ဂျပန်မှာ ဝက်ဝံတွေကို ရိုင်ဖယ်နဲ့ သတ်ဖြတ်ခွင့်ပြုတဲ့ ဥပဒေအသစ် စတင် အသက်ဝင်

 91

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅

ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်ခံရမှုတွေ မြင့်တက်လာခြင်းကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ရဲတပ်ဖွဲ့ဝင်တွေကို ရိုင်ဖယ်သေနတ်နဲ့ ဝက်ဝံတွေကို သတ်ဖြတ်ခွင့်ပြုခဲ့တဲ့ ဥပဒေသစ် နိုဝင်ဘာ ၁၃ ရက်က အသက်ဝင်ခဲ့ပါတယ်။
နိုင်ငံအနေနဲ့ ဝက်ဝံ တိုက်ခိုက်ခံရမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လာတာနဲ့အမျှ ရဲတပ်ဖွဲ့တွေကိုလည်း ၎င်းတို့ရဲ့ရိုင်ဖယ်အသုံးပြု ထိန်းချုပ်နိုင်မယ့်အတိုင်းအတာထိ တိုးချဲ့ခဲ့ပါတယ်။ ယခင်က ရိုင်ဖယ်နဲ့ပစ်ခတ်ဖြေရှင်းခြင်းကို လေယာဉ်ပြန်ပေးဆွဲမှုတွေလို ပြင်းထန်တဲ့ရာဇဝတ်မှုဖြစ်ရပ်တွေ ကိုင်တွယ် ဖြေရှင်းခြင်း (သို့မဟုတ်) ကာကွယ်ခြင်းအတွက်သာ ကန့်သတ်ထားတာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီလမှစ ဝက်ဝံကြောင့် သေဆုံးမှုအရေအတွက်ဟာ နိုဝင်ဘာ ၅ ရက်အထိက စံချိန်တင် ၁၃ ဦးအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ မြို့ပြဧရိယာတွေထဲကိုပါ ကျူးကျော်ဝင်ရောက်လာနေတဲ့ ဝက်ဝံတွေကို တုံ့ပြန်ဖို့ အတွက် သေနတ်ပစ်တပ်ဖွဲ့တွေဟာ ဝက်ဝံတိုက်ခိုက်မှုအများဆုံးဖြစ်ပွားတဲ့ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ အီဝါတေး နဲ့ အာကီတာစီရင်စုများရှိ ဒေသခံရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ စီရင်စု တစ်ခုစီမှာ တပ်မှူးတစ်ဦး၊ ဒေသန္တရအာဏာပိုင်၊ ဆက်ဆံရေးအရာရှိတစ်ဦးနဲ့ စနိုက်ပါနှစ်ဦး ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ရှိ မှာဖြစ်ပါတယ်။ စက်တင်ဘာလကလည်း ဂျပန်မြူနီစီပယ်က လူနေရပ်ကွက်တွေထဲဝင်ရောက်လာတဲ့ ဝက်ဝံလို အန္တရာယ်ရှိ တိရစ္ဆာန်တွေကို “အရေးပေါ်ပစ်ခတ်မှု” လုပ်ဆောင်ဖို့ အမဲလိုက်သူတွေကို တာဝန်ပေးအပ်နိုင်တဲ့ ဥပဒေပြင်ဆင်ချက် အသက်ဝင်ခွင့်ပြုခဲ့ပါတယ်။
ယခုအချိန်မှာတော့ ရဲတပ်ဖွဲ့က ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း၊ နယ်မြေတဝိုက်ကို လုံခြုံရေး ယူခြင်းနဲ့ ဝက်ဝံတွေရှိတဲ့ လမ်းကြောင်းတွေမှာ ကင်းလှည့်ခြင်းစသဖြင့် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္မွာ ဝက္ဝံေတြကို ႐ိုင္ဖယ္နဲ႔ သတ္ျဖတ္ခြင့္ျပဳတဲ့ ဥပေဒအသစ္ စတင္ အသက္ဝင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅
