ဟားမတ်စ်အဖွဲ့က ရုပ်အလောင်းအစစ်အမှန်ကိုလွှဲမပေးဘဲ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ဟု အစ္စရေးစစ်တပ် ဝေဖန်

 76

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂

အစ္စရေးစစ်တပ်က ဟားမတ်စ်လက်နက်ကိုင် အဖွဲ့သည် ရရှိထားသည့်အပစ်အခတ်ရပ်စဲရေးသဘော တူညီမှု များကို ချိုးဖောက်နေကြောင်း၊ အစ္စရေးနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်ရုပ်အလောင်း လေးခုထဲတွင် တစ်ဦး၏ ရုပ်အလောင်းက ပြန်ပေးဆွဲ ခံရသူ၏ရုပ်အလောင်းမဟုတ်ကြောင်း သတိပေးခဲ့သည်။
အစ္စရေးစစ်တပ်က ဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှပြီးခဲ့သောရက်ပိုင်းတွင် ပြန်လည်လွှဲပြောင်းပေးခဲ့သည့်ရုပ် အလောင်းများထဲတွင် ရှီရီဘီဘက်စ် ၏ ရုပ်အလောင်းက အစစ်အမှန်မဟုတ်ကြောင်း ပြောသည်။ အစ္စရေးသည် ဟား မတ်စ်အဖွဲ့မှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်ရုပ်အလောင်းများကို DNA ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ ၏ချိုးဖောက်မှုများကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တို့သည် လက်ရှိအချိန်တွင် ယာယီအပစ်အခတ်ရပ်စဲရေးရယူထားပြီး ဖမ်းဆီးခံရသူများနှင့်သေဆုံးထားသည့် ရုပ်အလောင်းများကို အပြန်အလှန်ပြန်လည်လွှတ်ပေးရန် သဘောတူညီခဲ့ ရာ လက်ရှိအချိန်တွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးနေကြောင်း သိရသည်။ ဟားမတ်စ်အဖွဲ့က အစ္စရေး၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ဟားမတ်စ်သည် ပြီးခဲ့သောရက်ပိုင်းတွင်အသက် (၂)နှစ် နှင့် (၅) နှစ်အရွယ်ကြားရှိ ကလေးငယ် သုံးဦး၏ ရုပ်အလောင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ပြန်ပေးဆွဲခံရပြီးသေဆုံးခဲ့ရသည့် ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းက အစစ်မှန်မဟုတ်ကြောင်းအစ္စရေးစစ်တပ်ကပြောသည်။ အစ္စရေးဝန်ကြီးချုပ်က “ကျွန်တော်တို့ ဟာ ကလေးငယ် ရှီရီ ဘီဘက်စ်ရဲ့ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ဖို့ ဆုံးဖြတ်ထားတယ်။ ဟားမတ်စ်အဖွဲ့ဟာ သဘောတူညီမှုတွေကို ချိုးဖောက်မယ်ဆိုရင် ကြီးမားတဲ့ပေးဆပ်မှုပြန်ပေးဆပ်ရမယ်။ သူတို့ပြန်ပေးခဲ့တဲ့ ရုပ်အလောင်းက ဘယ်သူ့ရုပ်အလောင်းမှန်းမသိဘူး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေထဲမှာပါဝင်တဲ့ သေဆုံးသူရုပ်အလောင်းလေး လောင်း ကို ပြန်ပေးရမယ်ဆိုတဲ့သဘော တူညီချက်ပါဝင်တယ်။ ကျွန်တော်တို့ဟာ တခြားဖမ်း ဆီးခံထားရသူတွေနဲ့အတူ ရှီရီဘီဘက်စ်ရဲ့ ရုပ်အလောင်းကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုမှာပါ” ဟု ပြောသည်။

Zawgyi Version:
ဟားမတ္စ္အဖြဲ႕က ႐ုပ္အေလာင္းအစစ္အမွန္ကိုလႊဲမေပးဘဲ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ ဟု အစၥေရးစစ္တပ္ ေဝဖန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂

