တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက်သုံးသပ်ချက်

66

ပြည့်ဖြိုး (NP News) - ဖေဖော်ဝါရီ ၂၃
ပြည်တွင်း အမေရိကန်ဒေါ်လာဈေးကွက်အတွင်း အကျဈေးဖြင့် ငြိမ်သက်နေကြောင်း သိရသည်။ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ နှေးကွေးနေခြင်းကြောင့် အမေရိကန်ဒေါ်လာဈေးတည်ငြိမ်နေသည့်အပြင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ များ ထုတ်ရောင်းနေခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း လုပ်ငန်းလိုင်စင်သစ်ကြောင့် အပြောင်း အလဲ မည်သို့ဖြစ်ပေါ်လာမည်ကို စောင့်ကြည့်လေ့လာနေဆဲ ဖြစ် ရာ အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ထူးခြားချက်အနေဖြင့် စားသောက်ကုန် မဟုတ်သော အခြေခံကုန်စည်ဈေးကွက်တွင် ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေဆဲဖြစ်သည်။ သုံးဆခန့်နီးပါး ဈေးနှုန်းမြင့်တက်နေရာ အခြေခံပြည်သူလူထုအပေါ် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်။ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် EV ကားဈေးများ ကျဆင်းနေပြီး ဈေးကွက် အတွင်းအရောင်းအဝယ် နည်းပါးနေကြောင်း သိရသည်။
စားအုန်းဆီနှင့်စက်သုံးဆီဈေးများတည်ငြိမ်နေရာ အခြေခံပြည်သူလူထု အတွက် ဖိအားအချို့ လျော့ကျနေကြောင်း ယခုတစ်ပတ်ဈေးကွက်သုံးသပ်ချက်ကို ဖော်ပြလိုက်ရသည်။
အကျဈေးဖြင့်ငြိမ်သက်နေသောဒေါ်လာဈေးကွက်
နိုင်ငံတကာတွင် အမေရိကန်ဒေါ်လာဈေး အပြောင်းအလဲ မြန်ဆန်နေသော်လည်း မြန်မာပြည် တွင်းဈေးကွက်တွင် တည်ငြိမ်နေသည်။ ဗဟိုဘဏ်သည် ပြည်တွင်းဈေးကွက်အတွင်းသို့ ဘဏ်များမှ တစ်ဆင့် အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများထုတ်ရောင်းပေးနေခြင်းကြောင့် ငွေကြေး ဈေးကွက် တည်ငြိမ်နေ ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ပဒေါ်လာဈေးကွက်တွင် တစ်ဒေါ်လာလျှင် (၄၄၂၀) ကျပ်နှင့် (၄၄၈၀)ကျပ်အကြား အရောင်းအဝယ်ဖြစ်နေကြောင်း ယခုတစ်ပတ်အတွင်း ဒေါ်လာ ပေါက်ဈေးများအရသိရသည်။ ယင်းကဲ့သို့ဒေါ်လာ ဈေးငြိမ်သက်မှုသည် ပို့ကုန်/သွင်းကုန်များကြောင့် အကျိုးသက်ရောက်မှုဖြစ်ပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းအတွင်း လိုင်စင်ပါမစ်အသစ်များကို အထူးစစ် ဆေးနေခြင်းကြောင့် လတ်တလော ပို့ကုန်/သွင်းကုန် လုပ်ငန်းများ နှေးကွေးနေကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးကွက်မှာ ဆက်လက်စောင့်ကြည့်နေရ
ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ သက်ဆိုင်ရာက ရွှေလုပ်ငန်းလိုင်စင်သစ်များဖြင့် သတ်မှတ်ချက်များ ပြဋ္ဌာန်းပေးထားပြီဖြစ်ရာ ဈေးကွက်အပြောင်းအလဲကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။ ဖေဖော်ဝါရီ(၁၇)ရက် နောက်ပိုင်းမှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း မရှိသည့်ရွှေဆိုင်များ ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းထံမှ သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ပြီးခဲ့သည့် အောက်တိုဘာ(၂၅) ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ရွှေ ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ် ပြီးနောက် ရွှေလုပ်ငန်းလုပ်ကိုင်သူများအားလုံး ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈) ရက်မှစ၍ လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းက အသိပေးထုတ် ပြန်ခဲ့သည်။ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားသူများ အနေဖြင့် လုပ်ငန်းပမာဏ၏ (၂၅)ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အထက်ပါ အခြေအနေများအပေါ် ရွှေဆိုင်လုပ်ငန်းရှင်များက စောင့်ကြည့်နေရဆဲဖြစ်သည်။ လက်ရှိတွင် အခေါက်ရွှေတစ်ကျပ် သားလျှင် (၅၅)သိန်းကျပ်ဖြင့် ရန်ကုန်တိုင်းရွှေအသင်ရုံးမှ အခြေခံကြမ်းခင်းဈေး သတ်မှတ် ထားကြောင်း သိရသည်။
အခြေခံစားသောက်ကုန်မဟုတ်သောကုန်စည်ဈေးကွက်
အခြေခံစားသောက်ကုန်မဟုတ်သည့် အခြားကုန်စည်များမှာ အဝတ်အထည်၊ လူသုံးကုန်နှင့် အလှကုန်စည်အပါအဝင် ပြည်တွင်းပြည်ပနှစ်ခုစလုံးမှ ထုတ်ကုန်များဖြစ်သည်။ ယင်းကုန်စည်ဈေးကွက် အတွင်း ကုန်ဈေးနှုန်းမြင့်တက်နေရာ ယခင်သုံးနှစ်အတွင်း သုံးဆခန့်မြင့်တက်လာကြောင်း သိရသည်။ ဥပမာအားဖြင့် ယခင်သုံးနှစ်ခန့်က တစ်သောင်းတန် လုံချည်တစ်ထည်မှာ လက်ရှိတွင် သုံးသောင်းနှင့် အထက်ပေါက်ဈေး ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့သို့အစားအသောက်မဟုတ်သောကုန်စည်များမှာ ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နေသော်လည်း အရောင်းအဝယ်ပါးနေကြောင်းသိရသည်။ ပုံမှန်အားဖြင့် လူတစ်ဦးချင်း ဝင်ငွေပေါ်မူတည်ကာ အစားအသောက်မဟုတ်သောကုန်စည်များ အရောင်းအဝယ် ဆောင်ရွက်ရခြင်းဖြစ်သည်။ လတ်တလောတွင် အခြေခံအလုပ်သမားများအတွက် ပြည်တွင်း၌ ပေးအပ်နိုင်သောလုပ်အားခသည် စားသောက်ကုန်နှင့် ခရီးသွားလာစရိတ်တွင်သာ အသုံးပြုနေရခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတကာနှစ်ကူးကာလနှင့် တရုတ်နှစ်သစ်ကူးများတွင် အစားအသောက်မဟုတ်သော ကုန်စည် များ အရောင်းအဝယ်ကောင်းမွန်ခဲ့သည်။ သို့သော်လည်း စားသောက်ကုန်မဟုတ်သော အခြေခံ ကုန်စည် ဈေးကွက်မှာ လာမည့်ရက်များအတွင်း ဆက်လက်ပြီး အရောင်းအဝယ်အေးနေမည်ဖြစ်သည်။
ရန်ကုန် မီးပျက်ချိန်ကြာမြင့်မှုနှင့် EV ကားဈေးကွက်
ရန်ကုန်မြို့အတွင်း ခရိုင်အလိုက်လျှပ်စစ်မီး ပေးမှုအရ မီးပျက်ချိန်ပိုမိုကြာမြင့်လာရာ EV ကား ဝယ်ယူသုံးစွဲမှုကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ရန်ကုန်မြို့တွင် ယခုဖေဖော်ဝါရီ လ အတွင်းပြုလုပ်သည့် ကားအရောင်းပွဲတော်တွင် EV ကားများကို ဈေးကွက် ပေါက်ဈေးထက် သိန်းနှစ်ရာ ဝန်းကျင်အထိ ဈေးလျှော့ရောင်းချခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် EV ကားတင်သွင်းခွင့်ရရှိထားသော ကားကုမ္ပဏီ စုစုပေါင်း(၈၀)ဝန်းကျင်ခန့် ရှိ နေရာ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုအနည်းငယ် ပြင်းထန်နေချိန်ဖြစ်သည်။ EV ကားများကိုလည်း ကျပ် သိန်းသုံးရာ ဝန်းကျင်မှ သိန်းထောင်ချီကာ အမျိုးအစားအလိုက် ကွာခြားချက်ရှိနေသော်လည်း လတ် တလောဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများနေကြောင်းသိရသည်။ ရန်ကုန်အပါအဝင်မြို့ကြီးများတွင် မီးပျက်ချိန် ကြာမြင့်မှုကြောင့် EV ကားများမှာ အိမ်သုံးမီတာမှတစ်ဆင့်မီးအားသွင်းရန် အခက်အခဲရှိလာ ကြောင်းသိရသည်။ ရန်ကုန်မြို့တွင် လေးနာရီလာ လေးနာရီပျက်အစီအစဉ်ကြောင့် အိမ်သုံးမီတာဖြင့် EV ကားအားသွင်းရာ၌ အားအပြည့်မရခြင်းကြောင့် အားသွင်းစင်တာများသို့သွားရောက်ကာ အချိန်ပေးအား သွင်းနေရခြင်းများ ဖြစ်ပေါ်နေ သည်။ မီးပျက်ချိန်ကြာမြင့်မှုကြောင့် ထမင်းဟင်းချက်ရန်ပင် အခက်အခဲ ဖြစ်ပေါ်နေရာ EV ကား အားသွင်းရန်အတွက်ကို အချိန်ပေးရန်ခက်ခဲနေကြောင်း သုံးစွဲသူများထံမှ သိရ သည်။ ထို့ကြောင့် ဝယ်ယူထားပြီးဖြစ်သော EV ကားပိုင်ရှင်များက ပြန်ရောင်းချနေမှုများရှိသလို ကားသစ် တင်သွင်းထားသော ကုမ္ပဏီများက တိုက် ရိုက်ရောင်းချမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ လတ်တလော ဈေးကွက်အတွင်း EV ကားဈေးနှုန်းများ အကျပိုင်းသို့ ဦးတည်နေသည့်အပြင် လာမည့်ရက်ပိုင်းအတွင်း ဈေးကောင်းရရန်ခက်ခဲနေ မည်ဖြစ်သည်။
စက်သုံးဆီ နှင့်စားသုံးဆီ ဈေးငြိမ်သက်နေ
ပြည်တွင်းစက်သုံးဆီနှင့်စားအုန်းဆီဈေးများ တည်ငြိမ်နေသောကြောင့် လတ်တလောတွင် ရန်ကုန်မြို့ခံအခြေခံလူတန်းစားများအတွက် အဆင်ပြေနေကြောင်းသိရသည်။ ဖေဖော်ဝါရီ (၁၉)ရက် ရန်ကုန်မြို့အထိုင် စက်သုံးဆီဈေးကွက်တွင် (၉၂) ဓာတ်ဆီ တစ်လီတာလျှင် (၃၁၆၀)ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာလျှင် (၃၂၂၀)ကျပ်၊ ဒီဇယ်တစ် လီတာလျှင် (၂၇၃၀)ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၃၃၆၅) ကျပ် အသီးသီးပေါက်ဈေးဖြစ်ပေါ်နေသည်။ ယင်းပေါက်ဈေးများမှာ လွန်ခဲ့သော ရက်သတ္တပတ် ခန့်က ပေါက်ဈေးများဖြစ်ပြီး အပြောင်းအလဲမရှိသောကြောင့် ရန်ကုန်မြို့ခံများအကြား ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုလည်း အတန် အသင့် ထိန်းသိမ်းနိုင်ခဲ့သည်။ ပြင်ပဓာတ်ဆီ ဈေးကွက်အတွင်းသို့ အတိုင်း အတာများစွာ သက်ရောက်မှုလည်းရှိနေကြောင်း သိရသည်။ ပြင်ပဓာတ်ဆီဈေးကွက်တွင် တစ်လီတာ လျှင် (၃၃၀ဝ)ကျပ်ဝန်းကျင်ဖြင့် ရောင်းချမှုများလည်းရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် စက်သုံးဆီသည် ကူးသန်းသွားလာရေးသာမက လျှပ်စစ်မီးရရှိမှုနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများအတွက်ပါ အရေးပါနေဆဲဖြစ်သည်။ စက်သုံးဆီဈေးတည်ငြိမ်ပါက အခြေခံကုန်စည်ဈေးနှုန်းများလည်း လိုက်ပါ တည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ဈေးကွက်တွင် အပြောင်းအလဲများရှိနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက် တည်ငြိမ်နေခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ် သည်။ ဆက်လက်ပြီး ဈေးနှုန်းကျဆင်းခြင်းများရှိနေသည့်ကုန်စည်တစ်ခုမှာ စားအုန်းဆီဈေးကွက်ဖြစ် ကြောင်းသိရသည်။ အခြေခံကုန်စည်များတွင်ပါဝင်သော စားအုန်းဆီဈေးသည် ယခင်သီတင်းပတ်က ထက် ကျဆင်းလာခြင်းဖြစ်ပြီး ဆက်လက်ကျဆင်းနိုင်ခြေတွင်ရပ်တည်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက စားသောက်ကုန်ဖြစ်သော စားအုန်းဆီသည် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်း လာပြီး ယခင်သီတင်းပတ်တွင် တစ်ပိဿာလျှင်(၇၄၇၅)ကျပ်ဝန်းကျင်မှ လက်ရှိအချိန်တွင် (၆၉၈၅)ကျပ် ဝန်းကျင်သို့ ကျဆင်းလာခြင်းဖြစ်သည်။ စားအုန်းဆီ တစ်ပိဿာလျှင် ငါးရာကျပ်နီးပါးကျဆင်းလာခြင်း ဖြစ်ရာ ဈေးကွက်အတွင်းထူးခြားသော အခြေအနေဖြစ်သည်။ ဈေးကွက်အတွင်းစုံစမ်းသိရှိရမှုများအရ လတ်တလောရောင်းချနေသည့်စားအုန်းဆီများမှာ အရည်အသွေးပိုင်းအရ အရောင်အဆင်းကောင်းမွန်မှု နည်းပါးကြောင်း စားသုံးသူများထံမှသိရသည်။ မြန်မာနိုင်ငံအတွက် လစဉ် စားအုန်းဆီနှင့်စက်သုံးဆီ တင်သွင်းမှုမှာ ဒေါ်လာသန်း လေးရာဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထို့ကြောင့် လာမည့်ရက်များအတွင်း ပြည်တွင်းဒေါ်လာဈေး တည်ငြိမ်နေပါက စက်သုံးဆီနှင့်စားအုန်းဆီဈေးများ ဆက်လက်တည်ငြိမ်နိုင်ကြောင်း သိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - ေဖေဖာ္ဝါရီ ၂၃
