ယူကရိန်းနှင့် အမေရိကန်သမ္မတကြား တင်းမာမှုအရှိန်မြင့်တက်လာပြီး အပြန်အလှန်ပြစ်တင်ဝေဖန်

139

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂
သမ္မတဇီလန်စကီးက အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် ရုရှားအစိုးရထံမှ မမှန်သတင်းများကို လက်ခံ ယုံကြည်နေသည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် ဝေဖန်ခဲ့ရာ အမေရိကန်သမ္မတနှင့် ယူကရိန်းသမ္မတကြား အငြင်းပွား မှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို ရွေးကောက်ပွဲမကျင်းပဘဲ နိုင်ငံကို အုပ်ချုပ် နေသော အာဏာရှင်ဖြစ်ကြောင်း၊ စစ်ပွဲတွင် အနိုင်မရနိုင်သောနိုင်ငံကို အမေရိကန်နိုင်ငံက ကူညီထောက်ပံ့ ပေးသလိုမျိုးဖြစ်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ဝေဖန်ခဲ့သည်။ ထို့ပြင် အမေရိကန်သမ္မတက ယူကရိန်းနိုင်ငံ တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင်လည်း ဇီလန်စကီး အနိုင်ရမည်မဟုတ်ကြောင်း ပြောသည်။
သို့သော်လည်း ယူကရိန်းသမ္မတဇီလန်စကီးသည် ဒေါ်နယ်ထရမ့်၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ထားပြီး ထရမ့်သည် ရုရှားနိုင်ငံထံမှ မမှန်ကန်သောသတင်းအချက်အလက်များကို ရရှိထားကြောင်း၊ ယူကရိန်းပြည်သူ အားလုံး၏ (၅၀)ရာခိုင်နှုန်းက ၎င်းကို ထောက်ခံထားဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း တုံ့ပြန်ထားသည်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့လက်ထက်တွင် အမေရိကန်နိုင်ငံ သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့သော်လည်း ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်းနိုင်ငံနှင့် အမေရိကန် နိုင်ငံကြားဆက်ဆံရေး ယခင် လောက်ကောင်းမွန်မှု မရှိခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်းနိုင်ငံကို ကူညီ ထောက်ပံ့ ပေးမှုများကို တဖြည်းဖြည်းလျော့ချလာခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် အမေရိကန်နိုင်ငံ ထံမှ အကူအညီများရယူပြီး အမေရိကန်ပြည်သူများ၏ အခွန်ငွေကြေးများကို အလကားသက်သက်သုံးစွဲနေ ကြောင်း ထပ်မံ ဝေဖန်ထားသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်တာဝန်ယူပြီး နောက်သီတင်းပတ်အနည်းငယ်အကြာတွင် ယူက ရိန်းစစ်ပွဲ အဆုံးသတ်ရန်အတွက် ရုရှားသမ္မတပူတင်နှင့် ဖုန်းဆက်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ ယူကရိန်းသမ္မတက စိတ်ဆိုး ဒေါသဖြစ်ခဲ့ကြောင်း သိရသည်။ ယူကရိန်းသမ္မတက ဒေါ်နယ်ထရမ်သည့် ရုရှားနိုင်ငံတာဝန်ရှိသူများနှင့် တွေ့ဆုံမဆွေးနွေးခင် ယူကရိန်းအစိုးရတာဝန်ရှိသူများနှင့် ကနဦးတွေ့ဆုံဆွေးနွေးပြီး အကြံဥာဏ်များ ရယူသင့်ကြောင်း ပြောခဲ့သည်။ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက် ကောဗ့်က ယူကရိန်းသမ္မ တဇီလန်စကီး အပါအဝင် ယူကရိန်း အစိုးရတာဝန်ရှိသူများသည် စစ်ပွဲနှင့်ပတ်သက်ပြီးအခြားနိုင်ငံများ၏ အကြံပြုချက်၊ ထုတ်ပြန် ချက်များကိုလက်ခံလိုခြင်း မရှိကြောင်း မှတ်ချက်ပြု ပြောဆိုထားသည်။
Zawgyi Version:
ယူကရိန္းႏွင့္ အေမရိကန္သမၼတၾကား တင္းမာမႈအရွိန္ျမင့္တက္လာၿပီး အျပန္အလွန္ျပစ္တင္ေဝဖန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂
သမၼတဇီလန္စကီးက အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္သည္ ႐ုရွားအစိုးရထံမွ မမွန္သတင္းမ်ားကို လက္ခံ ယုံၾကည္ေနသည္ဟု ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေဝဖန္ခဲ့ရာ အေမရိကန္သမၼတႏွင့္ ယူကရိန္းသမၼတၾကား အျငင္းပြား မႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယူကရိန္းသမၼတဇီလန္စကီးကို ေ႐ြးေကာက္ပြဲမက်င္းပဘဲ ႏိုင္ငံကို အုပ္ခ်ဳပ္ ေနေသာ အာဏာရွင္ျဖစ္ေၾကာင္း၊ စစ္ပြဲတြင္ အႏိုင္မရႏိုင္ေသာႏိုင္ငံကို အေမရိကန္ႏိုင္ငံက ကူညီေထာက္ပံ့ ေပးသလိုမ်ိဳးျဖစ္ေနေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေဝဖန္ခဲ့သည္။ ထို႔ျပင္ အေမရိကန္သမၼတက ယူကရိန္းႏိုင္ငံ တြင္ ေ႐ြးေကာက္ပြဲက်င္းပမည္ဆိုလွ်င္လည္း ဇီလန္စကီး အႏိုင္ရမည္မဟုတ္ေၾကာင္း ေျပာသည္။
သို႔ေသာ္လည္း ယူကရိန္းသမၼတဇီလန္စကီးသည္ ေဒၚနယ္ထရမ့္၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ျငင္းဆန္ထားၿပီး ထရမ့္သည္ ႐ုရွားႏိုင္ငံထံမွ မမွန္ကန္ေသာသတင္းအခ်က္အလက္မ်ားကို ရရွိထားေၾကာင္း၊ ယူကရိန္းျပည္သူ အားလုံး၏ (၅၀)ရာခိုင္ႏႈန္းက ၎ကို ေထာက္ခံထားဆဲျဖစ္သည္ဟု ယုံၾကည္ေၾကာင္း တုံ႔ျပန္ထားသည္။ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ဦးေဆာင္ေသာ အေမရိကန္အစိုးရအဖြဲ႕လက္ထက္တြင္ အေမရိကန္ႏိုင္ငံ သည္ ယူကရိန္းကို ကူညီေထာက္ပံ့ေပးခဲ့ေသာ္လည္း ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္းႏိုင္ငံႏွင့္ အေမရိကန္ ႏိုင္ငံၾကားဆက္ဆံေရး ယခင္ ေလာက္ေကာင္းမြန္မႈ မရွိခဲ့ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္းႏိုင္ငံကို ကူညီ ေထာက္ပံ့ ေပးမႈမ်ားကို တျဖည္းျဖည္းေလ်ာ့ခ်လာခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က ယူကရိန္းသည္ အေမရိကန္ႏိုင္ငံ ထံမွ အကူအညီမ်ားရယူၿပီး အေမရိကန္ျပည္သူမ်ား၏ အခြန္ေငြေၾကးမ်ားကို အလကားသက္သက္သုံးစြဲေန ေၾကာင္း ထပ္မံ ေဝဖန္ထားသည္။
ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္တာဝန္ယူၿပီး ေနာက္သီတင္းပတ္အနည္းငယ္အၾကာတြင္ ယူက ရိန္းစစ္ပြဲ အဆုံးသတ္ရန္အတြက္ ႐ုရွားသမၼတပူတင္ႏွင့္ ဖုန္းဆက္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ရာ ယူကရိန္းသမၼတက စိတ္ဆိုး ေဒါသျဖစ္ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းသမၼတက ေဒၚနယ္ထရမ္သည့္ ႐ုရွားႏိုင္ငံတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံမေဆြးေႏြးခင္ ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားႏွင့္ ကနဦးေတြ႕ဆုံေဆြးေႏြးၿပီး အႀကံဥာဏ္မ်ား ရယူသင့္ေၾကာင္း ေျပာခဲ့သည္။ ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ ေကာဗ့္က ယူကရိန္းသမၼ တဇီလန္စကီး အပါအဝင္ ယူကရိန္း အစိုးရတာဝန္ရွိသူမ်ားသည္ စစ္ပြဲႏွင့္ပတ္သက္ၿပီးအျခားႏိုင္ငံမ်ား၏ အႀကံျပဳခ်က္၊ ထုတ္ျပန္ ခ်က္မ်ားကိုလက္ခံလိုျခင္း မရွိေၾကာင္း မွတ္ခ်က္ျပဳ ေျပာဆိုထားသည္။