ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့်စစ်မှုထမ်းကိစ္စ - အပိုင်း (၁)

702

ကိုနေ (ဥပဒေ) - ဖေဖော်ဝါရီ ၂ဝ
လွန်ခဲ့သောတစ်နှစ်နီးပါးခန့်က ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာသက်ရောက်စေသည့် အချိန်တွင် “ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုတာ အနှစ်သာရအားဖြင့် ဥပဒေဟုတ်ရဲ့လား”ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင် ပြခဲ့ဖူးသည်။ ဖတ်မိလိုက်သူများအနေဖြင့် ဆောင်းပါးထဲပါရှိခဲ့သည်များကို လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေမှုများနှင့် နှိုင်း ယှဉ်ကြည့်မိပြီးလောက်ပြီထင်သည်။ ယခု ဥပဒေတစ်ခု ပြဋ္ဌာန်းအာဏာတည်စေပြီးနောက် အဆိုပါ ဥပဒေကို အကောင် အထည်ဖော်ရန် နည်းဥပဒေလည်း ထပ်မံထွက်ရှိလာပြီးဖြစ်ရာ ယခုဆောင်းပါးကို ထပ်မံရေးသားမိပြန်သည်။ ယခု ဆောင်းပါးတွင်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေ/ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါအတိုင်း ဥပဒေရှုထောင့်ကနေ ရေးသားခြင်း သာဖြစ်သဖြင့် လက်တွေ့မြေပြင်တွင် အကောင်အ ထည်ဖော်နိုင်မှုရှုထောင့်ကကြည့်မည်ဆိုပါက အခက် အခဲအချို့မဟုတ်ဘဲ အခက်အခဲများစွာရှိနေမည်ကို အမှန်အတိုင်းဝန်ခံရမည်ဖြစ်ပြီး စာဖတ်သူများနား လည်စေရန် အလွယ်ကူဆုံး တတ်နိုင်သလောက် ရေးသားဖော်ပြမည်ဖြစ်ရာ အပိုင်းဆက်များဖြင့် ရေးသားဖော်ပြမှုကို နားလည် ပေးရန် တောင်းဆိုမိပါသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက် လာခဲ့ကြောင်းကို ပြန်ပြောင်းပြောရပါက (၂၀၁၀) ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ခုကို (၁၄)နှစ် ခန့်အကြာ (၂၀၂၄) ခုနှစ်တွင် စတင်အာဏာတည် ကြောင်း သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။ ခေတ်ကာလအခြေအနေများအရ လွန်ခဲ့သော(၁၄)နှစ်ခန့်က ဥပဒေတစ်ခုကို လက်ရှိကာလတွင် စတင်အာဏာတည် ကြောင်းသတ်မှတ်မှုမှာ ‘မပြေးသော် ကန်ရာရှိ’ ဆိုသလို ဥပဒေတွင် လိုအပ်ချက်များစွာရှိ နေပြီဖြစ်သည်။ ထင်သာမြင်သာရှိသည်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပုဒ်မ- ၂(စ)ပါ သာသနာ့ဝန်ထမ်းဆိုရာတွင် ဘာသာ တရားတစ်ခု မပါရှိသည်ကို မြင်တွေ့ရပေလိမ့်မည်။ ဥပဒေတစ်ခုသည် လူမျိုး/ ကိုးကွယ်မှုဘာသာများအပေါ် ခွဲခြားမှု မရှိစေရဘဲ နိုင်ငံသားများအားလုံးအပေါ်တွင် အကျိုးသက်ရောက်စေရမည်။ ဥပဒေတစ်ခုကို ပြဋ္ဌာန်းအာဏာတည် စေပြီးနောက် အဆိုပါဥပဒေကို အကောင်အထည်ဖော်ရန် နည်းဥပဒေပြဋ္ဌာန်းရသည်။ လိုအပ်ချက်တွေရှိနေသည့် ဥပဒေ တစ်ခုကို မည်သို့အကောင်အထည်ဖော်ရန် နည်းဥပဒေပြဋ္ဌာန်းလာမည် ကိုစောင့်မျှော်ခဲ့ရာ ဥပဒေကို အာဏာတည်စေပြီး နောက် တစ်နှစ်နီးပါးခန့်အကြာ နည်းဥပဒေထပ်မံ ထွက်ရှိလာခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပုဒ်မပေါင်း (၃၃)ခုပါရှိခဲ့ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများတွင် အပိုဒ်ပေါင်း (၅၉)ခုပါရှိလာသည်။ ထူးခြားမှုတစ်ခုအနေဖြင့် နည်းဥပဒေမထွက်လာခင်မှာပင် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ကင်းလွတ် ခွင့် (၅)ချက်၊ ရွှေ့ ဆိုင်းခွင့်(၆)ချက်များအပြင် သီးခြားထပ်မံကြေညာလာသည့် ကင်းလွတ်ခွင့်(၈)ချက်၊ လျှော့ ပေါ့ခွင့် (၃)ချက်၊ ရွှေ့ဆိုင်းခွင့်(၅)ချက်တို့မှာဦးစွာ ကြေညာလာ ခြင်းဖြစ်သည်။ အဆိုပါ ကင်းလွတ်ခွင့် စုစုပေါင်း(၁၃)ချက်၊ လျှော့ပေါ့ခွင့်(၃)ချက်နှင့် ရွှေ့ဆိုင်းခွင့်စုစု ပေါင်း(၁၁)ချက်တို့ကို နိုင်ငံပိုင်မီဒီယာများ/နိုင်ငံပိုင် သတင်းစာများမှလည်း ထုတ်ပြန်ကြေညာလျက်ရှိရာ စာဖတ်သူများအနေဖြင့် သိရှိထားရန် အင်မတန်အရေးကြီးသည်ကို ဆောင်းပါးကို ဆက် လက်ဖတ်ရှုရာမှ သိရှိလာပေလိမ့်မည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပုဒ်မပေါင်း (၃၃)ခု၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါ နည်းဥပဒေ (၅၉)ခုကို တစ်ခုချင်း စီရေးသားဖော်ပြခြင်းထက် ဥပဒေ/နည်းဥပဒေပါဆိုလိုရင်းများကို နားလည်လွယ် စေရန် ဖော်ပြရေးသားမည်ဖြစ်၍ နည်းဥပဒေ နောက်ဆက်တွဲပါ ပုံစံ(၁၃)ခုကို ဥပဒေ/နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်ယှဉ်တွဲလျက် ဖော်ပြရေးသား လိုက် ရပါသည်။
