အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

 265

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေတွင်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်က အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့ကို မောင်းနှင်လာသည့် ဘတ်စ်ကားပေါ်တွင် ပေါက်ကွဲမှုဖြစ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေကို စစ်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဘတ်စ်ကားပေါ်တွင်ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုသည် လူအများပြား သေဆုံးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။
တဲအဲဗစ်မြို့အစွန်ရှိ အစ္စရေး ဆင်ခြေဖုံးရပ်ကွက်နားက ဘတ်စ်ကားသုံးစီးပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပေါက်ကွဲစေသော ပစ္စည်းများကိုလည်း ဘတ်စ်ကားတစ်စီးအပေါ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘတ်စ်ကားများပေါ်တွင် လူများ မရှိသည့်အတွက် အသက်သေဆုံးခြင်းများ မရှိခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က လက်ရှိအချိန်တွင် ဘက်စ်ကားများပေါ်တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု နှင့်ပတ်သက်ပြီး အစ္စရေးစုံစမ်းထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။ ဘတ်စ်ကားများ ပေါ်တွင်ဖြစ်ပွားခဲ့သောပေါက်ကွဲများနှင့်ပတ်သက်ပြီး ဝန်ခံထားသည့် လက်နက်ကိုင်အဖွဲ့အစည်းမရှိသေးကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်သည် ဘတ်စ်ကား သုံးစီးပေါ်တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် အစ္စရေးထောက်လှမ်းရေးအကြီးအကဲ၊ အစ္စရေးရဲတပ်ဖွဲ့အကြီးအကဲ၊ အစ္စရေးစစ်တပ်အကြီးအကဲများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါက်ကွဲစေသောပစ္စည်းများ သည် အချိန်ကိုက်ပြုလုပ်ထားသည့်ဗုံးများဖြစ်ပြီး လူအများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
အေနာက္ဘက္ကမ္းေျခတြင္ စစ္ဆင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ အစၥေရးဝန္ႀကီးခ်ဳပ္ အမိန႔္ေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ အေနာက္ဘက္ကမ္းေျခတြင္စစ္ဆင္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ အစၥေရးစစ္တပ္ကို အမိန႔္ေပးလိုက္ေၾကာင္း သိရသည္။ ေဖေဖာ္ဝါရီ ၂၀ ရက္က အစၥေရးႏိုင္ငံ တဲအဲဗစ္ၿမိဳ႕ကို ေမာင္းႏွင္လာသည့္ ဘတ္စ္ကားေပၚတြင္ ေပါက္ကြဲမႈျဖစ္လာခဲ့ၿပီးေနာက္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုသည္ အေနာက္ဘက္ကမ္းေျခကို စစ္ဆင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရန္ အမိန႔္ေပးခဲ့ျခင္းျဖစ္သည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဘတ္စ္ကားေပၚတြင္ျဖစ္ပြားခဲ့သည့္ေပါက္ကြဲမႈသည္ လူအမ်ားျပား ေသဆုံးေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။
တဲအဲဗစ္ၿမိဳ႕အစြန္ရွိ အစၥေရး ဆင္ေျခဖုံးရပ္ကြက္နားက ဘတ္စ္ကားသုံးစီးေပၚတြင္ ေပါက္ကြဲမႈမ်ား ျဖစ္လာခဲ့ျခင္း ျဖစ္ေၾကာင္း၊ ထို႔ျပင္ ေပါက္ကြဲေစေသာ ပစၥည္းမ်ားကိုလည္း ဘတ္စ္ကားတစ္စီးအေပၚတြင္ ထပ္မံေတြ႕ရွိခဲ့ေၾကာင္း အစၥေရးရဲတပ္ဖြဲ႕က ေျပာသည္။
ေပါက္ကြဲမႈျဖစ္ပြားခ်ိန္တြင္ ဘတ္စ္ကားမ်ားေပၚတြင္ လူမ်ား မရွိသည့္အတြက္ အသက္ေသဆုံးျခင္းမ်ား မရွိခဲ့ေၾကာင္း သိရသည္။ အစၥေရးစစ္တပ္က လက္ရွိအခ်ိန္တြင္ ဘက္စ္ကားမ်ားေပၚတြင္ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈ ႏွင့္ပတ္သက္ၿပီး အစၥေရးစုံစမ္းေထာက္လွမ္းေရးအဖြဲ႕က စုံစမ္းစစ္ေဆးေနေၾကာင္း ေျပာသည္။ ဘတ္စ္ကားမ်ား ေပၚတြင္ျဖစ္ပြားခဲ့ေသာေပါက္ကြဲမ်ားႏွင့္ပတ္သက္ၿပီး ဝန္ခံထားသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမရွိေသးေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဘတ္စ္ကား သုံးစီးေပၚတြင္ျဖစ္ပြားခဲ့သည့္ ေပါက္ကြဲမ်ားႏွင့္ပတ္သက္ၿပီး ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ အစၥေရးေထာက္လွမ္းေရးအႀကီးအကဲ၊ အစၥေရးရဲတပ္ဖြဲ႕အႀကီးအကဲ၊ အစၥေရးစစ္တပ္အႀကီးအကဲမ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အစၥေရး ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေပါက္ကြဲေစေသာပစၥည္းမ်ား သည္ အခ်ိန္ကိုက္ျပဳလုပ္ထားသည့္ဗုံးမ်ားျဖစ္ၿပီး လူအမ်ား သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထားကာ တိုက္ခိုက္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.