လက်ရှိပြည်တွင်းပဋိပက္ခမှာ မှော်ပညာ အောက်လမ်းအစီအရင်တွေ အသုံးချနေကြပါသလား

 2603

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၉

မကြာသေးမီက မိတ်ဆွေတစ်ယောက်နဲ့ အတော်ကြာ စကားလက်ဆုံကျမိတယ်။ မြန်မာပြည်အနောက်ပိုင်းကျဆုံးသွားတဲ့ မြို့ရွာ/စခန်းတွေကို ပြန်ယူဖို့ လောလောဆယ်အခက်အခဲရှိမယ် ထင်ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ အဲဒီဘက်ပြည်တွင်းပဋိပက္ခတွေမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပြီး အသက်ရှင်လျက် ဆုတ်ခွာလာနိုင်တဲ့ တပ်ဖွဲ့ဝင်အချို့က ပြောဆိုကြောင်း၊ ဒီဘက်က ကြဲချတဲ့ ဗုံးတွေဟာ ရန်သူ့အပေါ် ထိရောက်တယ်လို့မရှိပဲ ပစ်လွှတ်လိုက်တဲ့ ဒရုန်းအချို့လည်း ပျောက် ဆုံးသွားတယ်လို့ သိရှိရကြောင်း၊ အဲဒီဘက် ရန်သူနဲ့မျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါ သူတို့အင်အားက အမှန်တကယ် ၂၀၀-၃၀၀ လောက်ရှိပေမယ့် ဒီဘက်တပ်ဖွဲ့ဝင်များ မျက်လုံးထဲမှာ အင်အားထောင်ချီတယ်လို့ မြင်နေရကြောင်း၊ တကယ်တိုက်ကြပြီဟေ့ဆို ဒီဘက်တပ်ဖွဲ့ ဝင်တွေမှာ အလိုလို ကြောက်စိတ်ဝင် သိမ်ငယ်သလိုလို ဖြစ်နေတတ်တယ်လို့ ပြောသံကြားရကြောင်း၊ အောက်လမ်းနည်း မှော်ပညာအစီအမံတွေ ဖြစ်လိမ့်မယ်လို့ မိတ်ဆွေက ဆိုပါတယ်။

အဲဒီအခါ အာရပ်-အစ္စရေး ၆-ရက်စစ်ပွဲ ဂါဇာနဲ့ဆိုင်းနိုင်းကျွန်းဆွယ်မှာ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များနဲ့ အီဂျစ်စစ်သားများ အစုအပုံလိုက် လက်နက်ချသွားတဲ့ ဖြစ်စဉ်အကြောင်း ငယ်ငယ်က လူကြီးတွေ ပြောကြတာကို ကျွန်တော် ပြန်လည်အမှတ်ရမိတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ အီဂျစ်စစ်တပ်ဟာ သူတို့ကို စင်းရေထောင်ချီတဲ့ အစ္စရေး တင့်ကားတပ်ကြီးက ဝိုင်းထားပြီလို့ ထင်မြင်ကြတဲ့အတွက် အပြင်းအထန်ခုခံမနေပဲ အသာတကြည်လက်နက်ချသွားခြင်းဖြစ်ပါတယ်။ အမှန်တော့ အင်အား ၁၀၀-၁၅၀ လောက်သာရှိတဲ့ အစ္စရေးစစ်သားများနဲ့ ရင်ဆိုင်ရခြင်းသာဖြစ်ပြီး အဲဒါမျိုး နေရာအတော်များများမှာ တစ်ကြိမ်မက ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

“ အဲဒီ မြေဟာ ဂျူးတွေကို ဘုရားသခင်က ပေးခဲ့တာဆိုတော့ အာရပ်တွေ ဘယ်လိုပဲ ဝိုင်းတိုက်ပါစေ ဂျူးတွေပဲ နိုင်မှာပါ” လို့ အဲဒီအချိန် လူကြီးတစ်ယောက် ပြောဖူးတာ ကျွန်တော် အမှတ်ရတယ်။ တိုတိုပြောရရင် ၁၉၆၇ခုနှစ် ဇွန်လ တတိယအကြိမ် အာရပ်-အစ္စရေးစစ်ပွဲဟာ ၆ရက်တည်းနဲ့ အနိုင်-အရှုံး အဖြေထွက်ခဲ့ပြီး အဲဒီလို လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များလည်း ပါဝင်နေတယ်လို့ ပြောစမှတ်ရှိပါတယ်။ စုစုပေါင်း အင်အား ၄၆၀,၀၀၀ ရှိတဲ့ အာရပ်တွေဟာ စစ်လေ ယာဉ် တင့်ကားအရေအတွက်မှာ သူတို့ တစ်ဝက်တောင် မရှိတဲ့ အစ္စရေးတို့ကို အရှုံးကြီး ရှုံးသွားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်ထံမှ နယ်မြေများ၊ ဆီးရီးယားထံမှ ဂိုလန်ကုန်းမြင့်၊ ဂျော်ဒန်ထံမှ မြစ်အနောက်ဘက်ကမ်း၊ အီဂျစ်ထံမှ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာကမ်းမြှောင်တို့ကို သိမ်းပိုက် ရရှိသွားပါတယ်။

