ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း FDI အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာရရှိထား

1032

NP News မတ်လ (၄)
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၁၅ သန်းသာရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုပေးခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အ မေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။
"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုဗစ်ကာမတိုင်ခင်အခြေအနေကို မရောက်တော့ဘူး။ ယှဉ်ကြည့်ရင် ထက်ဝက်လောက် ကျသွားတာပေါ့။ အကြီးစားရင်းနှီးမြှုပ်နှံမှုက မလာဘူး။ ပမာဏအနည်းငယ်လောက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကပဲ လာတာများတယ်။" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် စက်မှုကုန်ချောကဏ္ဍ၌ ဒေါ်လာ ၁၄၈ ဒသမ ၆၄ သန်းဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ ဒေါ်လာ ၈၇ ဒသမ ၇၁ သန်းဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ပြီး စင်ကာပူမှ အများဆုံးဝင်ရောက်ထားကာ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှလည်း လာရောက်ကြောင်း DICA မှထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏသည် အမေရိကန်ဒေါ်လာသန်း ၄၈၈၀ ကျော်ရှိပြီး လက်ရှိရရှိနေသည့် ရင်းနှီးမြှုပ်နှံမှုသည် အလွန်နည်းနေကြောင်း သိရသည်။
Zawgyi Version:
ယခုဘ႑ာႏွစ္ ဆယ္လအတြင္း FDI အေမရိကန္ေဒၚလာ ၆၅၆.၁၅ သန္းသာရရွိထား
NP News မတ္လ (၄)
၂၀၂၄ - ၂၀၂၅ ဘ႑ာႏွစ္၏ ဆယ္လတာကာလအတြင္း ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) အေမရိကန္ေဒၚလာ ၆၅၆ ဒသမ ၁၅ သန္းသာရရွိထားေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA)၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါကာလအတြင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၅၂ ခု ခြင့္ျပဳေပးခဲ့ၿပီး ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑သည္ အ ေမရိကန္ေဒၚလာ ၃၅၇ ဒသမ ၀၄ သန္းျဖင့္ FDI အမ်ားဆုံးဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
"ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက ကိုဗစ္ကာမတိုင္ခင္အေျခအေနကို မေရာက္ေတာ့ဘူး။ ယွဥ္ၾကည့္ရင္ ထက္ဝက္ေလာက္ က်သြားတာေပါ့။ အႀကီးစားရင္းႏွီးျမႇဳပ္ႏွံမႈက မလာဘူး။ ပမာဏအနည္းငယ္ေလာက္ရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈကပဲ လာတာမ်ားတယ္။" ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန(DICA)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ စက္မႈကုန္ေခ်ာက႑၌ ေဒၚလာ ၁၄၈ ဒသမ ၆၄ သန္းျဖင့္လည္းေကာင္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၌ ေဒၚလာ ၈၇ ဒသမ ၇၁ သန္းျဖင့္လည္းေကာင္း အသီးသီးဝင္ေရာက္ခဲ့ၿပီး စင္ကာပူမွ အမ်ားဆုံးဝင္ေရာက္ထားကာ၊ တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံမ်ားမွလည္း လာေရာက္ေၾကာင္း DICA မွထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံေရးအေျပာင္းအလဲမျဖစ္ခင္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္သည့္ပမာဏသည္ အေမရိကန္ေဒၚလာသန္း ၄၈၈၀ ေက်ာ္ရွိၿပီး လက္ရွိရရွိေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ အလြန္နည္းေနေၾကာင္း သိရသည္။