မူးယစ်ဆေးဝါး(၂)သန်းနှင့်အတူ သယ်ဆောင်လာသူ(၂)ဦးကို မိုင်းဆတ်တွင်ဖမ်းမိ

702

ချယ်ရီ (NP News) - ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူ (၂)ဦးကို မူးယစ်ဆေးဝါး(၂)သန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၂၀)ရက်၊ နံနက် (၈)နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလုကျေးရွာအနီး၌ စောင့်ဆိုင်းစဉ် မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး မောင်းနှင်ပြီး ကျဝေလိုက်ပါလာသော ISUZU မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၈,၀၀၀) တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (၂)သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့နောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ်၊ မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နကစမှ ထုတ်ပြန်ထားသည်။ အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်ကလည်း ရန်ကုန် တိုင်းဒေသကြီးတွင် ရေကြောင်းဖြင့် ပြည်ပသို့မူးယစ်ဆေးဝါးအကြိမ်ကြိမ် ပို့ဆောင်သော မူးယစ်ဂိုဏ်းအဖွဲ့ကို ငွေကျပ်(၄၈)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။
zawgyi version
မူးယစ္ေဆးဝါး(၂)သန္းႏွင့္အတူ သယ္ေဆာင္လာသူ(၂)ဦးကို မိုင္းဆတ္တြင္ဖမ္းမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးသယ္ေဆာင္လာသူ (၂)ဦးကို မူးယစ္ေဆးဝါး(၂)သန္းႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ(၂၀)ရက္၊ နံနက္ (၈)နာရီခြဲအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ပူးေပါင္းအဖြဲ႕သည္ သတင္းအရ မိုင္းဆတ္ၿမိဳ႕နယ္၊ မယ္ပုလုံေက်း႐ြာအုပ္စု၊ ဂ်ဴးလုေက်း႐ြာအနီး၌ ေစာင့္ဆိုင္းစဥ္ မိုင္းတြမ္းေက်း႐ြာဘက္မွ မိုင္းဆတ္ၿမိဳ႕ဘက္သို႔ ဆိုင္လူး ေမာင္းႏွင္ၿပီး က်ေဝလိုက္ပါလာေသာ ISUZU ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြရာ ယာဥ္ေပၚမွ ေငြက်ပ္သိန္း (၈,၀၀၀) တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂)သန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို မိုင္းဆတ္ၿမိဳ႕နယ္၊ ဝမ္တုံေက်း႐ြာမွ မိုင္းတုံၿမိဳ႕နယ္၊ မဲကင္းေက်း႐ြာအနီးသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း နကစမွ ထုတ္ျပန္ထားသည္။ အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၂ ရက္ကလည္း ရန္ကုန္ တိုင္းေဒသႀကီးတြင္ ေရေၾကာင္းျဖင့္ ျပည္ပသို႔မူးယစ္ေဆးဝါးအႀကိမ္ႀကိမ္ ပို႔ေဆာင္ေသာ မူးယစ္ဂိုဏ္းအဖြဲ႕ကို ေငြက်ပ္(၄၈)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း ရွိခဲ့သည္။