အာဏာရှင်ဖယ်ရှားရေး ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာခြင်းနဲ့ ပြည်ပစွက်ဖက်မှုများကြောင့် တိုင်းပြည်တစ်ခုလုံး ပြိုကွဲလုနီးပါးအခြေအနေသို့ရောက်ရှိ (ဘာသာပြန်ဆောင်းပါး)

 400

Htay Oung (NP News) - ဖေဖော်ဝါရီ ၂ဝ

အာဆတ်အစိုးရပြိုလဲသွားတဲ့ ဆီးရီယားနိုင်ငံအတွင်း အစ္စရေးက စစ်စခန်းများ ဝင်ရောက်တည်ဆောက်နေ ကြောင်း၊ ဆီးရီးယား “မောင့်ဟာမွန်” တောင်ကုန်းမှ တောင်ဘက် ဂျော်ဒန်နယ်စပ် “တယ်လ်ကူးနာ” နယ် မြေအထိ ဖြစ်တယ်လို့ “ဟာအားရက်ဇ်” ဟီးဗရူးသတင်းအေဂျင်စီ က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ရေးသားခဲ့ပါ တယ်။
ဆီးရီးယားနဲ့ အစ္စရေးအကြား စစ်မဲ့ဇုန်တစ်လျှောက် ရှေ့တန်းစစ်စခန်း ၇ ခုထက်မနည်း တည်ဆောက်ထား ကြောင်း ဂြိုလ်တုဓါတ်ပုံများက ဖော်ပြနေကြပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အစ္စရေးအနေနဲ့ အိမ်နီး ချင်းတိုင်းပြည်ပိုင် နယ်မြေအတွင်း ရေရှည်တပ်စွဲ အခြေချရန် ရည်ရွယ်ထားကြောင်း ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်း ကို ဖော်ပြနေတယ်လို့ ဂျူးသတင်းစာက ဆိုပါတယ်။
အခုလို နှစ်နိုင်ငံအကြား စစ်မဲ့ဇုန်အတွင်း IDF အစ္စရေးကာကွယ်ရေးတပ်မတော်က ဝင်ရောက်လာခြင်းမှာ ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရ ပြိုလဲပြီးနောက်ပိုင်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် တူနီးရှားနိုင်ငံမှ စတင်ခဲ့တဲ့ အာဏာရှင်ဖယ်ရှားမှု ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး “အာရပ်နွေဦး တော်လှန်ရေး” မှာ အချိန်တိုအတွင်း အရှေ့ အလယ်ပိုင်းတိုင်းပြည်များကို ပျံ့နှံ့သွားပါတယ်။
မြေထဲပင်လယ် အရှေ့ဘက်ကမ်းကို မေးတင်ထားတဲ့ ဆီးရီးယားနိုင်ငံမှာ “လီဗန့်” လို့ ခေါ်တဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် ကျယ်ပြန့်တဲ့ နယ်မြေမှာ တည်ရှိပါတယ်။ ကမ္ဘာ့အစောဆုံး စာပေအက္ခရာရေးသားမှု၊ အလွန်ရှေးကျပြီး လူမျိုးနွယ်အလိုက် ကွဲပြားတဲ့ မြို့ပြများနဲ့ ကိုးကွယ်ရာဘာသာပေါင်းစုံ ရောနှောနေတဲ့ ဒေသ ကြီးဖြစ်ပါတယ်။ ဂျူး ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တို့အတွက်ပါ အရေးပါတဲ့ ဆီးရီးယားဟာ ဂရိ၊ တူရကီ၊ အာရပ်၊ ပြင်သစ်တို့ရဲ့ အုပ်ချုပ်မှုလက်အောက် ကျရောက်ခဲ့ဖူးပါတယ်။ ၁၉၆၃-ခုနှစ် ဘာ့သ်ပါတီ စစ်ကော် မတီ ရဲ့ အာဏာသိမ်းမှုအပြီး၊ ဆက်လက်ကွဲပြားသွားတဲ့ အုပ်စုများက ထပ်မံအာဏာသိမ်းခြင်းအားဖြင့် ၁၉၇၁-ခုနှပြ မှာ အယ်လာဝိုက် မျိုးနွယ်စု “ဟာဖက်ဇ်_အယ်လ်_အာဆတ်” က သမ္မတဖြစ်လာပါတယ်။ ၂၀၀၀ ပြည့်နှစ် သူ ကွယ်လွန်တဲ့အခါ သားဖြစ်သူ “ဘာရှာ_အယ်လ်_အာဆတ်” က ဆက်ခံခြင်းအားဖြင့် မိသားစုတစ်စု က အရာ ရာကို လွှမ်းမိုး ချုပ်ကိုင်တဲ့ “မျိုးနွယ်စု သားစဉ်မြေးဆက် အာဏာရှင်စနစ်” ဖြစ်ပေါ်လာပါတယ်။
အာရပ်နွေဦး လှုပ်ရှားမှု သမ္မတ ဘာရှာအာဆတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ကျောင်းသားများကို ဖမ်းဆီး ခြင်း၊ ဆန္ဒပြသူကို လက်နက်အသုံးပြု အကြမ်းဖက် နှိမ်နင်းတယ်လို့ ပြောဆိုကြရာမှ မျိုးနွယ်စု အသီးသီး ပါဝင်တဲ့ ပြည်သူများက “လွတ်လပ်သော ဆီးရီးယားတပ်တော်” FSA က ဖွဲ့စည်းပြီး အစိုးရတပ်များကို ရင်ဆိုင် ခဲ့ကြတယ်။ ပြည်တွင်းရေးမှာ အာဆတ်အစိုးရဘက်က ရုရှားနဲ့ အီရန်တို့က ပံ့ပိုးပေးပြီး ပြည်သူများဘက်က အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံများက ထောက်ပံ့ပေးခြင်းဖြင့် အလွန်ရှုတ်ထွေးပြင်းထန်တဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားပါတယ်။ ၂၀၁၄-ခုနှစ်မှာ “အိုင်စစ်” ခေါ် “အစ္စလာမ်မစ်စတိတ်” ဆွန်နီဘာသာရေး အစွန်းရောက် အကြမ်းဖက်များ ပေါ်ပေါက်လာပြီး အဲ့ဒီ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အကြောင်းပြချက်နဲ့ အီရတ်နိုင်ငံအတွင်း မှ အမေရိကန်စစ်စခန်းများလည်း ဆီးရီးယားနိုင်ငံအတွင်း ဝင်ရောက်တပ်စွဲထားပါတယ်။
အမေရိကန်ဟာ ဘာသာရေးအစွန်းရောက်နှိမ်နင်းရေး ပြည်သူ့စစ်များအဖြစ် ဆီးရီးယားမြောက်ပိုင်းမှ ကာ့ဒ် လူ မျိုးတို့ကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပြီး “ဆီးရီးယားဒီမိုကရက်တစ်တပ်” SDF ကို ထူထောင်ပေးထား ပါတယ်။ ဒါပေမယ့် ကာ့ဒ်လူမျိုးတွေဟာ တူရကီနိုင်ငံတောင်ပိုင်းမှ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရန် လှုပ် ရှားသူများလည်း ပါဝင်နေပါတယ်။ ဒီအတွက် တူရကီဟာ ဆီးရီးယားပြည်တွင်းစစ်မှာ သြဇာခံ ကိုယ်စားပြု Proxy လက်နက်ကိုင်များကို မွေးမြူယုံမက ကိုယ်တိုင် ဗြောင်ကျကျ ပါဝင်စွက်ဖက်လာခဲ့ပါတယ်။ ပြည်တွင်း စစ်ဟာ အဖွဲ့ဒ့ါဇင်ချီ အသီးသီး ပါဝင်တဲ့ အုပ်စုကြီး ၄-စုတို့အကြား အပြန်အလှန်စစ်ခင်းဖို့ ဖြစ်လာပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး သူပုန်များအနက် နိုင်ငံအရှေ့မြောက်ပိုင်း “ဟေရတ်_တဟား_အယ်လ်ရှမ်း” HTS သူပုန်များဟာ အမေရိကန်က ဆုငွေထုတ်ထားတဲ့ အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားဟောင်းများဖြစ်ပါတယ်။ မြိုံပြ ပြောက်ကျားစစ်မှာ သူမတူအောင် ထူးချွန်လှတဲ့ ဂျီဟတ်ဝါဒီလက်နက်ကိုင်များဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ၈-ရက်နေ့မှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် သမ္မတ ဘာရှာအာဆတ် ထွက်ပြေးသွားရပါတယ်။ HTS တို့ဟာ အာဆတ်အစိုးရ ဝန်ကြီးချုပ်နဲ့ အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ ရက်အနည်းငယ်မျှ ယာယီ ပူးပေါင်းခဲ့ပါတယ်။ နိုင်ငံ့အနောက်မြောက်ပိုင်းအထိ အင်အားကြီးမားလာတဲ့ HTS တို့ ဟာ အခြား ဆီးရီးယားသူပုန်များနဲ့လည်း ယှဉ်ပြိုင်တိုက်ခိုက်နေရပါတယ်။ သူတို့ရဲ့ တည်ရှိမှုကို စွန့်လွှတ်ပြီး အများပြည်သူပါဝင်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ တိုင်းပြည်ကို ပြန်လည်စုစည်းရန် မဖြစ်နိုင်သလောက်ရှိပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ လက်နက်ကိုင် အားလုံးနီးပါးက အမြင်မကြည်လင်တဲ့ အစ္စ ရေးနိုင်ငံအတွင်း အချိန်မရွေး ကူးစက်ပျံ့နှံ့လာနိုင်ပါတယ်။ သူပုန်တို့လက်တွင်း အဆင့်မြင့် စစ်လက်နက်များ မရောက်ရှိရအောင် ဆီးရီးယားတပ်မတော် စစ်စခန်းများ၊ လေယာဉ်/လေယာဉ်ကွင်းများ၊ သိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက် ဖျက်ဆီးနေတဲ့ အစ္စရေးဟာ နယ်စပ်ဒေသရှိ ဂျူးကျေးရွာများကို ကာကွယ်ရန် “စစ် ဇုန်” တစ်ခု တည်ဆောက်ရပါလိမ့်မယ်။

ယခင် ဆီးရီးယားစစ်သားများ တပ်စွဲခဲ့တဲ့နေရာဟာ ခက်ထန်ကြမ်းတမ်းပြီး ဖြစ်သလို တည်ဆောင်ထား တဲ့ အတွက် အစ္စရေးစစ်သားများ ရေရှည်နေထိုင်ရန် အခက်အခဲရှိပါတယ်။ အစ္စရေး နည်းပညာနှင့် ထောက်ပံ့ရေး ညွှန်ကြားမှုဌာနအောက်ရှိ အခြေခံအဆောက်အအုံဌာနနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ထောက်ပံ့ရေးဌာန တို့က ဂိုလန်ကုန်းမြင့်ရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကို ခံနိုင်ရည်ရှိမယ့် အဆောက်အအုံများနဲ့ ပစ္စည်းကိရိယာ များကို တပ်ဆင်ပေးနေခဲ့တာ လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဖြစ်ပါတယ်။ အဆုံးသတ်မယ့် ရက်စွဲကို မသိရ သေးပေမယ့် လူနေထိုင်ရန် အခန်းများ၊ ကွပ်ကဲရေးစင်တာများ၊ ဆေးခန်းများ၊ ရေချိုးခန်းများနဲ့ အိမ်သာများကို တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုနောက်ပိုင်း အဆင့်မြှင့်တင်တဲ့အနေနဲ့ အအေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတဲ့ အဆောက်အအုံများ၊ အပူပေးစနစ်များ၊ လျှပ်စစ်မီးစက်များနဲ့ ရေပူပေးစနစ်များကို ထည့်သွင်းနေကြောင်း သိရှိ ရပါတယ်။
