ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရန် ဆိပ်ကမ်းများတွင် ဆိုလာစွမ်းအင်စနစ် ပြောင်းလဲအသုံးပြုခြင်းကို အားပေးဆောင်ရွက်နေဟုဆို
                        
                            
                             
 354
 
                             
                            
                            
                         
                        
 
                        Pearl (NP News) - စက်တင်ဘာ ၁၁
ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရန် ဆိပ်ကမ်းများတွင် ဆိုလာစွမ်းအင်စနစ် ပြောင်းလဲအသုံးပြုခြင်းကို အားပေးဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။ 
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) - 2025 အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံ နှင့်အိမ်နီးချင်းနိုင်ငံများ ကို အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ပေးနိုင်သော အချက်အချာကျသည့်နေရာ၌ တည်ရှိနေပြီး ၎င်းတို့ကို ကမ္ဘာတစ်ဝှမ်းသို့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်သည့် Gateway တစ်ခုအဖြစ် တည်ရှိကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပင်လယ်ပြာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်မှုကို အလေးထားဆောင်ရွက်လျက်ရှိပြီး ဆိပ်ကမ်းများတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အဏ္ဏဝါပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းကာကွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည်မြှင့်တင်ရေးများတွင် ဒေသတွင်းနိုင်ငံ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 
အလားတူ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန် ဆိပ်ကမ်းများတွင် ဆိုလာစွမ်းအင်စနစ် ပြောင်းလဲအသုံးပြုခြင်း၊ စပါးခွံလောင်စာဖြင့် ဇီဝစွမ်းအင်ထုတ်လုပ်အသုံးပြုခြင်းနှင့် လျှပ်စစ်စနစ်သုံး ကုန်ကိုင်တွယ်စက်ကိရိယာများ အစားထိုးအသုံးပြုခြင်းတို့ကို အားပေး ဆောင်ရွက်လျက်ရှိ လည်း ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းလည်းပြောကြားခဲ့သည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ႏိုင္ရန္ ဆိပ္ကမ္းမ်ားတြင္ ဆိုလာစြမ္းအင္စနစ္ ေျပာင္းလဲအသုံးျပဳျခင္းကို အားေပးေဆာင္႐ြက္ေနဟုဆို
Pearl (NP News) - စက္တင္ဘာ ၁၁
ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်ႏိုင္ရန္ ဆိပ္ကမ္းမ်ားတြင္ ဆိုလာစြမ္းအင္စနစ္ ေျပာင္းလဲအသုံးျပဳျခင္းကို အားေပးေဆာင္႐ြက္ေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ေက်ာ္ထြန္းက ေျပာသည္။ 
ဒုတိယဝန္ႀကီး ဦးေအာင္ေက်ာ္ထြန္းသည္ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္တို႔မွ တာဝန္ရွိသူမ်ားႏွင့္အတူ တ႐ုတ္ႏိုင္ငံ၌ က်င္းပျပဳလုပ္သည့္ China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) - 2025 အခမ္းအနားသို႔ တက္ေရာက္၍ အမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
အဆိုပါအခမ္းအနားတြင္ ဒုတိယဝန္ႀကီးက ျမန္မာႏိုင္ငံသည္ အာဆီယံ ႏွင့္အိမ္နီးခ်င္းႏိုင္ငံမ်ား ကို အိႏၵိယသမုဒၵရာသို႔ ဆက္သြယ္ေပးႏိုင္ေသာ အခ်က္အခ်ာက်သည့္ေနရာ၌ တည္ရွိေနၿပီး ၎တို႔ကို ကမာၻတစ္ဝွမ္းသို႔ ဆက္သြယ္ခ်ိတ္ဆက္ေပးႏိုင္သည့္ Gateway တစ္ခုအျဖစ္ တည္ရွိေၾကာင္း၊ ေဒသတြင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တ႐ုတ္ႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ပင္လယ္ျပာစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္မည္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံသည္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာကုန္သြယ္မႈကို အေလးထားေဆာင္႐ြက္လ်က္ရွိၿပီး ဆိပ္ကမ္းမ်ားတြင္ ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ်ေရး၊ အဏၰဝါပင္လယ္သမုဒၵရာ ထိန္းသိမ္းကာကြယ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္မ်ား စြမ္းရည္ျမႇင့္တင္ေရးမ်ားတြင္ ေဒသတြင္းႏိုင္ငံ၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။ 
အလားတူ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ႏိုင္ရန္ ဆိပ္ကမ္းမ်ားတြင္ ဆိုလာစြမ္းအင္စနစ္ ေျပာင္းလဲအသုံးျပဳျခင္း၊ စပါးခြံေလာင္စာျဖင့္ ဇီဝစြမ္းအင္ထုတ္လုပ္အသုံးျပဳျခင္းႏွင့္ လွ်ပ္စစ္စနစ္သုံး ကုန္ကိုင္တြယ္စက္ကိရိယာမ်ား အစားထိုးအသုံးျပဳျခင္းတို႔ကို အားေပး ေဆာင္႐ြက္လ်က္ရွိ လည္း ေၾကာင္းထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းကာကြယ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေဆာင္႐ြက္ေရး ကိစၥရပ္မ်ားတြင္ တ႐ုတ္ႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိ ေၾကာင္းလည္းေျပာၾကားခဲ့သည္။