ရုရှားသမ္မတနဲ့ ယခုလအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်ပြော

224

Pika (NP News) - ဖေဖော်ဝါ ၁၉
ရုရှားသမ္မတပူတင်နဲ့ ယခုလအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ(၁၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယခုလမကုန်ခင်အချိန်အတွင်း ပူတင်နဲ့တွေ့ဆုံနိုင်ဖွယ်ရှိသလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ယခုလိုပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ယခုလအတွင်း ပူတင်နဲ့တွေ့ဆုံနိုင်ဖွယ်ရှိပါတယ်” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအရေးကို ဆွေးနွေးဖို့အတွက် ဒေါ်နယ်ထရမ့်-ပူတင်ထိပ်သီးအစည်းအဝေးအတွက် ရက်စွဲတွေကို နှစ်ဖက် စလုံးက မသတ်မှတ်ရသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားတို့ ကြားတွေ့ဆုံမှုပြုလုပ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ဆွေးနွေးမှုတွေအပြီးမှာ သဘောတူညီချက်တစ်ခုရရှိလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားတွေက တစ်ခုခုလုပ်ဆောင်ချင်နေတယ်ဆိုတာ သေချာပါတယ်။ ရုရှားတွေဟာ ဒီစစ်ပွဲကို ရပ်တန့်ချင်နေပါတယ်။ ပြီးတော့ ကျွန်တော့်မှာ ဒီစစ်ပွဲကို ရပ်တန့်ဖို့အတွက် အင်အားရှိတယ်လို့ ထင်ပါတယ်။ ဒါက အရမ်းကိုကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
႐ုရွားသမၼတနဲ႔ ယခုလအတြင္း ေတြ႕ဆုံႏိုင္ဖြယ္ရွိတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉
႐ုရွားသမၼတပူတင္နဲ႔ ယခုလအတြင္း ေတြ႕ဆုံႏိုင္ဖြယ္ရွိေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေဖေဖာ္ဝါရီလ(၁၈)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ယခုလမကုန္ခင္အခ်ိန္အတြင္း ပူတင္နဲ႔ေတြ႕ဆုံႏိုင္ဖြယ္ရွိသလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က ယခုလိုျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ယခုလအတြင္း ပူတင္နဲ႔ေတြ႕ဆုံႏိုင္ဖြယ္ရွိပါတယ္” လို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းအေရးကို ေဆြးေႏြးဖို႔အတြက္ ေဒၚနယ္ထရမ့္-ပူတင္ထိပ္သီးအစည္းအေဝးအတြက္ ရက္စြဲေတြကို ႏွစ္ဖက္ စလုံးက မသတ္မွတ္ရေသးဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက အေစာပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕မွာ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕နဲ႔ ႐ုရွားတို႔ ၾကားေတြ႕ဆုံမႈျပဳလုပ္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ေဆြးေႏြးမႈေတြအၿပီးမွာ သေဘာတူညီခ်က္တစ္ခုရရွိလိမ့္မယ္လို႔ ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “႐ုရွားေတြက တစ္ခုခုလုပ္ေဆာင္ခ်င္ေနတယ္ဆိုတာ ေသခ်ာပါတယ္။ ႐ုရွားေတြဟာ ဒီစစ္ပြဲကို ရပ္တန႔္ခ်င္ေနပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္မွာ ဒီစစ္ပြဲကို ရပ္တန႔္ဖို႔အတြက္ အင္အားရွိတယ္လို႔ ထင္ပါတယ္။ ဒါက အရမ္းကိုေကာင္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။