ဘယ်သူမှ မသိတဲ့ ဖြူးမြို့နယ်က ဖြစ်စဉ် တစ်စွန်းတစ်စ

2656

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း PDF များဝင်ရောက်လာပြီးနောက် ၎င်းတို့အခြေ စိုက်ရာဒေသများ၏အခြေအနေမှာ ခန့်မှန်းမရသောဘဝသို့ ဆိုက်ရောက်သွားခဲ့သည်။ အေးချမ်းစွာလုပ်ကိုင် စားသောက်ရင်းတန်းလန်းဖြင့် စစ်အပူဟပ်ခံကြရ သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - အဓိကတော့ ဖြူးမြို့နယ်က PDF ထိန်းချုပ် နယ်မြေမှာကြုံနေရတဲ့ အခက်အခဲတွေအကြောင်း အင်တာဗျူးလုပ်ချင်တာပါခင်ဗျာ။
ဖြေ - သိသလောက်တော့ ဖြေပေးမှာပေါ့။
မေး - ဆိုတော့ အရင်ဆုံးမေးခွန်းက ဒီနိုင်ငံရေး ဖြစ်စဉ်တွေမတိုင်ခင်က ဒေသမှာလုပ်ကိုင် စားသောက် ခဲ့ရတဲ့ အခြေအနေကို ဖြေပေးပါလား။
ဖြေ - အရင်တုန်းကတော့ ကောင်းကောင်းမွန်မွန်နေရ၊ ထိုင်ရတာပဲလေ။ လယ်ယာလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းတွေလည်း အဆင်ပြေပြေနေခဲ့ကြရတာပေါ့။
မေး - နိုင်ငံရေးဖြစ်စဉ်တွေအပြီးမှာ ဘယ်လို အခက်အခဲတွေ စပြီး ကြုံကြရလဲ။
ဖြေ - ဒီနောက်ပိုင်းမှာ တက်ကြွလူငယ်တွေအဖွဲ့ရောက်လာတယ်လေ။ မဖိတ်ခေါ်ဘဲနဲ့ရောက်လာတဲ့ သူတွေက လက်နက်ခဲယမ်းတွေနဲ့ဆိုတော့ ပြည်သူ တွေက ကြောက်လန့်တကြားနဲ့ပဲ နီးရာဓား ခစားရတာပေါ့။ ကျွန်တော်တို့ ခေါ်တာမဟုတ်ဘူး။ သူတို့ဘာသာ ရောက်လာတာ။
မေး - ဖြူးမြို့နယ်ထဲကို ခုနက တက်ကြွလူငယ်လို့ဆိုတဲ့ PDF လက်နက်ကိုင်တွေက ဘယ်လောက် အကြာမှာ ဝင်ရောက်လာခဲ့ကြတာလဲ။
ဖြေ - ကျွန်တော်တို့ဆီကိုရောက်တာက တစ်နှစ်နဲ့ သုံးလလောက်တော့ရှိပြီပေါ့။ ကျွန်တော်တို့ဘက်က တော့နယ်မြေမှာ တပ်မတော်ကစစ်ကြောင်း လှုပ်ရှားမှုရှိတယ်လေ။ KNU ကလည်း ကျောက်ကြီးမြို့နယ်ထဲ ကြီးစိုးတယ်လေ။ သူတို့ကိုခြေကုပ်ယူပြီးတော့ ကျွန်တော်တို့ ဖြူးမြို့နယ်ထဲကို ဝင်လာတာပေါ့။
မေး - KNU လက်အောက်ခံ PDF တွေပဲ ဝင်လာတာပေါ့။
ဖြေ - ဟုတ်ကဲ့ပါခင်ဗျာ။ KNU က နည်းနည်း၊ PDF ကများများပေါ့။
မေး - PDF တွေဝင်ပြီးတဲ့နောက်မှာ ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ရတဲ့အခြေအနေက ဘယ်လိုများ ပြောင်းလဲသွားလဲဗျ။
ဖြေ - အရင်ကတော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေခဲ့ကြတာပေါ့။ အခုစစ်ဖြစ်လာတဲ့အခါ ကျတော့ ကျွန်တော်တို့က ကြောက်ရွံ့မှုတွေနဲ့ ရှောင်ရှားပြေးလွှားနေရတယ်ပေါ့။
မေး - လုပ်ကိုင်စားသောက်ရတာက ဘယ်လောက် အခက်အခဲဖြစ်သွားလဲ။