ျပည္တြင္း အေမရိကန္ေဒၚလာေဈးကြက္အတြင္း အက်ေဈးျဖင့္ ၿငိမ္သက္ေနေၾကာင္း သိရသည္။ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ား ေႏွးေကြးေနျခင္းေၾကာင့္ အေမရိကန္ေဒၚလာေဈးတည္ၿငိမ္ေနသည့္အျပင္ ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြ မ်ား ထုတ္ေရာင္းေနျခင္းေၾကာင့္ျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း လုပ္ငန္းလိုင္စင္သစ္ေၾကာင့္ အေျပာင္း အလဲ မည္သို႔ျဖစ္ေပၚလာမည္ကို ေစာင့္ၾကည့္ေလ့လာေနဆဲ ျဖစ္ ရာ အေရာင္းအဝယ္ ေအးေနေၾကာင္း သိရသည္။ ထူးျခားခ်က္အေနျဖင့္ စားေသာက္ကုန္ မဟုတ္ေသာ အေျခခံကုန္စည္ေဈးကြက္တြင္ ကုန္ေဈးႏႈန္းမ်ား ဆက္တိုက္ ျမင့္တက္ေနဆဲျဖစ္သည္။ သုံးဆခန႔္နီးပါး ေဈးႏႈန္းျမင့္တက္ေနရာ အေျခခံျပည္သူလူထုအေပၚ အခက္အခဲမ်ားစြာ ျဖစ္ေပၚေစသည္။ ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ EV ကားေဈးမ်ား က်ဆင္းေနၿပီး ေဈးကြက္ အတြင္းအေရာင္းအဝယ္ နည္းပါးေနေၾကာင္း သိရသည္။
စားအုန္းဆီႏွင့္စက္သုံးဆီေဈးမ်ားတည္ၿငိမ္ေနရာ အေျခခံျပည္သူလူထု အတြက္ ဖိအားအခ်ိဳ႕ ေလ်ာ့က်ေနေၾကာင္း ယခုတစ္ပတ္ေဈးကြက္သုံးသပ္ခ်က္ကို ေဖာ္ျပလိုက္ရသည္။
အက်ေဈးျဖင့္ၿငိမ္သက္ေနေသာေဒၚလာေဈးကြက္
ႏိုင္ငံတကာတြင္ အေမရိကန္ေဒၚလာေဈး အေျပာင္းအလဲ ျမန္ဆန္ေနေသာ္လည္း ျမန္မာျပည္ တြင္းေဈးကြက္တြင္ တည္ၿငိမ္ေနသည္။ ဗဟိုဘဏ္သည္ ျပည္တြင္းေဈးကြက္အတြင္းသို႔ ဘဏ္မ်ားမွ တစ္ဆင့္ အေမရိကန္ေဒၚလာ အပါအဝင္ ႏိုင္ငံျခားေငြမ်ားထုတ္ေရာင္းေပးေနျခင္းေၾကာင့္ ေငြေၾကး ေဈးကြက္ တည္ၿငိမ္ေန ျခင္းျဖစ္ေၾကာင္း သိရသည္။ ျပင္ပေဒၚလာေဈးကြက္တြင္ တစ္ေဒၚလာလွ်င္ (၄၄၂၀) က်ပ္ႏွင့္ (၄၄၈၀)က်ပ္အၾကား အေရာင္းအဝယ္ျဖစ္ေနေၾကာင္း ယခုတစ္ပတ္အတြင္း ေဒၚလာ ေပါက္ေဈးမ်ားအရသိရသည္။ ယင္းကဲ့သို႔ေဒၚလာ ေဈးၿငိမ္သက္မႈသည္ ပို႔ကုန္/သြင္းကုန္မ်ားေၾကာင့္ အက်ိဳးသက္ေရာက္မႈျဖစ္ၿပီး ပို႔ကုန္/သြင္းကုန္လုပ္ငန္းအတြင္း လိုင္စင္ပါမစ္အသစ္မ်ားကို အထူးစစ္ ေဆးေနျခင္းေၾကာင့္ လတ္တေလာ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ား ေႏွးေကြးေနေၾကာင္း သိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္မွာ ဆက္လက္ေစာင့္ၾကည့္ေနရ
ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း၌ သက္ဆိုင္ရာက ေ႐ႊလုပ္ငန္းလိုင္စင္သစ္မ်ားျဖင့္ သတ္မွတ္ခ်က္မ်ား ျပ႒ာန္းေပးထားၿပီျဖစ္ရာ ေဈးကြက္အေျပာင္းအလဲကို ေစာင့္ၾကည့္ေနရဆဲျဖစ္ေၾကာင္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွ သိရသည္။ ေဖေဖာ္ဝါရီ(၁၇)ရက္ ေနာက္ပိုင္းမွစ၍ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္း