ဒေါ်နယ်ထရမ့်က တရုတ်နှင့် နျူကလီးယားသဘောတူညီချက်တစ်ခု ရယူလိုနေဟု New York Times ဖော်ပြ

116

Pika (NP News) - ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံနှင့် နျူကလီးယားလက်နက်လုံခြုံရေး အပါအဝင် ကျယ်ပြန့် သော သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်အစိုးရအကြံပေး များ၏ ပြောဆိုချက်များကို ကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကုန်သွယ်ရေး၊ များပြားသော တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ခြင်းနှင့် အမေရိကန် ကုန်ပစ္စည်းများကို ဝယ်ယူရန် ကတိကဝတ်များထက် ကျော်လွန်ကြောင်း NYT ၏ ဖော်ပြချက်အရ သိရ သည်။
ယင်း သဘောတူညီချက်တွင် နျူကလီးယားလက်နက်လုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းရန်လည်း ပါဝင်ကြောင်း အကြံပေးများက ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ အမေရိကန်-တရုတ်နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ်ခု ရယူလိုသည့်ဆန္ဒများကို ပြီးခဲ့သည့် လအနည်းငယ်တွင် ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြားခဲ့ကြောင်း ၎င်း၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်အစိုးရသည် တရုတ်ထံမှ မည်သည့်အရာလိုချင်ကြောင်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းမျိုးမရှိသောကြောင့် သိသာထင်ရှားသည့်အတားအဆီးများရှိနေဆဲဖြစ်ကြောင်း အဆိုပါ အကြံပေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်အတွက် အကြီးမားဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း နျူကလီးယားလုံခြုံရေး၊ နည်းပညာနှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှု အပါအဝင် အခြားကိစ္စရပ်များအတွက် အဓိကကျသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိ ကြောင်းလည်း သိရသည်။
Zawgyi Version:
ေဒၚနယ္ထရမ့္က တ႐ုတ္ႏွင့္ န်ဴကလီးယားသေဘာတူညီခ်က္တစ္ခု ရယူလိုေနဟု New York Times ေဖာ္ျပ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ တ႐ုတ္ႏိုင္ငံႏွင့္ န်ဴကလီးယားလက္နက္လုံၿခဳံေရး အပါအဝင္ က်ယ္ျပန႔္ ေသာ သေဘာတူညီခ်က္တစ္ရပ္ကို အေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္အစိုးရအႀကံေပး မ်ား၏ ေျပာဆိုခ်က္မ်ားကို ကိုးကားၿပီး New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
အဆိုပါသေဘာတူညီခ်က္သည္ ကုန္သြယ္ေရး၊ မ်ားျပားေသာ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေပါင္းစပ္ျခင္းႏွင့္ အေမရိကန္ ကုန္ပစၥည္းမ်ားကို ဝယ္ယူရန္ ကတိကဝတ္မ်ားထက္ ေက်ာ္လြန္ေၾကာင္း NYT ၏ ေဖာ္ျပခ်က္အရ သိရ သည္။
ယင္း သေဘာတူညီခ်က္တြင္ န်ဴကလီးယားလက္နက္လုံၿခဳံေရးကို ကိုင္တြယ္ေျဖရွင္းရန္လည္း ပါဝင္ေၾကာင္း အႀကံေပးမ်ားက ေျပာၾကားခဲ့သည္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္အတူ အေမရိကန္-တ႐ုတ္ႏွစ္ဖက္လုံးအတြက္ အက်ိဳးရွိေစမည့္ သေဘာတူညီခ်က္တစ္ခု ရယူလိုသည့္ဆႏၵမ်ားကို ၿပီးခဲ့သည့္ လအနည္းငယ္တြင္ ေဒၚနယ္ထရမ့္ က ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း ၎၏ အႀကံေပးတစ္ဦးက ေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း ေဒၚနယ္ထရမ့္အစိုးရသည္ တ႐ုတ္ထံမွ မည္သည့္အရာလိုခ်င္ေၾကာင္းကို ရွင္းရွင္းလင္းလင္း သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာေၾကာင့္ သိသာထင္ရွားသည့္အတားအဆီးမ်ားရွိေနဆဲျဖစ္ေၾကာင္း အဆိုပါ အႀကံေပးက ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္အတြက္ အႀကီးမားဆုံး အမ်ိဳးသားလုံၿခဳံေရး ၿခိမ္းေျခာက္မႈမ်ားထဲမွ တစ္ခုအျဖစ္ ဆက္လက္တည္ရွိေနေသာ္လည္း န်ဴကလီးယားလုံၿခဳံေရး၊ နည္းပညာႏွင့္ ကပ္ေရာဂါ ႀကိဳတင္ျပင္ဆင္မႈ အပါအဝင္ အျခားကိစၥရပ္မ်ားအတြက္ အဓိကက်ေသာ ကုန္သြယ္ေရးမိတ္ဖက္ႏိုင္ငံ တစ္ႏိုင္ငံ အျဖစ္ ရပ္တည္လ်က္ရွိ ေၾကာင္းလည္း သိရသည္။