ဖြေ - သူတို့ဝင်လာတဲ့အခါမှာ အစပိုင်းတော့ ညီညီညွတ်ညွတ်နေကြပါတယ်။ အခုနောက်ပိုင်းမှာတော့ သူတို့ဩဇာမခံတဲ့သူတွေကို ရန်ရှာလာတယ်။ ပြောရ မယ်ဆိုရင် ပညာရေး မိသားစု၊ တပ်မတော် မိသားစု ဒီဟာတွေကို ဖိနှိပ်တာရှိလို့ ထွက်ပြေးတိမ်းရှောင်ရတာတွေရှိလာတယ်။
မေး - သူတို့နဲ့ ပုလဲနံပမသင့်ရင် အရပ်ထဲမနေနိုင်အောင် လုပ်တာပေါ့နော်။
ဖြေ - ဟုတ်ကဲ့ပါ ခင်ဗျာ။ သူတို့ ဩဇာမညောင်းတဲ့သူဆိုရင် နေလို့မရဘူး။ ကျောင်းဆရာ၊ ဆရာမတွေ ကို CDM ဝင်ခိုင်းတယ်။ တပ်မတော် မိသားစုဝင်တွေကို နှိပ်စက်ညှဉ်းပန်းတယ်။ သူတို့ ဩဇာမခံရင် ဒလန်ဆိုပြီး ရန်ရှာတယ်။
မေး - စကားစပ်မိလို့မေးတာပါ။ အန်ကယ်တို့ ဖြူး မြို့နယ်က PDF ထိန်းချုပ်နယ်မြေတွေမှာ ကျောင်း ဖွင့်လို့ရလား။
ဖြေ - ကျောင်းဖွင့်လို့မရဘူးခင်ဗျ။ ဖြူးမြို့နဲ့ စစ်တောင်းမြစ်နဲ့ဆိုရင် (၁၂)မိုင်ကွာတယ်လေ။ (၁၂)မိုင် ကွာ တော့ (၆)မိုင်လောက်အထိ သူတို့နေရာယူ ထားတယ်။ မြို့နဲ့အမြန်လမ်းက လေးမိုင်၊ အမြန်လမ်း နဲ့ စစ် တောင်းမြစ်က (၁၆)မိုင်လောက်ကွာတာပေါ့။ ကျောင်းလည်း ပေးမဖွင့်ဘူး။ ကျောင်း၊ ဆရာမလည်း မရှိတော့ပါဘူး။
မေး - ကျောင်းဖွင့်မရတော့ ကလေးတွေက ဘယ်လိုနစ်နာဆုံးရှုံးမှုတွေ ဖြစ်ရပါသလဲ။
ဖြေ - ပညာရေးနှောင့်နှေး ကြန့်ကြာမှုတွေရှိပြီးတော့ အခုဆိုရင် အရွယ်မရောက်ဘဲနဲ့ အိမ်ထောင် သားမွေးတွေတောင်ဖြစ်ကုန်ပြီပေါ့။ စစ်ဘေးဒုက္ခနဲ့ ကိုဗစ် ဒုက္ခနဲ့ဆိုတော့ အိမ်ထောင်ရက်သားတွေ ကျပြီးတော့ ကျန်တဲ့ကလေးတွေလည်း ပညာရေးတစ်ပိုင်းတစ်စနဲ့ပေါ့။
မေး - ကလေးတွေအတွက် အနာဂတ်မှေးမှိန်သွားစေတာပေါ့။
ဖြေ - ကျွန်တော်တို့ အရပ်တွေဆို နောင်နှစ်ပေါင်း (၁၀) နှစ်လောက်အထိ အရင်လိုပြန်ဖြစ်နိုင်ဖို့ဆိုတာ မမျှော်မှန်းရဲတော့ဘူး။
မေး - ကျွန်တော်တို့သိရသလောက်က PDF တွေဟာ အန်ကယ်တို့ဘက်မှာ စပါးတွေဘာတွေ တောင်း တာရှိတယ်ပြောတယ် ဟုတ်လားခင်ဗျ။
ဖြေ - ဟုတ်ပါတယ်။ KNU တွေ ကြီးစိုးပြီးတော့ လယ်တစ်ဧကကို ဆန်တစ်ခွဲနှုန်းလောက်ပေးရမယ် ဆို ပြီး သူတို့ဩဇာခံတွေက တောင်းတော့ ကြောက်ကြောက်လန့်လန့်နဲ့ မကူညီချင်ပေမယ့်လည်း ကိုယ့် လုပ်ကိုင်တာအဆင်ပြေဖို့အတွက်ထောက်ပံ့ပြီး ကူညီပေးရပါတယ်။
မေး- လယ်သမားတွေက ပေးဖို့ကော အဆင်ပြေရဲ့လား။
ဖြေ - လယ်သမားတွေအတွက်ကတော့ စားစရာမရှိ၊ လျော်စရာရှိဆိုသလိုပဲ မရှိရှိတာကိုမိသားစုရှိတော့ ကြောက်ကြောက်လန့်လန့်နဲ့ ပေးနေရတာပေါ့။
မေး - အခုဆို PDF တွေလည်း ဒေသထဲရောက်လာခဲ့ပြီဆိုတော့ အစိုးရနဲ့ ဆက်ဆံခဲ့ရတာနဲ့ င်္ဏီ တွေနဲ့ ဆက်ဆံရတာ ဘယ်လိုကွာခြားချက်ရှိလဲ။
