ဘင်္ဂလားဒေ့ရှ်လူငယ်များအား စစ်သင်တန်းပေးရန် အဆိုပြု

 642

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လောလောဆယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများမှာ လူငယ်များကို ပါဝင်စေရန် ရည်ရွယ်ပြီး စနစ်တကျ စစ်ရေးလေ့ကျင့်မှုကို စတင်ဖော်ဆောင်သင့်ပြီ ဖြစ်ကြောင်း၊ ဒါကာမြို့ အိုစမာနီခန်းမ ဒုတိယမြို့တော်ဝန်များ ညီလာခံကျင်းပစဉ် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်တပ်ဌာနချုပ်များနဲ့ ပတ်သက်ပြီး ဆွေေးနွးတဲ့အခါ ယခုလို အဆိုတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်တယ်လို့ “ဘစ်ဇင်းနက်စ် အင်ဆိုက်ဒါး”က ဖေဖော်ဝါရီလ ၁၈ ရက်မှာရေးပါတယ်။

အဲဒီလို အဆိုတင်သွင်းမှုရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော် အတိုင်ပင်ခံ အငြိမ်းစား ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဟာဖီးဇ်က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပြပါတယ်။ အရပ်ဘက်- စစ်ဘက်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ဒုတိယမြို့တော်ဝန်များက မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ အရပ်ဘက်အရာရှိများအတွက် ချမှတ်ပေးနေတဲ့ ဌာနဆိုင်ရာအဆင့် လမ်းညွှန်မှုများကို ချဲ့ထွင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးနဲ့ စစ်တပ်အကြား နားလည်မှု ပိုမိုခိုင်မာလာစေရန် အစီအစဉ် ရှိ-မရှိ သိရှိလိုခြင်းဖြစ်ကြောင်း၊

လူငယ်များအတွက် စံနစ်တကျ စစ်ရေးလေ့ကျင့်မှုစနစ်ကို စီစဉ်ပေးနိုင်ရန် ရှိ-မရှိ ဆိုသည်ကိုလည်း မေးမြန်းခဲ့ကြကြောင်း၊ အဲ့ဒီလို လေ့ကျင့်ပေးခြင်းအားဖြင့် လူငယ်တွေအနေနဲ့ စစ်အလေ့အကျင့်များ ရရှိနိုင်ပြီး နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများမှာ တက်တက်ကြွကြွ ပါဝင်နိုင်လိမ့်မယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီးက ရှင်းပြပါတယ်။ ဒုတိယမြို့တော်ဝန်များရဲ့ အကြံပြုချက်များမှာ ဝေးလံခေါင်ဖျားဒေသများအတွက် လုံခြုံရေး ဆောင်ရွက်ရန်လည်း ပါဝင်ကြောင်း၊ အဲ့ဒီဒေသများမှာ အင်အားအလုံအလောက် စုစည်းထားရန် လိုအပ်ပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေတယ်လို့ သိရှိရကြောင်း၊ ဘင်္ဂလားဒေ့ရှ် ရေတပ်မတော်အနေနဲ့လည်း မြစ်များအတွင်း သယံဇာတ ကာကွယ်ရေးမှာ အရပ်ဘက်အုပ်ချုပ်ရေးကို ဘယ်လိုကူညီနိုင်မယ်ဆိုသည်ကိုလည်း ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် ငါးသလောက် ငါးသယံဇာတ ကာကွယ်ရေးအတွက် ဖြစ်ကြောင်း၊ (နိုင်ငံအရှေ့ပိုင်း) တောင်တန်းဒေသများမှာ ကူကီး-ချင်းမျိုးသားတပ်ဦးရဲ့ အကြမ်းဖက်လှုပ်ရှားမှုကြောင့် ခရီးသွားလုပ်ငန်းအပေါ် ပြင်းထန်စွာ ထိခိုက်ခဲ့ရကြောင်း၊ ဒီအတွက် ဒေသခံလူငယ်များအကြား အလုပ်လက်မဲ့ ပြဿနာကို ဖြစ်ပေါ်စေပြီး သူတို့ကို တိုက်ချင်ခိုက်ချင်စိတ်ဖြစ်လာအောင် လှုံဆော်ပေးသလို ဖြစ်နေကြောင်း၊ နိုင်ငံတော်က အဲ့ဒီ ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုထာလည်း မေးမြန်းခဲ့ကြကြောင်း၊ ဒီအတွက် “အန်ဆာ” နဲ့ ကျေးရွာကာကွယ်ရေးပါတီများ ရှိနေပြီး ပြည်နယ်နဲ့ မြို့နယ်အသီးသီးမှာ လူငယ်များကို လေ့ကျင့်ပေးရန် စီစဉ်နေတယ်လို့ ပြန်လည်ဖြေကြားတဲ့အခါ အဲ့ဒီအစီအစဉ်ကို ချဲ့ထွင်ဖို့အတွက် ဒုတိယမြိုံတော်ဝန်တစ်ဦးက အကြုံပြုကြောင်း၊ ဒါပေမဲ့ အဲဒီလို တိုးချဲ့ဖို့ဆိုတာ နိုင်ငံရေးဆုံးဖြတ်ချက်ရရှိဖို့လိုအပ်ပြီး ဘဏ္ဍာရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊ အစိုးရပိုင်းက ညွှန်ကြားချက်ပေးမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်တပ်မတော်အနေနဲ့ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိတယ်လို့ အဗ္ဗဒူလ်ဟာဖီးဇ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက “အော့ပရေရှင်း ဒက်ဗီလ်ဟန့်" Operation Devil Hunt ( မာရ်နတ် အမဲလိုက် စစ်ဆင်ရေး)ကို ဆင်နွှဲနေပါတယ်။ ဥပဒေစိုးမိုးမှုအောက်မှာ စည်းကမ်းတကျ နေထိုင်ရေးကို အာမခံပြီး အကြမ်းဖက်မှုများ တိုက်ဖျက်ရေးဖြစ်ပါတယ်။ ဂျာဇီပူရ်အဓိကရုန်း အကြမ်းဖက်မှုများအပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာစတင်ခဲ့တဲ့ အထူးစစ်ဆင်ရေးဖြစ်ပြီး ပထမ ၃ ရက်အတွင်း လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆင်ရေးဟာ ခါလီဒါဇီယာရဲ့ BNP ပါတီက သဘောထားအမြင်ကွဲလွဲသူများကို နှိပ်ကွပ်ရန်ဖြစ်ပြီး၊ ယခင် ရှိတ်ဟာစီနာအစိုးရနဲ့ အဝါမီလိဂ်ပါတီခေါင်းဆောင်များကို မမှန်မကန် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခြင်း၊ နေအိမ်များကို တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေတယ်လို့ ဝေဖန်ခြင်းခံရပါတယ်။

အဲဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး (ရှိတ်ဟာစီနာ ဖယ်ရှားရေး လူထုအုံကြွမှုမှာ) လက်နက် ၆,၀၀၀ ခန့် လုယူခံခဲ့ကြောင်း၊ ၎င်းတို့အနက် လေးပုံသုံးပုံခန့်ကို ပြန်လည်ရယူနိုင်ခဲ့ပေမယ့် ကျည်ဆန် ၂၅၀,၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း၊ ကျန်လက်နက်များကို လုပ်ငန်းဆောင်ရွက်ရင်း ဆက်လက်သိမ်းဆည်းနိုင်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တပ်မတော် အကြံပေးအငြိမ်းစားဗိုလ်ချုပ်ကြီးက သတင်းထောက်တွေကို ပြောပြပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္လူငယ္မ်ားအား စစ္သင္တန္းေပးရန္ အဆိုျပဳ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၉

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ေလာေလာဆယ္ ကာကြယ္ေရးဆိုင္ရာ လုပ္ငန္းမ်ားမွာ လူငယ္မ်ားကို ပါဝင္ေစရန္ ရည္႐ြယ္ၿပီး စနစ္တက် စစ္ေရးေလ့က်င့္မႈကို စတင္ေဖာ္ေဆာင္သင့္ၿပီ ျဖစ္ေၾကာင္း၊ ဒါကာၿမိဳ႕ အိုစမာနီခန္းမ ဒုတိယၿမိဳ႕ေတာ္ဝန္မ်ား ညီလာခံက်င္းပစဥ္ ကာကြယ္ေရး ဝန္ႀကီးဌာန၊ စစ္တပ္ဌာနခ်ဳပ္မ်ားနဲ႔ ပတ္သက္ၿပီး ေဆြေးႏြးတဲ့အခါ ယခုလို အဆိုတစ္ရပ္ ေပၚေပါက္လာျခင္း ျဖစ္တယ္လို႔ “ဘစ္ဇင္းနက္စ္ အင္ဆိုက္ဒါး”က ေဖေဖာ္ဝါရီလ ၁၈ ရက္မွာေရးပါတယ္။

