ဗီယက်နမ်မှာ နိုင်ငံခြားသားခရီးသွားတစ်ဦးက ငှက်ပျောသီးတွေကို ခန္ဓာကိုယ်မှာပတ်ပြီး တောမျောက်တွေကို အစာကျွေး

27

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
ဗီယက်နမ်နိုင်ငံ၊ ဒါနန်၊ ဆုန်တရာကျွန်းဆွယ်၊ အပန်းဖြေစခန်းမှာ နိုင်ငံခြားသားခရီးသွားတစ်ယောက်ဟာ တကိုယ်လုံးမှာ ငှက်ပျောသီးတွေပက်ပြီး စတန့်ထွင်ကာ မျောက်စာကျွေးခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် အာဏာပိုင် တွေက ကင်းလှည့်ခြင်းနဲ့ ကြီးကြပ်စစ်ဆေးမှု တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။
ဒါနန်အနောက်ပိုင်း၊ ဆုန်တရာ တောင်ပေါ်ရှိ မျောက်တွေ နေထိုင် ကျက်စားရာနေရာကို နိုင်ငံခြားသား ခရီးသွားတစ်ဦးက သူ့ရဲ့ကိုယ်လုံး၊ လက်မောင်းနဲ့ ခြေထောက်တွေမှာ ငှက်ပျောသီးတွေကို တိပ်အကြည်နဲ့ကပ်ပြီး ဝင်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ငှက်ပျောသီးတွေကို တိပ်အကြည်နဲ့ကပ်ပြီး ထုပ်ပိုးနေပုံကိုလည်း အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။ ဒီလုပ်ရပ်ဟာ အန္တရာယ်ရှိပေမယ့် အဲဒီအမျိုးသားကတော့ မျောက်တွေ သူ့ဆီ ပြေးအလွှား လာရောက်ကြတာကို သဘောကျနေပုံရပါတယ်။ ဒီအဖြစ်အပျက်ကို သိရှိတာနဲ့ တပြိုင်နက် ဆုန်တရာ ကျွန်းဆွယ်၊ အပန်းဖြေစခန်းမှ ဝန်ထမ်းတွေက အမြန်သွားရောက်ခဲ့ပြီး မသင့်လျော်တဲ့ဒီအပြုအမူကို ရပ်တန့် လိုက်ဖို့ အမျိုးသားကို သတိပေးခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားဟာ မော်တော်ဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့ တယ်လို့ သိရပါတယ်။
အဲဒီဒေသဟာ မျောက်တွေကို အစာကျွေးမှု တင်းကြပ်စွာ တားမြစ်ထားတဲ့ သတိပေးဆိုင်းဘုတ်များစွာ ရှိနေ တာကြောင့် ဒီလုပ်ရပ်ဟာ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးစည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တယ်လို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဆိုပါတယ်။

Zawgyi Version;
ဗီယက္နမ္မွာ ႏိုင္ငံျခားသားခရီးသြားတစ္ဦးက ငွက္ေပ်ာသီးေတြကို ခႏၶာကိုယ္မွာပတ္ၿပီး ေတာေမ်ာက္ေတြကို အစာေကြၽး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္၊ ဆုန္တရာကြၽန္းဆြယ္၊ အပန္းေျဖစခန္းမွာ ႏိုင္ငံျခားသားခရီးသြားတစ္ေယာက္ဟာ တကိုယ္လုံးမွာ ငွက္ေပ်ာသီးေတြပက္ၿပီး စတန႔္ထြင္ကာ ေမ်ာက္စာေကြၽးခဲ့တဲ့ျဖစ္ရပ္တစ္ခုေၾကာင့္ အာဏာပိုင္ ေတြက ကင္းလွည့္ျခင္းနဲ႔ ႀကီးၾကပ္စစ္ေဆးမႈ တိုးျမႇင့္သြားမယ္လို႔ ဆိုပါတယ္။
ဒါနန္အေနာက္ပိုင္း၊ ဆုန္တရာ ေတာင္ေပၚရွိ ေမ်ာက္ေတြ ေနထိုင္ က်က္စားရာေနရာကို ႏိုင္ငံျခားသား ခရီးသြားတစ္ဦးက သူ႔ရဲ႕ကိုယ္လုံး၊ လက္ေမာင္းနဲ႔ ေျခေထာက္ေတြမွာ ငွက္ေပ်ာသီးေတြကို တိပ္အၾကည္နဲ႔ကပ္ၿပီး ဝင္ေရာက္ခဲ့ပါတယ္။ သူ႔ရဲ႕ငွက္ေပ်ာသီးေတြကို တိပ္အၾကည္နဲ႔ကပ္ၿပီး ထုပ္ပိုးေနပုံကိုလည္း အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္ေတြမွာ ျမင္ေတြ႕ရပါတယ္။ ဒီလုပ္ရပ္ဟာ အႏၲရာယ္ရွိေပမယ့္ အဲဒီအမ်ိဳးသားကေတာ့ ေမ်ာက္ေတြ သူ႔ဆီ ေျပးအလႊား လာေရာက္ၾကတာကို သေဘာက်ေနပုံရပါတယ္။ ဒီအျဖစ္အပ်က္ကို သိရွိတာနဲ႔ တၿပိဳင္နက္ ဆုန္တရာ ကြၽန္းဆြယ္၊ အပန္းေျဖစခန္းမွ ဝန္ထမ္းေတြက အျမန္သြားေရာက္ခဲ့ၿပီး မသင့္ေလ်ာ္တဲ့ဒီအျပဳအမူကို ရပ္တန႔္ လိုက္ဖို႔ အမ်ိဳးသားကို သတိေပးခဲ့ပါတယ္။ အဲဒီေနာက္ အမ်ိဳးသားဟာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ထြက္ခြာသြားခဲ့ တယ္လို႔ သိရပါတယ္။
အဲဒီေဒသဟာ ေမ်ာက္ေတြကို အစာေကြၽးမႈ တင္းၾကပ္စြာ တားျမစ္ထားတဲ့ သတိေပးဆိုင္းဘုတ္မ်ားစြာ ရွိေန တာေၾကာင့္ ဒီလုပ္ရပ္ဟာ ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေရးစည္းမ်ဥ္းေတြကို လ်စ္လ်ဴရႈခဲ့တယ္လို႔ ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြက ဆိုပါတယ္။