နည်းဥပဒေနောက်ဆက်တွဲပါ ပုံစံ(၁)သည် ---- ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်တွင် စစ်မှုထမ်းရမည့် အသက် အရွယ်ရောက်သူများ စာ ရင်းပုံစံဖြစ်သည်။ အဆိုပါ ပုံစံ(၁)သည် ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း နှစ်စဉ် ဒီဇင်ဘာလ (၃၁) ရက်ရောက်တိုင်း စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်သူများကို စာရင်းပြုစုရမည့်ပုံစံဖြစ်သည်။ အဆိုပါ ပုံစံ(၁)ကို မည်သူများပြုစု၍ မည်သူများထံ ပေးပို့ရမည်ဆိုလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၈၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ- ၁၆(က)(ခ) တို့ အရ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ကစာရင်းပြုစု၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်(သို့မဟုတ်) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်သည့်ရက်အရောက် မြို့နယ် ပြည်သူ့စစ် ထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ ပေးပို့ရမည်ဖြစ်သည်။
အဆိုပါ ပုံစံ(၁) ---- ခုနှစ် ဒီဇင်ဘာ (၃၁)ရက်တွင်စစ်မှုထမ်းရမည့် အသက်အရွယ်ရောက် သူများစာရင်းတွင် မည်သို့သောသူများကိုကောက် မည်နည်းဆိုရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း နှစ်တစ်နှစ်၏ ဒီဇင်ဘာလ(၃၁) ရက်ရောက်သည့် အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၂(ခ)ပါ ပြဋ္ဌာန်းချက်များအတိုင်း အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ်ပြည့်ပြီး၍ အသက်(၃၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၂၇)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက် (၄၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၃၅)နှစ် မပြည့်သေးသောနိုင်ငံသားတိုင်းကို ကောက်ခံမည်ဖြစ်သည်။ အဆိုပါပြဋ္ဌာန်းချက်တွင်ပါရှိသည့် ကျွမ်း ကျင်သူဆိုသည်မှာ မည်သို့သောပုဂ္ဂိုလ်များကို ရည် òန်းပါသနည်းဆိုလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၂(ဃ)တွင် ဖော်ပြပါရှိပါသည်။
ထိုသို့ဆိုလျှင် အနှစ်ချုပ်အားဖြင့် ပုံစံ(၁)သည် နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းမှ နှစ်တစ်နှစ်၏ ဒီဇင်ဘာ(၃၁)ရက်ရောက်သည့် အချိန်တိုင်း အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စုများအ တွင်းနေထိုင်ကြသော (ကျွမ်းကျင် သူမဟုတ်သည့် သာမန်အမျိုးသားများဆိုပါက(၁၈)နှစ်ပြည့်ပြီး၍ အသက် (၃၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူမဟုတ်သည့် သာမန်အမျိုးသမီးများဆိုပါက (၁၈)နှစ်ပြည့်ပြီး၍ အသက်(၂၇)နှစ်မပြည့်သေးသော နိုင်ငံသား တိုင်း)၊ (ကျွမ်းကျင်သူများဖြစ်သည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက် သူ သို့မဟုတ် အခြားအတတ် ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဆိုလျှင် အမျိုးသားများဆိုပါက အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက် (၄၅)နှစ်မပြည့်သေးသောနိုင်ငံသားတိုင်း၊ ကျွမ်းကျင် သူများဖြစ်သည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဆို လျှင် အမျိုးသမီး များဆိုပါက အသက်(၁၈)နှစ်ပြည့် ပြီး၍ အသက်(၃၅)နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း)၏စာရင်းကို အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကကောက်ယူ၍ စာရင်းပြုစုပြီး အဆိုပါစာရင်းကို ဇန်နဝါရီလ(၁)ရက် (သို့မဟုတ်) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်သည့်နေ့ရက်အရောက် မြို့နယ် ပြည်သူ့စစ်မှု ထမ်းဆင့် ခေါ်ရေးအဖွဲ့ထံ ပေးပို့ရမည့်စာရင်းပုံစံသာဖြစ်ပါသည်။
