ဩစတြေးလျနဲ့နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

 313

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ

AUKUS မိတ်ဖက်သဘောတူညီချက်အရ ဩစတြေးလျနဲ့ နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်မှုအတွက် အမေရိကန်နိုင်ငံကို မြောက်ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ AUKUS မိတ်ဖက်သဘောတူညီမှု၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို သတိထားသင့်တယ်လို့ မြောက်ကိုရီးယားအစိုးရက သတိပေးပြောခဲ့ပါတယ်။

အမေရိကန်နဲ့နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်အတွက် ဩစတြေးလျဟာ ပထမဆုံး အမေရိကန် ဒေါ်လာသန်း(၅၀၀)ပေးချေမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ AUKUS မိတ်ဖက်သဘောတူညီချက် အရ ဩစတြေးလျနိုင်ငံဟာ အမေရိကန်ရေငုပ်သင်္ဘောလုပ်ငန်းစွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ(၃)ဘီလျံ ပေးချေရမှာဖြစ်ပြီး အမေရိကန်က (၂၀၃၀)ခုနှစ်အစောပိုင်းမှာ Virginia-class နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေကို ဩစတြေးလျကို ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားကို အထင်မသေးဖို့နဲ့ ရန်စမှုတွေကို ငြိမ်ခံနေမှာမဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားက အမေရိကန်ကို သတိပေးပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ရဲ့ သုံးနိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချခဲ့ပြီး သင့်လျော်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဩစေၾတးလ်နဲ႔န်ဴကလီးယားေရငုပ္သေဘၤာ သေဘာတူညီခ်က္အတြက္ အေမရိကန္ကို ေျမာက္ကိုရီးယားအစိုးရ ေဝဖန္ျပစ္တင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ

AUKUS မိတ္ဖက္သေဘာတူညီခ်က္အရ ဩစေၾတးလ်နဲ႔ န်ဴကလီးယားေရငုပ္သေဘၤာသေဘာတူညီခ်က္မႈအတြက္ အေမရိကန္ႏိုင္ငံကို ေျမာက္ကိုရီးယားအစိုးရက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ AUKUS မိတ္ဖက္သေဘာတူညီမႈ၊ အေမရိကန္၊ ေတာင္ကိုရီးယား၊ ဂ်ပန္ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈတို႔နဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို သတိထားသင့္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက သတိေပးေျပာခဲ့ပါတယ္။

အေမရိကန္နဲ႔န်ဴကလီးယားေရငုပ္သေဘၤာသေဘာတူညီခ်က္အတြက္ ဩစေၾတးလ်ဟာ ပထမဆုံး အေမရိကန္ ေဒၚလာသန္း(၅၀၀)ေပးေခ်မႈကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ AUKUS မိတ္ဖက္သေဘာတူညီခ်က္ အရ ဩစေၾတးလ်ႏိုင္ငံဟာ အေမရိကန္ေရငုပ္သေဘၤာလုပ္ငန္းစြမ္းေဆာင္ရည္ေတြကို ျမႇင့္တင္ဖို႔အတြက္ အေမရိကန္ေဒၚလာ(၃)ဘီလ်ံ ေပးေခ်ရမွာျဖစ္ၿပီး အေမရိကန္က (၂၀၃၀)ခုႏွစ္အေစာပိုင္းမွာ Virginia-class န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာေတြကို ဩစေၾတးလ်ကို ေရာင္းခ်သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားကို အထင္မေသးဖို႔နဲ႔ ရန္စမႈေတြကို ၿငိမ္ခံေနမွာမဟုတ္ဘူးလို႔လည္း ေျမာက္ကိုရီးယားက အေမရိကန္ကို သတိေပးေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယား တို႔ရဲ႕ သုံးႏိုင္ငံစစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို အႀကိမ္ႀကိမ္ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး သင့္ေလ်ာ္တဲ့ လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.