မန္တလေးတွင် ဂိုထောင်အတွင်းမှစတင်လောင်ကျွမ်းသည့်မီးကြောင့် တွဲကား(၄)စီးပါ မီးလောင်ပျက်စီး

539

သန့်ဇင်(NP News)- အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဂိုထောင်အတွင်းမှစတင်လောင်ကျွမ်းသည့်မီးကြောင့် တွဲကား(၄)စီးပါ မီးလောင်ပျက်စီး သွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသတွင်းမီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၃၀ရက်)၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်ခန့်က အမရပူရမြို့နယ်၊ တော်လှကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက ဂိုထောင်ကစလောင်တာလို့ သိရတယ်။ အဲဒီဂိုထောင်အနားကပ်ထားတဲ့ တွဲကား (၄) စီးလည်း မီးလောင်တဲ့အထဲ ပါသွားတယ်။ ကျန်တဲ့အခြေအနေ ကတော့ စုံစမ်းစစ်ဆေးနေတုန်းပဲ”ဟု သွားရောက်ကူညီခဲ့သည့် ဒေသတွင်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တွဲကား (၄) စီးနှင် ပေ (၂၀)x ပေ(၄၀) ဂိုထောင်တစ်လုံးမီးလောင် ပျက်စီးသွား ခဲ့ကြောင်းသိရသည်။
“ကား (၄)စီးနဲ့ ဂိုထောင်တစ်လုံးပျက်စီးသွားတယ်။ ဘာဂိုထောင်လည်းဆိုတာ့ ပစ္စည်းတွေထားတဲ့ ဂိုထောင်ပဲ။ ဆောင်းဘောက်ပစ္စည်း တွေထားတဲ့ ဂိုထောင်ပါ။ အရမ်းအကြီးကြီးတော့မဟုတ်ပါဘူး။ ကားကတော့ တွဲကား (၄) စီးမှာ ခေါင်းပဲကျန်တော့တယ်။ အကုန်လောင် သွားတာ”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ထို့ကြောင့် မီးလောင်မှုအား (၁) နာရီကျော်အကြာမီးငြှိမ်းသတ်ခဲ့ပြီး လက်ရှိတွင် မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ဂိုေထာင္အတြင္းမွစတင္ေလာင္ကြၽမ္းသည့္မီးေၾကာင့္ တြဲကား(၄)စီးပါ မီးေလာင္ပ်က္စီး
သန႔္ဇင္(NP News)- ေအာက္တိုဘာ ၃၀
မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္တြင္ ဂိုေထာင္အတြင္းမွစတင္ေလာင္ကြၽမ္းသည့္မီးေၾကာင့္ တြဲကား(၄)စီးပါ မီးေလာင္ပ်က္စီး သြားခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ ေဒသတြင္းမီးသတ္တပ္ဖြဲ႕ဝင္မ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ ၃၀ရက္)၊ မြန္းလြဲ ၁၂ နာရီဝန္းက်င္အခ်ိန္ခန႔္က အမရပူရၿမိဳ႕နယ္၊ ေတာ္လွေက်း႐ြာတြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးေလာင္တာက ဂိုေထာင္ကစေလာင္တာလို႔ သိရတယ္။ အဲဒီဂိုေထာင္အနားကပ္ထားတဲ့ တြဲကား (၄) စီးလည္း မီးေလာင္တဲ့အထဲ ပါသြားတယ္။ က်န္တဲ့အေျခအေန ကေတာ့ စုံစမ္းစစ္ေဆးေနတုန္းပဲ”ဟု သြားေရာက္ကူညီခဲ့သည့္ ေဒသတြင္းမီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ မီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း တြဲကား (၄) စီးႏွင္ ေပ (၂၀)x ေပ(၄၀) ဂိုေထာင္တစ္လုံးမီးေလာင္ ပ်က္စီးသြား ခဲ့ေၾကာင္းသိရသည္။
“ကား (၄)စီးနဲ႔ ဂိုေထာင္တစ္လုံးပ်က္စီးသြားတယ္။ ဘာဂိုေထာင္လည္းဆိုတာ့ ပစၥည္းေတြထားတဲ့ ဂိုေထာင္ပဲ။ ေဆာင္းေဘာက္ပစၥည္း ေတြထားတဲ့ ဂိုေထာင္ပါ။ အရမ္းအႀကီးႀကီးေတာ့မဟုတ္ပါဘူး။ ကားကေတာ့ တြဲကား (၄) စီးမွာ ေခါင္းပဲက်န္ေတာ့တယ္။ အကုန္ေလာင္ သြားတာ”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ထို႔ေၾကာင့္ မီးေလာင္မႈအား (၁) နာရီေက်ာ္အၾကာမီးျငႇိမ္းသတ္ခဲ့ၿပီး လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။