ကျောအပြည့်ထိုးထားသော တက်တူကြောင့် လူပြောများနေသည့် ခွေးလေး

1134

Pika (NP News) - စက်တင်ဘာ ၉
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်ကျင်းပခဲ့သော 27th Asian Pet Show တွင် ကျောပြင်တစ်ခုလုံး တက်တူးများဖြင့်ပြည့်နေသောခွေးလေးတစ် ကောင်ကြောင့် လာရောက်လည်ပတ်သူများအားလုံး အံ့ အားသင့်သွားခဲ့ရကြောင်းသိရသည်။ တက်တူထိုးသည့်အချိန်တွင် အဆိုပါခွေးလေးသည် နာကျင်မှုကို လုံးဝ မခံစားခဲ့ရကြောင်း ၎င်း၏ပိုင်ရှင်ဖြစ်သူကပြောကြားခဲ့သည်။
ယာကူဇာစတိုင် ကျောဘက် တက်တူထိုးထားသောခွေးလေး၏ဓာတ်ပုံသည် မကြာသေးမီက တရုတ်လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့သွားခဲ့ပြီး တိရစ္ဆာန် ချစ်သူများကြားတွင် စိတ်ဆိုးဒေါသဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ယခုလအစောပိုင်းက Shanghai New International Expo Center တွင်ကျင်းပပြုလုပ်သော Asian Pet Show တွင် ကျောပြင်တစ်ခုလုံး တက်တူများဖြင့်ပြည့်နေသော ခွေးလေးသည် လူကြိုက်အများဆုံးဆွဲဆောင်မှုများထဲမှ တစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။
မီဒီယာအများအပြား၏အဆိုအရ ခွေးပိုင်ရှင်သည် ခွေးလေး၏နောက်ကျောတွင်ထိုးထားသည့် ကြီးမားသောအနုပညာလက်ရာကို ဂုဏ်ယူစွာပြသခဲ့ ပြီး အဆိုပါတက်တူများမှာ အစစ်ဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါခွေးလေးသည် နာကျင်မှုဒဏ်ကိုခံနိုင်ရည်မြင့်မားသောကြောင့် တက်တူး ထိုးသည့်အချိန်တွင် မေ့ဆေးပင်မလိုအပ်ခဲ့ကြောင်း ခွေးပိုင်ရှင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော ဓာတ်ပုံများတွင် အဆိုပါခွေးလေး၏ကျောပေါ်တွင် နဂါး ပုံစံတက်တူထိုးထားသည်ကိုလည်းတွေ့မြင်ခဲ့ရသည်။ ထို့ပြင် အဆိုပါခွေးလေးသည် လည်ပင်းတွင် ရွှေဆွဲ ကြိုးကြီးတစ်ကုံးနှင့် ရှေ့လက်တစ်ဖက်တွင် လက်ပတ်နာရီဝတ်ဆင်ထားသည်ကိုလည်း ဓာတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။
သို့သော်လည်း ခွေးများ၏အရေပြားသည် လူသားများထက်ပိုမိုပါးလွှာပြီး အာရုံကြောစနစ်များမှာ ပိုမိုသိပ်သည်းသောကြောင့် တက်တူထိုးသည့်အချိန်တွင် နာကျင်မှုကိုမခံစားရဘူးဆိုသည့်အချက်မှာ မှား ယွင်းကြောင်း ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြသည်။