အဲဒီလို အဆိုတင္သြင္းမႈရွိခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္တပ္မေတာ္ အတိုင္ပင္ခံ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး အဗၺဒူလ္ဟာဖီးဇ္က အစည္းအေဝးအၿပီးမွာ သတင္းေထာက္ေတြကို ေျပာျပပါတယ္။ အရပ္ဘက္- စစ္ဘက္ပူးေပါင္း ေဆာင္႐ြက္မႈ ျမႇင့္တင္ေရးနဲ႔ ပတ္သက္ၿပီး ဒုတိယၿမိဳ႕ေတာ္ဝန္မ်ားက ေမးခြန္းမ်ား ေမးျမန္းခဲ့ေၾကာင္း၊ အရပ္ဘက္အရာရွိမ်ားအတြက္ ခ်မွတ္ေပးေနတဲ့ ဌာနဆိုင္ရာအဆင့္ လမ္းၫႊန္မႈမ်ားကို ခ်ဲ႕ထြင္ၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးနဲ႔ စစ္တပ္အၾကား နားလည္မႈ ပိုမိုခိုင္မာလာေစရန္ အစီအစဥ္ ရွိ-မရွိ သိရွိလိုျခင္းျဖစ္ေၾကာင္း၊

လူငယ္မ်ားအတြက္ စံနစ္တက် စစ္ေရးေလ့က်င့္မႈစနစ္ကို စီစဥ္ေပးႏိုင္ရန္ ရွိ-မရွိ ဆိုသည္ကိုလည္း ေမးျမန္းခဲ့ၾကေၾကာင္း၊ အဲ့ဒီလို ေလ့က်င့္ေပးျခင္းအားျဖင့္ လူငယ္ေတြအေနနဲ႔ စစ္အေလ့အက်င့္မ်ား ရရွိႏိုင္ၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးလုပ္ငန္းမ်ားမွာ တက္တက္ႂကြႂကြ ပါဝင္ႏိုင္လိမ့္မယ္လို႔ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီးက ရွင္းျပပါတယ္။ ဒုတိယၿမိဳ႕ေတာ္ဝန္မ်ားရဲ႕ အႀကံျပဳခ်က္မ်ားမွာ ေဝးလံေခါင္ဖ်ားေဒသမ်ားအတြက္ လုံၿခဳံေရး ေဆာင္႐ြက္ရန္လည္း ပါဝင္ေၾကာင္း၊ အဲ့ဒီေဒသမ်ားမွာ အင္အားအလုံအေလာက္ စုစည္းထားရန္ လိုအပ္ၿပီး ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ စိန္ေခၚမႈမ်ား ရွိေနတယ္လို႔ သိရွိရေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ေရတပ္မေတာ္အေနနဲ႔လည္း ျမစ္မ်ားအတြင္း သယံဇာတ ကာကြယ္ေရးမွာ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ဘယ္လိုကူညီႏိုင္မယ္ဆိုသည္ကိုလည္း ေဆြးေႏြးခဲ့ၾကၿပီး အထူးသျဖင့္ ငါးသေလာက္ ငါးသယံဇာတ ကာကြယ္ေရးအတြက္ ျဖစ္ေၾကာင္း၊ (ႏိုင္ငံအေရွ႕ပိုင္း) ေတာင္တန္းေဒသမ်ားမွာ ကူကီး-ခ်င္းမ်ိဳးသားတပ္ဦးရဲ႕ အၾကမ္းဖက္လႈပ္ရွားမႈေၾကာင့္ ခရီးသြားလုပ္ငန္းအေပၚ ျပင္းထန္စြာ ထိခိုက္ခဲ့ရေၾကာင္း၊ ဒီအတြက္ ေဒသခံလူငယ္မ်ားအၾကား အလုပ္လက္မဲ့ ျပႆနာကို ျဖစ္ေပၚေစၿပီး သူတို႔ကို တိုက္ခ်င္ခိုက္ခ်င္စိတ္ျဖစ္လာေအာင္ လႈံေဆာ္ေပးသလို ျဖစ္ေနေၾကာင္း၊ ႏိုင္ငံေတာ္က အဲ့ဒီ ျပႆနာကို ဘယ္လို ေျဖရွင္းႏိုင္မယ္ဆိုထာလည္း