ယူကရိန်းနဲ့ အမေရိကန်အစိုးရကြား အငြင်းပွားမှုတွေ ဖြစ်နေ

465

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂ဝ
ယူကရိန်းအစိုးရတာဝန်ရှိသူတွေဟာ သမ္မတဇီလန်စကီးနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတရဲ့ဝေဖန်ပြစ်တင်မှု တွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းသမ္မတကို အာဏာရှင်အဖြစ် ဝေဖန်ပြစ်တင်ခဲ့ရာ အငြင်းပွားမှု မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက ယူကရိန်းသမ္မတဟာ ရွေးကောက်ပွဲကျင်းပမှုမရှိဘဲ အာဏာရှင်တစ်ဦးဖြစ်ကြောင်း အမေရိကန်ဟာ စစ်ပွဲမှာ အနိုင်မရမယ့် နိုင်ငံကို ကူညီထောက်ပံပေးပြီး ငွေကြေးတွေကို ဖြုန်တီးနေကြောင်း ပြောပါတယ်။ ယူကရိန်းနဲ့ အမေရိကန်နိုင်ငံကြား သမ္မတထရမ့် လက်ထက်မှာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ ကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းကို ဘယ်သူမှ ဖိအားပေးလို့မရနိုင်ကြောင်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရတာဝန်ရှိသူများနဲ့ ရုရှားအစိုးရတာဝန်ရှိသူများ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံဆွေးခဲ့ရာ ယူကရိန်းသမ္မတက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ထရမ့်ဟာ သမ္မတ မဖြစ်ခင်တည်းက ယူကရိန်း နိုင်ငံကို ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး ယူကရိန်းနိုင်ကို ဂျိုးဘ်ုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကူညီပေးခြင်းကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
ဇီလန်စကီးဟာ ၂၀၂၄ခု နှစ်မေလတည်းက သမ္မတသက်တမ်းကုန်ဆုံးခဲ့ပြီး ရွေးကောက်ပွဲ ထပ်မံမကျင်းပဘဲ သမ္မတအဖြစ် ဆက်လက်တာဝန်ယူနေသူဖြစ်ပါတယ်။ ဇီလန်စကီးဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဥ်ကို ငြင်းဆန်ထားရာ လက်ရှိ အမေရိကန်အစိုးရနဲ့ ယူကရိန်းအစိုယရကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းနဲ႔ အေမရိကန္အစိုးရၾကား အျငင္းပြားမႈေတြ ျဖစ္ေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ယူကရိန္းအစိုးရတာဝန္ရွိသူေတြဟာ သမၼတဇီလန္စကီးနဲ႔ပတ္သက္ၿပီး အေမရိကန္ သမၼတရဲ႕ေဝဖန္ျပစ္တင္မႈ ေတြကို ကာကြယ္ေျပာဆိုလိုက္ပါတယ္။ အေမရိကန္သမၼတထရမ့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းသမၼတကို အာဏာရွင္အျဖစ္ ေဝဖန္ျပစ္တင္ခဲ့ရာ အျငင္းပြားမႈ ျမင့္တက္ေနခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္သမၼတက ယူကရိန္းသမၼတဟာ ေ႐ြးေကာက္ပြဲက်င္းပမႈမရွိဘဲ အာဏာရွင္တစ္ဦးျဖစ္ေၾကာင္း အေမရိကန္ဟာ စစ္ပြဲမွာ အႏိုင္မရမယ့္ ႏိုင္ငံကို ကူညီေထာက္ပံေပးၿပီး ေငြေၾကးေတြကို ျဖဳန္တီးေနေၾကာင္း ေျပာပါတယ္။ ယူကရိန္းနဲ႔ အေမရိကန္ႏိုင္ငံၾကား သမၼတထရမ့္ လက္ထက္မွာ အျငင္းပြားမႈေတြ ပိုမိုျဖစ္လာခဲ့ ေၾကာင္း သိရပါတယ္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ယူကရိန္းကို ဘယ္သူမွ ဖိအားေပးလို႔မရႏိုင္ေၾကာင္း ေျပာပါတယ္။
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရတာဝန္ရွိသူမ်ားနဲ႔ ႐ုရွားအစိုးရတာဝန္ရွိသူမ်ား ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတြ႕ဆုံေဆြးခဲ့ရာ ယူကရိန္းသမၼတက ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ထရမ့္ဟာ သမၼတ မျဖစ္ခင္တည္းက ယူကရိန္း ႏိုင္ငံကို ေဝဖန္ျပစ္တင္ခဲ့ဖူးၿပီး ယူကရိန္းႏိုင္ကို ဂ်ိဳးဘ္ုင္ဒန္ ဦးေဆာင္တဲ့ အေမရိကန္အစိုးရ ကူညီေပးျခင္းကို ေဝဖန္ ျပစ္တင္ခဲ့ပါတယ္။
ဇီလန္စကီးဟာ ၂၀၂၄ခု ႏွစ္ေမလတည္းက သမၼတသက္တမ္းကုန္ဆုံးခဲ့ၿပီး ေ႐ြးေကာက္ပြဲ ထပ္မံမက်င္းပဘဲ သမၼတအျဖစ္ ဆက္လက္တာဝန္ယူေနသူျဖစ္ပါတယ္။ ဇီလန္စကီးဟာ လက္ရွိအခ်ိန္မွာ ေ႐ြးေကာက္ပြဲက်င္းပမယ့္အစီအစဥ္ကို ျငင္းဆန္ထားရာ လက္ရွိ အေမရိကန္အစိုးရနဲ႔ ယူကရိန္းအစိုယရၾကား သေဘာထားကြဲလြဲမႈေတြ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္