔ဆႏၵရွိတယ္ဆိုတာ ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့တယ္" ဟု ေဖာ္ျပထားသည္။
ေဒၚနယ္ထရမ့္၏အစီအစဥ္မ်ားသည္ အျငင္းပြားဖြယ္ျဖစ္ေနၿပီး အေရွ႕အလယ္ပိုင္းေဒသ ႏိုင္ငံမ်ားအၾကား ေဝဖန္မႈမ်ားျမင့္တက္ေနသည္။ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး ဒုတိယအဆင့္ လုပ္ ေဆာင္ခါနီးခ်ိန္တြင္ ေဒၚနယ္ထရမ့္က ဂါဇာေဒသကို လႊဲယူမည့္အစီအစဥ္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းလည္း ျဖစ္သည္။ ေဆာ္ဒီအာေရဗ်က ထရမ့္၏အစီအစဥ္ မ်ားသည္ ပါလက္စတိုင္းမ်ားကိုေမာင္းထုတ္လိုသည့္ အစၥေရးအစိုးရ၏အႀကံအစည္ တစ္စိတ္တစ္ပိုင္းမွ် သာျဖစ္သည္ဟုလည္း ေဝဖန္ထားသည္။
အခ်ဳပ္ဆိုရလွ်င္ ထရမ့္၏ ဒုတိယသက္ တမ္းအစသည္ ဂယက္ေပါင္းစုံႏွင့္ ျပည္တြင္း၌သာမ က ျပည္ပႏိုင္ငံမ်ားကိုပါ အထိတ္တလန႔္ျဖစ္ေစခဲ့ရ သည္။ ၎လက္မွတ္ေရးထိုးခဲ့ေသာအမိန႔္မ်ားေၾကာင့္ ကမာၻ႔အေရးအရာမ်ားကိုထိခိုက္ေစသကဲ့သို႔ ေရရွည္ သက္ေရာက္မႈမ်ားလည္း ရွိလာႏိုင္သည္။ ထရမ့္သည္ ၎မတက္ခင္ကတည္းက ထိုသို႔ေသာအမိန႔္မ်ားကို ခ်မွတ္လာႏိုင္ေၾကာင္း ေျပာဆိုေလ့ရွိေသာ္လည္း လက္ေတြ႕လုပ္ေဆာင္လိမ့္မည္ဟု အမ်ားစုကယုံ ၾကည္ထားျခင္းမရွိေပ။ သို႔ေသာ္ ယခုအခါ ၎အာဏာရလာၿပီးကတည္းက ထိုသို႔ေသာ အျငင္းပြားအမိန႔္ မ်ားကို တစ္ခုၿပီးတစ္ခုထုတ္ျပန္၍ အေရးယူေဆာင္ ႐ြက္ေနျခင္းေၾကာင့္ ေနာင္လာမည့္အနာဂတ္တြင္ လည္း မည္သို႔ေသာအမိန႔္မ်ား ခ်မွတ္လာႏိုင္မည္ဆို သည္ကို ဆက္လက္ေလ့လာ ေစာင့္ၾကည့္ရဦးမည္ျဖစ္ ပါေၾကာင္း ေရးသားလိုက္ရသည္။