ထိုသို့ ပုံစံ(၁)ဖြင့်ကောက်ယူရာတွင် ဆက်စပ်သိရှိထားရမည့်နှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ ကောက်ယူခံ ရမည့်သူများသည် နိုင်ငံသားဖြစ်ရန်လို အပ်နေခြင်းဖြစ်သည်။ မည်သို့သောသူများကို နိုင်ငံသားများဟု သတ်မှတ်ပါ သနည်းဆိုလျှင် ကျွန်ုပ်တို့ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မွေးရာပါအခွင့် အရေးအရ နိုင်ငံသားနှင့်ဥပဒေအရ နိုင်ငံသားနှစ် မျိုးစလုံးသည် နိုင်ငံသားများဖြစ်သည်။ အဆိုပါ နှစ်မျိုးစလုံးနှင့် အကျုံးဝင်သူတိုင်းသည် နိုင်ငံသားများ ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ကောက်ယူခံရမည့်သူများသည် ဒီဇင်ဘာ(၃၁)ရက်တွင် စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်သူများ ဖြစ်၊ မဖြစ်သိရှိရန် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ- ၃(က)အတိုင်း ဆောင်ရွက်ရန်ဖြစ် သည်။ ပြည်သူ့စစ်မှု ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ-၃(က)တွင် စစ်မှု ထမ်းရမည့်အသက်အရွယ်ကိုစိစစ်ရာတွင် အပြည်ပြည်ဆိုင်ရာပြက္ခဒိန်အရ စိစစ်ရမည်ဟုပြဋ္ဌာန်းပါရှိရာ စာရင်းကောက်ယူခံရမည့်သူများ၏အသက်အရွယ်ကို စိစစ်ရာတွင် အပြည်ပြည်ဆိုင်ရာပြက္ခဒိန်အရ မွေးဖွား သည့်မွေးနေ့ဖြင့် တွက်ချက်ရမည်ဖြစ်သည်။
ထိုသို့ ကောက်ယူရရှိသည့်စာရင်းကို ပုံစံ (၁)ဖြင့်ပြုစု၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ရာက်ရှိလာပြီး နောက် အဆိုပါပုံစံ(၁)စာရင်းတွင်ပါရှိ သူများကို မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပုံစံ(၂)စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံ တင်ရန်ဆင့်ခေါ်စာဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ် မ-၉(က)၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ၊ နည်း ဥပဒေ-၁၇(က)ပါပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံ တင်လာရောက်ရေးသွင်းရန် ဆင့်ခေါ်မည်ဖြစ်သည်။ ဆိုလိုရင်းမှာ စစ်မှုထမ်းရန်အရွယ်ရောက်သူများဖြစ်ကြောင်း လာရောက်မှတ်ပုံတင်ခိုင်းခြင်းသာဖြစ်သည်။ အခြား မဟုတ်ပါ။ သို့ရာတွင် လက်ရှိမြေပြင်တွင်မြင်တွေ့ကြားသိရသမျှအများစုတွင် ထိုသို့ ပုံစံ(၂)ဖြင့် စာရင်းလာရောက် သွင်းရန် ဆင့်ခေါ်ခံရသည့်အချိန်တွင်ပင် စစ်မှုထမ်းခိုင်းပြီဟု ထင်မြင်ယူဆကြကာ အချို့မှာ ထွက်ပြေးတိမ်းရှောင်သွား ကြသည့်အခြေ အနေဖြစ်ပေါ်နေသည်။
ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းများစွာထဲမှ အဓိကကျသည့်အကြောင်းရင်း(၂)ချက်ကို ဆွဲ ထုတ်ပြရမည်ဆို လျှင် ပထမတစ်ချက်မှာ ပြည်သူများ၏ ဥပဒေအသိအားနည်းခြင်းကြောင့်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ဥပဒေကို ကျင့်သုံးဆောင်ရွက်သူများ၏ ဥပဒေအသိပညာပေးအားနည်းမှုများကြောင့်ဖြစ်ရ သည်ဟု ယူဆရမည်ဖြစ်သည်။
ပုံစံ(၂) စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ရန်ဆင့်ခေါ်စာဖြင့် ဆင့်ခေါ်ခံရသည့် အဆင့်တွင် အရေးကြီးသိရှိထားရမည့်အချက်များကို ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် ဆင့်ခေါ်သည့်ပုံစံနှင့် ဆင့်ခေါ်မှုကို ရှောင်လွှဲပါက နောက်ဆက်တွဲအကျိုး သက်ရောက်မှုတို့ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၉(က)တွင် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးမြို့ နယ်အဖွဲ့သည် စစ်မှုထမ်းရမည့်အသက်အရွယ် ရောက်သူ နိုင်ငံသားတိုင်းကိုဆင့်ခေါ်၍ မှတ်ပုံတင် ထားရမည်ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ-၁၇(က)တွင် မြို့နယ်အဖွဲ့ သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများက ပေးပို့လာသည့် စစ်မှုထမ်းရန် အသက်အရွယ် ရောက်သူ များစာရင်း ပုံစံ(၁)တွင် ပါဝင်သူများကို မှတ်ပုံတင်ရန် ဆင့်ခေါ်စာပုံစံ(၂)ဖြင့် ဆင့်ခေါ်ရမည် ဟုလည်းကောင်း ပြဋ္ဌာန်း ပါရှိရာ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဆင့်ခေါ်လာမည်ဖြစ်သည်။ ထိုသို့ ဆင့်ခေါ်လာရာတွင် ဆင့်ခေါ်သည့်ပုံစံနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ-၁၀(ခ)တွင် ဥပဒေနှင့် စပ်လျဉ်း သည့် ကိစ္စတစ်ခုခုအတွက် စစ်မှုထမ်းရမည့်အသက်အရွယ် ရောက်သူတစ်ဦးဦးထံသို့ ပေးပို့သော ဆင့်ခေါ်ရေးအမိန့်စာ ကို သက်ဆိုင်ရာပုဂ္ဂိုလ်ထံသို့ ပေးပို့ရမည်။ အကယ်၍ ယင်းပုဂ္ဂိုလ်ကိုမတွေ့ရှိပါက အတူနေ မိသားစုဝင်တစ်ဦးဦး၏ လက်ဝယ်သို့ သက်သေတစ်ဦး၏ရှေ့မှောက်တွင်ပေးအပ်ရမည်။ ထို ဆင့်ခေါ်ရေးအ မိန့်စာသည် စစ်မှုထမ်းရမည့်သူ့သို့ တိုက်ရိုက်ပေးပြီး ဖြစ်သကဲ့သို့မှတ်ယူရမည်ဟု ပြဋ္ဌာန်းပါရှိနေသည်ကို တွေ့ရှိရသည်။
