ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိစေဖို့အတွက် ဥရောပက ဒီထက်ပိုပြီး အားထုတ်ရမယ်လို့ သမ္မတဇီလန်စကီးပြော

 251

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ဥရောပဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်ဖို့အတွက် ဒီထက်ပိုပြီး အားထုတ်ရမယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးဟာ မိတ်ဖက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဇီလန်စကီးဟာ ဂျာမနီနဲ့ ပိုလန်နိုင်ငံ အပါအဝင် အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ဖုန်းခေါ်ဆိုမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ဥရောပဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေဖို့အတွက် ဒီထက်ပိုပြီး အားထုတ်ရလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ယူကရိန်းနဲ့ ဥရောပမှာရှိတဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေမှာ ရှင်းလင်းပြတ်သားတဲ့ အဆိုပြုချက်တွေရှိတာမလို့ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်နိုင်တယ်လို့ ဇီလန်စကီးက ထပ်မံပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက “ဒီအချက်တွေအပေါ် အခြေခံပြီး ဥရောပမဟာဗျူဟာကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ပါ တယ်။ ပြီးတော့ အမေရိကန်နဲ့လက်တွဲလုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဆော်ဒီအာရေးဗျမှာ အမေရိကန် နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံခဲ့ ပြီးနောက် ဇီလန်စကီးနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကြား ဖုန်းခေါ်ဆိုမှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Zawgyi Version:
ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးရရွိေစဖို႔အတြက္ ဥေရာပက ဒီထက္ပိုၿပီး အားထုတ္ရမယ္လို႔ သမၼတဇီလန္စကီးေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

ဥေရာပဟာ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးကို ယူေဆာင္လာႏိုင္ဖို႔အတြက္ ဒီထက္ပိုၿပီး အားထုတ္ရမယ္လို႔ ယူကရိန္း သမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးဟာ မိတ္ဖက္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြနဲ႔ ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဇီလန္စကီးဟာ ဂ်ာမနီနဲ႔ ပိုလန္ႏိုင္ငံ အပါအဝင္ အျခားႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြနဲ႔ဖုန္းေခၚဆိုမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဥေရာပဟာ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရး အမွန္တကယ္ ရရွိေစဖို႔အတြက္ ဒီထက္ပိုၿပီး အားထုတ္ရလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒါ့ျပင္ ယူကရိန္းနဲ႔ ဥေရာပမွာရွိတဲ့ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြမွာ ရွင္းလင္းျပတ္သားတဲ့ အဆိုျပဳခ်က္ေတြရွိတာမလို႔ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ ျဖစ္ႏိုင္တယ္လို႔ ဇီလန္စကီးက ထပ္မံေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးက “ဒီအခ်က္ေတြအေပၚ အေျခခံၿပီး ဥေရာပမဟာဗ်ဴဟာကို ကြၽန္ေတာ္တို႔ အေကာင္အထည္ေဖာ္ႏိုင္ပါ တယ္။ ၿပီးေတာ့ အေမရိကန္နဲ႔လက္တြဲလုပ္ေဆာင္ဖို႔ကလည္း အေရးႀကီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ေဆာ္ဒီအာေရးဗ်မွာ အေမရိကန္ နဲ႔ ႐ုရွားကိုယ္စားလွယ္အဖြဲ႕ေတြ ေတြ႕ဆုံခဲ့ ၿပီးေနာက္ ဇီလန္စကီးနဲ႔ မိတ္ဖက္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြၾကား ဖုန္းေခၚဆိုမႈေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.