စစ်ပွဲကို အဆုံးသတ်မည့်ဆွေးနွေးပွဲများတွင် ယူကရိန်း ပါဝင်ရမည်ဟု ကနေဒါဝန်ကြီးချုပ် နှင့် ယူကရိန်းသမ္မတတို့ ပြော

993

Pika (NP News) - ဖေဖော်ဝါရီ ၂၂
ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်သော မည်သည့်ဆွေးနွေးပွဲများ တွင်မဆို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းနိုင်ငံပါဝင်ရမည်ဟု ကနေဒါဝန်ကြီးချုပ်ထရူးဒိုး နှင့် ယူကရိန်း သမ္မတဇီလန်စကီးတို့က ပြောကြားခဲ့ကြောင်း သိရသည်။
ထရူးဒိုး နှင့် ဇီလန်စကီးတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက လုပ်တောင်ခဲ့သည့် ဖုန်းခေါ်ဆိုအတွင်း ယခုကဲ့သို့ပြောကြား ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်အတွက် တွန်းအားပေးလျက်ရှိပြီး အမေရိကန်၏ မိတ်ဖက်နိုင်ငံများနှင့် ယူကရိန်းတို့ ပါဝင်ခြင်းမျိုး မရှိသောဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆော်ဒီအာရေးဗျနိုင်ငံမှာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန် နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ပွဲကို အဆုံးသတ်ရန်အတွက် ယူကရိန်းပါဝင်ခြင်းမျိုးမရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆော်ဒီအာရေးဗျနိုင်ငံတွင် လုပ်ဆောင်ခဲ့ကြပြီးနောက် ဇီလန်စကီး နှင့် ထရူးဒိုးတို့၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရူးဒိုး၏ ရုံးက “ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် လုပ်ဆောင်တဲ့ ဘယ်လိုဆွေးနွေးပွဲတွေမှာမဆို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ယူကရိန်းနိုင်ငံ ပါဝင်ရမယ်လို့ ဇီလန်စကီးနဲ့ ထရူးဒိုးတို့က အလေးပေးပြောကြားခဲ့ပါတယ်” ဟု သတင်းထုတ်ပြန်ထားသည်။
ကနေဒါနိုင်ငံသည် ယူကရိန်း၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်း ကို အခိုင်မာဆုံးထောက်ခံခဲ့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံလည်းဖြစ်သည်။ဇီလန်စကီးနှင့် ဖုန်းခေါ်ဆိုမှုအတွင်း ထရူးဒိုးသည် ယူကရိန်းအတွက် ကနေဒါ၏ထောက်ခံမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းအတွက် လုံခြုံမှုမရှိဘူးဆိုပါက ဥရောပတွင် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
Zawgyi Version:
စစ္ပြဲကို အဆုံးသတ္မည့္ေဆြးေႏြးပြဲမ်ားတြင္ ယူကရိန္း ပါဝင္ရမည္ဟု ကေနဒါဝန္ႀကီးခ်ဳပ္ ႏွင့္ ယူကရိန္းသမၼတတို႔ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာစစ္ပြဲကို အဆုံးသတ္ရန္အတြက္ လုပ္ေဆာင္ေသာ မည္သည့္ေဆြးေႏြးပြဲမ်ား တြင္မဆို ေစ့စပ္ညႇိႏႈိင္းေရး စားပြဲဝိုင္းတြင္ ယူကရိန္းႏိုင္ငံပါဝင္ရမည္ဟု ကေနဒါဝန္ႀကီးခ်ဳပ္ထ႐ူးဒိုး ႏွင့္ ယူကရိန္း သမၼတဇီလန္စကီးတို႔က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထ႐ူးဒိုး ႏွင့္ ဇီလန္စကီးတို႔သည္ ၿပီးခဲ့သည့္ရက္ပိုင္းက လုပ္ေတာင္ခဲ့သည့္ ဖုန္းေခၚဆိုအတြင္း ယခုကဲ့သို႔ေျပာၾကား ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္သမၼတသစ္ေဒၚနယ္ထရမ့္သည္ ႐ုရွား-ယူကရိန္းစစ္ပြဲကို အျမန္ဆုံး အဆုံးသတ္ရန္အတြက္ တြန္းအားေပးလ်က္ရွိၿပီး အေမရိကန္၏ မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ယူကရိန္းတို႔ ပါဝင္ျခင္းမ်ိဳး မရွိေသာေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္ ႏွင့္ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တို႔သည္ စစ္ပြဲကို အဆုံးသတ္ရန္အတြက္ ယူကရိန္းပါဝင္ျခင္းမ်ိဳးမရွိေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ လုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ ဇီလန္စကီး ႏွင့္ ထ႐ူးဒိုးတို႔၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထ႐ူးဒိုး၏ ႐ုံးက “႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ လုပ္ေဆာင္တဲ့ ဘယ္လိုေဆြးေႏြးပြဲေတြမွာမဆို ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာ ယူကရိန္းႏိုင္ငံ ပါဝင္ရမယ္လို႔ ဇီလန္စကီးနဲ႔ ထ႐ူးဒိုးတို႔က အေလးေပးေျပာၾကားခဲ့ပါတယ္” ဟု သတင္းထုတ္ျပန္ထားသည္။
ကေနဒါႏိုင္ငံသည္ ယူကရိန္း၏ အဓိကမိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ႐ုရွားႏွင့္ျဖစ္ပြားေနေသာစစ္ပြဲတြင္ ယူကရိန္း ကို အခိုင္မာဆုံးေထာက္ခံခဲ့သည့္ ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံလည္းျဖစ္သည္။ဇီလန္စကီးႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ထ႐ူးဒိုးသည္ ယူကရိန္းအတြက္ ကေနဒါ၏ေထာက္ခံမႈမ်ားကို ထပ္ေလာင္းေျပာၾကားခဲ့ၿပီး ယူကရိန္းအတြက္ လုံၿခဳံမႈမရွိဘူးဆိုပါက ဥေရာပတြင္ ေရရွည္တည္တံ့မည့္ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္မည္မဟုတ္ေၾကာင္း အေလးေပး ေျပာၾကားခဲ့သည္။