ဂ်ပန္ႏိုင္ငံမွာ ဝက္ဝံတိုက္ခိုက္ခံရမႈေတြ ျမင့္တက္လာျခင္းကို တုံ႔ျပန္တဲ့အေနနဲ႔ ဂ်ပန္ရဲတပ္ဖြဲ႕ဝင္ေတြကို ႐ိုင္ဖယ္ေသနတ္နဲ႔ ဝက္ဝံေတြကို သတ္ျဖတ္ခြင့္ျပဳခဲ့တဲ့ ဥပေဒသစ္ ႏိုဝင္ဘာ ၁၃ ရက္က အသက္ဝင္ခဲ့ပါတယ္။
ႏိုင္ငံအေနနဲ႔ ဝက္ဝံ တိုက္ခိုက္ခံရမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ႀကိဳးပမ္းမႈေတြ တိုးျမႇင့္လာတာနဲ႔အမွ် ရဲတပ္ဖြဲ႕ေတြကိုလည္း ၎တို႔ရဲ႕႐ိုင္ဖယ္အသုံးျပဳ ထိန္းခ်ဳပ္ႏိုင္မယ့္အတိုင္းအတာထိ တိုးခ်ဲ႕ခဲ့ပါတယ္။ ယခင္က ႐ိုင္ဖယ္နဲ႔ပစ္ခတ္ေျဖရွင္းျခင္းကို ေလယာဥ္ျပန္ေပးဆြဲမႈေတြလို ျပင္းထန္တဲ့ရာဇဝတ္မႈျဖစ္ရပ္ေတြ ကိုင္တြယ္ ေျဖရွင္းျခင္း (သို႔မဟုတ္) ကာကြယ္ျခင္းအတြက္သာ ကန႔္သတ္ထားတာျဖစ္ပါတယ္။ ပတ္ဝန္းက်င္ဝန္ႀကီးဌာနရဲ႕ အဆိုအရ ဧၿပီလမွစ ဝက္ဝံေၾကာင့္ ေသဆုံးမႈအေရအတြက္ဟာ ႏိုဝင္ဘာ ၅ ရက္အထိက စံခ်ိန္တင္ ၁၃ ဦးအထိ ရွိလာခဲ့တယ္လို႔ ဆိုပါတယ္။ ၿမိဳ႕ျပဧရိယာေတြထဲကိုပါ က်ဴးေက်ာ္ဝင္ေရာက္လာေနတဲ့ ဝက္ဝံေတြကို တုံ႔ျပန္ဖို႔ အတြက္ ေသနတ္ပစ္တပ္ဖြဲ႕ေတြဟာ ဝက္ဝံတိုက္ခိုက္မႈအမ်ားဆုံးျဖစ္ပြားတဲ့ ဂ်ပန္ႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ အီဝါေတး နဲ႔ အာကီတာစီရင္စုမ်ားရွိ ေဒသခံရဲတပ္ဖြဲ႕ေတြနဲ႔ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ စီရင္စု တစ္ခုစီမွာ တပ္မႉးတစ္ဦး၊ ေဒသႏၲရအာဏာပိုင္၊ ဆက္ဆံေရးအရာရွိတစ္ဦးနဲ႔ စႏိုက္ပါႏွစ္ဦး ပါဝင္တဲ့ အဖြဲ႕ႏွစ္ဖြဲ႕ရွိ မွာျဖစ္ပါတယ္။ စက္တင္ဘာလကလည္း ဂ်ပန္ျမဴနီစီပယ္က လူေနရပ္ကြက္ေတြထဲဝင္ေရာက္လာတဲ့ ဝက္ဝံလို အႏၲရာယ္ရွိ တိရစာၦန္ေတြကို “အေရးေပၚပစ္ခတ္မႈ” လုပ္ေဆာင္ဖို႔ အမဲလိုက္သူေတြကို တာဝန္ေပးအပ္ႏိုင္တဲ့ ဥပေဒျပင္ဆင္ခ်က္ အသက္ဝင္ခြင့္ျပဳခဲ့ပါတယ္။
ယခုအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕က ေဒသခံေတြကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းျခင္း၊ နယ္ေျမတဝိုက္ကို လုံၿခဳံေရး ယူျခင္းနဲ႔ ဝက္ဝံေတြရွိတဲ့ လမ္းေၾကာင္းေတြမွာ ကင္းလွည့္ျခင္းစသျဖင့္ လုပ္ေဆာင္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.