အာရပ်တို့ဘက်က တင့်ကား ၇၀၀ ကျော်၊ စစ်လေယာဉ် ၄၀၀ နီးပါး ဖျက်ဆီးခံရပြီး အီဂျစ်တစ်နိုင်ငံတည်းတင် စစ်သား ၁၅,၀၀၀ ခန့်သေဆုံး သို့မဟုတ် ပျောက်ဆုံး၊ နောက်ကွယ် လက်မည်းကြီးများဖြစ်တဲ့ အမေရိကန်၊ ဆိုဗီယက်တပ်ဖွဲ့ဝင်အချို့နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်အချို့ပါ သေဆုံးခဲ့ရပါတယ်။ စစ်ပွဲ ဦးဆောင်သူ အီဂျစ်သမ္မတ “ဂါမယ်နာဆာ” တစ်ယောက် အရှက်တွေ ဗြန်းဗြန်းကွဲပြီး ရာထူးက နှုတ်ထွက် လိုက်ပြီလို့ ကြေညာရတဲ့ ဖြစ်ခဲ့ရပါတယ်။ဒါဆိုရင် အာရပ်-အစ္စရေး စစ်ပွဲတွေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန် နည်းဗျူဟာတွေ ပါဝင်နေခဲ့ပါသ လား၊ စစ်ပွဲတွေမှာ အောက်လမ်းအစီအရင်တွေ မှော်ပညာတွေ အသုံးချနေကြပါသလား။

ထေရဝါဒ ဗုဒ္ဓဘာသာမှာ ပြိတ္တာ အသူရကာယ် တမလွန်ဘုံသားတွေကို လက်ခံကြတာကြောင့် အောက်လမ်း-အထက်လမ်းပညာတွေလဲ ကျွဲကူးရေပါ အလိုလို ပါဝင်နေပါတယ်။ ပုဂံခေတ် အနော်ရထာဘုရင်က စစ်တိုက်တဲ့အခါ အနိုင်ရအောင် သူတို့ကူညီပါ့မယ်လို့ အဲဒီအချိန် နတ်တွေက ကတိပေးသတဲ့၊ ဒါပေမဲ့ စစ်ရှုံးသွားလို့ ဘုရင်က စိတ်ဆိုးပြီး တိုင်းပြည်အတွင်း ရှိသမျှ နတ်ကွန်းတွေ အကုန်ဖျက် ဘုရားကျောင်းတစ်ခုအတွင်း စုပုံထားစေ အမိန့်ထုတ်တာကြောင့် “နတ်လှောင်ကျောင်း” ဖြစ်လာရကြောင်း ပါးစပ်ရာဇဝင် မူကွဲရှိနေပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့အများဆုံးဖြစ်ယုံမက မက်သာအမ်ဖက်တမင်း စိတ်ကြွဆေး အများဆုံးထွက်ရှိရာ ကျွန်တော်တို့နိုင်ငံမှာ စစ်တိုက်သူများကြား မူးယစ်ဆေးအသုံးပြုတယ်ဆိုရင် ဖြစ်နိုင်စရာရှိပါတယ်။ ဝမ်းတွင်းကလီစာတွေ ထွက်ကျနေတာတောင် ရှေ့ဆက်တိုးလာတယ်ဆိုသူတွေ၊ သွားတွေ မျက်လုံးတွေ နီရဲပြီး ဇွန်ဘီးလို ဖြစ်နေသူတွေ၊ ကိုယ်လုံးတီးနဲ့ အသိစိတ်ပျောက်နေသူ အမျိုးသမီးငယ်တွေ၊ ကျည်ထိတာတောင် ပါးစပ်က အော်ဟစ်မပျက်ပဲ ရှေ့ဆက်ပြေးနေတုန်း ဆိုတာတွေလဲ အလေးအနက် စဉ်းစားစရာကောင်းပါတယ်။

ဒါပေမဲ့ အာရပ်-အစ္စရေး ၆-ရက် စစ်ပွဲမှာ ဂျူးတွေ အသုံးချသွားတာက Psychological Warfare ခေါ် “ စိတ်လှည့်စား၍ အနိုင်ယူခြင်း“ နည်းဗျူဟာ၊ Psychological Operation ရန်သူ့စိတ်ကို လွှမ်းမိုးစေခြင်းဖြင့် စစ်ခင်းသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို မျက်မှောက်ခေတ် စစ်ပွဲများတွင်သာမက နိုင်ငံရေး-လူမှုရေးအခြေအနေအမျိုးမျိုးမှာလည်း အသုံးပြုကြနေကြပါတယ်။ အာရပ်-အစ္စရေးပဋိပက္ခမှာ ဝါဒဖြန့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ခင်းခြင်းများကို အစ္စရေးတို့သာမက ပါလက်စတိုင်း ဟားမတ်စ်တို့လည်း အသုံးချခဲ့/အသုံးချနေ ဆဲဖြစ်ကြောင်း အခိုင်အမာတွေ့ရှိရတယ်လို့ အစီရင်ခံစာများ စာအုပ်စာတန်းပေါင်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

