ယူကရိန်းစစ်ပွဲအဆုံးသတ်က ထာဝရဖြစ်ဖို့ လိုအပ်တယ်လို့ အမေရိကန်အစိုးရပြော

 821

Pika (NP News) - ဖေဖော်ဝါရီ ၁၉

ယူကရိန်းပဋိပက္ခဟာ ရေရှည်တည်တံ့တဲ့ဆုံးဖြတ်ချက်တစ်ခုကို လိုအပ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံမှာ ရုရှားနဲ့ အမေရိကန်တို့ကြား အဆင့်မြင့် ဆွေးနွေးပွဲတွေလုပ်ဆောင်ခဲ့ပြီးနောက် မိုက်ဝေါ့ဇ်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

မိုက်ဝေါ့ဇ်ဟာ ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မာကိုရူဘီအို၊အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် စတိဗ်ဝစ်အော့်ဖ်တို့နဲ့အတူ လိုက်ပါသွားခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်ဖို့ အမေရိကန်နဲ့ရုရှားတို့က သဘောတူညီခဲ့တယ်လို့ ရုရှား ကိုယ်စားလှယ်အဖွဲ့အကြီးအကဲဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ် က ပြောကြားခဲ့ပါတယ်။

မိုက်ဝေါ့ဇ်က “ဒါကစစ်ပွဲရဲ့ထာဝရအဆုံးသတ်ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းကတွေ့ဖူးခဲ့တာလို မျိုး ယာယီအဆုံးသတ်မဖြစ်သင့်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းပဋိပက္ခဆိုင်ရာစေ့စပ်ညှိနှိုင်းမှုတွေဟာ နယ်မြေနဲ့ လုံခြုံရေးအာမခံချက်တွေပေါ် အာရုံစိုက်ရလိမ့်မယ်လို့ မိုက်ဝေါ့ဇ်က ဖေဖော်ဝါရီလ(၁၈)ရက်က ဆော်ဒီအာရေးဗျမှာ လုပ်ဆောင်တဲ့ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲအဆုံးသတ္က ထာဝရျဖစ္ဖို႔ လိုအပ္တယ္လို႔ အေမရိကန္အစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉

ယူကရိန္းပဋိပကၡဟာ ေရရွည္တည္တံ့တဲ့ဆုံးျဖတ္ခ်က္တစ္ခုကို လိုအပ္တယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး အႀကံေပး မိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ႐ုရွားနဲ႔ အေမရိကန္တို႔ၾကား အဆင့္ျမင့္ ေဆြးေႏြးပြဲေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ မိုက္ေဝါ့ဇ္ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။

မိုက္ေဝါ့ဇ္ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို သြားေရာက္ခဲ့တဲ့ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕မွာ အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီး မာကို႐ူဘီအို၊အေရွ႕အလယ္ပိုင္းဆိုင္ရာ အေမရိကန္သံတမန္ စတိဗ္ဝစ္ေအာ့္ဖ္တို႔နဲ႔အတူ လိုက္ပါသြားခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းပဋိပကၡေျဖရွင္းေရးလုပ္ငန္းစဥ္ကို စတင္ဖို႔ အေမရိကန္နဲ႔႐ုရွားတို႔က သေဘာတူညီခဲ့တယ္လို႔ ႐ုရွား ကိုယ္စားလွယ္အဖြဲ႕အႀကီးအကဲျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္ က ေျပာၾကားခဲ့ပါတယ္။

မိုက္ေဝါ့ဇ္က “ဒါကစစ္ပြဲရဲ႕ထာဝရအဆုံးသတ္ျဖစ္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အရင္တုန္းကေတြ႕ဖူးခဲ့တာလို မ်ိဳး ယာယီအဆုံးသတ္မျဖစ္သင့္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းပဋိပကၡဆိုင္ရာေစ့စပ္ညႇိႏႈိင္းမႈေတြဟာ နယ္ေျမနဲ႔ လုံၿခဳံေရးအာမခံခ်က္ေတြေပၚ အာ႐ုံစိုက္ရလိမ့္မယ္လို႔ မိုက္ေဝါ့ဇ္က ေဖေဖာ္ဝါရီလ(၁၈)ရက္က ေဆာ္ဒီအာေရးဗ်မွာ လုပ္ေဆာင္တဲ့ေဆြးေႏြးပြဲအၿပီးမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.