မရွိသည့္ေ႐ႊဆိုင္မ်ား ဥပေဒႏွင့္အညီအေရးယူခံရမည္ျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အမွတ္(၂)သတၱဳတြင္း လုပ္ငန္းထံမွ သိရသည္။ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၅) ရက္က ျပည္ေထာင္စုအစိုးရအဖြဲ႕ က အပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ကို က်င့္သုံး၍ ေ႐ႊ ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီး ဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့သည္။ ထိုသို႔သတ္မွတ္ ၿပီးေနာက္ ေ႐ႊလုပ္ငန္းလုပ္ကိုင္သူမ်ားအားလုံး ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၈) ရက္မွစ၍ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း ရွင္မ်ားအသင္းက အသိေပးထုတ္ ျပန္ခဲ့သည္။ ဓာတ္သတၱဳ(ေ႐ႊ) ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ ေလွ်ာက္ထားသူမ်ား အေနျဖင့္ လုပ္ငန္းပမာဏ၏ (၂၅)ရာခိုင္ႏႈန္းကို လုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈရွိရန္ႏွင့္ ယင္းေငြရွိေၾကာင္း ဘဏ္စာရင္းရွင္းတမ္း (Bank Statement) လည္း လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။ အထက္ပါ အေျခအေနမ်ားအေပၚ ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားက ေစာင့္ၾကည့္ေနရဆဲျဖစ္သည္။ လက္ရွိတြင္ အေခါက္ေ႐ႊတစ္က်ပ္ သားလွ်င္ (၅၅)သိန္းက်ပ္ျဖင့္ ရန္ကုန္တိုင္းေ႐ႊအသင္႐ုံးမွ အေျခခံၾကမ္းခင္းေဈး သတ္မွတ္ ထားေၾကာင္း သိရသည္။
အေျခခံစားေသာက္ကုန္မဟုတ္ေသာကုန္စည္ေဈးကြက္
အေျခခံစားေသာက္ကုန္မဟုတ္သည့္ အျခားကုန္စည္မ်ားမွာ အဝတ္အထည္၊ လူသုံးကုန္ႏွင့္ အလွကုန္စည္အပါအဝင္ ျပည္တြင္းျပည္ပႏွစ္ခုစလုံးမွ ထုတ္ကုန္မ်ားျဖစ္သည္။ ယင္းကုန္စည္ေဈးကြက္ အတြင္း ကုန္ေဈးႏႈန္းျမင့္တက္ေနရာ ယခင္သုံးႏွစ္အတြင္း သုံးဆခန႔္ျမင့္တက္လာေၾကာင္း သိရသည္။ ဥပမာအားျဖင့္ ယခင္သုံးႏွစ္ခန႔္က တစ္ေသာင္းတန္ လုံခ်ည္တစ္ထည္မွာ လက္ရွိတြင္ သုံးေသာင္းႏွင့္ အထက္ေပါက္ေဈး ျဖစ္ေပၚေနေၾကာင္း သိရသည္။ ထို႔သို႔အစားအေသာက္မဟုတ္ေသာကုန္စည္မ်ားမွာ ေဈးကြက္အတြင္း ေဈးႏႈန္း ျမင့္တက္ေနေသာ္လည္း အေရာင္းအဝယ္ပါးေနေၾကာင္းသိရသည္။ ပုံမွန္အားျဖင့္ လူတစ္ဦးခ်င္း ဝင္ေငြေပၚမူတည္ကာ အစားအေသာက္မဟုတ္ေသာကုန္စည္မ်ား အေရာင္းအဝယ္ ေဆာင္႐ြက္ရျခင္းျဖစ္သည္။ လတ္တေလာတြင္ အေျခခံအလုပ္သမားမ်ားအတြက္ ျပည္တြင္း၌ ေပးအပ္ႏိုင္ေသာလုပ္အားခသည္ စားေသာက္ကုန္ႏွင့္ ခရီးသြားလာစရိတ္တြင္သာ အသုံးျပဳေနရျခင္းေၾကာင့္ျဖစ္သည္။ ႏိုင္ငံတကာႏွစ္ကူးကာလႏွင့္ တ႐ုတ္ႏွစ္သစ္ကူးမ်ားတြင္ အစားအေသာက္မဟုတ္ေသာ ကုန္စည္ မ်ား အေရာင္းအဝယ္ေကာင္းမြန္ခဲ့သည္။ သို႔ေသာ္လည္း စားေသာက္ကုန္မဟုတ္ေသာ အေျခခံ ကုန္စည္ ေဈးကြက္မွာ လာမည့္ရက္မ်ားအတြင္း ဆက္လက္ၿပီး အေရာင္းအဝယ္ေအးေနမည္ျဖစ္သည္။