ဆိုလိုသည်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စုအ တွင်းနေထိုင်သော မောင်ဖြူသည် စစ်မှုထမ်းရန်အ ရွယ်ရောက်သူ အဖြစ် မှတ်ပုံတင်ရမည့်စာရင်းတွင် ပါဝင်နေပါက မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ မောင်ဖြူကို မှတ်ပုံတင် စာရင်းလာသွင်းရန် ပုံစံ(၂)ဖြင့် ဆင့်ခေါ်စာထုတ်မည်ဖြစ်သည်။ ထိုဆင့် ခေါ်စာသည် မောင်ဖြူထံသို့ တိုက်ရိုက်ပေး ပို့မည်ဖြစ်သည်။ သို့ရာတွင် မောင်ဖြူရှိမနေပါက မောင်ဖြူနှင့် အတူနေ မိသားစုဝင်တစ်ဦးဦးလက်ဝယ်ထံ သက်သေ တစ်ယောက်ရှေ့တွင် ပေးအပ်မည်ဖြစ်သည်။ ထိုသို့ ပေးအပ်ခြင်းမှာ မောင်ဖြူကိုပေးသကဲ့သို့ မှတ်ယူရ မည်ဟုဆိုလို ခြင်းဖြစ်သည်။ ထိုအရာကပင် ပုံစံ(၂)ကို ဆင့်ခေါ်လာမည့်ပုံစံဖြစ်သည်။ မှတ်ပုံတင်စာရင်း သွင်းရန်ဆင့်ခေါ်လာမှု ကိုရှောင်လွှဲပါက နောက်ဆက် တွဲဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များနှင့်ပတ် သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၂၃(က)၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ- ၃၃(က)(ခ) တို့တွင် ပြဋ္ဌာန်းဖော်ပြထားသည်ကို တွေ့ ရှိရပါ သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၃၃(က)တွင် ဥပဒေပုဒ်မ-၉ ပုဒ်မခွဲ(က)အရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ နိုင်ငံသားတိုင်းကို မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်း ခံရသူသည် လာရောက်သတင်း ပို့ရန်ပျက်ကွက်ပါက မြို့နယ်အဖွဲ့သည် ပျက်ကွက်သူ၏ မိသားစုဝင်တစ်ဦးဦးသည် ဆင့်ခေါ်ခြင်းခံရသူမှာ မည်သည့် အကြောင်း ကြောင့်ပျက်ကွက်နေသည် သို့မဟုတ် မည်သည့်နေ ရာဒေသသို့ရောက်ရှိနေသည်ကို ခိုင်လုံသည့်အထောက် အထားများနှင့်အတူတင်ပြ၍ ကိုယ်စားမှတ်ပုံတင်စာ ရင်းသွင်းရန် သတင်းပို့ရမည်ဟုလည်းကောင်း နည်းဥပဒေ-၃၃(ခ) တွင် ပျက်ကွက်နေသူ၏ မိသားစုဝင် တစ်ဦးဦးက နည်းဥပဒေခွဲ(က)ကို လိုက်နာခြင်းမရှိ လျှင်ဖြစ်စေ ခိုင်လုံသော အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိလျှင်ဖြစ်စေ သတင်းပို့ရန် ပျက်ကွက်နေသူသည် ပြည်သူ့စစ်မှုထမ်း ခြင်းကို ရှောင်လွှဲခြင်းဖြင့် ဥပဒေပုဒ်မ- ၂၃ ပုဒ်မခွဲ(က)ကို ဖောက်ဖျက်ကျူးလွန်သည်ဟုမှတ်ယူရမည်ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၂၃(က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ (၉)၊ ပုဒ်မခွဲ(က)အရ မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက် ခြင်းကို ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း ပြဋ္ဌာန်းပါရှိသည်။
အနှစ်ချုပ်ရသော် ပုံစံ(၂)စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ရန်ဆင့်ခေါ်စာဖြင့် မှတ်ပုံတင် စာရင်း ရေးသွင်းရန် ဆင့်ခေါ်ခြင်းခံရသူသည် စာရင်းလာရောက် သွင်းကိုသွင်းရလိမ့်မည်ဖြစ်သည်။ စာရင်းလာရောက်ရေး သွင်းခြင်းမရှိပါက ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၂၃(က)ဖြင့် တရားစွဲဆိုအ ရေးယူခြင်းခံရမည်သာဖြစ်သည်။ ပုံစံ(၂)ဖြင့် ဆင့် ခေါ်ခြင်းခံရမှုမှာ အထက်တွင်ဖော်ပြရေးသားခဲ့သကဲ့သို့ စစ်မှုထမ်းခိုင်းရန်ဆင့်ခေါ်ခြင်းမဟုတ်ဘဲ စစ်မှု ထမ်းရမည့် အရွယ်ရောက်သူဖြစ်ကြောင်းအနေဖြင့်သာ မှတ်ပုံတင်စာရင်း ရေးသွင်းခိုင်းခြင်းသာဖြစ်ပြီး အဆိုပါ ဆင့်ခေါ်ခြင်းကိုပင် တိမ်းရှောင်နေပါက ဥပဒေအရ တရားစွဲဆို အရေးယူအပြစ်ပေးခံရနိုင်သည်ကို စာဖတ်သူများအနေဖြင့် ရှင်းရှင်း လင်းလင်းသိရှိထားရန် အင်မတန်အရေးကြီးလှပေတော့သည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်းဥပ ဒေများပါ နောက်ဆက်တွဲပုံစံများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသားဖော်ပြပေးပါဦးမည်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ - အပိုင္း (၁)
