ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 644

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၈

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြကြောင်း သိရသည်။

ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDFအဖွဲ့ဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းလူငယ်များ၏ မိသားစုဝင်များကိုယ်စား အုပ်ထိန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသည့္ ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ PDF အဖြဲ႕ဝင္မ်ားကို မိဘအုပ္ထိန္းသူမ်ားထံ ထပ္မံလႊဲေျပာင္းေပးအပ္

သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၈

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕နယ္ေျမအတြင္း သင္တန္းမ်ား တက္ေရာက္ ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့သည့္ ဥပေဒေဘာင္အတြင္းဝင္ေရာက္လာေသာ PDF အဖြဲ႕ဝင္မ်ားအား ျပန္လည္ႀကိဳဆိုလက္ခံပြဲကို ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔နံနက္ပိုင္း က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး၊ မဂၤလာခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အခမ္းအနားသို႔ ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ျပည့္စုံလင္းႏွင့္ တာဝန္ရွိသူမ်ား၊ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ ၾကေၾကာင္း သိရသည္။

ဥပေဒေဘာင္ အတြင္း ျပန္လည္ဝင္ေရာက္ခဲ့သည့္ ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ PDFအဖြဲ႕ဝင္ အမ်ိဳးသား ၉ ဦး၊ အမ်ိဳးသမီး ၁ဦးတို႔အား တာဝန္ရွိသူမ်ားက ဝန္ခံကတိ လက္မွတ္ ေရးထိုးေစကာ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံၿပီး စားေသာက္ ဖြယ္ရာမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ သည့္ ျပစ္မႈက်ဴးလြန္ျခင္းမရွိေသာ PDF သင္တန္းဆင္းလူငယ္မ်ား၏ မိသားစုဝင္မ်ားကိုယ္စား အုပ္ထိန္းသူတစ္ဦးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့သည္။

PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ ေရွ႕လုပ္ငန္း စဥ္မ်ားတြင္ ပါဝင္ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝ သို႔ျပန္လည္ ဝင္ေရာက္ျခင္း ျပဳမည္ဆိုပါက ႀကိဳဆိုလက္ခံသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အစိုးရက ထုတ္ျပန္ ထားၿပီးျဖစ္ရာ ျပစ္မႈက်ဴးလြန္ခဲ့ျခင္းမရွိေသာ PDF အဖြဲ႕ဝင္မ်ားက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး၌ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ လ်က္ရွိၾကသျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လြဲေျပာင္းအပ္ႏွံ ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.