မလေးရှားမှာ ရေချိုးခန်းမျက်နှာကြက်မှ ၆ဝ ကီလိုဂရမ်အလေးချိန်ရှိတဲ့ စပါးကြီးမြွေတစ်ကောင်တွေ့ရှိ

14381

ရောင်နီ (NP News) - နိုဝင်ဘာ ၁၈
မလေးရှားနိုင်ငံမှာ နိုဝင်ဘာလ ၁၂ ရက်က ကီဒါပြည်နယ်၊ တမန်ဘန်ဒါဘာရူးမြို့ရှိ ကျောင်းဆရာမ တစ်ဦးရဲ့နေအိမ် ရေချိုးခန်းမျက်နှာကြက်မှ ၆ဝ ကီလိုဂရမ် အလေးချိန်ရှိ စပါးကြီးမြွေတစ်ကောင်ထွက်လာတာ ကြောင့် ထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ သိရပါတယ်။
သူမရဲ့အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူဟာ အဲဒီနေ့ ၄ နာရီလောက်က ကျောင်းမှပြန်လာပြီးနောက် ရေချိုးခန်းမျက်နှာကြက်ရဲ့ကျိုးနေတဲ့အပိုင်းကို ပထမဆုံးသတိပြုမိခဲ့ပြီး ရေချိုးခန်းသုံးဖို့ အလွန်ကြောက်လန့်နေခဲ့ တယ်လို့ ဆရာမက ဆိုပါတယ်။ “ကျွန်မသမီးက ပြိုကျနေတဲ့ မျက်နှာကြက်ဓာတ်ပုံကို ကျွန်မဆီပို့တဲ့အချိန်မှာ ကျွန်မက အစည်းအဝေးတစ်ခုတက်နေခဲ့တာပါ၊ အိမ်ပြန်ရောက်တဲ့အချိန် ရေချိုးခန်းကို စစ်ဆေးကြည့်တော့ ကျိုးနေတဲ့ မျက်နှာကြက်ကနေ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ထွက်နေတာတွေ့လိုက်ရတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ သူမက မြွေကို ဖယ်ရှားဖို့ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (APM) ကို ဆက်သွယ်ခဲ့ပေမယ့် မြွေကြီးက မျက်နှာကြက်မှ ပြုတ်ကျလာခဲ့ပြီး အရွယ်အစား အလွန်ကြီးမားလွန်းတာကြောင့် အံ့အားသင့်ရတယ်လို့ သူမက ဆိုပါတယ်။
မိသားစုအနေနဲ့ ဒီမြွေကြီးကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ရတာဟာ ကံကောင်းထောက်မ လို့ဖြစ်ပြီး ဒီလောက်ကြီးမားတဲ့မြွေကြီးတစ်ကောင် အိမ်ထဲမှာ ဆက်ရှိနေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ မတွေးနိုင် ဘူးလို့ သူမက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
မေလးရွားမွာ ေရခ်ိဳးခန္းမ်က္ႏွာၾကက္မွ ၆ဝ ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ စပါးႀကီးေႁမြတစ္ေကာင္ေတြ႕ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၈
မေလးရွားႏိုင္ငံမွာ ႏိုဝင္ဘာလ ၁၂ ရက္က ကီဒါျပည္နယ္၊ တမန္ဘန္ဒါဘာ႐ူးၿမိဳ႕ရွိ ေက်ာင္းဆရာမ တစ္ဦးရဲ႕ေနအိမ္ ေရခ်ိဳးခန္းမ်က္ႏွာၾကက္မွ ၆ဝ ကီလိုဂရမ္ အေလးခ်ိန္ရွိ စပါးႀကီးေႁမြတစ္ေကာင္ထြက္လာတာ ေၾကာင့္ ထိတ္လန႔္ေၾကာက္႐ြံ႕ခဲ့ရတယ္လို႔ သိရပါတယ္။
သူမရဲ႕အသက္ ၁၅ ႏွစ္အ႐ြယ္ သမီးျဖစ္သူဟာ အဲဒီေန႔ ၄ နာရီေလာက္က ေက်ာင္းမွျပန္လာၿပီးေနာက္ ေရခ်ိဳးခန္းမ်က္ႏွာၾကက္ရဲ႕က်ိဳးေနတဲ့အပိုင္းကို ပထမဆုံးသတိျပဳမိခဲ့ၿပီး ေရခ်ိဳးခန္းသုံးဖို႔ အလြန္ေၾကာက္လန႔္ေနခဲ့ တယ္လို႔ ဆရာမက ဆိုပါတယ္။ “ကြၽန္မသမီးက ၿပိဳက်ေနတဲ့ မ်က္ႏွာၾကက္ဓာတ္ပုံကို ကြၽန္မဆီပို႔တဲ့အခ်ိန္မွာ ကြၽန္မက အစည္းအေဝးတစ္ခုတက္ေနခဲ့တာပါ၊ အိမ္ျပန္ေရာက္တဲ့အခ်ိန္ ေရခ်ိဳးခန္းကို စစ္ေဆးၾကည့္ေတာ့ က်ိဳးေနတဲ့ မ်က္ႏွာၾကက္ကေန ခႏၶာကိုယ္ တစ္စိတ္တစ္ပိုင္း ထြက္ေနတာေတြ႕လိုက္ရတယ္” လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ သူမက ေႁမြကို ဖယ္ရွားဖို႔ အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (APM) ကို ဆက္သြယ္ခဲ့ေပမယ့္ ေႁမြႀကီးက မ်က္ႏွာၾကက္မွ ျပဳတ္က်လာခဲ့ၿပီး အ႐ြယ္အစား အလြန္ႀကီးမားလြန္းတာေၾကာင့္ အံ့အားသင့္ရတယ္လို႔ သူမက ဆိုပါတယ္။
မိသားစုအေနနဲ႔ ဒီေႁမြႀကီးကို ေစာေစာစီးစီး ရွာေဖြေတြ႕ရွိခဲ့ရတာဟာ ကံေကာင္းေထာက္မ လို႔ျဖစ္ၿပီး ဒီေလာက္ႀကီးမားတဲ့ေႁမြႀကီးတစ္ေကာင္ အိမ္ထဲမွာ ဆက္ရွိေနမယ္ဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာ မေတြးႏိုင္ ဘူးလို႔ သူမက ေျပာၾကားခဲ့ပါတယ္။