ဖြေ - ကွာခြားမှုကတော့ ရှိတာပေါ့။ ဒါပေမဲ့ ပြည်သူတွေကလည်း နီးရာဓား ခစားရသလိုဖြစ်နေတယ်။ ကိုယ့်အစိုးရအောက်နေရတာကတော့ အကောင်းဆုံးပေါ့ဗျာ။
မေး - တပ်မတော်ဘက်ကနေ PDF တွေကို ဗုံးကြဲတိုက်ခိုက်တာလည်း ရှိတယ်လို့ သိရပါတယ်။
ဖြေ - စစ်ဖြစ်တဲ့ကာလမှာ ကိုယ့်နေရာကို မလွဲသာ မရှောင်သာလို့ ကျရောက်လာတဲ့ စစ်ဘေးဒဏ်က တော့ ပြည်သူတွေလည်းခံနေရတယ်၊ ကိုယ်တွေလည်း ခံနေရတယ်။ အမှန်တကယ်ကတော့ ဗုံးကြဲ တယ်၊ လက်နက်ကြီးကျတယ်ဆိုတာ ရန်သူရှိလို့ ပစ်တာပဲ။ ရန်သူဆိုတာကလည်း လှုပ်ရှားနေတော့ ပြည်သူဘက်မှာလည်း ထိခိုက်တာရှိတာပေါ့။
မေး - အန်ကယ်တို့ ဒေသဘက်မှာ အရပ်ဘက် အုပ်ချုပ်ရေးကို PDF တွေက ဖော်ဆောင်တာတွေ ရှိနေပြီလား။
ဖြေ - လက်ရှိအခြေအနေကတော့ အရပ်ဘက် အုပ်ချုပ်ရေးကို အလှည့်ကျပေါ့။ တစ်လကို လူငါးဦး အလှည့်ကျပေါ့။ တာဝန်မထမ်းဆောင်ချင်ပေမယ့် ကျန်တဲ့သူတွေက သူတို့ဩဇာခံပြီးဆောင်ရွက်နေရတာပေါ့။
မေး - အန်ကယ်တို့ဒေသဘက်မှာ မိုင်းတွေမြှုပ်ထားတာလည်းရှိတယ် ပြောတယ်။ အဲဒီအခြေအနေကို လည်း ပြောပြပေးပါဦး။
ဖြေ - ကျွန်တော်တို့ဆီမှာက မိုင်းတွေကိုရွာနယ် နမိတ်မှာ ထောင်ကြတယ်။ ကျွဲ၊ နွား တိရစ္ဆာန်တွေရော၊ လူတွေရော ထိကြပါတယ်။ ထိပေမယ့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုတော့ မရှိဘူးပေါ့။ သူတို့ထောင် ထားတဲ့ မိုင်းတွေကို သွားထိမိရင်တောင် ပြည်သူတွေဆီက လျော်ကြေး ပြန်တောင်းပါတယ်။
မေး - လျော်ကြေး ပြန်ပေးရတာလား။
ဖြေ - ဟုတ်တယ်။ ပြန်ပေးရတာ။
မေး - တပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေပြီးရင် သူတို့က ဒလန်လို့ထင်တဲ့သူတွေကို ဖမ်းဆီး နှိပ် စက်တာရှိတယ်ဆိုတာ အဲဒါကော ဟုတ်ပါသလား။
ဖြေ - သူတို့ ထိခိုက်တယ်ဆိုရင် ပြည်သူကသတင်းပေးတယ်ဆိုပြီး ဖမ်းဆီးတာရှိတယ်။ စစ်ဆေး၊ မေး မြန်းတာရှိပါတယ်။ ရိုက်နှက်ပြီးတော့ စစ်ဆေးတာတွေ ရှိပါတယ်။ အသေအပျောက်ကတော့ သတ်တာ လည်း ရှိတာပေါ့။ ပျောက်သွားတဲ့လူတွေလည်း ရှိတယ်။ ရပ်ရွာတွေမှာ တစ်ယောက်တလေ ပျောက်သွား တာမျိုးပေါ့။ အဲဒါတွေ ရှိပါတယ်။
မေး - အခု အင်တာဗျူးလုပ်ရင်းနဲ့ ကျွန်တော် သဘောပေါက်တာ တစ်ခုက PDF တွေက ပညာရေး ကို တော်တော်လေး ဖိနှိပ်ထားတာတွေ့ရပါတယ်။ နည်းနည်း ထပ်ပြောပြပေးလို့ရမလား။
ဖြေ - ကျောင်းသားလို့ပြောရင် သူတို့ လက်မခံချင်ဘူး။ ကျန်းမာရေးကြောင့် ရွာကနေ နေရပ်စွန့်ခွာ ပြောင်းရွှေ့မယ်ဆိုရင်တော့ လက်ခံတယ်။ ကျောင်းနေဖို့ သွားတာဆိုရင်လက်မခံဘူး။ ကျွန်တော်တို့က နောင်ရေးအတွက် အသိဉာဏ်ရှိအောင် မြို့ပေါ်တက်ပြီး ကျောင်းထားတယ်။ ဒါပေမဲ့ ကျောင်းထားတယ် ဆိုတာကို ကျွန်တော်တို့ မပြောရဲပါဘူး။
