လာအိုမှာ ဧရာမပျားတုပ်ခံရခြင်းကြောင့် အမေရိကန် သားအဖနှစ်ဦးသေဆုံး

146

ရောင်နီ (NP News) - နိုဝင်ဘာ ၆
လာအိုမိုင်ငံမှာ အပန်းဖြေ အနားယူနေတဲ့ အမေရိကန်အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူဟာ တောထဲမှာ ဧရာမပျားတုပ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် မစ္စတာ ဒန်နီရယ် အိုဝင်နဲ့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် ကူးပါးတို့ဟာ အောက်တိုဘာ ၁၅ ရက်က လာအိုနိုင်ငံ၊ မဲခေါင်မြစ်တစ်လျှောက်ရှိ လွန်ပရာဘန်အနီး ဂေဟစနစ်အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Green Jungle Park မှာ ဇစ်လိုင်းစီးနေခဲ့တာဖြစ်ပြီး "လူသတ်ပျားအုံ" လို့ နာမည်ပြောင်ပေးကြရတဲ့ တောတွင်းဧရာမ ပျားအုံတွေနဲ့တွေ့ကာ ပျားတုပ်ခံရပြီး သေဆုံးခဲ့ကြတယ်လို့ New York Post သတင်းစာက နိုဝင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ နှစ်ယောက်စလုံးကို အနီးနားရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အာရှမှာရှိတဲ့ ဧရာမပျားတွေဟာ ၆.၃၅ စင်တီမီတာအထိ ကြီးထွားနိုင်ပြီး သူတို့ရဲ့အဆိပ်ဟာ ဒဏ်ရာပတ်လည်ရှိ necrosis - ဆဲလ်တွေ၊ သို့မဟုတ် တစ်ရှူးတွေကို သေဆုံးစေနိုင်ပါတယ်။ အကြိမ်ပေါင်းများစွာ အတုပ်ခံမိမယ်ဆိုရင် အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်နိုင်တယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်က New York Times သတင်းစာရဲ့ ဖော်ပြချက်တစ်ခုအရ အာရှ ဧရာမပျားတွေကြောင့် ဂျပန်မှာ တစ်နှစ်ကို လူ အယောက် ၅၀ လောက် သေဆုံးနေတယ်လို့ သိရပါတယ်။

Zawgyi Verion:
လာအိုမွာ ဧရာမပ်ားတုပ္ခံရျခင္းေၾကာင့္ အေမရိကန္ သားအဖႏွစ္ဦးေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၆
လာအိုမိုင္ငံမွာ အပန္းေျဖ အနားယူေနတဲ့ အေမရိကန္အမ်ိဳးသားတစ္ဦးနဲ႔ သူ႔ရဲ႕ ဆယ္ေက်ာ္သက္အ႐ြယ္ သားျဖစ္သူဟာ ေတာထဲမွာ ဧရာမပ်ားတုပ္ခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။
အသက္ ၄၇ ႏွစ္အ႐ြယ္ မစၥတာ ဒန္နီရယ္ အိုဝင္နဲ႔ သားျဖစ္သူ အသက္ ၁၅ ႏွစ္အ႐ြယ္ ကူးပါးတို႔ဟာ ေအာက္တိုဘာ ၁၅ ရက္က လာအိုႏိုင္ငံ၊ မဲေခါင္ျမစ္တစ္ေလွ်ာက္ရွိ လြန္ပရာဘန္အနီး ေဂဟစနစ္အပန္းေျဖစခန္းတစ္ခုျဖစ္တဲ့ Green Jungle Park မွာ ဇစ္လိုင္းစီးေနခဲ့တာျဖစ္ၿပီး "လူသတ္ပ်ားအုံ" လို႔ နာမည္ေျပာင္ေပးၾကရတဲ့ ေတာတြင္းဧရာမ ပ်ားအုံေတြနဲ႔ေတြ႕ကာ ပ်ားတုပ္ခံရၿပီး ေသဆုံးခဲ့ၾကတယ္လို႔ New York Post သတင္းစာက ႏိုဝင္ဘာ ၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ႏွစ္ေယာက္စလုံးကို အနီးနားရွိ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေပမယ့္ နာရီပိုင္းအၾကာမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
အာရွမွာရွိတဲ့ ဧရာမပ်ားေတြဟာ ၆.၃၅ စင္တီမီတာအထိ ႀကီးထြားႏိုင္ၿပီး သူတို႔ရဲ႕အဆိပ္ဟာ ဒဏ္ရာပတ္လည္ရွိ necrosis - ဆဲလ္ေတြ၊ သို႔မဟုတ္ တစ္ရႉးေတြကို ေသဆုံးေစႏိုင္ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာ အတုပ္ခံမိမယ္ဆိုရင္ အသက္အႏၲရာယ္ထိပါ ၿခိမ္းေျခာက္ႏိုင္တယ္လို႔ သိရပါတယ္။
၂၀၂၀ ခုႏွစ္က New York Times သတင္းစာရဲ႕ ေဖာ္ျပခ်က္တစ္ခုအရ အာရွ ဧရာမပ်ားေတြေၾကာင့္ ဂ်ပန္မွာ တစ္ႏွစ္ကို လူ အေယာက္ ၅၀ ေလာက္ ေသဆုံးေနတယ္လို႔ သိရပါတယ္။