အာရပ်-အစ္စရေးပဋိပက္ခမှာ နှစ်ဘက်အသုံးပြုခဲ့တဲ့ Psychological Warfare အချို့ကို ဥပမာပေးရရင်
(၁) မိမိတို့၏ လူ/လက်နက် အင်အားနှင့် စစ်စွမ်းရည်ကို အဆမတန် မြှင့်တင်ဖော်ပြခြင်းဖြင့် ရန်သူအထင်ကြီး လာစေရန် ဖန်တီးခြင်း
(၂) ရန်သူတို့ စိတ်ပျက်တုန်လှုပ်စေမယ့် စာရွက်စာတမ်းများ၊ မိမိတို့မှာ စစ်အင်အား ဘယ်လောက်ကြီးမားပြီး တစ်ဖက်ရဲ့ အားနည်းချက်များကို ဥပမာ အာရဗီ ဒါမှမဟုတ် ဟီးဘရူးဘာသာဖြင့် ရေးသားပြီး လေယာဉ်ဖြင့် ကြဲချခြင်း၊ ယခုနောက်ပိုင်း လက်ကိုင်ဖုန်းများသို့ စာတိုပေးပို့ခြင်း
(၃) အသံပေး ခြောက်လှန့်ခြင်း၊ စစ်မြေပြင်မှာ ရန်သူစစ်သားများကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးဖို့အတွက် လက်ကိုင်အသံချဲ့ စက်ဖြင့် အော်ဟစ်ပြောဆိုခြင်း၊ လက်နက်ချရန် တိုက်တွန်းခြင်း၊ (ကမ္ဘာ့ အခြားဖြစ်စဉ်များ တွင် အနီးဝန်းကျင် အရပ်သား ကျားမ ကလေးလူကြီး မရွေး သေနတ်ပြ ခြိမ်းခြောက်ခေါ်လာပြီး ရန်သူ့စခန်း အနီး အသံအမျိုးမျိုး ဖြင့် လက်နက်ချရန် နေ့ည မပြတ် အော်ဟစ်စေခြင်း)
(၄) ယောင်ပြတိုက်ခိုက်ခြင်းနှင့် အောင်ပွဲအတုများ ဖန်တီးခြင်း။ နေရာအချို့မှာ ထိတွေ့မှု ဖြစ်ယုံ ပစ်ပြေး ပြုလုပ်ပြီး တိုက်ပွဲ မရှိပဲ ရှိလေဟန် ဖန်တီးခြင်းဖြင့် ရန်သူစစ်သားတို့ကို စိတ်ပူပန် အနားယူချိန် မရအောင် ဖန်တီးခြင်း၊
(၅) အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုခြင်း၊ အဲဒီနည်းလမ်းဟာ ကမ္ဘာ့လူဦးရေ ၆၆% (သန်း ၅၃၀၀) ခန့် က အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုနေတဲ့ ခေတ်ကြီးမှာ အထိရောက်ဆုံးဖြစ်ပါတယ်။ သတင်းမီဒီယာ အမည်ခံများ၊ အခကြေးငွေ ထောက်ပံ့ထားတဲ့ လက်ပါးစေများကို အသုံးချပြီး သတင်းအမှားများ၊ လံကြုပ်သ တင်းများကို ဖြန့်ဝေနိုင်ပါတယ်။ အများပြည်သူခမျာ ဘူမသိ-ကိုးမသိနဲ့ ကိုယ့်ဖုန်းဘေ ကိုယ့်ဖာသာအကုန်ခံ ရင်း ဝါဒဖြန့်မှုရဲ့ သားကောင်ဖြစ်ရပါတယ်။

လူရဲ့စိတ်ဟာ အင်မတန် သတ်မှတ်ရခက်ခဲပါတယ်။ လူဟာ မွေးရာပါ ရှင်သန်ရုန်းကန်ခြင်း ဗီဇပါသူများ ဖြစ်ပါတယ်။ သတင်းကောင်းထက် အနိဋ္ဌာရုံသတင်းကို ပိုပြီး စိတ်ဝင်စားလွယ်တတ်တဲ့အတွက် အဆိုးသတင်း တွေဟာ ပိုပြီး ပျံ့နှံံလွယ်ပါတယ်။ ဒီနေရာမှာ အမှားတစ်ခုကို အကြိမ်ကြိမ်အဖန်ဖန် ကြားရတဲ့အခါ အမှန်အဖြစ် လက်ခံယုံကြည်သွားတတ်ပါတယ်။ အဲ့ဒါကို Illusory Truth Effect လို့ စိတ်ပညာအရ သတ်မှတ်ကြပါတယ်။

သတင်းတစ်ခုကို ပထမအကြိမ်ကြားရတဲ့အခါ တစ်စုံတစ်ရာ ဝေဖန်ဆန်းစစ်ခြင်း မရှိပဲ လက်ခံယုံကြည်နိုင်ခြေ ၃၀% မှ ၄၀% တောင် ရှိပြီးသားဖြစ်ပါတယ်။ ဒုတိယအကြိမ် ထပ်မံကြားရတဲ့အခါ ယုံကြည်နိုင်ခြေ ၅၀%- ၆၀% အထိ တိုးမြင့်လာပြီး တတိယအကြိမ် ထပ်ကြားရမယ်ဆိုရင်တော့ ၇၀% မှ ၈၀ % ဖြစ်သွားရပါတယ်။ လူတစ်ဦးချင်းစီရဲ့ မူလဗဟုသုတ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင် အခြေ အနေအရ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် သတင်းတု-သတင်းမှား-နားလည်မှုလွဲစေတဲ့သတင်း ဖြစ် သည့်တိုင် အကြိမ်ကြိမ် အခါခါ ထုတ်လွှင့်နိုင်ရင် အတော် အကျိုးရှိ ထိရောက်တယ်လို့ ပြောရပါလိမ့်မယ်။

