ဥရောပသမဂ္ဂက ကြီးမားတဲ့ကာကွယ်ရေးအစီအစဉ်ကို ဖော်ဆောင်သင့်တယ်လို့ ပြင်သစ်သမ္မတ ပြော

 200

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ယူကရိန်းပဋိပက္ခအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ရပ်တည်ချက်အပြင် ရုရှားနိုင်ငံနဲ့တင်းမာမှုတွေ မြင့်တက်လာမှုနဲ့အတူ ဥရောပသမဂ္ဂဟာ ကြီးမားတဲ့ကာကွယ်ရေးအစီအစဉ်ကို ဖော်ဆောင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့လိုအပ်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ပြောခဲ့ပါတယ်။
ဒါ့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ လာမယ့်အချိန်(၅)နှစ်ကနေ (၁၀)နှစ်အတွင်း အမေရိကန်အပေါ် မှီခို အားထားမှုကို လျှော့ချရမယ်လို့ မက်ခရွန်က ထပ်မံပြောဆိုခဲ့ပါတယ်။ မက်ခရွန်က “ယူကရိန်းကို ကူညီဖို့သာမက ကိုယ့်ကိုယ်ကိုယ်အတွက်ပါ အတူတူဆန်းသစ်တီထွင်မှုတွေလုပ်ဆောင်ဖို့ ဆန်းသစ်တီထွင်တဲ့ ဥရောပ အသုံးစရိတ် တွေ လိုအပ်ပါတယ်။ စစ်တပ်တွေမှာ အရေးပါတဲ့ရင်းနှီးမြှပ်နှံမှုတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း ရောက်ရှိ လာသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ကမ္ဘာကြီးဟာ ခေတ်သစ်တစ်ခုကိုရောက်ရှိလာမှုနဲ့အတူ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ လိုအပ်တယ်လို့ မက်ခရွန်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာပြောင်းလဲမှုတွေကို မက်ခရွန်က တုံ့ပြန်ပြောကြားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန် နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တို့ဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ ပြီးနောက် မက်ခရွန်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မက်ခရွန်က “ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီး ပျော့ညံ့လို့ မရဘူးဆိုတာကို ဒေါ်နယ်ထရမ့်ကို ကျွန်တော် ပြောသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဥေရာပသမဂၢက ႀကီးမားတဲ့ကာကြယ္ေရးအစီအစဥ္ကို ေဖာ္ေဆာင္သင့္တယ္လို႔ ျပင္သစ္သမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

ယူကရိန္းပဋိပကၡအေပၚ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ရပ္တည္ခ်က္အျပင္ ႐ုရွားႏိုင္ငံနဲ႔တင္းမာမႈေတြ ျမင့္တက္လာမႈနဲ႔အတူ ဥေရာပသမဂၢဟာ ႀကီးမားတဲ့ကာကြယ္ေရးအစီအစဥ္ကို ေဖာ္ေဆာင္ဖို႔နဲ႔ စစ္ဘက္ဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ျမႇင့္တင္ဖို႔လိုအပ္တယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဟာ လာမယ့္အခ်ိန္(၅)ႏွစ္ကေန (၁၀)ႏွစ္အတြင္း အေမရိကန္အေပၚ မွီခို အားထားမႈကို ေလွ်ာ့ခ်ရမယ္လို႔ မက္ခ႐ြန္က ထပ္မံေျပာဆိုခဲ့ပါတယ္။ မက္ခ႐ြန္က “ယူကရိန္းကို ကူညီဖို႔သာမက ကိုယ့္ကိုယ္ကိုယ္အတြက္ပါ အတူတူဆန္းသစ္တီထြင္မႈေတြလုပ္ေဆာင္ဖို႔ ဆန္းသစ္တီထြင္တဲ့ ဥေရာပ အသုံးစရိတ္ ေတြ လိုအပ္ပါတယ္။ စစ္တပ္ေတြမွာ အေရးပါတဲ့ရင္းႏွီးျမႇပ္ႏွံမႈေတြဟာ လာမယ့္သီတင္းပတ္ေတြအတြင္း ေရာက္ရွိ လာသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ကမာၻႀကီးဟာ ေခတ္သစ္တစ္ခုကိုေရာက္ရွိလာမႈနဲ႔အတူ ဥေရာပသမဂၢႏိုင္ငံေတြဟာ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္ဖို႔ လိုအပ္တယ္လို႔ မက္ခ႐ြန္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျပာင္းလဲမႈေတြကို မက္ခ႐ြန္က တုံ႔ျပန္ေျပာၾကားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ နဲ႔ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တို႔ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့ ၿပီးေနာက္ မက္ခ႐ြန္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
မက္ခ႐ြန္က “႐ုရွားသမၼတပူတင္နဲ႔ပတ္သက္ၿပီး ေပ်ာ့ညံ့လို႔ မရဘူးဆိုတာကို ေဒၚနယ္ထရမ့္ကို ကြၽန္ေတာ္ ေျပာသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.