စကိတ်ဘုတ်စီးပြီး ဂင်းနစ်စံချိန်တင်ခဲ့သည့် ဝက်ကလေး

 132

Pika (NP News) - နိုဝင်ဘာ ၄

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်ရှိ ဝက်ကလေးတစ်ကောင်သည် ၎င်း၏စကိတ်ဘုတ်စီး ခြင်းစွမ်းရည်ကိုပြသခဲ့ပြီး အချိန်(၁၁)စက္ကန့်ကျော်အတွင်း အကွာအဝေး(၃၃)ပေအထိရောက်အောင် စကိတ်စီးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ ကြောင်းသိရသည်။ အီလီနွိုက်စ်ပြည်နယ် Buffalo Grove ရွာမှ Norbert အမည်ရှိဝက်ကလေးသည် ဝက်တစ်ကောင်က အကွာအဝေး(၁၀)မီတာကို စ ကိတ်ဘုတ်အမြန်ဆုံးစီးပြနိုင်ခြင်းအတွက် ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ပြီး အချိန် (၁၁ ဒသမ ၃၂) စက္ကန့် အတွင်း အကွာအဝေး(၁၀)မီတာအထိရောက်အောင် စကိတ်စီးပြနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၎င်း၏ စကိတ်ဘုတ်အဟောင်းကို ပြန်ရှာတွေ့ခဲ့သည့် အချိန်တွင် Norbert ဝက်ကလေး၏ စကိတ် စီးနိုင်ခြင်း စွမ်းရည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဗင်းဆင့်ဘာရမ်က ထုတ်ပြန်ပြောကြားခဲ့သည်။ ဗင်း ဆင့်ဘာရမ်က “ကျွန်တော်ငယ်ငယ်တည်းက ပိုင်ဆိုင်ခဲ့တဲ့ စကိတ်ဘုတ်နဲ့ Norbert ဝက်ကလေးရဲ့ အရည်အချင်းတွေကို စမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အချိန်အနည်းငယ်ကြာအောင် လေ့ကျင့်ပေးပြီးတဲ့ နောက်မှာတော့ Norbert ဝက်ကလေးဟာ စကိတ်ဘုတ်ပေါ်မှာရပ်ပြီးစကိတ်စီးနေတာကိုတွေ့ ခဲ့ရပါ တယ်”ဟုပြောဆိုခဲ့သည်။ အလေးချိန်(၁၇၅)ပေါင်ရှိ သော Norbert ဝက်ကလေးသည် လက်ရှိ အချိန် တွင် စကိတ်ဘုတ်စီးရသည်ကို နှစ်သက်နေပြီဖြစ်ကြောင်း ဗင်းဆင့်ဘာရမ်က ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့ သို့ပြောကြားခဲ့သည်။ ဗင်းဆင့်ဘာရမ်က “အချိန် အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ သြNorbert ဝက်ကလေးဟာ စကိတ်ဘုတ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Verion:
စကိတ္ဘုတ္စီးၿပီး ဂင္းနစ္စံခ်ိန္တင္ခဲ့သည့္ ဝက္ကေလး
Pika (NP News) - ႏိုဝင္ဘာ ၄
အေမရိကန္ႏိုင္ငံ အီလီႏြိဳက္စ္ျပည္နယ္ရွိ ဝက္ကေလးတစ္ေကာင္သည္ ၎၏စကိတ္ဘုတ္စီး ျခင္းစြမ္းရည္ကိုျပသခဲ့ၿပီး အခ်ိန္(၁၁)စကၠန႔္ေက်ာ္အတြင္း အကြာအေဝး(၃၃)ေပအထိေရာက္ေအာင္ စကိတ္စီးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ ေၾကာင္းသိရသည္။ အီလီႏြိဳက္စ္ျပည္နယ္ Buffalo Grove ႐ြာမွ Norbert အမည္ရွိဝက္ကေလးသည္ ဝက္တစ္ေကာင္က အကြာအေဝး(၁၀)မီတာကို စ ကိတ္ဘုတ္အျမန္ဆုံးစီးျပႏိုင္ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ၿပီး အခ်ိန္ (၁၁ ဒသမ ၃၂) စကၠန႔္ အတြင္း အကြာအေဝး(၁၀)မီတာအထိေရာက္ေအာင္ စကိတ္စီးျပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ၎၏ စကိတ္ဘုတ္အေဟာင္းကို ျပန္ရွာေတြ႕ခဲ့သည့္ အခ်ိန္တြင္ Norbert ဝက္ကေလး၏ စကိတ္ စီးႏိုင္ျခင္း စြမ္းရည္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ပိုင္ရွင္ျဖစ္သူ ဗင္းဆင့္ဘာရမ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဗင္း ဆင့္ဘာရမ္က “ကြၽန္ေတာ္ငယ္ငယ္တည္းက ပိုင္ဆိုင္ခဲ့တဲ့ စကိတ္ဘုတ္နဲ႔ Norbert ဝက္ကေလးရဲ႕ အရည္အခ်င္းေတြကို စမ္းၾကည့္ဖို႔ဆုံးျဖတ္ခဲ့တာပါ။ အခ်ိန္အနည္းငယ္ၾကာေအာင္ ေလ့က်င့္ေပးၿပီးတဲ့ ေနာက္မွာေတာ့ Norbert ဝက္ကေလးဟာ စကိတ္ဘုတ္ေပၚမွာရပ္ၿပီးစကိတ္စီးေနတာကိုေတြ႕ ခဲ့ရပါ တယ္”ဟုေျပာဆိုခဲ့သည္။ အေလးခ်ိန္(၁၇၅)ေပါင္ရွိ ေသာ Norbert ဝက္ကေလးသည္ လက္ရွိ အခ်ိန္ တြင္ စကိတ္ဘုတ္စီးရသည္ကို ႏွစ္သက္ေနၿပီျဖစ္ေၾကာင္း ဗင္းဆင့္ဘာရမ္က ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕ သို႔ေျပာၾကားခဲ့သည္။ ဗင္းဆင့္ဘာရမ္က “အခ်ိန္ အနည္းငယ္ၾကာေအာင္ ေလ့က်င့္ၿပီးတဲ့ ေနာက္မွာေတာ့ ၾသNorbert ဝက္ကေလးဟာ စကိတ္ဘုတ္ကို ကြၽမ္းကြၽမ္းက်င္က်င္ စီးႏိုင္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.