ေမးျမန္းခဲ့ၾကေၾကာင္း၊ ဒီအတြက္ “အန္ဆာ” နဲ႔ ေက်း႐ြာကာကြယ္ေရးပါတီမ်ား ရွိေနၿပီး ျပည္နယ္နဲ႔ ၿမိဳ႕နယ္အသီးသီးမွာ လူငယ္မ်ားကို ေလ့က်င့္ေပးရန္ စီစဥ္ေနတယ္လို႔ ျပန္လည္ေျဖၾကားတဲ့အခါ အဲ့ဒီအစီအစဥ္ကို ခ်ဲ႕ထြင္ဖို႔အတြက္ ဒုတိယၿမိဳံေတာ္ဝန္တစ္ဦးက အႀကဳံျပဳေၾကာင္း၊ ဒါေပမဲ့ အဲဒီလို တိုးခ်ဲ႕ဖို႔ဆိုတာ ႏိုင္ငံေရးဆုံးျဖတ္ခ်က္ရရွိဖို႔လိုအပ္ၿပီး ဘ႑ာေရးအေျခအေနကိုလည္း ထည့္သြင္းစဥ္းစားရမွာျဖစ္ေၾကာင္း၊ အစိုးရပိုင္းက ၫႊန္ၾကားခ်က္ေပးမယ္ဆိုရင္ ဘဂၤလားေဒ့ရွ္တပ္မေတာ္အေနနဲ႔ အဲဒီအစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္ အဆင္သင့္ရွိတယ္လို႔ အဗၺဒူလ္ဟာဖီးဇ္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရက “ေအာ့ပေရရွင္း ဒက္ဗီလ္ဟန႔္" Operation Devil Hunt ( မာရ္နတ္ အမဲလိုက္ စစ္ဆင္ေရး)ကို ဆင္ႏႊဲေနပါတယ္။ ဥပေဒစိုးမိုးမႈေအာက္မွာ စည္းကမ္းတက် ေနထိုင္ေရးကို အာမခံၿပီး အၾကမ္းဖက္မႈမ်ား တိုက္ဖ်က္ေရးျဖစ္ပါတယ္။ ဂ်ာဇီပူရ္အဓိက႐ုန္း အၾကမ္းဖက္မႈမ်ားအၿပီး ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါရီ ၈ ရက္မွာစတင္ခဲ့တဲ့ အထူးစစ္ဆင္ေရးျဖစ္ၿပီး ပထမ ၃ ရက္အတြင္း လူေပါင္း ၂၀၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီစစ္ဆင္ေရးဟာ ခါလီဒါဇီယာရဲ႕ BNP ပါတီက သေဘာထားအျမင္ကြဲလြဲသူမ်ားကို ႏွိပ္ကြပ္ရန္ျဖစ္ၿပီး၊ ယခင္ ရွိတ္ဟာစီနာအစိုးရနဲ႔ အဝါမီလိဂ္ပါတီေခါင္းေဆာင္မ်ားကို မမွန္မကန္ စြပ္စြဲခ်က္မ်ားျဖင့္ တရားစြဲဆိုျခင္း၊ ေနအိမ္မ်ားကို တိုက္ခိုက္ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ေနတယ္လို႔ ေဝဖန္ျခင္းခံရပါတယ္။

အဲဒီစစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး (ရွိတ္ဟာစီနာ ဖယ္ရွားေရး လူထုအုံႂကြမႈမွာ) လက္နက္ ၆,၀၀၀ ခန႔္ လုယူခံခဲ့ေၾကာင္း၊ ၎တို႔အနက္ ေလးပုံသုံးပုံခန႔္ကို ျပန္လည္ရယူႏိုင္ခဲ့ေပမယ့္ က်ည္ဆန္ ၂၅၀,၀၀၀ ခန႔္ က်န္ရွိေနေသးေၾကာင္း၊ က်န္လက္နက္မ်ားကို လုပ္ငန္းေဆာင္႐ြက္ရင္း ဆက္လက္သိမ္းဆည္းႏိုင္မွာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္တပ္မေတာ္ အႀကံေပးအၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးက သတင္းေထာက္ေတြကို ေျပာျပပါတယ္။

Related news

© 2021. All rights reserved.