တရုတ်နိုင်ငံသားအများဆုံးပါဝင်သည့် တရားမဝင်ပြည်ပနိုင်ငံသား (၆၅၀)ကျော်ကို ရက်ပေါင်း (၂၀)ကျော်အတွင်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့

 146

စော(NP News)-ဖေဖော်ဝါရီ ၂၃
တရုတ်နိုင်ငံသားအများဆုံးပါဝင်သည့် ပြည်ပနိုင်ငံသား (၆၅၀)ကျော်ကို ရက်ပေါင်း (၂၀)ကျော်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်)တွင် ပြည်ပနိုင်ငံသား (၁၂၆) ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ(၂၁၁၁) ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၆၇၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၄၃၈) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား (၂၁၁၁) ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယားနှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ရက်)က နစကဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ နိုင်ငံခြား‌ရေးဝန်ကြီး H.E Mr. Maris Sangiampongsa တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ Online လိမ်လည်မှု၊ Online လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည့်အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် Online လိမ်လည်မှု(Telecom Fraud)၊ Online လောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံသားအမ်ားဆုံးပါဝင္သည့္ တရားမဝင္ျပည္ပႏိုင္ငံသား (၆၅၀)ေက်ာ္ကို ရက္ေပါင္း (၂၀)ေက်ာ္အတြင္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးအပ္ခဲ့

ေစာ(NP News)-ေဖေဖာ္ဝါရီ ၂၃
တ႐ုတ္ႏိုင္ငံသားအမ်ားဆုံးပါဝင္သည့္ ျပည္ပႏိုင္ငံသား (၆၅၀)ေက်ာ္ကို ရက္ေပါင္း (၂၀)ေက်ာ္အတြင္း ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ Online ေလာင္းကစားမႈမ်ား၊ Online လိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိရာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၂ရက္)တြင္ ျပည္ပႏိုင္ငံသား (၁၂၆) ဦးကို ထပ္မံထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါထိန္းသိမ္းထားသည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးႏိုင္ေရးအတြက္ လိုအပ္သည့္ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ား စာရင္းေကာက္ယူျခင္းလုပ္ငန္းကို ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၃၀ ရက္မွ ေဖေဖာ္ဝါရီ ၂၂ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္းဦးေရ(၂၁၁၁) ဦးကို စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ကာ ၎တို႔အနက္မွ (၆၇၃) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁၄၃၈) ဦးကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ၿပီး ၎တို႔ကို ေကာင္းမြန္စြာ ထိန္းသိမ္းထားရွိေၾကာင္း သိရသည္။

အဆိုပါ ထိန္းသိမ္းခဲ့သည့္ ျပည္ပႏိုင္ငံသား (၂၁၁၁) ဦးသည္ တ႐ုတ္၊ အင္ဒိုနီးရွား၊ ဗီယမ္နမ္၊ မေလးရွား၊ ပါကစၥတန္၊ အိႏၵိယ၊ ယူဂါန္ဒါ၊ အီသီယိုးပီးယား၊ နီေပါ၊ ထိုင္း၊ ရဝမ္ဒါ၊ ကင္ညာ၊ ကာဇက္စတန္၊ ကေမာၻဒီယားႏွင့္ တ႐ုတ္(တိုင္ေပ)တို႔မွ ႏိုင္ငံသားမ်ားျဖစ္ၾကၿပီး အမ်ားစုမွာ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္ၾကေၾကာင္း ထုတ္ျပန္ထားသည္။

ယမန္ေန႔(ေဖေဖာ္ဝါရီ ၂၂ရက္)က နစကဥကၠ႒ႏွင့္ ထိုင္းႏိုင္ငံ ႏိုင္ငံျခား‌ေရးဝန္ႀကီး H.E Mr. Maris Sangiampongsa တို႔ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ Online လိမ္လည္မႈ၊ Online ေလာင္းကစားမႈမ်ား လုပ္ေဆာင္ေနသူမ်ားႏွင့္ ပါဝင္ပတ္သက္ေနသူမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္အေရးယူမႈမ်ားကို ျပတ္ျပတ္သားသား ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကို ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ Online လိမ္လည္မႈ(Telecom Fraud)၊ Online ေလာင္းကစားမႈ တိုက္ဖ်က္ေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ခံယူကာ ျပတ္ျပတ္သားသား ေဖာ္ထုတ္အေရးယူေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.