ယူကရိန်းက စစ်ပွဲကို ဘယ်တော့မှ မစခဲ့သင့်ဘူးလို့ အမေရိကန်သမ္မတ ဝေဖန်

676

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ
ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှား-ယူကရိန်းစစ်ပွဲကို ဘယ်တော့မှမစခဲ့သင့်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဆော်ဒီအာရေးဗျမှာပြုလုပ်တဲ့ ရုရှား-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖိတ်ကြားမခံရတာနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က တိုင်ကြားချက်တွေထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့ပြင် ဘယ်တော့မှ မစခဲ့သင့်တဲ့ပဋိပက္ခကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး ဇီလန်စကီးကို စိတ်ပျက်မိ တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂ နဲ့ ယူကရိန်းတို့ ပါဝင်တာမျိုးမရှိတဲ့ ရုရှား-အမေရိကန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆော်ဒီအာရေးဗျနိုင်ငံမှာ ကျင်းပခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ဆွေးနွေးပွဲကို ဇီလန်စကီးက ပြစ်တင်ရှုတ်ချခဲ့ပြီး ထွက်ပေါ်လာတဲ့ရလဒ်မှန် သမျှကို ပယ်ချသွားမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဇီလန်စကီးက ဒီစစ်ပွဲကို ဘယ်တော့မှ မစသင့်ပါဘူး။ ဇီလန်စကီးဟာ ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံမှာ ရုရှားနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိပြီး ရုရှား-ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ၎င်းမှာအင်အားရှိတယ်လို့ ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။
Zawgyi Version:
ယူကရိန္းက စစ္ပြဲကို ဘယ္ေတာ့မွ မစခဲ့သင့္ဘူးလို႔ အေမရိကန္သမၼတေဝဖန္
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွား-ယူကရိန္းစစ္ပြဲကို ဘယ္ေတာ့မွမစခဲ့သင့္ဘူးလို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုလိုက္ပါတယ္။ ေဆာ္ဒီအာေရးဗ်မွာျပဳလုပ္တဲ့ ႐ုရွား-အေမရိကန္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို ဖိတ္ၾကားမခံရတာနဲ႔ပတ္သက္ၿပီး ယူကရိန္းဘက္က တိုင္ၾကားခ်က္ေတြထြက္ေပၚလာၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုေဝဖန္ေျပာဆိုလိုက္တာျဖစ္ပါတယ္။
ဒါ့ျပင္ ဘယ္ေတာ့မွ မစခဲ့သင့္တဲ့ပဋိပကၡကိုေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တာနဲ႔ပတ္သက္ၿပီး ဇီလန္စကီးကို စိတ္ပ်က္မိ တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။ ဥေရာပသမဂၢ နဲ႔ ယူကရိန္းတို႔ ပါဝင္တာမ်ိဳးမရွိတဲ့ ႐ုရွား-အေမရိကန္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ က်င္းပခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ က်င္းပခဲ့တဲ့ေဆြးေႏြးပြဲကို ဇီလန္စကီးက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ထြက္ေပၚလာတဲ့ရလဒ္မွန္ သမွ်ကို ပယ္ခ်သြားမယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဇီလန္စကီးက ဒီစစ္ပြဲကို ဘယ္ေတာ့မွ မစသင့္ပါဘူး။ ဇီလန္စကီးဟာ ဒီစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္ခဲ့သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ႐ုရွားနဲ႔အတူ လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲေတြဟာ ေကာင္းမြန္တဲ့အေျခအေနမွာရွိၿပီး ႐ုရွား-ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ၎မွာအင္အားရွိတယ္လို႔ ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာခဲ့ပါတယ္။