ရန္ကုန္ မီးပ်က္ခ်ိန္ၾကာျမင့္မႈႏွင့္ EV ကားေဈးကြက္
ရန္ကုန္ၿမိဳ႕အတြင္း ခ႐ိုင္အလိုက္လွ်ပ္စစ္မီး ေပးမႈအရ မီးပ်က္ခ်ိန္ပိုမိုၾကာျမင့္လာရာ EV ကား ဝယ္ယူသုံးစြဲမႈက်ဆင္းလာခဲ့ေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ ရန္ကုန္ၿမိဳ႕တြင္ ယခုေဖေဖာ္ဝါရီ လ အတြင္းျပဳလုပ္သည့္ ကားအေရာင္းပြဲေတာ္တြင္ EV ကားမ်ားကို ေဈးကြက္ ေပါက္ေဈးထက္ သိန္းႏွစ္ရာ ဝန္းက်င္အထိ ေဈးေလွ်ာ့ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္ EV ကားတင္သြင္းခြင့္ရရွိထားေသာ ကားကုမၸဏီ စုစုေပါင္း(၈၀)ဝန္းက်င္ခန႔္ ရွိ ေနရာ ေဈးကြက္အတြင္း ၿပိဳင္ဆိုင္မႈအနည္းငယ္ ျပင္းထန္ေနခ်ိန္ျဖစ္သည္။ EV ကားမ်ားကိုလည္း က်ပ္ သိန္းသုံးရာ ဝန္းက်င္မွ သိန္းေထာင္ခ်ီကာ အမ်ိဳးအစားအလိုက္ ကြာျခားခ်က္ရွိေနေသာ္လည္း လတ္ တေလာေဈးကြက္အတြင္းသို႔ ဝင္ေရာက္မႈမ်ားေနေၾကာင္းသိရသည္။ ရန္ကုန္အပါအဝင္ၿမိဳ႕ႀကီးမ်ားတြင္ မီးပ်က္ခ်ိန္ ၾကာျမင့္မႈေၾကာင့္ EV ကားမ်ားမွာ အိမ္သုံးမီတာမွတစ္ဆင့္မီးအားသြင္းရန္ အခက္အခဲရွိလာ ေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕တြင္ ေလးနာရီလာ ေလးနာရီပ်က္အစီအစဥ္ေၾကာင့္ အိမ္သုံးမီတာျဖင့္ EV ကားအားသြင္းရာ၌ အားအျပည့္မရျခင္းေၾကာင့္ အားသြင္းစင္တာမ်ားသို႔သြားေရာက္ကာ အခ်ိန္ေပးအား သြင္းေနရျခင္းမ်ား ျဖစ္ေပၚေန သည္။ မီးပ်က္ခ်ိန္ၾကာျမင့္မႈေၾကာင့္ ထမင္းဟင္းခ်က္ရန္ပင္ အခက္အခဲ ျဖစ္ေပၚေနရာ EV ကား အားသြင္းရန္အတြက္ကို အခ်ိန္ေပးရန္ခက္ခဲေနေၾကာင္း သုံးစြဲသူမ်ားထံမွ သိရ သည္။ ထို႔ေၾကာင့္ ဝယ္ယူထားၿပီးျဖစ္ေသာ EV ကားပိုင္ရွင္မ်ားက ျပန္ေရာင္းခ်ေနမႈမ်ားရွိသလို ကားသစ္ တင္သြင္းထားေသာ ကုမၸဏီမ်ားက တိုက္ ႐ိုက္ေရာင္းခ်မႈမ်ား ဆက္လက္ျဖစ္ေပၚေနသည္။ လတ္တေလာ ေဈးကြက္အတြင္း EV ကားေဈးႏႈန္းမ်ား အက်ပိုင္းသို႔ ဦးတည္ေနသည့္အျပင္ လာမည့္ရက္ပိုင္းအတြင္း ေဈးေကာင္းရရန္ခက္ခဲေန မည္ျဖစ္သည္။
စက္သုံးဆီ ႏွင့္စားသုံးဆီ ေဈးၿငိမ္သက္ေန