မေး - နေရပ်စွန့်ခွာခဲ့ရတော့ ဘယ်လောက် ထိခိုက်မှုတွေ ရှိသွားပါသလဲ။
ဖြေ - ထိခိုက်မှုကတော့ လူမှုရေးရော၊ စီးပွားရေးရော၊ နိုင်ငံရေးရော အကုန်လုံးပေါ့။ အန်ကယ်တို့ဆိုရင် ကျောင်းကော်မတီတွေ ဘာတွေဖွဲ့ပြီး သေချာလုပ်ခဲ့တာလေ။ အခုချိန်မှာတော့ ပညာရေးလည်း မရှိတော့ ဘူး။ ကျောင်းသူ/ကျောင်းသားတွေလည်း မရှိတော့ဘူး။
မေး - ကျောင်းပေးမတက်ဘူးဆိုတော့ သူတို့ စီစဉ်ပေးတဲ့ ပညာရေးကော ရှိလား။
ဖြေ - ကြားတာတော့ ရှိတယ်။ အွန်လိုင်းကနေ သင်ပေးတယ်ဆိုပြီးတော့လေ။ သူတို့ဘက်က အွန်လိုင်း ကနေသင်မယ်ဆိုပေမယ့် ကိုယ့်ဆီမှာလည်း အဲဒီလိုတက်ဖို့က တီဗီတွေ၊ အင်တာနက်တွေလည်း မရှိကြပါဘူး။
မေး - မပြန်ရင် အိမ်တွေ သိမ်းမယ်ဆိုတာမျိုးကော ရှိပါသလား။ အန်ကယ်သိသလောက်ပေါ့။
ဖြေ - ကျွန်တော်တို့သိသလောက်ကတော့ သူတို့လုပ်ချင်တဲ့သူကိုတော့ လုပ်တာပေါ့။ ကျန်တဲ့ သူတွေ ကတော့ လက်ယာလုပ်ငန်းကို လုပ်ရတာဆိုတော့ မပြေးနိုင်၊ မလွှားနိုင်တဲ့သူတွေက ရွာမှာကျန်ခဲ့ပါ တယ်။ အဲဒါတွေကို ဘာများဖြစ်မလဲလို့ ပြောင်းရွှေ့တဲ့သူတွေက စိုးရိမ်နေကြရတာပေါ့။
မေး - သူတို့အုပ်ချုပ်တာကို အန်ကယ်တို့ သဘောကျလား။
ဖြေ - သူတို့ အုပ်ချုပ်ရေး၊ ပညာရေးက တခြားတိုင်းနိုင်ငံတွေ အသိအမှတ်ပြုတာမှ မဟုတ်တာ။ ကလေး တွေသင်တဲ့ စာတွေကလည်းလေ အစွန်းရောက်နေလို့သာ သူတို့ကမသင်နဲ့ လျှောက်ပြောတာ။ သူတို့ လည်း ဒီဘာသာစကားပြောတာပဲ။
မေး - အန်ကယ်မြင်ခဲ့သလောက်ပေါ့နော် အန်ကယ်တို့ နယ်ဘက်ရောက်နေတဲ့ PDF တွေကို KNU က ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်မလား။
ဖြေ - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ မျက်မြင်၊ ကိုယ်ဉာဏ်မီသလောက် ပြောရမယ်ဆို ထိန်းချုပ်ထားတာပဲ။ KNU ရဲ့ အောက်မှာပဲ လှုပ်ရှားနေကြရတာ။
မေး - အန်ကယ်တို့က တိမ်းရှောင်ခဲ့ပြီပေါ့။ ကျန်တဲ့ သူတွေကော ရှောင်ချင်ကြလား။
ဖြေ - သူတို့လည်း ရှောင်ချင်ကြပါတယ်။ မြို့ပေါ်မှာ နေတယ်ဆိုတာက စားဝတ်နေရေးကျန်းမာရေး အခက်အခဲကို ဖြည့်ဆည်းနိုင်တဲ့အလုပ်ရှိမှလေ။ မဖြည့်ဆည်းနိုင်တော့ တောမှာနေ၊ မြို့မှာ ကျောင်း နေချင်ပေမယ့်လည်း သူတို့မှာနေနိုင်စွမ်းမရှိတော့ သူတို့ လက်အောက်မှာပဲနေကြရတာပေါ့။
အခုလိုအချိန်ပေးဖြေကြားတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
