တရုတ်အစိုးရ ၏ စီစဉ်မှုဖြင့် ပြုလုပ်သော တပ်မတော် နှင့် TNLA အကြား ဆွေးနွေးမှုမှာ ရလာဒ်မထွက်ပဲ ပြီးဆုံးခဲ့

 1398

ပုံစာ။ ။ပုံဟောင်း
သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၉
တရုတ်အစိုးရ ၏ စီစဉ်မှုဖြင့် ယူနန်ပြည်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော် နှင့် TNLA အကြား ဆွေးနွေးမှုမှာ ရလာဒ်မထွက်ပဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နှစ်ဘက် ဆွေးနွေးရာတွင် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းလည်း ပါဝင်ခဲ့ပြီး နှစ်ဘက် ဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးရန် ခက်ခဲသောကြောင့် ၁၇ ရက် ညပိုင်းတွင် တွေ့ဆုံပွဲ ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ နှင့် ပတ်သက်၍ တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပဲ TNLA ဘက်က သတင်းထုတ်ပြန်ရာတွင် ၎င်းတို့ အနေဖြင့် နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။ နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန် အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် တို့ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
တ႐ုတ္အစိုးရ ၏ စီစဥ္မႈျဖင့္ ျပဳလုပ္ေသာ တပ္မေတာ္ ႏွင့္ TNLA အၾကား ေဆြးေႏြးမႈမွာ ရလာဒ္မထြက္ပဲ ၿပီးဆုံးခဲ့
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၉
တ႐ုတ္အစိုးရ ၏ စီစဥ္မႈျဖင့္ ယူနန္ျပည္နယ္တြင္ ျပဳလုပ္ခဲ့ေသာ တပ္မေတာ္ ႏွင့္ TNLA အၾကား ေဆြးေႏြးမႈမွာ ရလာဒ္မထြက္ပဲ ၿပီးဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေတြ႕ဆုံေဆြးေႏြးမႈကို ေဖေဖာ္ဝါရီလ ၁၆ ႏွင့္ ၁၇ ရက္တို႔တြင္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕ရွိ ဟိုင္ဂင္ေဟာ္တယ္တြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္ကာ တပ္မေတာ္ဘက္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကိုကိုဦး ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕ ႏွင့္ TNLA ဘက္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တားဂ်ဳတ္ဂ်ား ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ႏွစ္ဘက္ ေဆြးေႏြးရာတြင္ တ႐ုတ္အစိုးရ အထူးကိုယ္စားလွယ္ မစၥတာ တိန္႔ရွီကြၽင္းလည္း ပါဝင္ခဲ့ၿပီး ႏွစ္ဘက္ ေဆြးေႏြးမႈမ်ား အျပန္အလွန္ ျပဳလုပ္ခဲ့ေသာ္လည္း ေဆြးေႏြးရန္ ခက္ခဲေသာေၾကာင့္ ၁၇ ရက္ ညပိုင္းတြင္ ေတြ႕ဆုံပြဲ ၿပီးစီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေတြ႕ဆုံပြဲ ႏွင့္ ပတ္သက္၍ တပ္မေတာ္ဘက္က တစ္စုံတစ္ရာ သတင္းထုတ္ျပန္ျခင္း မရွိေသးပဲ TNLA ဘက္က သတင္းထုတ္ျပန္ရာတြင္ ၎တို႔ အေနျဖင့္ ႏွစ္ဖက္တပ္ ေရာက္ရွိသည့္ေနရာတြင္ ရပ္တန္႔ထားၿပီး အပစ္အခတ္ရပ္စဲရန္။ ႏွစ္ဖက္စလုံး ထိုးစစ္မ်ားျပဳလုပ္ျခင္း၊ ဒ႐ုန္းျဖင့္တိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ား ပစ္ခတ္ျခင္း၊ ေလယာဥ္ဗုံးႀကဲခ်ျခင္းအစရွိသည့္ စစ္ေရးလႈပ္ရွားမႈမ်ားအားလုံး ရပ္တန္႔ရန္၊ ႏွစ္ဖက္ထိန္းခ်ဳပ္နယ္ေျမေဒသမ်ားတြင္ ေဒသခံျပည္သူမ်ား စားဝတ္ေနေရးႏွင့္ ေဆးဝါးမ်ား သယ္ေဆာင္ႏိုင္ရန္ အတြက္ ျဖတ္သန္းသြားလာခြင့္ျပဳရန္ တို႔ကို ေတာင္းဆိုခဲ့ေၾကာင္း ေဖာ္ျပထားသည္။
သို႔ေသာ္ ႏွစ္ဖက္ညႇိႏႈိင္းေဆြးေႏြးမႈခက္ခဲသည့္အေျခအေနရွိေသာေၾကာင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအၾကား ေဆြးေႏြးျပင္ဆင္မႈမ်ား ျပဳလုပ္ၿပီးပါက ေနာက္ထပ္တစ္ႀကိမ္ျပန္လည္ေတြ႕ဆုံႏိုင္ရန္ တ႐ုတ္အစိုးရ အထူးကိုယ္စားလွယ္ မစၥတာ တိန္႔ရွီကြၽင္းက ဦးေဆာင္ေဆြးေႏြးၿပီး ေတြ႕ဆုံမႈကို အဆုံးသတ္ခဲ့သည္ဟု TNLA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.