အစ္စရေးတပ်များဟာ ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဒေသများကို အမြောက်ကြီးများနဲ့ ပစ်ခတ်နေ ကြောင်း တူရကီအစိုးရပိုင် “အနာဒိုလူ သတင်းအေဂျင်စီ” ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးပါတယ်။
တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က ဆီးရီးယားမှ ထွက်ပြေးလာရတဲ့ ဂျူးလူမျိုးအချို့ဟာ ဒမတ် စကတ်မြို့တော်ကို ပြန်လည်ဝင်ရောက်နေကြပြီလို့ ရိုက်တာသတင်းအေဂျင်စီက ယနေ့ရေးသားပါတယ်။ ယခင် သမ္မတ ဟာဖက်ဇ်အယ်လ်အာဆတ် (ဖခင်အာဆတ်) လက်ထက် ပိုင်ဆိုင်မှုနဲ့ အလုပ်အကိုင်ဆိုင်ရာ ကန့် သတ်မှုများကြောင့် ဆီးရီးယားမှ ထွက်ခွာသွားကြသူများဖြစ်ကြောင်း၊ ဆီးရီးယားမှာ ဂျူးလူမျိုး ထောင်ဂဏန်းမျှ ရှိပြီး အဲ့ဒီရေမြေမှာ မွေးဖွားသူများ ဖြစ်ကြကြောင်း၊ ချက်ချင်းပြောင်းရွှေ့သွားသူများဟာ အမေရိကန်နိုင်ငံ နယူး ယောက်မြို့မှာ အခြေချကြပေမယ့် ထွက်ခွာမသွားပဲ အခက်အခဲအမျိုူမျိုးကြားမှာ ပေကပ်ကျန်ခဲ့သူ ၁၀-ဦးခန့် ရှိတယ်လို့ သိရှိရပါတယ်။
ဆီးရီးယားမှာ ဂျုးနဲ့ ခရစ်ယာန်တို့အတွက် ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နေရာများ ရှိနေပါ တယ်။ ပြန်လည်ဝင်ရောက်လာတဲ့ ဂျူးတွေဟာ ကျဉ်းမြောင်း ရှေးကျလှတဲ့ လမ်းကလေးတစ်လျှောက် သူတို့ရဲ့ ယခင်အိမ်နီးချင်း ဆီးရီးယားနိုင်ငံသား ပါလက်စတိုင်းများကို ဝမ်းသာအားရ ဖက်ရမ်းနှုတ်ဆက်ကြကြောင်း၊ ဒမတ်စကတ်မြို့လယ် ဂျူးတရားဇရပ်တစ်ခုရဲ့ နံရံပေါ်ရှိ ဟီးဗရူးလက်ရေးနဲ့ ရေးသားထားတဲ့ “တောရပ်” ဂျူး သမ္မာကျမ်းစာပါ စာသားများကို ဖတ်ရှု့ခဲ့ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
(အလွန်ရှေးကျပြီး ရောက်လေရာ လူ့အဖွဲ့အစည်းနဲ့ အသားကျအောင် နေထိုင်တတ်သူများမှာ ဂျုး-တရုတ်နဲ့ အိံန္ဒိယတို့ကို မှတ်တမ်းတင်ရပါလိမ့်မယ်။ တိုင်းပြည်တစ်ပြည်မှာ ဘယ်လိုကြီးပဲ ဖြစ်နေပါစေ သူတို့သားစဉ်မြေး ဆက် ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာ ကောင်းကောင်းသိရှိသူများမှာ ဂျုးတို့က ထိပ်ဆုံး ဖြစ်ပါလိမ့်မယ်။
တရုတ်တို့တော့ အဲ့ဒီတိုင်းပြည်မှာ ခေါက်ဆွဲနဲ့ အရက်ဆိုင် ဖွင့်ဖို့ အားထုတ်ကြမှာ ဖြစ်ပြီး အိန္ဒိယနွယ်ဖွား တွေ ကတော့ ဘယ်နေရာမှာ ဘယ်လို သားငါး ရှာဖွေပြီး