ကိုေန (ဥပေဒ) - ေဖေဖာ္ဝါရီ ၂ဝ
လြန္ခဲ့ေသာတစ္ႏွစ္နီးပါးခန႔္က ျပည္သူ႔ စစ္မႈထမ္းဥပေဒကို အာဏာသက္ေရာက္ေစသည့္ အခ်ိန္တြင္ “ျပည္သူ႔ စစ္မႈထမ္းဥပေဒဆိုတာ အႏွစ္သာရအားျဖင့္ ဥပေဒဟုတ္ရဲ႕လား”ဆိုသည့္ ေခါင္းစဥ္ျဖင့္ ေဆာင္းပါးတစ္ပုဒ္ ေရးသားတင္ ျပခဲ့ဖူးသည္။ ဖတ္မိလိုက္သူမ်ားအေနျဖင့္ ေဆာင္းပါးထဲပါရွိခဲ့သည္မ်ားကို လက္ရွိေျမျပင္တြင္ ျဖစ္ပ်က္ေနမႈမ်ားႏွင့္ ႏႈိင္း ယွဥ္ၾကည့္မိၿပီးေလာက္ၿပီထင္သည္။ ယခု ဥပေဒတစ္ခု ျပ႒ာန္းအာဏာတည္ေစၿပီးေနာက္ အဆိုပါ ဥပေဒကို အေကာင္ အထည္ေဖာ္ရန္ နည္းဥပေဒလည္း ထပ္မံထြက္ရွိလာၿပီးျဖစ္ရာ ယခုေဆာင္းပါးကို ထပ္မံေရးသားမိျပန္သည္။ ယခု ေဆာင္းပါးတြင္ေတာ့ ျပည္သူ႔စစ္မႈထမ္းဥပေဒ/ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါအတိုင္း ဥပေဒရႈေထာင့္ကေန ေရးသားျခင္း သာျဖစ္သျဖင့္ လက္ေတြ႕ေျမျပင္တြင္ အေကာင္အ ထည္ေဖာ္ႏိုင္မႈရႈေထာင့္ကၾကည့္မည္ဆိုပါက အခက္ အခဲအခ်ိဳ႕မဟုတ္ဘဲ အခက္အခဲမ်ားစြာရွိေနမည္ကို အမွန္အတိုင္းဝန္ခံရမည္ျဖစ္ၿပီး စာဖတ္သူမ်ားနား လည္ေစရန္ အလြယ္ကူဆုံး တတ္ႏိုင္သေလာက္ ေရးသားေဖာ္ျပမည္ျဖစ္ရာ အပိုင္းဆက္မ်ားျဖင့္ ေရးသားေဖာ္ျပမႈကို နားလည္ ေပးရန္ ေတာင္းဆိုမိပါသည္။
ဦးစြာ ျပည္သူ႔စစ္မႈထမ္းဥပေဒေပၚေပါက္ လာခဲ့ေၾကာင္းကို ျပန္ေျပာင္းေျပာရပါက (၂၀၁၀) ျပည့္ႏွစ္တြင္ ျပ႒ာန္းခဲ့သည့္ ဥပေဒတစ္ခုကို (၁၄)ႏွစ္ ခန႔္အၾကာ (၂၀၂၄) ခုႏွစ္တြင္ စတင္အာဏာတည္ ေၾကာင္း သတ္မွတ္ခဲ့ ျခင္းျဖစ္သည္။ ေခတ္ကာလအေျခအေနမ်ားအရ လြန္ခဲ့ေသာ(၁၄)ႏွစ္ခန႔္က ဥပေဒတစ္ခုကို လက္ရွိကာလတြင္ စတင္အာဏာတည္ ေၾကာင္းသတ္မွတ္မႈမွာ ‘မေျပးေသာ္ ကန္ရာရွိ’ ဆိုသလို ဥပေဒတြင္ လိုအပ္ခ်က္မ်ားစြာရွိ ေနၿပီျဖစ္သည္။ ထင္သာျမင္သာရွိသည္မွာ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ပုဒ္မ- ၂(စ)ပါ သာသနာ့ဝန္ထမ္းဆိုရာတြင္ ဘာသာ တရားတစ္ခု မပါရွိသည္ကို ျမင္ေတြ႕ရေပလိမ့္မည္။ ဥပေဒတစ္ခုသည္ လူမ်ိဳး/ ကိုးကြယ္မႈဘာသာမ်ားအေပၚ ခြဲျခားမႈ မရွိေစရဘဲ ႏိုင္ငံသားမ်ားအားလုံးအေပၚတြင္ အက်ိဳးသက္ေရာက္ေစရမည္။ ဥပေဒတစ္ခုကို ျပ႒ာန္းအာဏာတည္ ေစၿပီးေနာက္ အဆိုပါဥပေဒကို အေကာင္အထည္ေဖာ္ရန္ နည္းဥပေဒျပ႒ာန္းရသည္။ လိုအပ္ခ်က္ေတြရွိေနသည့္ ဥပေဒ တစ္ခုကို မည္သို႔အေကာင္အထည္ေဖာ္ရန္ နည္းဥပေဒျပ႒ာန္းလာမည္ ကိုေစာင့္ေမွ်ာ္ခဲ့ရာ ဥပေဒကို အာဏာတည္ေစၿပီး ေနာက္ တစ္ႏွစ္နီးပါးခန႔္အၾကာ နည္းဥပေဒထပ္မံ ထြက္ရွိလာခဲ့သည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒတြင္ ပုဒ္မေပါင္း (၃၃)ခုပါရွိခဲ့ၿပီး ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားတြင္ အပိုဒ္ေပါင္း (၅၉)ခုပါရွိလာသည္။ ထူးျခားမႈတစ္ခုအေနျဖင့္ နည္းဥပေဒမထြက္လာခင္မွာပင္ ျပည္သူ႔စစ္မႈထမ္းဥပေဒပါ ကင္းလြတ္ ခြင့္ (၅)ခ်က္၊ ေ႐ႊ႕ ဆိုင္းခြင့္(၆)ခ်က္မ်ားအျပင္ သီးျခားထပ္မံေၾကညာလာသည့္ ကင္းလြတ္ခြင့္(၈)ခ်က္၊ ေလွ်ာ့ ေပါ့ခြင့္ (၃)ခ်က္၊ ေ႐ႊ႕ဆိုင္းခြင့္(၅)ခ်က္တို႔မွာဦးစြာ ေၾကညာလာ ျခင္းျဖစ္သည္။ အဆိုပါ ကင္းလြတ္ခြင့္ စုစုေပါင္း(၁၃)ခ်က္၊ ေလွ်ာ့ေပါ့ခြင့္(၃)ခ်က္ႏွင့္ ေ႐ႊ႕ဆိုင္းခြင့္စုစု ေပါင္း(၁၁)ခ်က္တို႔ကို ႏိုင္ငံပိုင္မီဒီယာမ်ား/ႏိုင္ငံပိုင္ သတင္းစာမ်ားမွလည္း ထုတ္ျပန္ေၾကညာလ်က္ရွိရာ စာဖတ္သူမ်ားအေနျဖင့္ သိရွိထားရန္ အင္မတန္အေရးႀကီးသည္ကို ေဆာင္းပါးကို ဆက္ လက္ဖတ္ရႈရာမွ သိရွိလာေပလိမ့္မည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒပါ ပုဒ္မေပါင္း (၃၃)ခု၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒပါ နည္းဥပေဒ (၅၉)ခုကို တစ္ခုခ်င္း စီေရးသားေဖာ္ျပျခင္းထက္ ဥပေဒ/နည္းဥပေဒပါဆိုလိုရင္းမ်ားကို နားလည္လြယ္ ေစရန္ ေဖာ္ျပေရးသားမည္ျဖစ္၍ နည္းဥပေဒ ေနာက္ဆက္တြဲပါ ပုံစံ(၁၃)ခုကို ဥပေဒ/နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္ယွဥ္တြဲလ်က္ ေဖာ္ျပေရးသား လိုက္ ရပါသည္။
