ထိုင်းနှင့်မလေးရှားတွင် အလုပ်လုပ်ရန် တရားမဝင်သွားရောက်ခဲ့သည့်မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရ

 347

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ပထမဖြစ်စဉ်မှာ ယမန့်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) က အမှတ် ၁၃၄ နယ်စပ်ကင်းလှည့် ရဲတပ်ဖွဲ့မှ အရာရှိများထံ Nong Lu အရပ်တွင် နိုင်ငံခြားသားအများအပြားရှိသည်ဟု သတင်းပေးပို့မှုရသောကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ဝါးတောအတွင်း ထိုင်နေသည့် မြန်မာနိုင်ငံမှ အမျိုးသား ၇၂ ဦး နှင့် အမျိုးသား ၄၄ ဦး၊ စုစုပေါင်း ၁၁၆ ဦးကို တွေ့ရကြောင်း ရဲဗိုလ်မှူးကြီး Paitoon Sriwilai က ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ကို ထိုင်းစကားပြောတတ်သူတစ်ဦးက ထွက်ဆိုရာတွင် ၎င်းတို့သည် ဘုရားသုံးဆူ မြို့မှလာခြင်းဖြစ် ကြောင်း ပြောကြားကာ ထိုင်းနိုင်ငံသို့ တောတွင်းလမ်းမှ ဝင်လာခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ဖမ်းဆီးရမိသူ အားလုံးက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။
၎င် လူစုအနက် အများအပြားသည် Nonthaburi၊ Samut Prakan၊ Bangkok နှင့် Samut Sakhon တို့သို့ သွားရောက်မည်ဖြစ်ပြီး အချို့က မလေးရှားသို့ ဆက်လက်ထွက်ခွာရန် အစီအစဉ်ရှိနေကာ ကြို၊ ပို့ ကားကို စောင့်ဆိုင်နေစဉ် အထက်ပါအတိုင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သွားရောက်ရန်အတွက် မြန်မာပွဲစားတစ်ဦးကို ဘတ် တစ်သောင်းရှစ်ထောင် မှ ဘတ်နှစ်သောင်းကြား ပေးခဲ့ရပြီး အချို့ဆိုလျှင် အထက်ပါ နေရာသို့ ရောက်ရှိနေသည်မှာ နှစ်ရက် (သို့မဟုတ်) သုံးရက်ခန့်ပင် ရှိနေပြီဖြစ် ကြောင်း သိရသည်။
ထို့အပြင် ဒုတိယဖြစ်စဉ်အနေဖြင့် ယင်းနေ့ အစောပိုင်းကလည်း Thong Pha Phum ခရိုင်တွင် တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၄၅ ဦးကို ဖမ်းဆီးရမိခဲ့ရာ ထိုင်း (သို့မဟုတ်) မလေးရှားတွင် အလုပ်လုပ်ခွင့် ရရှိရန် အတွက် ပွဲစားကို ဘတ် ခုနှစ်သောင်းခန့်အထိ ပေးခဲ့ရကြောင်း ထွက်ဆိုသည်ဟု သတင်းတွင် ရေးသားထားသည်။
