တတိယကမ္ဘာစစ်ကို တားဆီးနိုင်ခဲ့ပြီဟု အမေရိကန်သမ္မတပြော

 871

Pika (NP News) - ဖေဖော်ဝါရီ ၂၂

(၂၀၂၄)ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ၎င်း၏အနိုင်ရရှိမှုသည် တတိယကမ္ဘာစစ်ကို တားဆီးရာတွင် အရေးပါခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။ ထို့ပြင် အမေရိကန်ဒုသမ္မတ ဟောင်း ကမ်မလာဟားရစ်သာ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက အချိန်တစ်နှစ် အတွင်း ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ ပေါ်ပေါက်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသနှင့် ယူကရိန်းတို့တွင်ဖြစ်ပွားနေသောပဋိပက္ခများကို ဖြေရှင်းရေးသည် ၎င်း၏ အဓိက နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က “တတိယကမ္ဘာစစ်မှာ ပါဝင်လာမယ့်နိုင်ငံတိုင်းအတွက် အကျိုးအမြတ်ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာသာ ဂျိုးဘိုင်ဒန်အစိုးရ ထပ်မံအုပ်ချုပ်တာမျိုးရှိခဲ့မယ်ဆိုရင် အားလုံးက တတိယ ကမ္ဘာစစ်ထဲရောက်နေလောက်ပါပြီ။ ဒါပေမဲ့ အခုတော့ တတိယကမ္ဘာစစ်ကိုကျွန်တော်တို့ တားဆီးနိုင်လိုက်ပါပြီ” ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းသာ(၂၀၂၁)ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာခဲ့မည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန် နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် ဆော်ဒီအာရေးဗျနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
တတိယကမာၻစစ္ကို တားဆီးႏိုင္ခဲ့ၿပီဟု အေမရိကန္သမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

(၂၀၂၄)ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ ၎၏အႏိုင္ရရွိမႈသည္ တတိယကမာၻစစ္ကို တားဆီးရာတြင္ အေရးပါခဲ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာခဲ့သည္။ ထို႔ျပင္ အေမရိကန္ဒုသမၼတ ေဟာင္း ကမ္မလာဟားရစ္သာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့မည္ဆိုပါက အခ်ိန္တစ္ႏွစ္ အတြင္း ကမာၻလုံးဆိုင္ရာပဋိပကၡမ်ား ေပၚေပါက္လာႏိုင္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာခဲ့သည္။
အေရွ႕အလယ္ပိုင္းေဒသႏွင့္ ယူကရိန္းတို႔တြင္ျဖစ္ပြားေနေသာပဋိပကၡမ်ားကို ေျဖရွင္းေရးသည္ ၎၏ အဓိက ႏိုင္ငံျခားေရးမူဝါဒ ရည္မွန္းခ်က္မ်ားျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က “တတိယကမာၻစစ္မွာ ပါဝင္လာမယ့္ႏိုင္ငံတိုင္းအတြက္ အက်ိဳးအျမတ္ရွိမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာသာ ဂ်ိဳးဘိုင္ဒန္အစိုးရ ထပ္မံအုပ္ခ်ဳပ္တာမ်ိဳးရွိခဲ့မယ္ဆိုရင္ အားလုံးက တတိယ ကမာၻစစ္ထဲေရာက္ေနေလာက္ပါၿပီ။ ဒါေပမဲ့ အခုေတာ့ တတိယကမာၻစစ္ကိုကြၽန္ေတာ္တို႔ တားဆီးႏိုင္လိုက္ပါၿပီ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ၎သာ(၂၀၂၁)ခုႏွစ္ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့မည္ဆိုပါက ယူကရိန္းစစ္ပြဲ ျဖစ္ပြားလာခဲ့မည္မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့သည္။ ယခုသီတင္းပတ္အေစာပိုင္းတြင္ အေမရိကန္ ႏွင့္ ႐ုရွားကိုယ္စားလွယ္အဖြဲ႕တို႔သည္ ယူကရိန္းပဋိပကၡကို ေျဖရွင္းရန္အတြက္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.