နည္းဥပေဒေနာက္ဆက္တြဲပါ ပုံစံ(၁)သည္ ---- ခုႏွစ္ ဒီဇင္ဘာလ (၃၁) ရက္တြင္ စစ္မႈထမ္းရမည့္ အသက္ အ႐ြယ္ေရာက္သူမ်ား စာ ရင္းပုံစံျဖစ္သည္။ အဆိုပါ ပုံစံ(၁)သည္ ရပ္ကြက္/ ေက်း႐ြာအုပ္စုမ်ားအတြင္း ႏွစ္စဥ္ ဒီဇင္ဘာလ (၃၁) ရက္ေရာက္တိုင္း စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ ေရာက္သူမ်ားကို စာရင္းျပဳစုရမည့္ပုံစံျဖစ္သည္။ အဆိုပါ ပုံစံ(၁)ကို မည္သူမ်ားျပဳစု၍ မည္သူမ်ားထံ ေပးပို႔ရမည္ဆိုလွ်င္ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၈၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒ- ၁၆(က)(ခ) တို႔ အရ ရပ္ကြက္/ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ား ကစာရင္းျပဳစု၍ ႏွစ္စဥ္ ဇန္နဝါရီလ (၁)ရက္(သို႔မဟုတ္) ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕က သတ္မွတ္သည့္ရက္အေရာက္ ၿမိဳ႕နယ္ ျပည္သူ႔စစ္ ထမ္းဆင့္ေခၚေရးအဖြဲ႕ထံ ေပးပို႔ရမည္ျဖစ္သည္။
အဆိုပါ ပုံစံ(၁) ---- ခုႏွစ္ ဒီဇင္ဘာ (၃၁)ရက္တြင္စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္ သူမ်ားစာရင္းတြင္ မည္သို႔ေသာသူမ်ားကိုေကာက္ မည္နည္းဆိုရာတြင္ ရပ္ကြက္/ေက်း႐ြာအုပ္စုမ်ားအတြင္း ႏွစ္တစ္ႏွစ္၏ ဒီဇင္ဘာလ(၃၁) ရက္ေရာက္သည့္ အခ်ိန္တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၂(ခ)ပါ ျပ႒ာန္းခ်က္မ်ားအတိုင္း အမ်ိဳးသားျဖစ္လွ်င္ အသက္ (၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၃၅)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသားတိုင္း၊ အမ်ိဳးသမီးျဖစ္လွ်င္ အသက္(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၂၇)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသားတိုင္း၊ ကြၽမ္းက်င္သူအမ်ိဳးသားျဖစ္လွ်င္ အသက္(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္ (၄၅)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသားတိုင္း၊ ကြၽမ္းက်င္သူအမ်ိဳးသမီးျဖစ္လွ်င္ အသက္(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၃၅)ႏွစ္ မျပည့္ေသးေသာႏိုင္ငံသားတိုင္းကို ေကာက္ခံမည္ျဖစ္သည္။ အဆိုပါျပ႒ာန္းခ်က္တြင္ပါရွိသည့္ ကြၽမ္း က်င္သူဆိုသည္မွာ မည္သို႔ေသာပုဂၢိဳလ္မ်ားကို ရည္ òန္းပါသနည္းဆိုလွ်င္ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၂(ဃ)တြင္ ေဖာ္ျပပါရွိပါသည္။
ထိုသို႔ဆိုလွ်င္ အႏွစ္ခ်ဳပ္အားျဖင့္ ပုံစံ(၁)သည္ ေနထိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္စုမ်ားအတြင္းမွ ႏွစ္တစ္ႏွစ္၏ ဒီဇင္ဘာ(၃၁)ရက္ေရာက္သည့္ အခ်ိန္တိုင္း အဆိုပါ ရပ္ကြက္၊ ေက်း႐ြာအုပ္စုမ်ားအ တြင္းေနထိုင္ၾကေသာ (ကြၽမ္းက်င္ သူမဟုတ္သည့္ သာမန္အမ်ိဳးသားမ်ားဆိုပါက(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္ (၃၅)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသားတိုင္း၊ ကြၽမ္းက်င္သူမဟုတ္သည့္ သာမန္အမ်ိဳးသမီးမ်ားဆိုပါက (၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၂၇)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသား တိုင္း)၊ (ကြၽမ္းက်င္သူမ်ားျဖစ္သည့္ ဆရာဝန္၊ အင္ဂ်င္နီယာ၊ စက္မႈလက္မႈတတ္ေျမာက္ သူ သို႔မဟုတ္ အျခားအတတ္ ပညာတစ္ရပ္ရပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္းေနသူမ်ားဆိုလွ်င္ အမ်ိဳးသားမ်ားဆိုပါက အသက္(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္ (၄၅)ႏွစ္မျပည့္ေသးေသာႏိုင္ငံသားတိုင္း၊ ကြၽမ္းက်င္ သူမ်ားျဖစ္သည့္ ဆရာဝန္၊ အင္ဂ်င္နီယာ၊ စက္မႈလက္မႈ တတ္ေျမာက္သူ သို႔မဟုတ္ အျခားအတတ္ပညာ တစ္ရပ္ရပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္းေနသူမ်ားဆို လွ်င္ အမ်ိဳးသမီး မ်ားဆိုပါက အသက္(၁၈)ႏွစ္ျပည့္ ၿပီး၍ အသက္(၃၅)ႏွစ္မျပည့္ေသးေသာ ႏိုင္ငံသားတိုင္း)၏စာရင္းကို အဆိုပါ ရပ္ကြက္၊ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ားကေကာက္ယူ၍ စာရင္းျပဳစုၿပီး အဆိုပါစာရင္းကို ဇန္နဝါရီလ(၁)ရက္ (သို႔မဟုတ္) ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕က သတ္မွတ္သည့္ေန႔ရက္အေရာက္ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈ ထမ္းဆင့္ ေခၚေရးအဖြဲ႕ထံ ေပးပို႔ရမည့္စာရင္းပုံစံသာျဖစ္ပါသည္။
