ယူကရိန်းစစ်ပွဲ နဲ့ပတ်သက်ပြီး ရုရှား နဲ့ အမေရိကန်နိုင်ငံကြား ပထမဆုံးတွေ့ဆုံဆွေးနွေး

696
ယူကရိန်းနဲ့ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲ
အဆုံးသတ်ရေးရည်ရွယ်ချက် နဲ့ပတ်သက်ပြီး
အမေရိကန် နဲ့ ရုရှား အစိုးရတာဝန်ရှိသူများကြားတွေ့ဆုံ ဆွေးနွေးမှုများ ကို ဆော်ဒီရေဗျနိုင်ငံမှာ စတင်နေပြီဖြစ်ကြောင်းသိရပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်တို့တွေဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ရုရှား နဲ့ အမေရိကန်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမှုတွေဟာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ယူကရိန်း အပြင် ဥရောပတိုက်ကနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ခြင်းမရှိကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီး က ၄င်းပါဝင် ပတ်သက်မှု မရှိတဲ့တွေ့ဆုံဆွေးနွေးမှု ရလဒ်များ ကိုအသိမှတ်ပြုမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ယူကရိန်းစစ်ပွဲဟာ သုံးနှစ်ကျော်လာချိန်မှာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
ထရမ့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်း
စစ်ပွဲ အဆုံးသတ်နိုင်အောင် ကြိုးပမ်းလာခဲ့ရာ ရုရှားအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version:
ယူကရိန္းစစ္ပြဲ နဲ႔ပတ္သက္ၿပီး ႐ုရွား နဲ႔ အေမရိကန္ႏိုင္ငံၾကား ပထမဆုံးေတြ႕ဆုံေဆြးေႏြး
ယူကရိန္းနဲ႔ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲ
အဆုံးသတ္ေရးရည္႐ြယ္ခ်က္ နဲ႔ပတ္သက္ၿပီး
အေမရိကန္ နဲ႔ ႐ုရွား အစိုးရတာဝန္ရွိသူမ်ားၾကားေတြ႕ဆုံ ေဆြးေႏြးမႈမ်ား ကို ေဆာ္ဒီေရဗ်ႏိုင္ငံမွာ စတင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုနဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္တို႔ေတြဆုံေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ ႐ုရွား နဲ႔ အေမရိကန္ႏိုင္ငံၾကားေတြ႕ဆုံေဆြးေႏြးမႈေတြဟာ စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ သုံးႏွစ္အတြင္း ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးမႈမွာ ယူကရိန္း အျပင္ ဥေရာပတိုက္ကႏိုင္ငံေတြက ကိုယ္စားလွယ္ေတြ ပါဝင္ျခင္းမရွိေၾကာင္းသိရပါတယ္။ ယူကရိန္းသမၼတ ဇီလန္စကီး က ၄င္းပါဝင္ ပတ္သက္မႈ မရွိတဲ့ေတြ႕ဆုံေဆြးေႏြးမႈ ရလဒ္မ်ား ကိုအသိမွတ္ျပဳမွာ မဟုတ္ေၾကာင္း ေျပာဆိုထားပါတယ္။ယူကရိန္းစစ္ပြဲဟာ သုံးႏွစ္ေက်ာ္လာခ်ိန္မွာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။
ထရမ့္ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္း
စစ္ပြဲ အဆုံးသတ္ႏိုင္ေအာင္ ႀကိဳးပမ္းလာခဲ့ရာ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။