ကမ္ဘာ့သတင်းမီဒီယာလောကမှာ အနောက်နိုင်ငံတို့က အုပ်စီးထားပြီး အစ္စရေးဟာ အဲဒီ နာမည်ကြီး သတင်းမီဒီယာများနဲ့ ရင်းနှီးပါတယ်။ သတင်းမီဒီယာကို အသုံးချခြင်းဖြင့် သူတို့လုပ်ရပ်ဟာ တရားမျှတကြောင်း၊ ထောက်ခံသူ မည်မျှရှိပြီး ဂုဏ်ယူဖွယ် ဖြစ်ကြောင်း တစ်ဖက်ရဲ့ ထိုးနှက်ချက်တို့ကို ဖြေလျော့နိုင်စွမ်း ရှိပါတယ်။ စစ်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေမျိုးမှာ ကြားသိရသူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုဖြစ်စေပါတယ်။ အာ ရပ်တို့ဘက်မှာလည်း သူတို့အသံကို ဖော်ပြပေးမယ့် မွတ်စလင်မီဒီယာများရှိနေပေမယ့် အစ္စရေးလောက်တော့ လူသိမများလှပါဘူး။

စိတ်ပိုင်းဆိုင်ရာ လှည့်စားအနိုင်ယူခြင်း နည်းဗျူဟာကို Mind Games “စိတ်ဖြင့် ကစားခြင်း”၊ Deception “ပရိယာယ်သုံးခြင်း” Manipulation “ကြိုးကိုင် ခြယ်လှယ်ခြင်း” စသည်ဖြင့် အမျိုးမျိူး ခေါ်ဆိုကြပြီး Hybrid warfare ခေါ် သမားရိုးကျစစ်မှာ အမျိုးမတူတဲ့နည်းလမ်းများကို ရောနှော ထည့်သွင်းအသုံးပြုတဲ့ “မျိူးပေါုင်း စပ်စစ်” မှာ ထည့်သွင်းအသုံးပြုနေကြပါတယ်။အသေအချာ ပြန်စဉ်းစားကြည့်ရင် အဲဒီနည်းလမ်းဟာ တိုင်းပြည်တစ်ပြည်/တစ်ဦးတစ်ယောက်/တစ်အုပ်စု အပေါ် စစ်ပြုတယ်လို့ တိုက်ရိုက် မသတ်မှတ်နိုင်ပါဘူး၊ အဲ့ဒါတွေကို Gray Zone Tactic “မီးခိုးရောင် ဇုန်နည်းဗျူဟာလို့ သတ်မှတ်ကြပါတယ်။ အဲ့ဒါကြောင့် ကာကွယ်တားဆီးဖို့ အလွန်ခဲယဉ်းတတ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်ရန်သူက အောက်လမ်းနည်း မှော်ပညာ အစီအမံတွေ သုံးနေတယ်လို့ သံသယရှိတယ်ဆို တော့ အရှေ့တိုင်းသားပီပီ ကိုယ်ကလည်း သူတို့လို ပညာတွေ အစီအမံတွေနဲ့ တန်ပြန်ချေဖျက်လိုက်ပြီလို့ လက်အောက်ငယ်သား အားလုံးမကျန် သိအောင် လုပ်သင့်ကြောင်း၊ အမြန်ဆုံး လုပ်သင့် လုပ်ထိုက်တယ်လို့ အကြံပြုလိုပါတယ်။

zawgyi version
လက္ရွိျပည္တြင္းပဋိပကၡမွာ ေမွာ္ပညာ ေအာက္လမ္းအစီအရင္ေတြ အသုံးခ်ေနၾကပါသလား
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၉
မၾကာေသးမီက မိတ္ေဆြတစ္ေယာက္နဲ႔ အေတာ္ၾကာ စကားလက္ဆုံက်မိတယ္။ ျမန္မာျပည္အေနာက္ပိုင္းက်ဆုံးသြားတဲ့ ၿမိဳ႕႐ြာ/စခန္းေတြကို ျပန္ယူဖို႔ ေလာေလာဆယ္အခက္အခဲရွိမယ္ ထင္ေၾကာင္း၊ လက္ရွိျဖစ္ပြားေနတဲ့ အဲဒီဘက္ျပည္တြင္းပဋိပကၡေတြမွာ ကိုယ္တိုင္ပါဝင္တိုက္ခိုက္ခဲ့ၿပီး အသက္ရွင္လ်က္ ဆုတ္ခြာလာႏိုင္တဲ့ တပ္ဖြဲ႕ဝင္အခ်ိဳ႕က ေျပာဆိုေၾကာင္း၊ ဒီဘက္က ႀကဲခ်တဲ့ ဗုံးေတြဟာ ရန္သူ႔အေပၚ ထိေရာက္တယ္လို႔မရွိပဲ ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအခ်ိဳ႕လည္း ေပ်ာက္ ဆုံးသြားတယ္လို႔ သိရွိရေၾကာင္း၊ အဲဒီဘက္ ရန္သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ၾကတဲ့အခါ သူတို႔အင္အားက အမွန္တကယ္ ၂၀၀-၃၀၀ ေလာက္ရွိေပမယ့္ ဒီဘက္တပ္ဖြဲ႕ဝင္မ်ား မ်က္လုံးထဲမွာ အင္အားေထာင္ခ်ီတယ္လို႔ ျမင္ေနရေၾကာင္း၊ တကယ္တိုက္ၾကၿပီေဟ့ဆို ဒီဘက္တပ္ဖြဲ႕ ဝင္ေတြမွာ အလိုလို ေၾကာက္စိတ္ဝင္ သိမ္ငယ္သလိုလို ျဖစ္ေနတတ္တယ္လို႔ ေျပာသံၾကားရေၾကာင္း၊ ေအာက္လမ္းနည္း ေမွာ္ပညာအစီအမံေတြ ျဖစ္လိမ့္မယ္လို႔ မိတ္ေဆြက ဆိုပါတယ္။