ထိုသို႔ ပုံစံ(၁)ျဖင့္ေကာက္ယူရာတြင္ ဆက္စပ္သိရွိထားရမည့္ႏွစ္ခ်က္ရွိသည္။ ပထမတစ္ခ်က္မွာ ေကာက္ယူခံ ရမည့္သူမ်ားသည္ ႏိုင္ငံသားျဖစ္ရန္လို အပ္ေနျခင္းျဖစ္သည္။ မည္သို႔ေသာသူမ်ားကို ႏိုင္ငံသားမ်ားဟု သတ္မွတ္ပါ သနည္းဆိုလွ်င္ ကြၽႏ္ုပ္တို႔ျပည္ ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ေမြးရာပါအခြင့္ အေရးအရ ႏိုင္ငံသားႏွင့္ဥပေဒအရ ႏိုင္ငံသားႏွစ္ မ်ိဳးစလုံးသည္ ႏိုင္ငံသားမ်ားျဖစ္သည္။ အဆိုပါ ႏွစ္မ်ိဳးစလုံးႏွင့္ အက်ဳံးဝင္သူတိုင္းသည္ ႏိုင္ငံသားမ်ား ျဖစ္သည္။ ဒုတိယတစ္ခ်က္မွာ ေကာက္ယူခံရမည့္သူမ်ားသည္ ဒီဇင္ဘာ(၃၁)ရက္တြင္ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ ေရာက္သူမ်ား ျဖစ္၊ မျဖစ္သိရွိရန္ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား၊ နည္းဥပေဒ- ၃(က)အတိုင္း ေဆာင္႐ြက္ရန္ျဖစ္ သည္။ ျပည္သူ႔စစ္မႈ ထမ္းနည္း ဥပေဒမ်ား၊ နည္းဥပေဒ-၃(က)တြင္ စစ္မႈ ထမ္းရမည့္အသက္အ႐ြယ္ကိုစိစစ္ရာတြင္ အျပည္ျပည္ဆိုင္ရာျပကၡဒိန္အရ စိစစ္ရမည္ဟုျပ႒ာန္းပါရွိရာ စာရင္းေကာက္ယူခံရမည့္သူမ်ား၏အသက္အ႐ြယ္ကို စိစစ္ရာတြင္ အျပည္ျပည္ဆိုင္ရာျပကၡဒိန္အရ ေမြးဖြား သည့္ေမြးေန႔ျဖင့္ တြက္ခ်က္ရမည္ျဖစ္သည္။
ထိုသို႔ ေကာက္ယူရရွိသည့္စာရင္းကို ပုံစံ (၁)ျဖင့္ျပဳစု၍ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ရာက္ရွိလာၿပီး ေနာက္ အဆိုပါပုံစံ(၁)စာရင္းတြင္ပါရွိ သူမ်ားကို ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ ပုံစံ(၂)စစ္မႈထမ္းရန္ အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံ တင္ရန္ဆင့္ေခၚစာျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္ မ-၉(က)၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား၊ နည္း ဥပေဒ-၁၇(က)ပါျပ႒ာန္းခ်က္မ်ားႏွင့္အညီ မွတ္ပုံ တင္လာေရာက္ေရးသြင္းရန္ ဆင့္ေခၚမည္ျဖစ္သည္။ ဆိုလိုရင္းမွာ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူမ်ားျဖစ္ေၾကာင္း လာေရာက္မွတ္ပုံတင္ခိုင္းျခင္းသာျဖစ္သည္။ အျခား မဟုတ္ပါ။ သို႔ရာတြင္ လက္ရွိေျမျပင္တြင္ျမင္ေတြ႕ၾကားသိရသမွ်အမ်ားစုတြင္ ထိုသို႔ ပုံစံ(၂)ျဖင့္ စာရင္းလာေရာက္ သြင္းရန္ ဆင့္ေခၚခံရသည့္အခ်ိန္တြင္ပင္ စစ္မႈထမ္းခိုင္းၿပီဟု ထင္ျမင္ယူဆၾကကာ အခ်ိဳ႕မွာ ထြက္ေျပးတိမ္းေရွာင္သြား ၾကသည့္အေျခ အေနျဖစ္ေပၚေနသည္။
ထိုသို႔ျဖစ္ရျခင္း၏အေၾကာင္းရင္းမ်ားစြာထဲမွ အဓိကက်သည့္အေၾကာင္းရင္း(၂)ခ်က္ကို ဆြဲ ထုတ္ျပရမည္ဆို လွ်င္ ပထမတစ္ခ်က္မွာ ျပည္သူမ်ား၏ ဥပေဒအသိအားနည္းျခင္းေၾကာင့္ျဖစ္ၿပီး ဒုတိယတစ္ခ်က္မွာ ဥပေဒကို က်င့္သုံးေဆာင္႐ြက္သူမ်ား၏ ဥပေဒအသိပညာေပးအားနည္းမႈမ်ားေၾကာင့္ျဖစ္ရ သည္ဟု ယူဆရမည္ျဖစ္သည္။
ပုံစံ(၂) စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္ရန္ဆင့္ေခၚစာျဖင့္ ဆင့္ေခၚခံရသည့္ အဆင့္တြင္ အေရးႀကီးသိရွိထားရမည့္အခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပရမည္ဆိုလွ်င္ ဆင့္ေခၚသည့္ပုံစံႏွင့္ ဆင့္ေခၚမႈကို ေရွာင္လႊဲပါက ေနာက္ဆက္တြဲအက်ိဳး သက္ေရာက္မႈတို႔ ျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၉(က)တြင္ ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရးၿမိဳ႕ နယ္အဖြဲ႕သည္ စစ္မႈထမ္းရမည့္အသက္အ႐ြယ္ ေရာက္သူ ႏိုင္ငံသားတိုင္းကိုဆင့္ေခၚ၍ မွတ္ပုံတင္ ထားရမည္ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား၊ နည္းဥပေဒ-၁၇(က)တြင္ ၿမိဳ႕နယ္အဖြဲ႕ သည္ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရး မႉးမ်ားက ေပးပို႔လာသည့္ စစ္မႈထမ္းရန္ အသက္အ႐ြယ္ ေရာက္သူ မ်ားစာရင္း ပုံစံ(၁)တြင္ ပါဝင္သူမ်ားကို မွတ္ပုံတင္ရန္ ဆင့္ေခၚစာပုံစံ(၂)ျဖင့္ ဆင့္ေခၚရမည္ ဟုလည္းေကာင္း ျပ႒ာန္း ပါရွိရာ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ ဆင့္ေခၚလာမည္ျဖစ္သည္။ ထိုသို႔ ဆင့္ေခၚလာရာတြင္ ဆင့္ေခၚသည့္ပုံစံႏွင့္ပတ္သက္၍ ျပည္သူ႔စစ္မႈထမ္း ဥပေဒ ပုဒ္မ-၁၀(ခ)တြင္ ဥပေဒႏွင့္ စပ္လ်ဥ္း သည့္ ကိစၥတစ္ခုခုအတြက္ စစ္မႈထမ္းရမည့္အသက္အ႐ြယ္ ေရာက္သူတစ္ဦးဦးထံသို႔ ေပးပို႔ေသာ ဆင့္ေခၚေရးအမိန႔္စာ ကို သက္ဆိုင္ရာပုဂၢိဳလ္ထံသို႔ ေပးပို႔ရမည္။ အကယ္၍ ယင္းပုဂၢိဳလ္ကိုမေတြ႕ရွိပါက အတူေန မိသားစုဝင္တစ္ဦးဦး၏ လက္ဝယ္သို႔ သက္ေသတစ္ဦး၏ေရွ႕ေမွာက္တြင္ေပးအပ္ရမည္။ ထို ဆင့္ေခၚေရးအ မိန႔္စာသည္ စစ္မႈထမ္းရမည့္သူ႔သို႔ တိုက္႐ိုက္ေပးၿပီး ျဖစ္သကဲ့သို႔မွတ္ယူရမည္ဟု ျပ႒ာန္းပါရွိေနသည္ကို ေတြ႕ရွိရသည္။
