အာဖဂန်နစ္စတန်နယ်စပ်အနီးမှာ စစ်သွေးကြွ(၃၀)ဦးကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်

 280

Pika (NP News) - ဖေဖော်ဝါရီ ၁၉

အာဖဂန်နစ္စတန်နိုင်ငံနဲ့ထိစပ်နေတဲ့နယ်စပ်အနီးက South Waziristan ခရိုင်မှာ အစွန်းရောက် စစ်သွေးကြွ(၃၀)ဦး ကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီလ(၁၈)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အစွန်းရောက် စစ်သွေးကြွတွေအတွက် အဓိကနယ်မြေဖြစ်တဲ့ South Waziristan ခရိုင်ဟာ သတင်းထောက်နဲ့လူ့အခွင့်အရေးအဖွဲ့ တွေ သွားရောက်ဖို့အတွက် ခက်ခဲတာကြောင့် အချက်အလက်တွေကို တိတိကျကျစစ်ဆေးဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။
အစွန်းရောက်စစ်သွေးကြွအဖွဲ့တွေဟာ အစိုးရကို ဖြုတ်ချပြီး တင်းကျပ်တဲ့အုပ်ချုပ်မှုစနစ်ကို အစားထိုးဖို့အတွက် ပါကစ္စတန်နိုင်ငံအတွင်းမှာ တိုက်ပွဲတွေဆင်နွှဲနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ပါကစ္စတန် စစ်တပ်ဟာ စစ်သွေးကြွတွေအကြောင်းနဲ့ ဘယ်အဖွဲ့က စစ်သွေးကြွတွေဖြစ်တယ်ဆိုတာတွေနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုထားတာမျိုး မရှိဘူးလို့ သိရပါတယ်။ အစွန်းရောက်စစ်သွေးကြွတွေဟာ (၂၀၂၂)ခုနှစ်မှာ ပါကစ္စတန်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို ရုတ်သိမ်းပြီး နောက်ပိုင်း စစ်တပ်နဲ့၎င်းရဲ့အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အစွန်းရောက်စစ်သွေးကြွတွေဟာ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ လေ့ကျင့်ရေးစခန်းတွေဖွင့်လှစ်ပြီး ပါကစ္စတန်နိုင်ငံအတွင်းမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုထားပေမယ့်လည်း အာဖဂန်နစ္စတန်အစိုးရက အဲဒီပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။

Zawgyi Version:
အာဖဂန္နစၥတန္နယ္စပ္အနီးမွာ စစ္ေသြးႂကြ(၃၀)ဦးကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္ သတင္းထုတ္ျပန္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉

အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ထိစပ္ေနတဲ့နယ္စပ္အနီးက South Waziristan ခ႐ိုင္မွာ အစြန္းေရာက္ စစ္ေသြးႂကြ(၃၀)ဦး ကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ေဖေဖာ္ဝါရီလ(၁၈)ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ အစြန္းေရာက္ စစ္ေသြးႂကြေတြအတြက္ အဓိကနယ္ေျမျဖစ္တဲ့ South Waziristan ခ႐ိုင္ဟာ သတင္းေထာက္နဲ႔လူ႔အခြင့္အေရးအဖြဲ႕ ေတြ သြားေရာက္ဖို႔အတြက္ ခက္ခဲတာေၾကာင့္ အခ်က္အလက္ေတြကို တိတိက်က်စစ္ေဆးဖို႔ ခက္ခဲတယ္လို႔လည္း သိရပါတယ္။
အစြန္းေရာက္စစ္ေသြးႂကြအဖြဲ႕ေတြဟာ အစိုးရကို ျဖဳတ္ခ်ၿပီး တင္းက်ပ္တဲ့အုပ္ခ်ဳပ္မႈစနစ္ကို အစားထိုးဖို႔အတြက္ ပါကစၥတန္ႏိုင္ငံအတြင္းမွာ တိုက္ပြဲေတြဆင္ႏႊဲေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ပါကစၥတန္ စစ္တပ္ဟာ စစ္ေသြးႂကြေတြအေၾကာင္းနဲ႔ ဘယ္အဖြဲ႕က စစ္ေသြးႂကြေတြျဖစ္တယ္ဆိုတာေတြနဲ႔ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ေျပာဆိုထားတာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။ အစြန္းေရာက္စစ္ေသြးႂကြေတြဟာ (၂၀၂၂)ခုႏွစ္မွာ ပါကစၥတန္အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးကို ႐ုတ္သိမ္းၿပီး ေနာက္ပိုင္း စစ္တပ္နဲ႔၎ရဲ႕အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားတဲ့တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အစြန္းေရာက္စစ္ေသြးႂကြေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံတြင္းမွာ ေလ့က်င့္ေရးစခန္းေတြဖြင့္လွစ္ၿပီး ပါကစၥတန္ႏိုင္ငံအတြင္းမွာ တိုက္ခိုက္ဖို႔ စီစဥ္ေနတယ္လို႔ ပါကစၥတန္အစိုးရက စြပ္စြဲေျပာဆိုထားေပမယ့္လည္း အာဖဂန္နစၥတန္အစိုးရက အဲဒီေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။

Picture

Ko Ye'

19/02/2025 21:22

လူမျိုးတုန်းသတ်ဖြတ်နေပါတယ်ဆိုပြီတရားစွဲသင့်ကြောင်း😌

Related news

© 2021. All rights reserved.