ဘယ္သူမွ မသိတဲ့ ျဖဴးၿမိဳ႕နယ္က ျဖစ္စဥ္ တစ္စြန္းတစ္စ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၉
ပဲခူးတိုင္းေဒသႀကီး ျဖဴးၿမိဳ႕နယ္အတြင္း PDF မ်ားဝင္ေရာက္လာၿပီးေနာက္ ၎တို႔အေျခ စိုက္ရာေဒသမ်ား၏အေျခအေနမွာ ခန႔္မွန္းမရေသာဘဝသို႔ ဆိုက္ေရာက္သြားခဲ့သည္။ ေအးခ်မ္းစြာလုပ္ကိုင္ စားေသာက္ရင္းတန္းလန္းျဖင့္ စစ္အပူဟပ္ခံၾကရ သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - အဓိကေတာ့ ျဖဴးၿမိဳ႕နယ္က PDF ထိန္းခ်ဳပ္ နယ္ေျမမွာႀကဳံေနရတဲ့ အခက္အခဲေတြအေၾကာင္း အင္တာဗ်ဴးလုပ္ခ်င္တာပါခင္ဗ်ာ။
ေျဖ - သိသေလာက္ေတာ့ ေျဖေပးမွာေပါ့။
ေမး - ဆိုေတာ့ အရင္ဆုံးေမးခြန္းက ဒီႏိုင္ငံေရး ျဖစ္စဥ္ေတြမတိုင္ခင္က ေဒသမွာလုပ္ကိုင္ စားေသာက္ ခဲ့ရတဲ့ အေျခအေနကို ေျဖေပးပါလား။
ေျဖ - အရင္တုန္းကေတာ့ ေကာင္းေကာင္းမြန္မြန္ေနရ၊ ထိုင္ရတာပဲေလ။ လယ္ယာလုပ္ငန္း၊ စီးပြားေရး လုပ္ငန္းေတြလည္း အဆင္ေျပေျပေနခဲ့ၾကရတာေပါ့။
ေမး - ႏိုင္ငံေရးျဖစ္စဥ္ေတြအၿပီးမွာ ဘယ္လို အခက္အခဲေတြ စၿပီး ႀကဳံၾကရလဲ။
ေျဖ - ဒီေနာက္ပိုင္းမွာ တက္ႂကြလူငယ္ေတြအဖြဲ႕ေရာက္လာတယ္ေလ။ မဖိတ္ေခၚဘဲနဲ႔ေရာက္လာတဲ့ သူေတြက လက္နက္ခဲယမ္းေတြနဲ႔ဆိုေတာ့ ျပည္သူ ေတြက ေၾကာက္လန႔္တၾကားနဲ႔ပဲ နီးရာဓား ခစားရတာေပါ့။ ကြၽန္ေတာ္တို႔ ေခၚတာမဟုတ္ဘူး။ သူတို႔ဘာသာ ေရာက္လာတာ။
ေမး - ျဖဴးၿမိဳ႕နယ္ထဲကို ခုနက တက္ႂကြလူငယ္လို႔ဆိုတဲ့ PDF လက္နက္ကိုင္ေတြက ဘယ္ေလာက္ အၾကာမွာ ဝင္ေရာက္လာခဲ့ၾကတာလဲ။
ေျဖ - ကြၽန္ေတာ္တို႔ဆီကိုေရာက္တာက တစ္ႏွစ္နဲ႔ သုံးလေလာက္ေတာ့ရွိၿပီေပါ့။ ကြၽန္ေတာ္တို႔ဘက္က ေတာ့နယ္ေျမမွာ တပ္မေတာ္ကစစ္ေၾကာင္း လႈပ္ရွားမႈရွိတယ္ေလ။ KNU ကလည္း ေက်ာက္ႀကီးၿမိဳ႕နယ္ထဲ ႀကီးစိုးတယ္ေလ။ သူတို႔ကိုေျခကုပ္ယူၿပီးေတာ့ ကြၽန္ေတာ္တို႔ ျဖဴးၿမိဳ႕နယ္ထဲကို ဝင္လာတာေပါ့။
ေမး - KNU လက္ေအာက္ခံ PDF ေတြပဲ ဝင္လာတာေပါ့။
ေျဖ - ဟုတ္ကဲ့ပါခင္ဗ်ာ။ KNU က နည္းနည္း၊ PDF ကမ်ားမ်ားေပါ့။
ေမး - PDF ေတြဝင္ၿပီးတဲ့ေနာက္မွာ ေဒသခံေတြရဲ႕ လုပ္ကိုင္စားေသာက္ရတဲ့အေျခအေနက ဘယ္လိုမ်ား ေျပာင္းလဲသြားလဲဗ်။
ေျဖ - အရင္ကေတာ့ ေအးေအးေဆးေဆး လုပ္ကိုင္စားေသာက္ေနခဲ့ၾကတာေပါ့။ အခုစစ္ျဖစ္လာတဲ့အခါ က်ေတာ့ ကြၽန္ေတာ္တို႔က ေၾကာက္႐ြံ႕မႈေတြနဲ႔ ေရွာင္ရွားေျပးလႊားေနရတယ္ေပါ့။
ေမး - လုပ္ကိုင္စားေသာက္ရတာက ဘယ္ေလာက္ အခက္အခဲျဖစ္သြားလဲ။
