စင်ကာပူမှာ လိုင်စင်မဲ့ ခွေးကောင်ရေ ၇၉ ကောင်ထိ မွေးထားတဲ့ အမျိုးသမီး တရားစွဲခံရ

946

ရောင်နီ (NP News) - ဇူလိုင် ၂၅
စင်ကာပူမှာ လိုင်စင်မဲ့ ခွေးအကောင်ရေ ၇၉ ကောင်ထက်မနည်း မွေးထားတဲ့ အမျိုးသမီး တရားစွဲဆိုခံရပါတယ်။
အသက် ၅၀ အရွယ် စင်္ကာပူနိုင်ငံသား ဂျူလီယာ နီကိုးလ်မော့စ်ဟာ တိရစ္ဆာန်ပိုင်ဆိုင်ခြင်းဆိုင်ရာစွဲချက် စုစုပေါင်း ၈၂ ခုကို ရင်ဆိုင်နေရပါတယ်။ အများစုကတော့ ခွေးပေါက်လေးတွေကို လိုင်စင်မရှိဘဲ မွေးမြူထားလို့ပဲဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်မှာ Wak Hassan Drive ရှိ သူမရဲ့နေအိမ်မှာ ခွေး ၇၉ ကောင်ထက်မနည်း မွေးထားတာစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ လူတစ်ယောက်ကို ခွေးသုံးကောင်သာ ပိုင်ဆိုင်နိုင်ခွင့် ကန့်သတ်ချက်ထက် အလွန်ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက် ကပဲ သူမက သူမပိုင်ဆိုင်တဲ့ တိရစ္ဆာန်များအားလုံးကို လိုင်စင်သွင်း၊ မိုက်ခရိုချပ်ရိုက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တိရစ္ဆာန်ကျန်းမာ ရေးနဲ့ လူမှုဖူလုံရေးဌာနက ဆိုပါတယ်။
ခွေးမွေးမြူရေးခြံ (သို့မဟုတ်) အိမ်မွေးတိရစ္ဆာန်ဆိုင် မဟုတ်ဘဲ အိမ်မှာ ခွေးသုံးကောင်ထက်ပို ထားရှိခြင်း ကြောင့် အဆိုပါအမျိုးသမီးဟာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး ခွေးတွေကို မိုက်ခရိုချစ်ပ်နဲ့ လိုင်စင် တင်ဖို့ ပျက်ကွက်တဲ့အတွက်လည်း ထောင်ဒဏ် ၁၂ လ (သို့) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ (သို့) ဒဏ် နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ လိုင္စင္မဲ့ ေခြးေကာင္ေရ ၇၉ ေကာင္ထိ ေမြးထားတဲ့ အမ်ိဳးသမီး တရားစြဲခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၅
စင္ကာပူမွာ လိုင္စင္မဲ့ ေခြးအေကာင္ေရ ၇၉ ေကာင္ထက္မနည္း ေမြးထားတဲ့ အမ်ိဳးသမီး တရားစြဲဆိုခံရပါတယ္။
အသက္ ၅၀ အ႐ြယ္ စကၤာပူႏိုင္ငံသား ဂ်ဴလီယာ နီကိုးလ္ေမာ့စ္ဟာ တိရစာၦန္ပိုင္ဆိုင္ျခင္းဆိုင္ရာစြဲခ်က္ စုစုေပါင္း ၈၂ ခုကို ရင္ဆိုင္ေနရပါတယ္။ အမ်ားစုကေတာ့ ေခြးေပါက္ေလးေတြကို လိုင္စင္မရွိဘဲ ေမြးျမဴထားလို႔ပဲျဖစ္ပါတယ္။
၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၂၈ ရက္မွာ Wak Hassan Drive ရွိ သူမရဲ႕ေနအိမ္မွာ ေခြး ၇၉ ေကာင္ထက္မနည္း ေမြးထားတာစစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ၿပီး ဒါဟာ လူတစ္ေယာက္ကို ေခြးသုံးေကာင္သာ ပိုင္ဆိုင္ႏိုင္ခြင့္ ကန႔္သတ္ခ်က္ထက္ အလြန္ေက်ာ္လြန္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီေန႔ ၂၀၂၄ ခုႏွစ္ ေမလ ၂၉ ရက္ ကပဲ သူမက သူမပိုင္ဆိုင္တဲ့ တိရစာၦန္မ်ားအားလုံးကို လိုင္စင္သြင္း၊ မိုက္ခ႐ိုခ်ပ္႐ိုက္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ တိရစာၦန္က်န္းမာ ေရးနဲ႔ လူမႈဖူလုံေရးဌာနက ဆိုပါတယ္။
ေခြးေမြးျမဴေရးၿခံ (သို႔မဟုတ္) အိမ္ေမြးတိရစာၦန္ဆိုင္ မဟုတ္ဘဲ အိမ္မွာ ေခြးသုံးေကာင္ထက္ပို ထားရွိျခင္း ေၾကာင့္ အဆိုပါအမ်ိဳးသမီးဟာ ဒဏ္ေငြ စင္ကာပူေဒၚလာ ၅၀၀၀ အထိ ခ်မွတ္ခံရႏိုင္ၿပီး ေခြးေတြကို မိုက္ခ႐ိုခ်စ္ပ္နဲ႔ လိုင္စင္ တင္ဖို႔ ပ်က္ကြက္တဲ့အတြက္လည္း ေထာင္ဒဏ္ ၁၂ လ (သို႔) ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၀,၀၀၀ (သို႔) ဒဏ္ ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။