အစၥေရးစစ္တပ္က ဟားမတ္စ္လက္နက္ကိုင္ အဖြဲ႕သည္ ရရွိထားသည့္အပစ္အခတ္ရပ္စဲေရးသေဘာ တူညီမႈ မ်ားကို ခ်ိဳးေဖာက္ေနေၾကာင္း၊ အစၥေရးႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့သည့္႐ုပ္အေလာင္း ေလးခုထဲတြင္ တစ္ဦး၏ ႐ုပ္အေလာင္းက ျပန္ေပးဆြဲ ခံရသူ၏႐ုပ္အေလာင္းမဟုတ္ေၾကာင္း သတိေပးခဲ့သည္။
အစၥေရးစစ္တပ္က ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕မွၿပီးခဲ့ေသာရက္ပိုင္းတြင္ ျပန္လည္လႊဲေျပာင္းေပးခဲ့သည့္႐ုပ္ အေလာင္းမ်ားထဲတြင္ ရွီရီဘီဘက္စ္ ၏ ႐ုပ္အေလာင္းက အစစ္အမွန္မဟုတ္ေၾကာင္း ေျပာသည္။ အစၥေရးသည္ ဟား မတ္စ္အဖြဲ႕မွ ျပန္လည္လႊဲေျပာင္းေပးခဲ့သည့္႐ုပ္အေလာင္းမ်ားကို DNA ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ဟားမတ္စ္အဖြဲ႕ ၏ခ်ိဳးေဖာက္မႈမ်ားကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တို႔သည္ လက္ရွိအခ်ိန္တြင္ ယာယီအပစ္အခတ္ရပ္စဲေရးရယူထားၿပီး ဖမ္းဆီးခံရသူမ်ားႏွင့္ေသဆုံးထားသည့္ ႐ုပ္အေလာင္းမ်ားကို အျပန္အလွန္ျပန္လည္လႊတ္ေပးရန္ သေဘာတူညီခဲ့ ရာ လက္ရွိအခ်ိန္တြင္ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးေနေၾကာင္း သိရသည္။ ဟားမတ္စ္အဖြဲ႕က အစၥေရး၏ စြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္ၿပီး တစ္စုံတရာတုံ႔ျပန္ျခင္း မရွိေသးေၾကာင္း သိရသည္။
ဟားမတ္စ္သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္အသက္ (၂)ႏွစ္ ႏွင့္ (၅) ႏွစ္အ႐ြယ္ၾကားရွိ ကေလးငယ္ သုံးဦး၏ ႐ုပ္အေလာင္းကို ျပန္လည္လႊဲေျပာင္းေပးခဲ့ရာ ျပန္ေပးဆြဲခံရၿပီးေသဆုံးခဲ့ရသည့္ ကေလးငယ္ တစ္ဦး၏ ႐ုပ္အေလာင္းက အစစ္မွန္မဟုတ္ေၾကာင္းအစၥေရးစစ္တပ္ကေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္က “ကြၽန္ေတာ္တို႔ ဟာ ကေလးငယ္ ရွီရီ ဘီဘက္စ္ရဲ႕႐ုပ္အေလာင္းကို ျပန္လည္ရယူႏိုင္ဖို႔ ဆုံးျဖတ္ထားတယ္။ ဟားမတ္စ္အဖြဲ႕ဟာ သေဘာတူညီမႈေတြကို ခ်ိဳးေဖာက္မယ္ဆိုရင္ ႀကီးမားတဲ့ေပးဆပ္မႈျပန္ေပးဆပ္ရမယ္။ သူတို႔ျပန္ေပးခဲ့တဲ့ ႐ုပ္အေလာင္းက ဘယ္သူ႔႐ုပ္အေလာင္းမွန္းမသိဘူး၊ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈေတြထဲမွာပါဝင္တဲ့ ေသဆုံးသူ႐ုပ္အေလာင္းေလး ေလာင္း ကို ျပန္ေပးရမယ္ဆိုတဲ့သေဘာ တူညီခ်က္ပါဝင္တယ္။ ကြၽန္ေတာ္တို႔ဟာ တျခားဖမ္း ဆီးခံထားရသူေတြနဲ႔အတူ ရွီရီဘီဘက္စ္ရဲ႕ ႐ုပ္အေလာင္းကို ျပန္လည္လႊဲေျပာင္းေပးဖို႔ ေတာင္းဆိုမွာပါ” ဟု ေျပာသည္။

Related news

© 2021. All rights reserved.