ေျဖ - သူတို႔ဝင္လာတဲ့အခါမွာ အစပိုင္းေတာ့ ညီညီၫြတ္ၫြတ္ေနၾကပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ သူတို႔ဩဇာမခံတဲ့သူေတြကို ရန္ရွာလာတယ္။ ေျပာရ မယ္ဆိုရင္ ပညာေရး မိသားစု၊ တပ္မေတာ္ မိသားစု ဒီဟာေတြကို ဖိႏွိပ္တာရွိလို႔ ထြက္ေျပးတိမ္းေရွာင္ရတာေတြရွိလာတယ္။
ေမး - သူတို႔နဲ႔ ပုလဲနံပမသင့္ရင္ အရပ္ထဲမေနႏိုင္ေအာင္ လုပ္တာေပါ့ေနာ္။
ေျဖ - ဟုတ္ကဲ့ပါ ခင္ဗ်ာ။ သူတို႔ ဩဇာမေညာင္းတဲ့သူဆိုရင္ ေနလို႔မရဘူး။ ေက်ာင္းဆရာ၊ ဆရာမေတြ ကို CDM ဝင္ခိုင္းတယ္။ တပ္မေတာ္ မိသားစုဝင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းတယ္။ သူတို႔ ဩဇာမခံရင္ ဒလန္ဆိုၿပီး ရန္ရွာတယ္။
ေမး - စကားစပ္မိလို႔ေမးတာပါ။ အန္ကယ္တို႔ ျဖဴး ၿမိဳ႕နယ္က PDF ထိန္းခ်ဳပ္နယ္ေျမေတြမွာ ေက်ာင္း ဖြင့္လို႔ရလား။
ေျဖ - ေက်ာင္းဖြင့္လို႔မရဘူးခင္ဗ်။ ျဖဴးၿမိဳ႕နဲ႔ စစ္ေတာင္းျမစ္နဲ႔ဆိုရင္ (၁၂)မိုင္ကြာတယ္ေလ။ (၁၂)မိုင္ ကြာ ေတာ့ (၆)မိုင္ေလာက္အထိ သူတို႔ေနရာယူ ထားတယ္။ ၿမိဳ႕နဲ႔အျမန္လမ္းက ေလးမိုင္၊ အျမန္လမ္း နဲ႔ စစ္ ေတာင္းျမစ္က (၁၆)မိုင္ေလာက္ကြာတာေပါ့။ ေက်ာင္းလည္း ေပးမဖြင့္ဘူး။ ေက်ာင္း၊ ဆရာမလည္း မရွိေတာ့ပါဘူး။
ေမး - ေက်ာင္းဖြင့္မရေတာ့ ကေလးေတြက ဘယ္လိုနစ္နာဆုံးရႈံးမႈေတြ ျဖစ္ရပါသလဲ။
ေျဖ - ပညာေရးေႏွာင့္ေႏွး ၾကန႔္ၾကာမႈေတြရွိၿပီးေတာ့ အခုဆိုရင္ အ႐ြယ္မေရာက္ဘဲနဲ႔ အိမ္ေထာင္ သားေမြးေတြေတာင္ျဖစ္ကုန္ၿပီေပါ့။ စစ္ေဘးဒုကၡနဲ႔ ကိုဗစ္ ဒုကၡနဲ႔ဆိုေတာ့ အိမ္ေထာင္ရက္သားေတြ က်ၿပီးေတာ့ က်န္တဲ့ကေလးေတြလည္း ပညာေရးတစ္ပိုင္းတစ္စနဲ႔ေပါ့။
ေမး - ကေလးေတြအတြက္ အနာဂတ္ေမွးမွိန္သြားေစတာေပါ့။
ေျဖ - ကြၽန္ေတာ္တို႔ အရပ္ေတြဆို ေနာင္ႏွစ္ေပါင္း (၁၀) ႏွစ္ေလာက္အထိ အရင္လိုျပန္ျဖစ္ႏိုင္ဖို႔ဆိုတာ မေမွ်ာ္မွန္းရဲေတာ့ဘူး။
ေမး - ကြၽန္ေတာ္တို႔သိရသေလာက္က PDF ေတြဟာ အန္ကယ္တို႔ဘက္မွာ စပါးေတြဘာေတြ ေတာင္း တာရွိတယ္ေျပာတယ္ ဟုတ္လားခင္ဗ်။
ေျဖ - ဟုတ္ပါတယ္။ KNU ေတြ ႀကီးစိုးၿပီးေတာ့ လယ္တစ္ဧကကို ဆန္တစ္ခြဲႏႈန္းေလာက္ေပးရမယ္ ဆို ၿပီး သူတို႔ဩဇာခံေတြက ေတာင္းေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ မကူညီခ်င္ေပမယ့္လည္း ကိုယ့္ လုပ္ကိုင္တာအဆင္ေျပဖို႔အတြက္ေထာက္ပံ့ၿပီး ကူညီေပးရပါတယ္။
ေမး- လယ္သမားေတြက ေပးဖို႔ေကာ အဆင္ေျပရဲ႕လား။
ေျဖ - လယ္သမားေတြအတြက္ကေတာ့ စားစရာမရွိ၊ ေလ်ာ္စရာရွိဆိုသလိုပဲ မရွိရွိတာကိုမိသားစုရွိေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေပးေနရတာေပါ့။