အဲဒီအခါ အာရပ္-အစၥေရး ၆-ရက္စစ္ပြဲ ဂါဇာနဲ႔ဆိုင္းႏိုင္းကြၽန္းဆြယ္မွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ျဖစ္ရပ္မ်ားနဲ႔ အီဂ်စ္စစ္သားမ်ား အစုအပုံလိုက္ လက္နက္ခ်သြားတဲ့ ျဖစ္စဥ္အေၾကာင္း ငယ္ငယ္က လူႀကီးေတြ ေျပာၾကတာကို ကြၽန္ေတာ္ ျပန္လည္အမွတ္ရမိတယ္။ အင္အား ၅၀၀ ေလာက္ရွိတဲ့ အီဂ်စ္စစ္တပ္ဟာ သူတို႔ကို စင္းေရေထာင္ခ်ီတဲ့ အစၥေရး တင့္ကားတပ္ႀကီးက ဝိုင္းထားၿပီလို႔ ထင္ျမင္ၾကတဲ့အတြက္ အျပင္းအထန္ခုခံမေနပဲ အသာတၾကည္လက္နက္ခ်သြားျခင္းျဖစ္ပါတယ္။ အမွန္ေတာ့ အင္အား ၁၀၀-၁၅၀ ေလာက္သာရွိတဲ့ အစၥေရးစစ္သားမ်ားနဲ႔ ရင္ဆိုင္ရျခင္းသာျဖစ္ၿပီး အဲဒါမ်ိဳး ေနရာအေတာ္မ်ားမ်ားမွာ တစ္ႀကိမ္မက ျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

“ အဲဒီ ေျမဟာ ဂ်ဴးေတြကို ဘုရားသခင္က ေပးခဲ့တာဆိုေတာ့ အာရပ္ေတြ ဘယ္လိုပဲ ဝိုင္းတိုက္ပါေစ ဂ်ဴးေတြပဲ ႏိုင္မွာပါ” လို႔ အဲဒီအခ်ိန္ လူႀကီးတစ္ေယာက္ ေျပာဖူးတာ ကြၽန္ေတာ္ အမွတ္ရတယ္။ တိုတိုေျပာရရင္ ၁၉၆၇ခုႏွစ္ ဇြန္လ တတိယအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲဟာ ၆ရက္တည္းနဲ႔ အႏိုင္-အရႈံး အေျဖထြက္ခဲ့ၿပီး အဲဒီလို လွ်ိဳ႕ဝွက္ဆန္းၾကယ္ျဖစ္ရပ္မ်ားလည္း ပါဝင္ေနတယ္လို႔ ေျပာစမွတ္ရွိပါတယ္။ စုစုေပါင္း အင္အား ၄၆၀,၀၀၀ ရွိတဲ့ အာရပ္ေတြဟာ စစ္ေလ ယာဥ္ တင့္ကားအေရအတြက္မွာ သူတို႔ တစ္ဝက္ေတာင္ မရွိတဲ့ အစၥေရးတို႔ကို အရႈံးႀကီး ရႈံးသြားခဲ့ပါတယ္။ အစၥေရးစစ္တပ္ဟာ လက္ဘႏြန္ထံမွ နယ္ေျမမ်ား၊ ဆီးရီးယားထံမွ ဂိုလန္ကုန္းျမင့္၊ ေဂ်ာ္ဒန္ထံမွ ျမစ္အေနာက္ဘက္ကမ္း၊ အီဂ်စ္ထံမွ ဆိုင္းႏိုင္းကြၽန္းဆြယ္နဲ႔ ဂါဇာကမ္းေျမႇာင္တို႔ကို သိမ္းပိုက္ ရရွိသြားပါတယ္။

အာရပ္တို႔ဘက္က တင့္ကား ၇၀၀ ေက်ာ္၊ စစ္ေလယာဥ္ ၄၀၀ နီးပါး ဖ်က္ဆီးခံရၿပီး အီဂ်စ္တစ္ႏိုင္ငံတည္းတင္ စစ္သား ၁၅,၀၀၀ ခန႔္ေသဆုံး သို႔မဟုတ္ ေပ်ာက္ဆုံး၊ ေနာက္ကြယ္ လက္မည္းႀကီးမ်ားျဖစ္တဲ့ အေမရိကန္၊ ဆိုဗီယက္တပ္ဖြဲ႕ဝင္အခ်ိဳ႕နဲ႔ ကုလသမဂၢ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ပါ ေသဆုံးခဲ့ရပါတယ္။ စစ္ပြဲ ဦးေဆာင္သူ အီဂ်စ္သမၼတ “ဂါမယ္နာဆာ” တစ္ေယာက္ အရွက္ေတြ ျဗန္းျဗန္းကြဲၿပီး ရာထူးက ႏႈတ္ထြက္ လိုက္ၿပီလို႔ ေၾကညာရတဲ့ ျဖစ္ခဲ့ရပါတယ္။ဒါဆိုရင္ အာရပ္-အစၥေရး စစ္ပြဲေတြမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ သဘာဝလြန္ နည္းဗ်ဴဟာေတြ ပါဝင္ေနခဲ့ပါသ လား၊ စစ္ပြဲေတြမွာ ေအာက္လမ္းအစီအရင္ေတြ ေမွာ္ပညာေတြ အသုံးခ်ေနၾကပါသလား။

