ယူကရိန်းသမ္မတက ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့အထိ အရေးမပါဘူးလို့ အမေရိကန်သမ္မတ ဝေဖန်

 732

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ယူကရိန်းသမ္မတဇီလန်စကီးဟာ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့အတွက် အရမ်းကြီးအရေးမပါဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဇီလန်စကီးဟာ စေ့စပ်ညှိနှိုင်းမှုတွေကို ခက်ခဲအောင်သာလုပ်ဆောင်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ Fox News သတင်းအေဂျင်စီ နဲ့ အင်တာဗျူးတစ်ခုအတွင်း ဇီလန်စကီးအပေါ် ဝေဖန်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီးဟာ ရုရှားနဲဖြစ်ပွားနေတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ ဘယ်လိုသဘောတူညီချက်ကိုမဆိုပြုလုပ်ရာမှာ အတားအဆီးတစ်ခုသာဖြစ်ကြောင်း နဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့အတွက် အရမ်းကြီးအရေးမပါဘူးလို့ ဒေါ်နယ်ထရမ့်က အကြံပြုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က "ဇီလန်စကီးဟာ ကိုယ့်ကိုယ်ကိုယ် ဘာတွေလုပ်နေလဲဆိုတာတောင်မသိတဲ့ သမ္မတတစ်ဦးနဲ့ သုံးနှစ်ကြာအောင် တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကို ရည်ညွှန်းပြီး ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆော်ဒီအာရေးဗျမှာပြုလုပ်ခဲ့တဲ့ ရုရှားနဲ့ အမေရိကန်အရာရှိတို့ရဲ့တွေ့ဆုံဆွေးနွေးပွဲကို ယူကရိန်းကို ဖိတ်ကြားတာမျိုးမရှိတာနဲ့ပတ်သက်ပြီး ဇီလန်စကီးဘက်က တိုင်ကြားချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ဝေဖန်မှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က "ဇီလန်စကီးဟာ အခြားဆွေးနွေးပွဲတွေမှာ သုံးနှစ်ကြာအောင် ပါဝင်ခဲ့ပေမယ့် ဘာမှဖြစ်ဖြစ်မြောက်မြောက်ရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူဟာ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အရမ်းကြီးအရေးမပါဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက ေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔အထိ အေရးမပါဘူးလို႔ အေမရိကန္သမၼတ ေဝဖန္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

ယူကရိန္းသမၼတဇီလန္စကီးဟာ ေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔အတြက္ အရမ္းႀကီးအေရးမပါဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ဇီလန္စကီးဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြကို ခက္ခဲေအာင္သာလုပ္ေဆာင္လိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ Fox News သတင္းေအဂ်င္စီ နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ဇီလန္စကီးအေပၚ ေဝဖန္မႈေတြကို ဆက္လက္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီးဟာ ႐ုရွားနဲျဖစ္ပြားေနတဲ့ပဋိပကၡကို အဆုံးသတ္ဖို႔ ဘယ္လိုသေဘာတူညီခ်က္ကိုမဆိုျပဳလုပ္ရာမွာ အတားအဆီးတစ္ခုသာျဖစ္ေၾကာင္း နဲ႔ ေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔အတြက္ အရမ္းႀကီးအေရးမပါဘူးလို႔ ေဒၚနယ္ထရမ့္က အႀကံျပဳခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က "ဇီလန္စကီးဟာ ကိုယ့္ကိုယ္ကိုယ္ ဘာေတြလုပ္ေနလဲဆိုတာေတာင္မသိတဲ့ သမၼတတစ္ဦးနဲ႔ သုံးႏွစ္ၾကာေအာင္ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ကို ရည္ၫႊန္းၿပီး ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေဆာ္ဒီအာေရးဗ်မွာျပဳလုပ္ခဲ့တဲ့ ႐ုရွားနဲ႔ အေမရိကန္အရာရွိတို႔ရဲ႕ေတြ႕ဆုံေဆြးေႏြးပြဲကို ယူကရိန္းကို ဖိတ္ၾကားတာမ်ိဳးမရွိတာနဲ႔ပတ္သက္ၿပီး ဇီလန္စကီးဘက္က တိုင္ၾကားခ်က္ေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေဝဖန္မႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က "ဇီလန္စကီးဟာ အျခားေဆြးေႏြးပြဲေတြမွာ သုံးႏွစ္ၾကာေအာင္ ပါဝင္ခဲ့ေပမယ့္ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ရွိေအာင္ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ သူဟာ ေဆြးေႏြးပြဲေတြမွာ ပါဝင္ဖို႔ အရမ္းႀကီးအေရးမပါဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.