ဘယ်လို သီးနှံမျိုး စိုက်ရမယ်ဆိုတာ စိတ်ကူးနေကြသူများ ဖြစ်ပါတယ်။ ။ #HtayOung #OungMarine )
#ဆီးရီးယား #အစ္စရေး #ဒမတ်စကက် #ဂိုလန်ကုန်းမြင့် #ဘာရှာ_အယ်လ်_အာဆတ် #အာရပ်နွေဦး

Zawgyi Version:
အာဏာရွင္ဖယ္ရွားေရး ျပည္တြင္းစစ္မီး ပိုမိုျပင္းထန္လာျခင္းနဲ႔ ျပည္ပစြက္ဖက္မႈမ်ားေၾကာင့္ တိုင္းျပည္တစ္ခုလုံး ၿပိဳကြဲလုနီးပါးအေျခအေနသို႔ေရာက္ရွိ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂ဝ

အာဆတ္အစိုးရၿပိဳလဲသြားတဲ့ ဆီးရီယားႏိုင္ငံအတြင္း အစၥေရးက စစ္စခန္းမ်ား ဝင္ေရာက္တည္ေဆာက္ေန ေၾကာင္း၊ ဆီးရီးယား “ေမာင့္ဟာမြန္” ေတာင္ကုန္းမွ ေတာင္ဘက္ ေဂ်ာ္ဒန္နယ္စပ္ “တယ္လ္ကူးနာ” နယ္ ေျမအထိ ျဖစ္တယ္လို႔ “ဟာအားရက္ဇ္” ဟီးဗ႐ူးသတင္းေအဂ်င္စီ က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၈ ရက္မွာ ေရးသားခဲ့ပါ တယ္။
ဆီးရီးယားနဲ႔ အစၥေရးအၾကား စစ္မဲ့ဇုန္တစ္ေလွ်ာက္ ေရွ႕တန္းစစ္စခန္း ၇ ခုထက္မနည္း တည္ေဆာက္ထား ေၾကာင္း ၿဂိဳလ္တုဓါတ္ပုံမ်ားက ေဖာ္ျပေနၾကပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ အစၥေရးအေနနဲ႔ အိမ္နီး ခ်င္းတိုင္းျပည္ပိုင္ နယ္ေျမအတြင္း ေရရွည္တပ္စြဲ အေျခခ်ရန္ ရည္႐ြယ္ထားေၾကာင္း ျပင္ဆင္မႈတစ္စိတ္တစ္ပိုင္း ကို ေဖာ္ျပေနတယ္လို႔ ဂ်ဴးသတင္းစာက ဆိုပါတယ္။
အခုလို ႏွစ္ႏိုင္ငံအၾကား စစ္မဲ့ဇုန္အတြင္း IDF အစၥေရးကာကြယ္ေရးတပ္မေတာ္က ဝင္ေရာက္လာျခင္းမွာ ဆီးရီးယားႏိုင္ငံမွာ အာဆတ္အစိုးရ ၿပိဳလဲၿပီးေနာက္ပိုင္းျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္ တူနီးရွားႏိုင္ငံမွ စတင္ခဲ့တဲ့ အာဏာရွင္ဖယ္ရွားမႈ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး “အာရပ္ေႏြဦး ေတာ္လွန္ေရး” မွာ အခ်ိန္တိုအတြင္း အေရွ႕ အလယ္ပိုင္းတိုင္းျပည္မ်ားကို ပ်ံ႕ႏွံ႔သြားပါတယ္။
ေျမထဲပင္လယ္ အေရွ႕ဘက္ကမ္းကို ေမးတင္ထားတဲ့ ဆီးရီးယားႏိုင္ငံမွာ “လီဗန႔္” လို႔ ေခၚတဲ့ ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ က်ယ္ျပန႔္တဲ့ နယ္ေျမမွာ တည္ရွိပါတယ္။ ကမာၻ႔အေစာဆုံး စာေပအကၡရာေရးသားမႈ၊ အလြန္ေရွးက်ၿပီး လူမ်ိဳးႏြယ္အလိုက္ ကြဲျပားတဲ့ ၿမိဳ႕ျပမ်ားနဲ႔ ကိုးကြယ္ရာဘာသာေပါင္းစုံ ေရာေႏွာေနတဲ့ ေဒသ ႀကီးျဖစ္ပါတယ္။ ဂ်ဴး ခရစ္ယာန္နဲ႔ အစၥလာမ္ဘာသာဝင္တို႔အတြက္ပါ အေရးပါတဲ့ ဆီးရီးယားဟာ ဂရိ၊ တူရကီ၊ အာရပ္၊ ျပင္သစ္တို႔ရဲ႕ အုပ္ခ်ဳပ္မႈလက္ေအာက္ က်ေရာက္ခဲ့ဖူးပါတယ္။ ၁၉၆၃-ခုႏွစ္ ဘာ့သ္ပါတီ စစ္ေကာ္ မတီ ရဲ႕ အာဏာသိမ္းမႈအၿပီး၊ ဆက္လက္ကြဲျပားသြားတဲ့ အုပ္စုမ်ားက ထပ္မံအာဏာသိမ္းျခင္းအားျဖင့္ ၁၉၇၁-ခုႏွျပ မွာ အယ္လာဝိုက္ မ်ိဳးႏြယ္စု “ဟာဖက္ဇ္_အယ္လ္_အာဆတ္” က သမၼတျဖစ္လာပါတယ္။ ၂၀၀၀ ျပည့္ႏွစ္ သူ ကြယ္လြန္တဲ့အခါ သားျဖစ္သူ “ဘာရွာ_အယ္လ္_အာဆတ္” က ဆက္ခံျခင္းအားျဖင့္ မိသားစုတစ္စု က အရာ ရာကို လႊမ္းမိုး ခ်ဳပ္ကိုင္တဲ့ “မ်ိဳးႏြယ္စု သားစဥ္ေျမးဆက္ အာဏာရွင္စနစ္” ျဖစ္ေပၚလာပါတယ္။
အာရပ္ေႏြဦး လႈပ္ရွားမႈ သမၼတ ဘာရွာအာဆတ္ ဆန႔္က်င္ေရး ဆႏၵျပမႈမ်ားမွာ ေက်ာင္းသားမ်ားကို ဖမ္းဆီး ျခင္း၊ ဆႏၵျပသူကို လက္နက္အသုံးျပဳ အၾကမ္းဖက္ ႏွိမ္နင္းတယ္လို႔ ေျပာဆိုၾကရာမွ မ်ိဳးႏြယ္စု အသီးသီး ပါဝင္တဲ့ ျပည္သူမ်ားက “လြတ္လပ္ေသာ ဆီးရီးယားတပ္ေတာ္” FSA က ဖြဲ႕စည္းၿပီး အစိုးရတပ္မ်ားကို ရင္ဆိုင္ ခဲ့ၾကတယ္။ ျပည္တြင္းေရးမွာ အာဆတ္အစိုးရဘက္က ႐ုရွားနဲ႔ အီရန္တို႔က ပံ့ပိုးေပးၿပီး ျပည္သူမ်ားဘက္က အေမရိကန္နဲ႔ ေဒသတြင္းႏိုင္ငံမ်ားက ေထာက္ပံ့ေပးျခင္းျဖင့္ အလြန္ရႈတ္ေထြးျပင္းထန္တဲ့ ျပည္တြင္းစစ္အျဖစ္ ေျပာင္းလဲသြားပါတယ္။ ၂၀၁၄-ခုႏွစ္မွာ “အိုင္စစ္” ေခၚ “အစၥလာမ္မစ္စတိတ္” ဆြန္နီဘာသာေရး အစြန္းေရာက္ အၾကမ္းဖက္မ်ား ေပၚေပါက္လာၿပီး အဲ့ဒီ စစ္ေသြးႂကြေတြကို ႏွိမ္နင္းဖို႔ အေၾကာင္းျပခ်က္နဲ႔ အီရတ္ႏိုင္ငံအတြင္း မွ အေမရိကန္စစ္စခန္းမ်ားလည္း ဆီးရီးယားႏိုင္ငံအတြင္း ဝင္ေရာက္တပ္စြဲထားပါတယ္။
အေမရိကန္ဟာ ဘာသာေရးအစြန္းေရာက္ႏွိမ္နင္းေရး ျပည္သူ႔စစ္မ်ားအျဖစ္ ဆီးရီးယားေျမာက္ပိုင္းမွ ကာ့ဒ္ လူ မ်ိဳးတို႔ကို စစ္သင္တန္းေပး လက္နက္တပ္ဆင္ၿပီး “ဆီးရီးယားဒီမိုကရက္တစ္တပ္” SDF ကို ထူေထာင္ေပးထား ပါတယ္။ ဒါေပမယ့္ ကာ့ဒ္လူမ်ိဳးေတြဟာ တူရကီႏိုင္ငံေတာင္ပိုင္းမွ ခြဲထြက္ၿပီး သီးျခားႏိုင္ငံထူေထာင္ရန္ လႈပ္ ရွားသူမ်ားလည္း ပါဝင္ေနပါတယ္။ ဒီအတြက္ တူရကီဟာ ဆီးရီးယားျပည္တြင္းစစ္မွာ ၾသဇာခံ ကိုယ္စားျပဳ Proxy လက္နက္ကိုင္မ်ားကို ေမြးျမဴယုံမက ကိုယ္တိုင္ ေျဗာင္က်က် ပါဝင္စြက္ဖက္လာခဲ့ပါတယ္။ ျပည္တြင္း စစ္ဟာ အဖြဲ႕ဒ့ါဇင္ခ်ီ အသီးသီး ပါဝင္တဲ့ အုပ္စုႀကီး ၄-စုတို႔အၾကား အျပန္အလွန္စစ္ခင္းဖို႔ ျဖစ္လာပါတယ္။