ေထရဝါဒ ဗုဒၶဘာသာမွာ ၿပိတၱာ အသူရကာယ္ တမလြန္ဘုံသားေတြကို လက္ခံၾကတာေၾကာင့္ ေအာက္လမ္း-အထက္လမ္းပညာေတြလဲ ကြၽဲကူးေရပါ အလိုလို ပါဝင္ေနပါတယ္။ ပုဂံေခတ္ အေနာ္ရထာဘုရင္က စစ္တိုက္တဲ့အခါ အႏိုင္ရေအာင္ သူတို႔ကူညီပါ့မယ္လို႔ အဲဒီအခ်ိန္ နတ္ေတြက ကတိေပးသတဲ့၊ ဒါေပမဲ့ စစ္ရႈံးသြားလို႔ ဘုရင္က စိတ္ဆိုးၿပီး တိုင္းျပည္အတြင္း ရွိသမွ် နတ္ကြန္းေတြ အကုန္ဖ်က္ ဘုရားေက်ာင္းတစ္ခုအတြင္း စုပုံထားေစ အမိန႔္ထုတ္တာေၾကာင့္ “နတ္ေလွာင္ေက်ာင္း” ျဖစ္လာရေၾကာင္း ပါးစပ္ရာဇဝင္ မူကြဲရွိေနပါတယ္။

ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ကမာၻ႔အမ်ားဆုံးျဖစ္ယုံမက မက္သာအမ္ဖက္တမင္း စိတ္ႂကြေဆး အမ်ားဆုံးထြက္ရွိရာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စစ္တိုက္သူမ်ားၾကား မူးယစ္ေဆးအသုံးျပဳတယ္ဆိုရင္ ျဖစ္ႏိုင္စရာရွိပါတယ္။ ဝမ္းတြင္းကလီစာေတြ ထြက္က်ေနတာေတာင္ ေရွ႕ဆက္တိုးလာတယ္ဆိုသူေတြ၊ သြားေတြ မ်က္လုံးေတြ နီရဲၿပီး ဇြန္ဘီးလို ျဖစ္ေနသူေတြ၊ ကိုယ္လုံးတီးနဲ႔ အသိစိတ္ေပ်ာက္ေနသူ အမ်ိဳးသမီးငယ္ေတြ၊ က်ည္ထိတာေတာင္ ပါးစပ္က ေအာ္ဟစ္မပ်က္ပဲ ေရွ႕ဆက္ေျပးေနတုန္း ဆိုတာေတြလဲ အေလးအနက္ စဥ္းစားစရာေကာင္းပါတယ္။

ဒါေပမဲ့ အာရပ္-အစၥေရး ၆-ရက္ စစ္ပြဲမွာ ဂ်ဴးေတြ အသုံးခ်သြားတာက Psychological Warfare ေခၚ “ စိတ္လွည့္စား၍ အႏိုင္ယူျခင္း“ နည္းဗ်ဴဟာ၊ Psychological Operation ရန္သူ႔စိတ္ကို လႊမ္းမိုးေစျခင္းျဖင့္ စစ္ခင္းသြားျခင္းျဖစ္ပါတယ္။ ဒီနည္းလမ္းေတြကို မ်က္ေမွာက္ေခတ္ စစ္ပြဲမ်ားတြင္သာမက ႏိုင္ငံေရး-လူမႈေရးအေျခအေနအမ်ိဳးမ်ိဳးမွာလည္း အသုံးျပဳၾကေနၾကပါတယ္။ အာရပ္-အစၥေရးပဋိပကၡမွာ ဝါဒျဖန႔္မႈနဲ႔ စိတ္ပိုင္းဆိုင္ရာ စစ္ခင္းျခင္းမ်ားကို အစၥေရးတို႔သာမက ပါလက္စတိုင္း ဟားမတ္စ္တို႔လည္း အသုံးခ်ခဲ့/အသုံးခ်ေန ဆဲျဖစ္ေၾကာင္း အခိုင္အမာေတြ႕ရွိရတယ္လို႔ အစီရင္ခံစာမ်ား စာအုပ္စာတန္းေပါင္းမ်ားစြာ ထြက္ေပၚခဲ့ပါတယ္။