ေမး - အခုဆို PDF ေတြလည္း ေဒသထဲေရာက္လာခဲ့ၿပီဆိုေတာ့ အစိုးရနဲ႔ ဆက္ဆံခဲ့ရတာနဲ႔ ဏႌ ေတြနဲ႔ ဆက္ဆံရတာ ဘယ္လိုကြာျခားခ်က္ရွိလဲ။
ေျဖ - ကြာျခားမႈကေတာ့ ရွိတာေပါ့။ ဒါေပမဲ့ ျပည္သူေတြကလည္း နီးရာဓား ခစားရသလိုျဖစ္ေနတယ္။ ကိုယ့္အစိုးရေအာက္ေနရတာကေတာ့ အေကာင္းဆုံးေပါ့ဗ်ာ။
ေမး - တပ္မေတာ္ဘက္ကေန PDF ေတြကို ဗုံးႀကဲတိုက္ခိုက္တာလည္း ရွိတယ္လို႔ သိရပါတယ္။
ေျဖ - စစ္ျဖစ္တဲ့ကာလမွာ ကိုယ့္ေနရာကို မလြဲသာ မေရွာင္သာလို႔ က်ေရာက္လာတဲ့ စစ္ေဘးဒဏ္က ေတာ့ ျပည္သူေတြလည္းခံေနရတယ္၊ ကိုယ္ေတြလည္း ခံေနရတယ္။ အမွန္တကယ္ကေတာ့ ဗုံးႀကဲ တယ္၊ လက္နက္ႀကီးက်တယ္ဆိုတာ ရန္သူရွိလို႔ ပစ္တာပဲ။ ရန္သူဆိုတာကလည္း လႈပ္ရွားေနေတာ့ ျပည္သူဘက္မွာလည္း ထိခိုက္တာရွိတာေပါ့။
ေမး - အန္ကယ္တို႔ ေဒသဘက္မွာ အရပ္ဘက္ အုပ္ခ်ဳပ္ေရးကို PDF ေတြက ေဖာ္ေဆာင္တာေတြ ရွိေနၿပီလား။
ေျဖ - လက္ရွိအေျခအေနကေတာ့ အရပ္ဘက္ အုပ္ခ်ဳပ္ေရးကို အလွည့္က်ေပါ့။ တစ္လကို လူငါးဦး အလွည့္က်ေပါ့။ တာဝန္မထမ္းေဆာင္ခ်င္ေပမယ့္ က်န္တဲ့သူေတြက သူတို႔ဩဇာခံၿပီးေဆာင္႐ြက္ေနရတာေပါ့။
ေမး - အန္ကယ္တို႔ေဒသဘက္မွာ မိုင္းေတြျမႇဳပ္ထားတာလည္းရွိတယ္ ေျပာတယ္။ အဲဒီအေျခအေနကို လည္း ေျပာျပေပးပါဦး။
ေျဖ - ကြၽန္ေတာ္တို႔ဆီမွာက မိုင္းေတြကို႐ြာနယ္ နမိတ္မွာ ေထာင္ၾကတယ္။ ကြၽဲ၊ ႏြား တိရစာၦန္ေတြေရာ၊ လူေတြေရာ ထိၾကပါတယ္။ ထိေပမယ့္လည္း တာဝန္ယူမႈ၊ တာဝန္ခံမႈေတာ့ မရွိဘူးေပါ့။ သူတို႔ေထာင္ ထားတဲ့ မိုင္းေတြကို သြားထိမိရင္ေတာင္ ျပည္သူေတြဆီက ေလ်ာ္ေၾကး ျပန္ေတာင္းပါတယ္။
ေမး - ေလ်ာ္ေၾကး ျပန္ေပးရတာလား။
ေျဖ - ဟုတ္တယ္။ ျပန္ေပးရတာ။
ေမး - တပ္ကေန ေလေၾကာင္းတိုက္ခိုက္မႈေတြၿပီးရင္ သူတို႔က ဒလန္လို႔ထင္တဲ့သူေတြကို ဖမ္းဆီး ႏွိပ္ စက္တာရွိတယ္ဆိုတာ အဲဒါေကာ ဟုတ္ပါသလား။
ေျဖ - သူတို႔ ထိခိုက္တယ္ဆိုရင္ ျပည္သူကသတင္းေပးတယ္ဆိုၿပီး ဖမ္းဆီးတာရွိတယ္။ စစ္ေဆး၊ ေမး ျမန္းတာရွိပါတယ္။ ႐ိုက္ႏွက္ၿပီးေတာ့ စစ္ေဆးတာေတြ ရွိပါတယ္။ အေသအေပ်ာက္ကေတာ့ သတ္တာ လည္း ရွိတာေပါ့။ ေပ်ာက္သြားတဲ့လူေတြလည္း ရွိတယ္။ ရပ္႐ြာေတြမွာ တစ္ေယာက္တေလ ေပ်ာက္သြား တာမ်ိဳးေပါ့။ အဲဒါေတြ ရွိပါတယ္။
ေမး - အခု အင္တာဗ်ဴးလုပ္ရင္းနဲ႔ ကြၽန္ေတာ္ သေဘာေပါက္တာ တစ္ခုက PDF ေတြက ပညာေရး ကို ေတာ္ေတာ္ေလး ဖိႏွိပ္ထားတာေတြ႕ရပါတယ္။ နည္းနည္း ထပ္ေျပာျပေပးလို႔ရမလား။