ယင်း ဖြစ်စဉ်တွင် နံနက်အစောပိုင်း (၁) နာရီ (၃ဝ) မိနစ်အချိန်က Vajiralongkorn ရေလှောင်တမံသို့ တရားမဝင် အလုပ်ရှာသူများ ရောက်လာသည်မည်ဆိုသောသတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ဆိပ်ခံထက်တွင် အသင့်စောင့်နေသော Kanchanaburi လိုင်စင်နံပါတ်ပြားပါ ပစ်ကပ်ကားတစ်စီးကို တွေ့ရပြီး တာဝန်ရှိသူများကို မြင်သောကြောင့် ယာဉ်မောင်း နှင့် ကားပေါ်တက်ရန် ပြင်နေသော တရားမဝင် ဝင်ရောက် လာသူများက ထွက်ပြေးခဲ့ကြသော်လည်း ဝင်ရောက်သူများကို စုစည်း နိုင်ခဲ့ကြောင်း သိရသည်။
အထက်ပါ တရားမဝင် ဝင်ရောက်သူများမှာ ၄၅ ဦး ဖြစ်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် အပြင် ရက်အချို့ကြာ အစာမစားရသေးကြောင်း သိရသည့် အတွက် အစားအသောက်နှင့် ရေတို့ကို ဖမ်းဆီးသူများက ကျွေးမွေးခဲ့ရကြောင်း သိရသည်။
စစ်ဆေးမှုအရ ၎င်းတို့ကို Sangkhla Buri ခရိုင် ရှိ တောတွင်း လမ်းက တဆင့် ထိုင်းနိုင်ငံ အတွင်း ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု သတင်း တွင် ဖော်ပြထားကာ အထက်ပါ ဖမ်းဆီးရမိသူအားလုံးကို ရဲစခန်းတွင် ယာယီ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသို့ ပြန်လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ထိုင္းႏွင့္မေလးရွားတြင္ အလုပ္လုပ္ရန္ တရားမဝင္သြားေရာက္ခဲ့သည့္ျမန္မာအလုပ္သမားမ်ား ထိုင္းႏိုင္ငံ၌ ဖမ္းဆီးခံရ
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂၀

ထိုင္းႏိုင္ငံ ႏွင့္ မေလးရွားႏိုင္ငံတြင္ အလုပ္လုပ္ရန္ တရားမဝင္ ဝင္ေရာက္လာေသာ ျမန္မာလုပ္သမားမ်ားကို ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းဌာန၏သတင္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။
ပထမျဖစ္စဥ္မွာ ယမန႔္ေန႔ (ေဖေဖာ္ဝါရီလ ၁၉ ရက္) က အမွတ္ ၁၃၄ နယ္စပ္ကင္းလွည့္ ရဲတပ္ဖြဲ႕မွ အရာရွိမ်ားထံ Nong Lu အရပ္တြင္ ႏိုင္ငံျခားသားအမ်ားအျပားရွိသည္ဟု သတင္းေပးပို႔မႈရေသာေၾကာင့္ သြားေရာက္စစ္ေဆးခဲ့ရာ ဝါးေတာအတြင္း ထိုင္ေနသည့္ ျမန္မာႏိုင္ငံမွ အမ်ိဳးသား ၇၂ ဦး ႏွင့္ အမ်ိဳးသား ၄၄ ဦး၊ စုစုေပါင္း ၁၁၆ ဦးကို ေတြ႕ရေၾကာင္း ရဲဗိုလ္မႉးႀကီး Paitoon Sriwilai က ေျပာသည္ဟု သတင္းတြင္ ေဖာ္ျပထားသည္။
ရဲတပ္ဖြဲ႕ကို ထိုင္းစကားေျပာတတ္သူတစ္ဦးက ထြက္ဆိုရာတြင္ ၎တို႔သည္ ဘုရားသုံးဆူ ၿမိဳ႕မွလာျခင္းျဖစ္ ေၾကာင္း ေျပာၾကားကာ ထိုင္းႏိုင္ငံသို႔ ေတာတြင္းလမ္းမွ ဝင္လာခဲ့ျခင္းျဖစ္သည္ဟု အထက္ပါ ဖမ္းဆီးရမိသူ အားလုံးက ေျပာေၾကာင္း သတင္းတြင္ ေရးသားထားသည္။
