ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ယူကရိန်းသမ္မတဇီလန်စကီး ရှုံးနိမ့်နိုင်

374

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂
လက်ရှိအချိန်တွင် သမ္မတရွေးကောက်ပွဲကျင်းပမည်ဆိုပါက ယူကရိန်းသမ္မတဇီလန်စကီးသည် ရှုံး နိမ့်ဖွယ်ရှိနေ ကြောင်း Economist သတင်းဌာနက ဖော်ပြလိုက်သည်။
ဇီလန်စကီး၏ ယူကရိန်းသမ္မတ သက်တမ်းသည် (၂၀၂၄)ခုနှစ် မေလအတွင်း ကုန်ဆုံးခဲ့သော်လည်း လက်ရှိ အချိန်အထိ သမ္မတအဖြစ်ဆက်လက်တာဝန် ယူနေခြင်းဖြစ်ကြောင်းသိရသည်။ ဇီလန်စကီးသည် လက်ရှိအချိန်တွင် သမ္မတရွေးကောက်ပွဲကျင်းပရန် ငြင်းဆန်ထားပြီး စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ထားကြောင်း သိရသည်။ ယူကရိန်းနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗီလာရီဇာလူနီ နှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေရာ ရှုံးနိမ့်ဖွယ်ရှိနေကြောင်း သိရသည်။
The Economist သတင်းဌာနက ယူကရိန်းပြည်သူအများစုသည် ယူကရိန်း၏ လက်ရှိခေါင်းဆောင်ကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း ဖော်ပြထားသည်။ အဆိုပါသတင်းဌာနက ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ယူကရိန်းသမ္မတဇီလန်စကီး ရှုံးနိမ့်ဖွယ်ရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်းက ထောက်ခံမဲ (၆၅)ရာခိုင်နှုန်းအထိ ရယူနိုင်ဖွယ်ရှိနေကြောင်း ထပ်မံဖော်ပြထားသည်။ ဇာလူနီသည် ယူကရိန်းသမ္မတနှင့် အငြင်းပွားမှုများဖြစ်ခဲ့ပြီး နောက် ယူကရိန်းကာ ကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံရကာ ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ယူကရိန်းသမ္မတရွေးကောက်ပွဲတွင် မည်သူအနိုင်မလဲဆိုသောအချက်ကို သတင်းဌာန များ စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းအများစုတွင် လက်ရှိသမ္မတ ဇီလန်စကီးရှုံးနိမ့်မည်ဆိုသော စစ်တမ်းမျိုး ကိုသာ ဖော်ပြထားကြောင်း သိရသည်။ ယူကရိန်းသမ္မတဇီလန်စကီးက “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အဆင်သင့် ရှိတယ်။ ယူကရိန်းနိုင်ငံသားအများစုဟာ ရွေးကောက်ပွဲကျင်းပဖို့ မလိုလားဘူး။ ရုရှားနဲ့ စစ်ပွဲဖြစ်နေ ချိန်မှာ ရွေးကောက်ပွဲကျင်းပတာက နိုင်ငံစုစည်းညီညွတ်ရေးကို ထိခိုက်နိုင်တယ်”ဟု တုံ့ပြန်ထားသည်။ ဇီလန်စကီး သည် ရွေးကောက်ပွဲ မကျင်းပဘဲ သမ္မတအဖြစ်တာဝန်ယူနေခြင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံရေးသမားများက ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ရွေးကောက် ပွဲမကျင်းပဘဲ နိုင်ငံကိုအုပ်ချုပ်နေသော အာဏာရှင် တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သောရက်ပိုင်းတွင်ဝေဖန်ခဲ့ရာ အငြင်းပွားမှုများ၊ တင်းမာမှုများမြင့်တက်ခဲ့ကြောင်း သိရသည်။
Zawgyi Version:
ေ႐ြးေကာက္ပြဲက်င္းပမည္ဆိုပါက ယူကရိန္းသမၼတဇီလန္စကီး ရႈံးနိမ့္ႏိုင္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
လက္ရွိအခ်ိန္တြင္ သမၼတေ႐ြးေကာက္ပြဲက်င္းပမည္ဆိုပါက ယူကရိန္းသမၼတဇီလန္စကီးသည္ ရႈံး နိမ့္ဖြယ္ရွိေန ေၾကာင္း Economist သတင္းဌာနက ေဖာ္ျပလိုက္သည္။
ဇီလန္စကီး၏ ယူကရိန္းသမၼတ သက္တမ္းသည္ (၂၀၂၄)ခုႏွစ္ ေမလအတြင္း ကုန္ဆုံးခဲ့ေသာ္လည္း လက္ရွိ အခ်ိန္အထိ သမၼတအျဖစ္ဆက္လက္တာဝန္ ယူေနျခင္းျဖစ္ေၾကာင္းသိရသည္။ ဇီလန္စကီးသည္ လက္ရွိအခ်ိန္တြင္ သမၼတေ႐ြးေကာက္ပြဲက်င္းပရန္ ျငင္းဆန္ထားၿပီး စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ထားေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံတြင္ သမၼတေ႐ြးေကာက္ပြဲက်င္းပမည္ဆိုလွ်င္ ယူကရိန္းကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ဗီလာရီဇာလူနီ ႏွင့္ ယွဥ္ၿပိဳင္ရဖြယ္ရွိေနရာ ရႈံးနိမ့္ဖြယ္ရွိေနေၾကာင္း သိရသည္။
The Economist သတင္းဌာနက ယူကရိန္းျပည္သူအမ်ားစုသည္ ယူကရိန္း၏ လက္ရွိေခါင္းေဆာင္ကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါသတင္းဌာနက ေ႐ြးေကာက္ပြဲက်င္းပမည္ဆိုလွ်င္ ယူကရိန္းသမၼတဇီလန္စကီး ရႈံးနိမ့္ဖြယ္ရွိေနၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းက ေထာက္ခံမဲ (၆၅)ရာခိုင္ႏႈန္းအထိ ရယူႏိုင္ဖြယ္ရွိေနေၾကာင္း ထပ္မံေဖာ္ျပထားသည္။ ဇာလူနီသည္ ယူကရိန္းသမၼတႏွင့္ အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီး ေနာက္ ယူကရိန္းကာ ကြယ္ေရးဦးစီးခ်ဳပ္ရာထူးမွ ထုတ္ပယ္ခံရကာ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ယူကရိန္းသံအမတ္ႀကီး အျဖစ္ ခန႔္အပ္ခံထားရေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ယူကရိန္းသမၼတေ႐ြးေကာက္ပြဲတြင္ မည္သူအႏိုင္မလဲဆိုေသာအခ်က္ကို သတင္းဌာန မ်ား စစ္တမ္းေကာက္ယူခဲ့ရာ စစ္တမ္းအမ်ားစုတြင္ လက္ရွိသမၼတ ဇီလန္စကီးရႈံးနိမ့္မည္ဆိုေသာ စစ္တမ္းမ်ိဳး ကိုသာ ေဖာ္ျပထားေၾကာင္း သိရသည္။ ယူကရိန္းသမၼတဇီလန္စကီးက “ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အဆင္သင့္ ရွိတယ္။ ယူကရိန္းႏိုင္ငံသားအမ်ားစုဟာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ မလိုလားဘူး။ ႐ုရွားနဲ႔ စစ္ပြဲျဖစ္ေန ခ်ိန္မွာ ေ႐ြးေကာက္ပြဲက်င္းပတာက ႏိုင္ငံစုစည္းညီၫြတ္ေရးကို ထိခိုက္ႏိုင္တယ္”ဟု တုံ႔ျပန္ထားသည္။ ဇီလန္စကီး သည္ ေ႐ြးေကာက္ပြဲ မက်င္းပဘဲ သမၼတအျဖစ္တာဝန္ယူေနျခင္းကို အေမရိကန္သမၼတေဒၚနယ္ထရမ့္ အပါအဝင္ ႏိုင္ငံေရးသမားမ်ားက ေဝဖန္ျပစ္တင္ေနေၾကာင္း သိရသည္။
ယူကရိန္းသမၼတဇီလန္စကီးသည္ ေ႐ြးေကာက္ ပြဲမက်င္းပဘဲ ႏိုင္ငံကိုအုပ္ခ်ဳပ္ေနေသာ အာဏာရွင္ တစ္ဦးျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့ေသာရက္ပိုင္းတြင္ေဝဖန္ခဲ့ရာ အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ားျမင့္တက္ခဲ့ေၾကာင္း သိရသည္။