အာဏာရွင္ဆန႔္က်င္ေရး သူပုန္မ်ားအနက္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္း “ေဟရတ္_တဟား_အယ္လ္ရွမ္း” HTS သူပုန္မ်ားဟာ အေမရိကန္က ဆုေငြထုတ္ထားတဲ့ အယ္လ္ကိုင္ဒါ အၾကမ္းဖက္သမားေဟာင္းမ်ားျဖစ္ပါတယ္။ ၿမိဳံျပ ေျပာက္က်ားစစ္မွာ သူမတူေအာင္ ထူးခြၽန္လွတဲ့ ဂ်ီဟတ္ဝါဒီလက္နက္ကိုင္မ်ားဟာ လြန္ခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၈-ရက္ေန႔မွာ ဆီးရီးယားႏိုင္ငံ ဒမတ္စကတ္ၿမိဳ႕ေတာ္ကို ဝင္ေရာက္သိမ္းပိုက္ျခင္းျဖင့္ သမၼတ ဘာရွာအာဆတ္ ထြက္ေျပးသြားရပါတယ္။ HTS တို႔ဟာ အာဆတ္အစိုးရ ဝန္ႀကီးခ်ဳပ္နဲ႔ အသြင္ကူးေျပာင္းေရးအစိုးရဖြဲ႕စည္းဖို႔ ရက္အနည္းငယ္မွ် ယာယီ ပူးေပါင္းခဲ့ပါတယ္။ ႏိုင္ငံ့အေနာက္ေျမာက္ပိုင္းအထိ အင္အားႀကီးမားလာတဲ့ HTS တို႔ ဟာ အျခား ဆီးရီးယားသူပုန္မ်ားနဲ႔လည္း ယွဥ္ၿပိဳင္တိုက္ခိုက္ေနရပါတယ္။ သူတို႔ရဲ႕ တည္ရွိမႈကို စြန႔္လႊတ္ၿပီး အမ်ားျပည္သူပါဝင္တဲ့ ေ႐ြးေကာက္ပြဲစနစ္နဲ႔ တိုင္းျပည္ကို ျပန္လည္စုစည္းရန္ မျဖစ္ႏိုင္သေလာက္ရွိပါတယ္။
ဆီးရီးယားႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့ စစ္ပြဲေတြဟာ လက္နက္ကိုင္ အားလုံးနီးပါးက အျမင္မၾကည္လင္တဲ့ အစၥ ေရးႏိုင္ငံအတြင္း အခ်ိန္မေ႐ြး ကူးစက္ပ်ံ႕ႏွံ႔လာႏိုင္ပါတယ္။ သူပုန္တို႔လက္တြင္း အဆင့္ျမင့္ စစ္လက္နက္မ်ား မေရာက္ရွိရေအာင္ ဆီးရီးယားတပ္မေတာ္ စစ္စခန္းမ်ား၊ ေလယာဥ္/ေလယာဥ္ကြင္းမ်ား၊ သိုေလွာင္႐ုံမ်ားကို ေလေၾကာင္းမွ တိုက္ခိုက္ ဖ်က္ဆီးေနတဲ့ အစၥေရးဟာ နယ္စပ္ေဒသရွိ ဂ်ဴးေက်း႐ြာမ်ားကို ကာကြယ္ရန္ “စစ္ ဇုန္” တစ္ခု တည္ေဆာက္ရပါလိမ့္မယ္။

ယခင္ ဆီးရီးယားစစ္သားမ်ား တပ္စြဲခဲ့တဲ့ေနရာဟာ ခက္ထန္ၾကမ္းတမ္းၿပီး ျဖစ္သလို တည္ေဆာင္ထား တဲ့ အတြက္ အစၥေရးစစ္သားမ်ား ေရရွည္ေနထိုင္ရန္ အခက္အခဲရွိပါတယ္။ အစၥေရး နည္းပညာႏွင့္ ေထာက္ပံ့ေရး ၫႊန္ၾကားမႈဌာနေအာက္ရွိ အေျခခံအေဆာက္အအုံဌာနနဲ႔ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေထာက္ပံ့ေရးဌာန တို႔က ဂိုလန္ကုန္းျမင့္ရဲ႕ ၾကမ္းတမ္းတဲ့ ရာသီဥတုကို ခံႏိုင္ရည္ရွိမယ့္ အေဆာက္အအုံမ်ားနဲ႔ ပစၥည္းကိရိယာ မ်ားကို တပ္ဆင္ေပးေနခဲ့တာ လြန္ခဲ့တဲ့ ဒီဇင္ဘာလကတည္းက ျဖစ္ပါတယ္။ အဆုံးသတ္မယ့္ ရက္စြဲကို မသိရ ေသးေပမယ့္ လူေနထိုင္ရန္ အခန္းမ်ား၊ ကြပ္ကဲေရးစင္တာမ်ား၊ ေဆးခန္းမ်ား၊ ေရခ်ိဳးခန္းမ်ားနဲ႔ အိမ္သာမ်ားကို တည္ေဆာက္ခဲ့ၿပီး ျဖစ္ပါတယ္။ ယခုေနာက္ပိုင္း အဆင့္ျမႇင့္တင္တဲ့အေနနဲ႔ အေအးဒဏ္ကို ပိုမိုခံႏိုင္ရည္ရွိတဲ့ အေဆာက္အအုံမ်ား၊ အပူေပးစနစ္မ်ား၊ လွ်ပ္စစ္မီးစက္မ်ားနဲ႔ ေရပူေပးစနစ္မ်ားကို ထည့္သြင္းေနေၾကာင္း သိရွိ ရပါတယ္။
