တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမယ့် ပထမဆုံးသမ္မတဖြစ်လာ

378

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ
ရာထူးကနေဖြုတ်ချခံရတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရ မယ့် တောင်ကိုရီးယားရဲ့ပထမဆုံးသမ္မတဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၃)ရက်မှာ ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပရေးဥပဒေကိုပြဠာန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေး ဥပဒေပြဠာန်းမှုကို နာရီပိုင်းအကြာမှာပဲ ပြန်လည်ရုတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၄)ရက်မှာ ယွန်ဆက်ယိုလ်ဟာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ယွန်ဆက်ယိုလ်ကို ဖမ်းဆီးဖို့အတွက် ဖမ်းဝရမ်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅)ရက် နံနက် (၁၀)နာရီ ၃ဝ မိနစ်အချိန်မှာ ထုတ်ပြန်ခဲ့တယ်လို့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး အဆင့်မြင့်အရာရှိများရုံး (CIO)က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ယွန်ဆက်ယိုလ်ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်ပေးခံရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယွန်ဆက်ယိုလ်ရဲ့အမှုကြားနားမှုကို ဖေဖော်ဝါရီ လ(၂၀)ရက် နံနက်(၁၀)နာရီအချိန်မှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္က ရာဇဝတ္မႈဆိုင္ရာ ႐ုံးတင္စစ္ေဆးမႈခံရမယ့္ ပထမဆုံးသမၼတျဖစ္လာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ရာထူးကေနျဖဳတ္ခ်ခံရတဲ့ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ ရာဇဝတ္မႈဆိုင္ရာ ႐ုံးတင္စစ္ေဆးမႈခံရ မယ့္ ေတာင္ကိုရီးယားရဲ႕ပထမဆုံးသမၼတျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပဌာန္းခဲ့တာနဲ႔ပတ္သက္ၿပီး စစ္ေဆးေမးျမန္းမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေတာင္ကိုရီးယားအာဏာပိုင္ေတြရဲ႕ဖမ္းဆီးထိန္းသိမ္းမႈကို ခံခဲ့ရတာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ(၃)ရက္မွာ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပေရးဥပေဒကိုျပဠာန္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရး ဥပေဒျပဠာန္းမႈကို နာရီပိုင္းအၾကာမွာပဲ ျပန္လည္႐ုတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၁၄)ရက္မွာ ယြန္ဆက္ယိုလ္ဟာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြကို ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ ယြန္ဆက္ယိုလ္ကို ဖမ္းဆီးဖို႔အတြက္ ဖမ္းဝရမ္းကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၁၅)ရက္ နံနက္ (၁၀)နာရီ ၃ဝ မိနစ္အခ်ိန္မွာ ထုတ္ျပန္ခဲ့တယ္လို႔ အက်င့္ပ်က္ျခစားမႈ စုံစမ္းစစ္ေဆးေရး အဆင့္ျမင့္အရာရွိမ်ား႐ုံး (CIO)က ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ဖမ္းဆီးခံခဲ့ရတဲ့ ယြန္ဆက္ယိုလ္ဟာ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ဒါမွမဟုတ္ ေသဒဏ္ေပးခံရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယြန္ဆက္ယိုလ္ရဲ႕အမႈၾကားနားမႈကို ေဖေဖာ္ဝါရီ လ(၂၀)ရက္ နံနက္(၁၀)နာရီအခ်ိန္မွာ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ဖစ္တယ္လို႔လည္း သိရပါတယ္။