အိန္ဒိယနဲ့တရုတ်နိုင်ငံတို့အပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂကို ဒေါ်နယ်ထရမ့် တိုက်တွန်း
                        
                            
                             
 1768
 
                             
                            
                            
                         
                        
 
                        Pika (NP News) - စက်တင်ဘာ ၁၁
ရုရှားကို ဖိအားပေးဖို့ ပူးတွဲကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့အပေါ် (၁၀၀)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ မကြာသေးမီက ဝါရှင်တန်မြို့မှာကျင်းပခဲ့တဲ့အမေရိကန်နဲ့ဥရောပသမဂ္ဂ အကြီးတန်းအရာရှိတွေကြား တွေ့ဆုံမှုအတွင်း ဒေါ်နယ်ထရမ့်က ယခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်အရာရှိတစ်ဦးက “ဥရောပမိတ်ဖက်တွေသာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းခဲ့မယ်ဆိုရင် အဲဒါကို လုပ်ဆောင်ဖို့ အမေရိကန်က အဆင်သင့်ဖြစ်နေပါပြီ။ ရုရှားရေနံတွေဝယ်ယူနေတာကို ရပ်တန့်ဖို့ တရုတ်က သဘောမတူမချင်း အခွန်စည်းကြပ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့အပေါ် ဥရောပသမဂ္ဂကချမှတ်မယ့် အခွန်စည်းကြပ်မှုတွေအတိုင်း လိုက်ပါ လုပ်ဆောင်ဖို့ အမေရိကန်က ပြင်ဆင်ထားတယ်လို့လည်း အခြားအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားရေနံတွေ ဆက်လက်ဝယ်ယူနေမှုနဲ့ပတ်သက်ပြီး တရုတ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂကစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့တိုက်တွန်းမှုတွေ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်အပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်မယ့်ကိစ္စအတွက် ဆွေးနွေးပွဲတွေဟာ အလွန်စောတဲ့အဆင့်မှာပဲရှိနေသေးတယ်လို့ ဥရောပသမဂ္ဂအရာရှိတွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔အေပၚ (၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈလုပ္ေဆာင္ဖို႔ ဥေရာပသမဂၢကို ေဒၚနယ္ထရမ့္ တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၁၁
႐ုရွားကို ဖိအားေပးဖို႔ ပူးတြဲႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔အေပၚ (၁၀၀)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈလုပ္ေဆာင္ဖို႔ ဥေရာပသမဂၢကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ မၾကာေသးမီက ဝါရွင္တန္ၿမိဳ႕မွာက်င္းပခဲ့တဲ့အေမရိကန္နဲ႔ဥေရာပသမဂၢ အႀကီးတန္းအရာရွိေတြၾကား ေတြ႕ဆုံမႈအတြင္း ေဒၚနယ္ထရမ့္က ယခုလိုေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္အရာရွိတစ္ဦးက “ဥေရာပမိတ္ဖက္ေတြသာ ကြၽန္ေတာ္တို႔နဲ႔အတူ ပူးေပါင္းခဲ့မယ္ဆိုရင္ အဲဒါကို လုပ္ေဆာင္ဖို႔ အေမရိကန္က အဆင္သင့္ျဖစ္ေနပါၿပီ။ ႐ုရွားေရနံေတြဝယ္ယူေနတာကို ရပ္တန႔္ဖို႔ တ႐ုတ္က သေဘာမတူမခ်င္း အခြန္စည္းၾကပ္မႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံတို႔အေပၚ ဥေရာပသမဂၢကခ်မွတ္မယ့္ အခြန္စည္းၾကပ္မႈေတြအတိုင္း လိုက္ပါ လုပ္ေဆာင္ဖို႔ အေမရိကန္က ျပင္ဆင္ထားတယ္လို႔လည္း အျခားအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားေရနံေတြ ဆက္လက္ဝယ္ယူေနမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ထပ္မံလုပ္ေဆာင္ဖို႔ ဥေရာပသမဂၢကစဥ္းစားေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕တိုက္တြန္းမႈေတြ ေပၚထြက္လာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္အေပၚ ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္မယ့္ကိစၥအတြက္ ေဆြးေႏြးပြဲေတြဟာ အလြန္ေစာတဲ့အဆင့္မွာပဲရွိေနေသးတယ္လို႔ ဥေရာပသမဂၢအရာရွိေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။