အာရပ္-အစၥေရးပဋိပကၡမွာ ႏွစ္ဘက္အသုံးျပဳခဲ့တဲ့ Psychological Warfare အခ်ိဳ႕ကို ဥပမာေပးရရင္
(၁) မိမိတို႔၏ လူ/လက္နက္ အင္အားႏွင့္ စစ္စြမ္းရည္ကို အဆမတန္ ျမႇင့္တင္ေဖာ္ျပျခင္းျဖင့္ ရန္သူအထင္ႀကီး လာေစရန္ ဖန္တီးျခင္း
(၂) ရန္သူတို႔ စိတ္ပ်က္တုန္လႈပ္ေစမယ့္ စာ႐ြက္စာတမ္းမ်ား၊ မိမိတို႔မွာ စစ္အင္အား ဘယ္ေလာက္ႀကီးမားၿပီး တစ္ဖက္ရဲ႕ အားနည္းခ်က္မ်ားကို ဥပမာ အာရဗီ ဒါမွမဟုတ္ ဟီးဘ႐ူးဘာသာျဖင့္ ေရးသားၿပီး ေလယာဥ္ျဖင့္ ႀကဲခ်ျခင္း၊ ယခုေနာက္ပိုင္း လက္ကိုင္ဖုန္းမ်ားသို႔ စာတိုေပးပို႔ျခင္း
(၃) အသံေပး ေျခာက္လွန႔္ျခင္း၊ စစ္ေျမျပင္မွာ ရန္သူစစ္သားမ်ားကို စိတ္ပိုင္းဆိုင္ရာ ဖိအားေပးဖို႔အတြက္ လက္ကိုင္အသံခ်ဲ႕ စက္ျဖင့္ ေအာ္ဟစ္ေျပာဆိုျခင္း၊ လက္နက္ခ်ရန္ တိုက္တြန္းျခင္း၊ (ကမာၻ႔ အျခားျဖစ္စဥ္မ်ား တြင္ အနီးဝန္းက်င္ အရပ္သား က်ားမ ကေလးလူႀကီး မေ႐ြး ေသနတ္ျပ ၿခိမ္းေျခာက္ေခၚလာၿပီး ရန္သူ႔စခန္း အနီး အသံအမ်ိဳးမ်ိဳး ျဖင့္ လက္နက္ခ်ရန္ ေန႔ည မျပတ္ ေအာ္ဟစ္ေစျခင္း)
(၄) ေယာင္ျပတိုက္ခိုက္ျခင္းႏွင့္ ေအာင္ပြဲအတုမ်ား ဖန္တီးျခင္း။ ေနရာအခ်ိဳ႕မွာ ထိေတြ႕မႈ ျဖစ္ယုံ ပစ္ေျပး ျပဳလုပ္ၿပီး တိုက္ပြဲ မရွိပဲ ရွိေလဟန္ ဖန္တီးျခင္းျဖင့္ ရန္သူစစ္သားတို႔ကို စိတ္ပူပန္ အနားယူခ်ိန္ မရေအာင္ ဖန္တီးျခင္း၊
(၅) အင္တာနက္နဲ႔ လူမႈကြန္ရက္ အသုံးျပဳျခင္း၊ အဲဒီနည္းလမ္းဟာ ကမာၻ႔လူဦးေရ ၆၆% (သန္း ၅၃၀၀) ခန႔္ က အင္တာနက္နဲ႔ လူမႈကြန္ရက္ အသုံးျပဳေနတဲ့ ေခတ္ႀကီးမွာ အထိေရာက္ဆုံးျဖစ္ပါတယ္။ သတင္းမီဒီယာ အမည္ခံမ်ား၊ အခေၾကးေငြ ေထာက္ပံ့ထားတဲ့ လက္ပါးေစမ်ားကို အသုံးခ်ၿပီး သတင္းအမွားမ်ား၊ လံၾကဳပ္သ တင္းမ်ားကို ျဖန႔္ေဝႏိုင္ပါတယ္။ အမ်ားျပည္သူခမ်ာ ဘူမသိ-ကိုးမသိနဲ႔ ကိုယ့္ဖုန္းေဘ ကိုယ့္ဖာသာအကုန္ခံ ရင္း ဝါဒျဖန႔္မႈရဲ႕ သားေကာင္ျဖစ္ရပါတယ္။

လူရဲ႕စိတ္ဟာ အင္မတန္ သတ္မွတ္ရခက္ခဲပါတယ္။ လူဟာ ေမြးရာပါ ရွင္သန္႐ုန္းကန္ျခင္း ဗီဇပါသူမ်ား ျဖစ္ပါတယ္။ သတင္းေကာင္းထက္ အနိ႒ာ႐ုံသတင္းကို ပိုၿပီး စိတ္ဝင္စားလြယ္တတ္တဲ့အတြက္ အဆိုးသတင္း ေတြဟာ ပိုၿပီး ပ်ံ႕ႏွံံလြယ္ပါတယ္။ ဒီေနရာမွာ အမွားတစ္ခုကို အႀကိမ္ႀကိမ္အဖန္ဖန္ ၾကားရတဲ့အခါ အမွန္အျဖစ္ လက္ခံယုံၾကည္သြားတတ္ပါတယ္။ အဲ့ဒါကို Illusory Truth Effect လို႔ စိတ္ပညာအရ သတ္မွတ္ၾကပါတယ္။