Zawgyi Version:
ေက်ာအျပည့္ထိုးထားေသာ တက္တူေၾကာင့္ လူေျပာမ်ားေနသည့္ ေခြးေလး
Pika (NP News) - စက္တင္ဘာ ၉
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕တြင္က်င္းပခဲ့ေသာ 27th Asian Pet Show တြင္ ေက်ာျပင္တစ္ခုလုံး တက္တူးမ်ားျဖင့္ျပည့္ေနေသာေခြးေလးတစ္ ေကာင္ေၾကာင့္ လာေရာက္လည္ပတ္သူမ်ားအားလုံး အံ့ အားသင့္သြားခဲ့ရေၾကာင္းသိရသည္။ တက္တူထိုးသည့္အခ်ိန္တြင္ အဆိုပါေခြးေလးသည္ နာက်င္မႈကို လုံးဝ မခံစားခဲ့ရေၾကာင္း ၎၏ပိုင္ရွင္ျဖစ္သူကေျပာၾကားခဲ့သည္။
ယာကူဇာစတိုင္ ေက်ာဘက္ တက္တူထိုးထားေသာေခြးေလး၏ဓာတ္ပုံသည္ မၾကာေသးမီက တ႐ုတ္လူမႈကြန္ရက္ေပၚတြင္ပ်ံ႕ႏွံ႔သြားခဲ့ၿပီး တိရစာၦန္ ခ်စ္သူမ်ားၾကားတြင္ စိတ္ဆိုးေဒါသျဖစ္မႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္းသိရသည္။ ယခုလအေစာပိုင္းက Shanghai New International Expo Center တြင္က်င္းပျပဳလုပ္ေသာ Asian Pet Show တြင္ ေက်ာျပင္တစ္ခုလုံး တက္တူမ်ားျဖင့္ျပည့္ေနေသာ ေခြးေလးသည္ လူႀကိဳက္အမ်ားဆုံးဆြဲေဆာင္မႈမ်ားထဲမွ တစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။
မီဒီယာအမ်ားအျပား၏အဆိုအရ ေခြးပိုင္ရွင္သည္ ေခြးေလး၏ေနာက္ေက်ာတြင္ထိုးထားသည့္ ႀကီးမားေသာအႏုပညာလက္ရာကို ဂုဏ္ယူစြာျပသခဲ့ ၿပီး အဆိုပါတက္တူမ်ားမွာ အစစ္ျဖစ္သည္ဟု အတည္ျပဳခဲ့ေၾကာင္းသိရသည္။ အဆိုပါေခြးေလးသည္ နာက်င္မႈဒဏ္ကိုခံႏိုင္ရည္ျမင့္မားေသာေၾကာင့္ တက္တူး ထိုးသည့္အခ်ိန္တြင္ ေမ့ေဆးပင္မလိုအပ္ခဲ့ေၾကာင္း ေခြးပိုင္ရွင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
တ႐ုတ္လူမႈကြန္ရက္တြင္ပ်ံ႕ႏွံ႔ေနေသာ ဓာတ္ပုံမ်ားတြင္ အဆိုပါေခြးေလး၏ေက်ာေပၚတြင္ နဂါး ပုံစံတက္တူထိုးထားသည္ကိုလည္းေတြ႕ျမင္ခဲ့ရသည္။ ထို႔ျပင္ အဆိုပါေခြးေလးသည္ လည္ပင္းတြင္ ေ႐ႊဆြဲ ႀကိဳးႀကီးတစ္ကုံးႏွင့္ ေရွ႕လက္တစ္ဖက္တြင္ လက္ပတ္နာရီဝတ္ဆင္ထားသည္ကိုလည္း ဓာတ္ပုံမ်ားတြင္ ေတြ႕ျမင္ခဲ့ရသည္။
သို႔ေသာ္လည္း ေခြးမ်ား၏အေရျပားသည္ လူသားမ်ားထက္ပိုမိုပါးလႊာၿပီး အာ႐ုံေၾကာစနစ္မ်ားမွာ ပိုမိုသိပ္သည္းေသာေၾကာင့္ တက္တူထိုးသည့္အခ်ိန္တြင္ နာက်င္မႈကိုမခံစားရဘူးဆိုသည့္အခ်က္မွာ မွား ယြင္းေၾကာင္း ကြၽမ္းက်င္သူမ်ားက ေဝဖန္ေထာက္ျပ ေျပာဆိုခဲ့ၾကသည္။