မလေးရှားနိုင်ငံ၊ ပီနန်မှာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး မျက်လုံးပုံစံ ဂျယ်လီခြောက်စားပြီး သေဆုံး

587

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၂
မလေးရှားနိုင်ငံ၊ ပီနန်မှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စားပွဲတင်တင်းနစ် ဘောလုံးအရွယ်၊ မျက်လုံး ပုံစံ ဂျယ်လီခြောက်ကို စားပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။
ကလေးငယ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ပီနန်ပြည်နယ်၊ ဘက်တာဝေါ၊ ဆီကိုလာကဲဘန်ဆန် ဆန်ဂိုင်ဒူအာ အဝန်းအဝိုင်းရှိ ကျောင်းဝင်း အပြင်ဘက် မုန့်ဆိုင်က ဝယ်ယူခဲ့တဲ့ မျက်လုံး ပုံသဏ္ဍာန် ဂျယ်လီခြောက်ကို ဝယ်ယူစားသောက်ခဲ့ပါတယ်။ အဲဒီနေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် အချိန်မှာပဲ ကျောင်းသားဟာ သူငယ်ချင်းတွေနဲ့ အိမ်သာသွားရင်း လမ်းမှာလဲကျ သတိလစ်သွားခဲ့တာ ဖြစ်တယ်လို့ ပီနန်သတင်းဌာန Guang Ming Daily ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီနောက် Seremban Jaya ဆေးရုံ အရေးပေါ်ဌာနရဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး အခင်းဖြစ်ပွားရာ နေရာ ကိုရောက်ရှိလာပြီး ကျောင်းသားရဲ့လည်ချောင်းထဲက ဂျယ်လီခြောက်ကို ဖယ်ထုတ်ပေးနိုင်ခဲ့ပေမယ့် သတိလစ်နေ ဆဲဖြစ်တာကြောင့် ပီနန်အထွေထွေရောဂါကုဆေးရုံကြီးကို အလျင်အမြန်ပို့ဆောင်ခဲ့ရကာ နောက်ပိုင်းမှာ သေဆုံး သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အဆိုပါထုတ်ကုန်ရောင်းချမှုကို အွန်လိုင်းပလက် ဖောင်းအားလုံးနဲ့ ဒေသအတွင်း ဈေးကွက်တွေမှာ တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူများအနေနဲ့လည်း အထူးသဖြင့် မိဘတွေအနေနဲ့ ကလေးတွေကို အစားအသောက် ရွေးချယ် ကျွေးမွေးရာမှာ အထူးသတိထားဖို့လည်း အကြံပြုတိုက်တွန်းအပ်ထားပါတယ်။
Zawgyi Version:
မေလးရွားႏိုင္ငံ၊ ပီနန္မွာ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးတစ္ဦး မ်က္လုံးပုံစံ ဂ်ယ္လီေျခာက္စားၿပီး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၂
မေလးရွားႏိုင္ငံ၊ ပီနန္မွာ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး စားပြဲတင္တင္းနစ္ ေဘာလုံးအ႐ြယ္၊ မ်က္လုံး ပုံစံ ဂ်ယ္လီေျခာက္ကို စားၿပီးေနာက္ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ေသဆုံးသြားခဲ့ပါတယ္။
ကေလးငယ္ဟာ ေဖေဖာ္ဝါရီ ၁၈ ရက္က ပီနန္ျပည္နယ္၊ ဘက္တာေဝါ၊ ဆီကိုလာကဲဘန္ဆန္ ဆန္ဂိုင္ဒူအာ အဝန္းအဝိုင္းရွိ ေက်ာင္းဝင္း အျပင္ဘက္ မုန႔္ဆိုင္က ဝယ္ယူခဲ့တဲ့ မ်က္လုံး ပုံသ႑ာန္ ဂ်ယ္လီေျခာက္ကို ဝယ္ယူစားေသာက္ခဲ့ပါတယ္။ အဲဒီေန႔ မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္ အခ်ိန္မွာပဲ ေက်ာင္းသားဟာ သူငယ္ခ်င္းေတြနဲ႔ အိမ္သာသြားရင္း လမ္းမွာလဲက် သတိလစ္သြားခဲ့တာ ျဖစ္တယ္လို႔ ပီနန္သတင္းဌာန Guang Ming Daily ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အဲဒီေနာက္ Seremban Jaya ေဆး႐ုံ အေရးေပၚဌာနရဲ႕ေဆးဘက္ဆိုင္ရာဝန္ထမ္းတစ္ဦး အခင္းျဖစ္ပြားရာ ေနရာ ကိုေရာက္ရွိလာၿပီး ေက်ာင္းသားရဲ႕လည္ေခ်ာင္းထဲက ဂ်ယ္လီေျခာက္ကို ဖယ္ထုတ္ေပးႏိုင္ခဲ့ေပမယ့္ သတိလစ္ေန ဆဲျဖစ္တာေၾကာင့္ ပီနန္အေထြေထြေရာဂါကုေဆး႐ုံႀကီးကို အလ်င္အျမန္ပို႔ေဆာင္ခဲ့ရကာ ေနာက္ပိုင္းမွာ ေသဆုံး သြားခဲ့ပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက အဆိုပါထုတ္ကုန္ေရာင္းခ်မႈကို အြန္လိုင္းပလက္ ေဖာင္းအားလုံးနဲ႔ ေဒသအတြင္း ေဈးကြက္ေတြမွာ တင္းတင္းၾကပ္ၾကပ္ တားျမစ္ခဲ့ပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူမ်ားအေနနဲ႔လည္း အထူးသျဖင့္ မိဘေတြအေနနဲ႔ ကေလးေတြကို အစားအေသာက္ ေ႐ြးခ်ယ္ ေကြၽးေမြးရာမွာ အထူးသတိထားဖို႔လည္း အႀကံျပဳတိုက္တြန္းအပ္ထားပါတယ္။