ေျဖ - ေက်ာင္းသားလို႔ေျပာရင္ သူတို႔ လက္မခံခ်င္ဘူး။ က်န္းမာေရးေၾကာင့္ ႐ြာကေန ေနရပ္စြန႔္ခြာ ေျပာင္းေ႐ႊ႕မယ္ဆိုရင္ေတာ့ လက္ခံတယ္။ ေက်ာင္းေနဖို႔ သြားတာဆိုရင္လက္မခံဘူး။ ကြၽန္ေတာ္တို႔က ေနာင္ေရးအတြက္ အသိဉာဏ္ရွိေအာင္ ၿမိဳ႕ေပၚတက္ၿပီး ေက်ာင္းထားတယ္။ ဒါေပမဲ့ ေက်ာင္းထားတယ္ ဆိုတာကို ကြၽန္ေတာ္တို႔ မေျပာရဲပါဘူး။
ေမး - ေနရပ္စြန႔္ခြာခဲ့ရေတာ့ ဘယ္ေလာက္ ထိခိုက္မႈေတြ ရွိသြားပါသလဲ။
ေျဖ - ထိခိုက္မႈကေတာ့ လူမႈေရးေရာ၊ စီးပြားေရးေရာ၊ ႏိုင္ငံေရးေရာ အကုန္လုံးေပါ့။ အန္ကယ္တို႔ဆိုရင္ ေက်ာင္းေကာ္မတီေတြ ဘာေတြဖြဲ႕ၿပီး ေသခ်ာလုပ္ခဲ့တာေလ။ အခုခ်ိန္မွာေတာ့ ပညာေရးလည္း မရွိေတာ့ ဘူး။ ေက်ာင္းသူ/ေက်ာင္းသားေတြလည္း မရွိေတာ့ဘူး။
ေမး - ေက်ာင္းေပးမတက္ဘူးဆိုေတာ့ သူတို႔ စီစဥ္ေပးတဲ့ ပညာေရးေကာ ရွိလား။
ေျဖ - ၾကားတာေတာ့ ရွိတယ္။ အြန္လိုင္းကေန သင္ေပးတယ္ဆိုၿပီးေတာ့ေလ။ သူတို႔ဘက္က အြန္လိုင္း ကေနသင္မယ္ဆိုေပမယ့္ ကိုယ့္ဆီမွာလည္း အဲဒီလိုတက္ဖို႔က တီဗီေတြ၊ အင္တာနက္ေတြလည္း မရွိၾကပါဘူး။
ေမး - မျပန္ရင္ အိမ္ေတြ သိမ္းမယ္ဆိုတာမ်ိဳးေကာ ရွိပါသလား။ အန္ကယ္သိသေလာက္ေပါ့။
ေျဖ - ကြၽန္ေတာ္တို႔သိသေလာက္ကေတာ့ သူတို႔လုပ္ခ်င္တဲ့သူကိုေတာ့ လုပ္တာေပါ့။ က်န္တဲ့ သူေတြ ကေတာ့ လက္ယာလုပ္ငန္းကို လုပ္ရတာဆိုေတာ့ မေျပးႏိုင္၊ မလႊားႏိုင္တဲ့သူေတြက ႐ြာမွာက်န္ခဲ့ပါ တယ္။ အဲဒါေတြကို ဘာမ်ားျဖစ္မလဲလို႔ ေျပာင္းေ႐ႊ႕တဲ့သူေတြက စိုးရိမ္ေနၾကရတာေပါ့။
ေမး - သူတို႔အုပ္ခ်ဳပ္တာကို အန္ကယ္တို႔ သေဘာက်လား။
ေျဖ - သူတို႔ အုပ္ခ်ဳပ္ေရး၊ ပညာေရးက တျခားတိုင္းႏိုင္ငံေတြ အသိအမွတ္ျပဳတာမွ မဟုတ္တာ။ ကေလး ေတြသင္တဲ့ စာေတြကလည္းေလ အစြန္းေရာက္ေနလို႔သာ သူတို႔ကမသင္နဲ႔ ေလွ်ာက္ေျပာတာ။ သူတို႔ လည္း ဒီဘာသာစကားေျပာတာပဲ။
ေမး - အန္ကယ္ျမင္ခဲ့သေလာက္ေပါ့ေနာ္ အန္ကယ္တို႔ နယ္ဘက္ေရာက္ေနတဲ့ PDF ေတြကို KNU က ထိန္းခ်ဳပ္ထားတယ္လို႔ ဆိုႏိုင္မလား။
ေျဖ - ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္တို႔ မ်က္ျမင္၊ ကိုယ္ဉာဏ္မီသေလာက္ ေျပာရမယ္ဆို ထိန္းခ်ဳပ္ထားတာပဲ။ KNU ရဲ႕ ေအာက္မွာပဲ လႈပ္ရွားေနၾကရတာ။
ေမး - အန္ကယ္တို႔က တိမ္းေရွာင္ခဲ့ၿပီေပါ့။ က်န္တဲ့ သူေတြေကာ ေရွာင္ခ်င္ၾကလား။
ေျဖ - သူတို႔လည္း ေရွာင္ခ်င္ၾကပါတယ္။ ၿမိဳ႕ေပၚမွာ ေနတယ္ဆိုတာက စားဝတ္ေနေရးက်န္းမာေရး အခက္အခဲကို ျဖည့္ဆည္းႏိုင္တဲ့အလုပ္ရွိမွေလ။ မျဖည့္ဆည္းႏိုင္ေတာ့ ေတာမွာေန၊ ၿမိဳ႕မွာ ေက်ာင္း ေနခ်င္ေပမယ့္လည္း သူတို႔မွာေနႏိုင္စြမ္းမရွိေတာ့ သူတို႔ လက္ေအာက္မွာပဲေနၾကရတာေပါ့။
အခုလိုအခ်ိန္ေပးေျဖၾကားတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။