အစၥေရးတပ္မ်ားဟာ ဆီးရီးယားႏိုင္ငံ အေနာက္ေတာင္ပိုင္း ေဒသမ်ားကို အေျမာက္ႀကီးမ်ားနဲ႔ ပစ္ခတ္ေန ေၾကာင္း တူရကီအစိုးရပိုင္ “အနာဒိုလူ သတင္းေအဂ်င္စီ” ယမန္ေန႔ ေဖေဖာ္ဝါရီလ ၁၉ ရက္မွာ ေရးပါတယ္။
တခ်ိန္တည္းမွာပဲ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ခန႔္က ဆီးရီးယားမွ ထြက္ေျပးလာရတဲ့ ဂ်ဴးလူမ်ိဳးအခ်ိဳ႕ဟာ ဒမတ္ စကတ္ၿမိဳ႕ေတာ္ကို ျပန္လည္ဝင္ေရာက္ေနၾကၿပီလို႔ ႐ိုက္တာသတင္းေအဂ်င္စီက ယေန႔ေရးသားပါတယ္။ ယခင္ သမၼတ ဟာဖက္ဇ္အယ္လ္အာဆတ္ (ဖခင္အာဆတ္) လက္ထက္ ပိုင္ဆိုင္မႈနဲ႔ အလုပ္အကိုင္ဆိုင္ရာ ကန႔္ သတ္မႈမ်ားေၾကာင့္ ဆီးရီးယားမွ ထြက္ခြာသြားၾကသူမ်ားျဖစ္ေၾကာင္း၊ ဆီးရီးယားမွာ ဂ်ဴးလူမ်ိဳး ေထာင္ဂဏန္းမွ် ရွိၿပီး အဲ့ဒီေရေျမမွာ ေမြးဖြားသူမ်ား ျဖစ္ၾကေၾကာင္း၊ ခ်က္ခ်င္းေျပာင္းေ႐ႊ႕သြားသူမ်ားဟာ အေမရိကန္ႏိုင္ငံ နယူး ေယာက္ၿမိဳ႕မွာ အေျခခ်ၾကေပမယ့္ ထြက္ခြာမသြားပဲ အခက္အခဲအမ်ိဳူမ်ိဳးၾကားမွာ ေပကပ္က်န္ခဲ့သူ ၁၀-ဦးခန႔္ ရွိတယ္လို႔ သိရွိရပါတယ္။
ဆီးရီးယားမွာ ဂ်ဳးနဲ႔ ခရစ္ယာန္တို႔အတြက္ ယူနက္စကို အသိအမွတ္ျပဳ ကမာၻ႔အေမြအႏွစ္ေနရာမ်ား ရွိေနပါ တယ္။ ျပန္လည္ဝင္ေရာက္လာတဲ့ ဂ်ဴးေတြဟာ က်ဥ္းေျမာင္း ေရွးက်လွတဲ့ လမ္းကေလးတစ္ေလွ်ာက္ သူတို႔ရဲ႕ ယခင္အိမ္နီးခ်င္း ဆီးရီးယားႏိုင္ငံသား ပါလက္စတိုင္းမ်ားကို ဝမ္းသာအားရ ဖက္ရမ္းႏႈတ္ဆက္ၾကေၾကာင္း၊ ဒမတ္စကတ္ၿမိဳ႕လယ္ ဂ်ဴးတရားဇရပ္တစ္ခုရဲ႕ နံရံေပၚရွိ ဟီးဗ႐ူးလက္ေရးနဲ႔ ေရးသားထားတဲ့ “ေတာရပ္” ဂ်ဴး သမၼာက်မ္းစာပါ စာသားမ်ားကို ဖတ္ရႈ႕ခဲ့ၾကတယ္လို႔ ႐ိုက္တာက ေဖာ္ျပပါတယ္။
(အလြန္ေရွးက်ၿပီး ေရာက္ေလရာ လူ႔အဖြဲ႕အစည္းနဲ႔ အသားက်ေအာင္ ေနထိုင္တတ္သူမ်ားမွာ ဂ်ဳး-တ႐ုတ္နဲ႔ အႎႏၵိယတို႔ကို မွတ္တမ္းတင္ရပါလိမ့္မယ္။ တိုင္းျပည္တစ္ျပည္မွာ ဘယ္လိုႀကီးပဲ ျဖစ္ေနပါေစ သူတို႔သားစဥ္ေျမး ဆက္ ဘယ္လိုရွင္သန္ေနထိုင္ရမယ္ဆိုတာ ေကာင္းေကာင္းသိရွိသူမ်ားမွာ ဂ်ဳးတို႔က ထိပ္ဆုံး ျဖစ္ပါလိမ့္မယ္။
တ႐ုတ္တို႔ေတာ့ အဲ့ဒီတိုင္းျပည္မွာ ေခါက္ဆြဲနဲ႔ အရက္ဆိုင္ ဖြင့္ဖို႔ အားထုတ္ၾကမွာ ျဖစ္ၿပီး အိႏၵိယႏြယ္ဖြား ေတြ ကေတာ့ ဘယ္ေနရာမွာ ဘယ္လို သားငါး ရွာေဖြၿပီး
ဘယ္လို သီးႏွံမ်ိဳး စိုက္ရမယ္ဆိုတာ စိတ္ကူးေနၾကသူမ်ား ျဖစ္ပါတယ္။ ။ #HtayOung #OungMarine )
#ဆီးရီးယား #အစၥေရး #ဒမတ္စကက္ #ဂိုလန္ကုန္းျမင့္ #ဘာရွာ_အယ္လ္_အာဆတ္ #အာရပ္ေႏြဦး

Related news

© 2021. All rights reserved.