ျပည္တြင္းစက္သုံးဆီႏွင့္စားအုန္းဆီေဈးမ်ား တည္ၿငိမ္ေနေသာေၾကာင့္ လတ္တေလာတြင္ ရန္ကုန္ၿမိဳ႕ခံအေျခခံလူတန္းစားမ်ားအတြက္ အဆင္ေျပေနေၾကာင္းသိရသည္။ ေဖေဖာ္ဝါရီ (၁၉)ရက္ ရန္ကုန္ၿမိဳ႕အထိုင္ စက္သုံးဆီေဈးကြက္တြင္ (၉၂) ဓာတ္ဆီ တစ္လီတာလွ်င္ (၃၁၆၀)က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာလွ်င္ (၃၂၂၀)က်ပ္၊ ဒီဇယ္တစ္ လီတာလွ်င္ (၂၇၃၀)က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ (၃၃၆၅) က်ပ္ အသီးသီးေပါက္ေဈးျဖစ္ေပၚေနသည္။ ယင္းေပါက္ေဈးမ်ားမွာ လြန္ခဲ့ေသာ ရက္သတၱပတ္ ခန႔္က ေပါက္ေဈးမ်ားျဖစ္ၿပီး အေျပာင္းအလဲမရွိေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ခံမ်ားအၾကား ကုန္ေဈးႏႈန္း တည္ၿငိမ္မႈကိုလည္း အတန္ အသင့္ ထိန္းသိမ္းႏိုင္ခဲ့သည္။ ျပင္ပဓာတ္ဆီ ေဈးကြက္အတြင္းသို႔ အတိုင္း အတာမ်ားစြာ သက္ေရာက္မႈလည္းရွိေနေၾကာင္း သိရသည္။ ျပင္ပဓာတ္ဆီေဈးကြက္တြင္ တစ္လီတာ လွ်င္ (၃၃၀ဝ)က်ပ္ဝန္းက်င္ျဖင့္ ေရာင္းခ်မႈမ်ားလည္းရွိေနသည္။ ရန္ကုန္ေဈးကြက္တြင္ စက္သုံးဆီသည္ ကူးသန္းသြားလာေရးသာမက လွ်ပ္စစ္မီးရရွိမႈႏွင့္ ကုန္ထုတ္လုပ္မႈ၊ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားအတြက္ပါ အေရးပါေနဆဲျဖစ္သည္။ စက္သုံးဆီေဈးတည္ၿငိမ္ပါက အေျခခံကုန္စည္ေဈးႏႈန္းမ်ားလည္း လိုက္ပါ တည္ၿငိမ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံတကာ ေဈးကြက္တြင္ အေျပာင္းအလဲမ်ားရွိေနေသာ္လည္း ျပည္တြင္းစက္သုံးဆီေဈးကြက္ တည္ၿငိမ္ေနျခင္းမွာ ေကာင္းမြန္ေသာ အေျခအေနျဖစ္ေသာ္လည္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ သည္။ ဆက္လက္ၿပီး ေဈးႏႈန္းက်ဆင္းျခင္းမ်ားရွိေနသည့္ကုန္စည္တစ္ခုမွာ စားအုန္းဆီေဈးကြက္ျဖစ္ ေၾကာင္းသိရသည္။ အေျခခံကုန္စည္မ်ားတြင္ပါဝင္ေသာ စားအုန္းဆီေဈးသည္ ယခင္သီတင္းပတ္က ထက္ က်ဆင္းလာျခင္းျဖစ္ၿပီး ဆက္လက္က်ဆင္းႏိုင္ေျခတြင္ရပ္တည္ေနျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံ၏ အဓိက စားေသာက္ကုန္ျဖစ္ေသာ စားအုန္းဆီသည္ ယခုရက္ပိုင္းအတြင္း ေဈးႏႈန္းအနည္းငယ္က်ဆင္း လာၿပီး ယခင္သီတင္းပတ္တြင္ တစ္ပိႆာလွ်င္(၇၄၇၅)က်ပ္ဝန္းက်င္မွ လက္ရွိအခ်ိန္တြင္ (၆၉၈၅)က်ပ္ ဝန္းက်င္သို႔ က်ဆင္းလာျခင္းျဖစ္သည္။ စားအုန္းဆီ တစ္ပိႆာလွ်င္ ငါးရာက်ပ္နီးပါးက်ဆင္းလာျခင္း ျဖစ္ရာ ေဈးကြက္အတြင္းထူးျခားေသာ အေျခအေနျဖစ္သည္။ ေဈးကြက္အတြင္းစုံစမ္းသိရွိရမႈမ်ားအရ လတ္တေလာေရာင္းခ်ေနသည့္စားအုန္းဆီမ်ားမွာ အရည္အေသြးပိုင္းအရ အေရာင္အဆင္းေကာင္းမြန္မႈ နည္းပါးေၾကာင္း စားသုံးသူမ်ားထံမွသိရသည္။ ျမန္မာႏိုင္ငံအတြက္ လစဥ္ စားအုန္းဆီႏွင့္စက္သုံးဆီ တင္သြင္းမႈမွာ ေဒၚလာသန္း ေလးရာဝန္းက်င္ရွိေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ထို႔ေၾကာင့္ လာမည့္ရက္မ်ားအတြင္း ျပည္တြင္းေဒၚလာေဈး တည္ၿငိမ္ေနပါက စက္သုံးဆီႏွင့္စားအုန္းဆီေဈးမ်ား ဆက္လက္တည္ၿငိမ္ႏိုင္ေၾကာင္း သိရသည္။