သထုံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၂)ဦးကို KNU၊ PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်

 1403

Pearl (NP News) - ဇူလိုင် ၂၇
သထုံမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၂)ဦးကို KNU၊ PDF အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းဇော်ဦး(၃၈)နှစ် နှင့် ဦးအောင်ကိုဝင်း(၃၇)နှစ်တို့ နှစ်ဦးသည် ပုတိမ်ရိုးကျေးရွာရှိ “မေဦး” ကုန်စုံဆိုင်၌ ဈေးဝယ်ပြီး ၎င်းတို့ကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် ပုတိမ်ရိုးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲအနီးအရောက် KNU နှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့အင်အား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သထုံၿမိဳ႕နယ္တြင္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ဝင္ (၂)ဦးကို KNU၊ PDF အဖြဲ႕က ပစ္ခတ္သတ္ျဖတ္
Pearl (NP News) - ဇူလိုင္ ၂၇
သထုံၿမိဳ႕နယ္တြင္ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ဝင္ (၂)ဦးကို KNU၊ PDF အဖြဲ႕က ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ဇူလိုင္ ၂၆ ရက္ ညေန ၅ နာရီ ၃၀ မိနစ္တြင္ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ ပုတိမ္႐ိုးေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သထုံၿမိဳ႕နယ္၊ ေတာင္စြန္းေက်း႐ြာေန ျပည္သူ႔လုံၿခဳံေရးႏွင့္အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဦးသန္းေဇာ္ဦး(၃၈)ႏွစ္ ႏွင့္ ဦးေအာင္ကိုဝင္း(၃၇)ႏွစ္တို႔ ႏွစ္ဦးသည္ ပုတိမ္႐ိုးေက်း႐ြာရွိ “ေမဦး” ကုန္စုံဆိုင္၌ ေဈးဝယ္ၿပီး ၎တို႔ေက်း႐ြာသို႔ ျပန္လည္ထြက္ခြာလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထြက္ခြာလာစဥ္ ပုတိမ္႐ိုးေက်း႐ြာ၊ အေျခခံပညာအထက္တန္းေက်ာင္းခြဲအနီးအေရာက္ KNU ႏွင့္ PDF အမည္ခံ ပူးေပါင္းအဖြဲ႕အင္အား သုံးဦး(စိစစ္ဆဲ)က ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တို႔ႏွစ္ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕ဝင္မ်ားအား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

Tha Lwin

28/07/2025 09:45

အကြမ်းဖက်တွေ လူုးဝကင်းစင်ချုပ်ငြိမ်းနိုင်ပါစေ

Related news

© 2021. All rights reserved.