အကြမ်းဖက်လုပ်ရပ်များနှင့် နယ်မြေချဲ့ထွင်ရေးတိုက်ပွဲဖော်လာသူများကို ပြည်သူနှင့်ပူးပေါင်းကာ တရားသောစစ် ဆက်လက် ဆင်နွှဲမည်ဟု နစကဥက္ကဋ္ဌပြော

862

NP News - ဖေဖော်ဝါရီ ၂၂
အကြမ်းဖက်လုပ်ရပ်များနှင့် နယ်မြေချဲ့ထွင်ရေးတိုက်ပွဲဖော်လာသူများကို ပြည်သူနှင့်ပူးပေါင်းကာ တရားသောစစ် ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) က ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)စစ်ရေးပြကွင်း၌ ကျင်းပသော တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈)သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်သည် ပြည်သူလူထုမှပေါက်ဖွားသည့် ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ် ကြောင်း နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် တပ်မတော်ကဆင်နွှဲနေသည့် တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထု တစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေသကဲ့သို့ သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးအတွက် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့နှင့် အတူတကွ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ဒေသတစ်ခုတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် လုပ်ဆောင်သူများသည် ယင်းဒေသတွင် နေထိုင်သူများနှင့် ဒေသခံအကြမ်းဖက်သမားများသာ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် လက်နက်ကိုင်သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေ ချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံ ပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ဗထူးမြို့၊ တပ်မတော်ကြည်းဗိုလ်သင်တန်းဆင်းပွဲအခမ်းအနားကို ယခင်က တပ်မတော်ကာကွယ်ရေးဦးချုပ်များ ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ယခုအခါတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထူးခြားစွာတက်ရောက်ခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်ရသည်။

Zawgyi Version:
အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ နယ္ေျမခ်ဲ႕ထြင္ေရးတိုက္ပြဲေဖာ္လာသူမ်ားကို ျပည္သူႏွင့္ပူးေပါင္းကာ တရားေသာစစ္ ဆက္လက္ ဆင္ႏႊဲမည္ဟု နစကဥကၠ႒ေျပာ
NP News - ေဖေဖာ္ဝါရီ ၂၂
အၾကမ္းဖက္လုပ္ရပ္မ်ားႏွင့္ နယ္ေျမခ်ဲ႕ထြင္ေရးတိုက္ပြဲေဖာ္လာသူမ်ားကို ျပည္သူႏွင့္ပူးေပါင္းကာ တရားေသာစစ္ ဆက္လက္ ဆင္ႏႊဲသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၁ ရက္) က ဗထူးၿမိဳ႕၊ တပ္မေတာ္ (ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ဗထူး)စစ္ေရးျပကြင္း၌ က်င္းပေသာ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၁၂၈)သူရတပ္ခြဲ သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပအခမ္းအနားတြင္ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္သည္ ျပည္သူလူထုမွေပါက္ဖြားသည့္ ျပည္သူ႔တပ္မေတာ္ျဖစ္ၿပီး ႏိုင္ငံေတာ္၏ အစိတ္အပိုင္းတစ္ခုျဖစ္ ေၾကာင္း ႏွင့္ ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ရန္၊ ႏိုင္ငံေတာ္ကိုကာကြယ္ရန္ အစြမ္းကုန္ ႀကိဳးစားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ တပ္မေတာ္ကဆင္ႏႊဲေနသည့္ တရားေသာစစ္အေပၚ တည္ၿငိမ္ေအးခ်မ္းေရးကိုလိုလားသည့္ ျပည္သူလူထု တစ္ရပ္လုံးက ဝန္းရံေထာက္ခံအားေပးေနသကဲ့သို႔ ေသာင္းက်န္းသူ အျမစ္ျဖတ္ေခ်မႈန္းေရးႏွင့္ အၾကမ္းဖက္မႈ ႏွိမ္နင္းတိုက္ဖ်က္ေရးအတြက္ ျပည္သူလူထု၊ အစိုးရ၊ တပ္မေတာ္ေပါင္းစည္းအား၊ ညီၫြတ္ေသာစိတ္ဓာတ္တို႔ႏွင့္ အတူတကြ လုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
ေဒသတစ္ခုတည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားကာ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်ေအာင္ လုပ္ေဆာင္သူမ်ားသည္ ယင္းေဒသတြင္ ေနထိုင္သူမ်ားႏွင့္ ေဒသခံအၾကမ္းဖက္သမားမ်ားသာ ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထို႔ေၾကာင့္ လက္နက္ကိုင္ေသာင္းက်န္းသူအၾကမ္းဖက္အဖြဲ႕မ်ား၏ ဥပေဒမဲ့အၾကမ္းဖက္လုပ္ရပ္မ်ား၊ နယ္ေျမ ခ်ဲ႕ထြင္ေရး တိုက္ပြဲေဖာ္ေဆာင္လာမႈမ်ားကို တပ္မေတာ္အေနျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးကို လိုလားသည့္ ေဒသခံ ျပည္သူမ်ားႏွင့္ပူးေပါင္းၿပီး တရားေသာစစ္ကို ဆက္လက္ဆင္ႏႊဲသြားၾကရမည္ျဖစ္ေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ဗထူးၿမိဳ႕၊ တပ္မေတာ္ၾကည္းဗိုလ္သင္တန္းဆင္းပြဲအခမ္းအနားကို ယခင္က တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္မ်ား ကိုယ္တိုင္တက္ေရာက္ခဲ့ျခင္းမရွိေသာ္လည္း ယခုအခါတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ ထူးျခားစြာတက္ေရာက္ခဲ့ျခင္းျဖစ္သည္ကို ေတြ႕ျမင္ရသည္။