ဆိုလိုသည္မွာ ရပ္ကြက္၊ ေက်း႐ြာအုပ္စုအ တြင္းေနထိုင္ေသာ ေမာင္ျဖဴသည္ စစ္မႈထမ္းရန္အ ႐ြယ္ေရာက္သူ အျဖစ္ မွတ္ပုံတင္ရမည့္စာရင္းတြင္ ပါဝင္ေနပါက ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕မွ ေမာင္ျဖဴကို မွတ္ပုံတင္ စာရင္းလာသြင္းရန္ ပုံစံ(၂)ျဖင့္ ဆင့္ေခၚစာထုတ္မည္ျဖစ္သည္။ ထိုဆင့္ ေခၚစာသည္ ေမာင္ျဖဴထံသို႔ တိုက္႐ိုက္ေပး ပို႔မည္ျဖစ္သည္။ သို႔ရာတြင္ ေမာင္ျဖဴရွိမေနပါက ေမာင္ျဖဴႏွင့္ အတူေန မိသားစုဝင္တစ္ဦးဦးလက္ဝယ္ထံ သက္ေသ တစ္ေယာက္ေရွ႕တြင္ ေပးအပ္မည္ျဖစ္သည္။ ထိုသို႔ ေပးအပ္ျခင္းမွာ ေမာင္ျဖဴကိုေပးသကဲ့သို႔ မွတ္ယူရ မည္ဟုဆိုလို ျခင္းျဖစ္သည္။ ထိုအရာကပင္ ပုံစံ(၂)ကို ဆင့္ေခၚလာမည့္ပုံစံျဖစ္သည္။ မွတ္ပုံတင္စာရင္း သြင္းရန္ဆင့္ေခၚလာမႈ ကိုေရွာင္လႊဲပါက ေနာက္ဆက္ တြဲျဖစ္ေပၚလာႏိုင္သည့္အက်ိဳးဆက္မ်ားႏွင့္ပတ္ သက္၍ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၂၃(က)၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား၊ နည္းဥပေဒ- ၃၃(က)(ခ) တို႔တြင္ ျပ႒ာန္းေဖာ္ျပထားသည္ကို ေတြ႕ ရွိရပါ သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ- ၃၃(က)တြင္ ဥပေဒပုဒ္မ-၉ ပုဒ္မခြဲ(က)အရ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္သူ ႏိုင္ငံသားတိုင္းကို မွတ္ပုံတင္စာရင္းသြင္းရန္ ဆင့္ေခၚျခင္း ခံရသူသည္ လာေရာက္သတင္း ပို႔ရန္ပ်က္ကြက္ပါက ၿမိဳ႕နယ္အဖြဲ႕သည္ ပ်က္ကြက္သူ၏ မိသားစုဝင္တစ္ဦးဦးသည္ ဆင့္ေခၚျခင္းခံရသူမွာ မည္သည့္ အေၾကာင္း ေၾကာင့္ပ်က္ကြက္ေနသည္ သို႔မဟုတ္ မည္သည့္ေန ရာေဒသသို႔ေရာက္ရွိေနသည္ကို ခိုင္လုံသည့္အေထာက္ အထားမ်ားႏွင့္အတူတင္ျပ၍ ကိုယ္စားမွတ္ပုံတင္စာ ရင္းသြင္းရန္ သတင္းပို႔ရမည္ဟုလည္းေကာင္း နည္းဥပေဒ-၃၃(ခ) တြင္ ပ်က္ကြက္ေနသူ၏ မိသားစုဝင္ တစ္ဦးဦးက နည္းဥပေဒခြဲ(က)ကို လိုက္နာျခင္းမရွိ လွ်င္ျဖစ္ေစ ခိုင္လုံေသာ အေထာက္အထားတစ္စုံတစ္ရာ တင္ျပႏိုင္ျခင္းမရွိလွ်င္ျဖစ္ေစ သတင္းပို႔ရန္ ပ်က္ကြက္ေနသူသည္ ျပည္သူ႔စစ္မႈထမ္း ျခင္းကို ေရွာင္လႊဲျခင္းျဖင့္ ဥပေဒပုဒ္မ- ၂၃ ပုဒ္မခြဲ(က)ကို ေဖာက္ဖ်က္က်ဴးလြန္သည္ဟုမွတ္ယူရမည္ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၂၃(က) တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးၿမိဳ႕နယ္အဖြဲ႕က ပုဒ္မ (၉)၊ ပုဒ္မခြဲ(က)အရ မွတ္ပုံတင္ရန္အတြက္ ဆင့္ေခၚခ်ိန္တြင္ လာေရာက္သတင္းပို႔ရန္ ပ်က္ကြက္ ျခင္းကို ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟုလည္းေကာင္း ျပ႒ာန္းပါရွိသည္။
အႏွစ္ခ်ဳပ္ရေသာ္ ပုံစံ(၂)စစ္မႈထမ္းရန္ အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္ရန္ဆင့္ေခၚစာျဖင့္ မွတ္ပုံတင္ စာရင္း ေရးသြင္းရန္ ဆင့္ေခၚျခင္းခံရသူသည္ စာရင္းလာေရာက္ သြင္းကိုသြင္းရလိမ့္မည္ျဖစ္သည္။ စာရင္းလာေရာက္ေရး သြင္းျခင္းမရွိပါက ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၂၃(က)ျဖင့္ တရားစြဲဆိုအ ေရးယူျခင္းခံရမည္သာျဖစ္သည္။ ပုံစံ(၂)ျဖင့္ ဆင့္ ေခၚျခင္းခံရမႈမွာ အထက္တြင္ေဖာ္ျပေရးသားခဲ့သကဲ့သို႔ စစ္မႈထမ္းခိုင္းရန္ဆင့္ေခၚျခင္းမဟုတ္ဘဲ စစ္မႈ ထမ္းရမည့္ အ႐ြယ္ေရာက္သူျဖစ္ေၾကာင္းအေနျဖင့္သာ မွတ္ပုံတင္စာရင္း ေရးသြင္းခိုင္းျခင္းသာျဖစ္ၿပီး အဆိုပါ ဆင့္ေခၚျခင္းကိုပင္ တိမ္းေရွာင္ေနပါက ဥပေဒအရ တရားစြဲဆို အေရးယူအျပစ္ေပးခံရႏိုင္သည္ကို စာဖတ္သူမ်ားအေနျဖင့္ ရွင္းရွင္း လင္းလင္းသိရွိထားရန္ အင္မတန္အေရးႀကီးလွေပေတာ့သည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္းဥပ ေဒမ်ားပါ ေနာက္ဆက္တြဲပုံစံမ်ားကို ျပည္သူ႔စစ္မႈထမ္း ဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသားေဖာ္ျပေပးပါဦးမည္။
(ဆက္လက္ေဖာ္ျပပါမည္)