သတင္းတစ္ခုကို ပထမအႀကိမ္ၾကားရတဲ့အခါ တစ္စုံတစ္ရာ ေဝဖန္ဆန္းစစ္ျခင္း မရွိပဲ လက္ခံယုံၾကည္ႏိုင္ေျခ ၃၀% မွ ၄၀% ေတာင္ ရွိၿပီးသားျဖစ္ပါတယ္။ ဒုတိယအႀကိမ္ ထပ္မံၾကားရတဲ့အခါ ယုံၾကည္ႏိုင္ေျခ ၅၀%- ၆၀% အထိ တိုးျမင့္လာၿပီး တတိယအႀကိမ္ ထပ္ၾကားရမယ္ဆိုရင္ေတာ့ ၇၀% မွ ၈၀ % ျဖစ္သြားရပါတယ္။ လူတစ္ဦးခ်င္းစီရဲ႕ မူလဗဟုသုတ၊ စိတ္ပိုင္းဆိုင္ရာအေျခအေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ ပတ္ဝန္းက်င္ အေျခ အေနအရ အမ်ိဳးမ်ိဳး ကြဲျပားႏိုင္ပါတယ္။ ဒါေပမယ့္ သတင္းတု-သတင္းမွား-နားလည္မႈလြဲေစတဲ့သတင္း ျဖစ္ သည့္တိုင္ အႀကိမ္ႀကိမ္ အခါခါ ထုတ္လႊင့္ႏိုင္ရင္ အေတာ္ အက်ိဳးရွိ ထိေရာက္တယ္လို႔ ေျပာရပါလိမ့္မယ္။

ကမာၻ႔သတင္းမီဒီယာေလာကမွာ အေနာက္ႏိုင္ငံတို႔က အုပ္စီးထားၿပီး အစၥေရးဟာ အဲဒီ နာမည္ႀကီး သတင္းမီဒီယာမ်ားနဲ႔ ရင္းႏွီးပါတယ္။ သတင္းမီဒီယာကို အသုံးခ်ျခင္းျဖင့္ သူတို႔လုပ္ရပ္ဟာ တရားမွ်တေၾကာင္း၊ ေထာက္ခံသူ မည္မွ်ရွိၿပီး ဂုဏ္ယူဖြယ္ ျဖစ္ေၾကာင္း တစ္ဖက္ရဲ႕ ထိုးႏွက္ခ်က္တို႔ကို ေျဖေလ်ာ့ႏိုင္စြမ္း ရွိပါတယ္။ စစ္ပြဲနဲ႔ပတ္သက္တဲ့ အေျခအေနမ်ိဳးမွာ ၾကားသိရသူတို႔အတြက္ စိတ္ပိုင္းဆိုင္ရာ ယုံၾကည္မႈျဖစ္ေစပါတယ္။ အာ ရပ္တို႔ဘက္မွာလည္း သူတို႔အသံကို ေဖာ္ျပေပးမယ့္ မြတ္စလင္မီဒီယာမ်ားရွိေနေပမယ့္ အစၥေရးေလာက္ေတာ့ လူသိမမ်ားလွပါဘူး။

စိတ္ပိုင္းဆိုင္ရာ လွည့္စားအႏိုင္ယူျခင္း နည္းဗ်ဴဟာကို Mind Games “စိတ္ျဖင့္ ကစားျခင္း”၊ Deception “ပရိယာယ္သုံးျခင္း” Manipulation “ႀကိဳးကိုင္ ျခယ္လွယ္ျခင္း” စသည္ျဖင့္ အမ်ိဳးမ်ိဴး ေခၚဆိုၾကၿပီး Hybrid warfare ေခၚ သမား႐ိုးက်စစ္မွာ အမ်ိဳးမတူတဲ့နည္းလမ္းမ်ားကို ေရာေႏွာ ထည့္သြင္းအသုံးျပဳတဲ့ “မ်ိဴးေပါုင္း စပ္စစ္” မွာ ထည့္သြင္းအသုံးျပဳေနၾကပါတယ္။အေသအခ်ာ ျပန္စဥ္းစားၾကည့္ရင္ အဲဒီနည္းလမ္းဟာ တိုင္းျပည္တစ္ျပည္/တစ္ဦးတစ္ေယာက္/တစ္အုပ္စု အေပၚ စစ္ျပဳတယ္လို႔ တိုက္႐ိုက္ မသတ္မွတ္ႏိုင္ပါဘူး၊ အဲ့ဒါေတြကို Gray Zone Tactic “မီးခိုးေရာင္ ဇုန္နည္းဗ်ဴဟာလို႔ သတ္မွတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္ ကာကြယ္တားဆီးဖို႔ အလြန္ခဲယဥ္းတတ္ပါတယ္။

ဒါေပမဲ့ တစ္ဖက္ရန္သူက ေအာက္လမ္းနည္း ေမွာ္ပညာ အစီအမံေတြ သုံးေနတယ္လို႔ သံသယရွိတယ္ဆို ေတာ့ အေရွ႕တိုင္းသားပီပီ ကိုယ္ကလည္း သူတို႔လို ပညာေတြ အစီအမံေတြနဲ႔ တန္ျပန္ေခ်ဖ်က္လိုက္ၿပီလို႔ လက္ေအာက္ငယ္သား အားလုံးမက်န္ သိေအာင္ လုပ္သင့္ေၾကာင္း၊ အျမန္ဆုံး လုပ္သင့္ လုပ္ထိုက္တယ္လို႔ အႀကံျပဳလိုပါတယ္။

Picture

Win Lwin

19/02/2025 20:37

ကြောက်စိတ် သို့မဟုတ် ဆေးကြောင်တာဖြစ်ပါမယ်။ အောက်လမ်းနည်း မဖြစ်နိုင်ပါဘူး။

Related news

© 2021. All rights reserved.