၎င္ လူစုအနက္ အမ်ားအျပားသည္ Nonthaburi၊ Samut Prakan၊ Bangkok ႏွင့္ Samut Sakhon တို႔သို႔ သြားေရာက္မည္ျဖစ္ၿပီး အခ်ိဳ႕က မေလးရွားသို႔ ဆက္လက္ထြက္ခြာရန္ အစီအစဥ္ရွိေနကာ ႀကိဳ၊ ပို႔ ကားကို ေစာင့္ဆိုင္ေနစဥ္ အထက္ပါအတိုင္း ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔သြားေရာက္ရန္အတြက္ ျမန္မာပြဲစားတစ္ဦးကို ဘတ္ တစ္ေသာင္းရွစ္ေထာင္ မွ ဘတ္ႏွစ္ေသာင္းၾကား ေပးခဲ့ရၿပီး အခ်ိဳ႕ဆိုလွ်င္ အထက္ပါ ေနရာသို႔ ေရာက္ရွိေနသည္မွာ ႏွစ္ရက္ (သို႔မဟုတ္) သုံးရက္ခန႔္ပင္ ရွိေနၿပီျဖစ္ ေၾကာင္း သိရသည္။
ထို႔အျပင္ ဒုတိယျဖစ္စဥ္အေနျဖင့္ ယင္းေန႔ အေစာပိုင္းကလည္း Thong Pha Phum ခ႐ိုင္တြင္ တရားမဝင္ ဝင္ေရာက္သူ ျမန္မာႏိုင္ငံသား ၄၅ ဦးကို ဖမ္းဆီးရမိခဲ့ရာ ထိုင္း (သို႔မဟုတ္) မေလးရွားတြင္ အလုပ္လုပ္ခြင့္ ရရွိရန္ အတြက္ ပြဲစားကို ဘတ္ ခုႏွစ္ေသာင္းခန႔္အထိ ေပးခဲ့ရေၾကာင္း ထြက္ဆိုသည္ဟု သတင္းတြင္ ေရးသားထားသည္။
ယင္း ျဖစ္စဥ္တြင္ နံနက္အေစာပိုင္း (၁) နာရီ (၃ဝ) မိနစ္အခ်ိန္က Vajiralongkorn ေရေလွာင္တမံသို႔ တရားမဝင္ အလုပ္ရွာသူမ်ား ေရာက္လာသည္မည္ဆိုေသာသတင္းအရ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
ဆိပ္ခံထက္တြင္ အသင့္ေစာင့္ေနေသာ Kanchanaburi လိုင္စင္နံပါတ္ျပားပါ ပစ္ကပ္ကားတစ္စီးကို ေတြ႕ရၿပီး တာဝန္ရွိသူမ်ားကို ျမင္ေသာေၾကာင့္ ယာဥ္ေမာင္း ႏွင့္ ကားေပၚတက္ရန္ ျပင္ေနေသာ တရားမဝင္ ဝင္ေရာက္ လာသူမ်ားက ထြက္ေျပးခဲ့ၾကေသာ္လည္း ဝင္ေရာက္သူမ်ားကို စုစည္း ႏိုင္ခဲ့ေၾကာင္း သိရသည္။
အထက္ပါ တရားမဝင္ ဝင္ေရာက္သူမ်ားမွာ ၄၅ ဦး ျဖစ္ၿပီး အလြန္အမင္း ပင္ပန္းႏြမ္းနယ္ေနသည့္ အျပင္ ရက္အခ်ိဳ႕ၾကာ အစာမစားရေသးေၾကာင္း သိရသည့္ အတြက္ အစားအေသာက္ႏွင့္ ေရတို႔ကို ဖမ္းဆီးသူမ်ားက ေကြၽးေမြးခဲ့ရေၾကာင္း သိရသည္။
စစ္ေဆးမႈအရ ၎တို႔ကို Sangkhla Buri ခ႐ိုင္ ရွိ ေတာတြင္း လမ္းက တဆင့္ ထိုင္းႏိုင္ငံ အတြင္း ေခၚသြင္းလာျခင္း ျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သတင္း တြင္ ေဖာ္ျပထားကာ အထက္ပါ ဖမ္းဆီးရမိသူအားလုံးကို ရဲစခန္းတြင္ ယာယီ ထိန္းသိမ္းထားၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လႊဲေပးမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.